့ငယ်ချစ်ဦး

စူးရဲAugust 3, 20131min23821

ဘဝမှာမေ့လို့မရတဲ့ အကြောင်းတွေထဲ……တခုအပါအဝင်ပေါ့…….အဲဒါငယ်ချစ်ဦးပါ….သူနဲ့စတွေ့တာက(၃)တန်း

….သူငယ်ချင်းတွေအများကြီးထဲကမှသူနဲ့ ပိုပြီးခင်မင်ရင်းနှီး ခွင့်ရခဲ့တယ်..မူလတန်း အလယ်တန်းအချိန်တော်တော်များများမှာ စားရင်လည်းအတူ ကစားရင်လည်းအတူ

စာကျက်တော့လည်း တူတူ ……အရောင်တွေ မရောနှောတဲ့ အဖြူသက်သက် သံယောဇဉ်တွေနဲ့ တစ်ဦးကိုတစ်ဦးချဉ်နှောင်မိကြတယ်……..ဒီလိုနဲ့ ၈တန်းထိအောင်ပါပဲ…..စာညံ့တဲ့ကျွန်တော် အစိုးရစစ်

၈တန်းမှာစာမေးပွဲကျပါလေရော…သူနဲ့ကျွန်တော် ဝေးဖို့ဖန်လာပြီလို့တွေးမိပါတော့တယ်….ဒါကကျွန်တော့အတွေးပါ….တကယ်တော့ ကျွန်တော်တို့ နှစ်ယောက်အတွက် ခုထက်ပိုပြီး

နှလုံးသွေးတွေခုန်နိူင်အောင် ….ရင်းနှီးတဲ့အချိန် ကာလများစွာက တိုက်တွန်းပေးပါတော့တယ်… အဲ့ဒီအချိန်ထိ ချစ်တယ်လို့ ပြောမှမပြောဖူးသေးတာ….တုံရီလှိုက်မောစွာ နဲ့ အဖြူရောင်

အဆီးအတားကိုချိုးဖျက်ပြီး သူ ့ကိုချစ်မိတဲ့ အကြောင်း လမ်းမှာစကားလိုက်ပြောပါတော့တယ်…………။ရလာတဲ့အဖြေက မုန်းတယ်တဲ့……နေဆယ်စင်း ရဲ ့အပူကျွန်တော်မခံစားဖူးပါဘူး

အဲ့ဒီ အချိန်ကျွန်တော့ရင်ထဲကအပူက နေဆယ်စင်းထက်မလျော့မှာ အမှန်……..ဇတ်ထဲက…နောက်ပိုင်းမင်းသားတွေရှုံးလောက်အောင် မျက်ရည်မိုးတွေဖြိုင်ဖြီုင် ရွာခဲ့ရတာပေါ့…….

ခုချိန်ပြန်တွေးရင်ရုူးတယ်ပေါ့ဗျာ……ဒါပေမဲ့ရိုးသားတဲ့ ငယ်ဘဝလေးကိုတော့လွမ်းမိပါတယ်…….နောက်(၃)ရက်ကြာမှသူငယ်ချင်းတစ်ယောက်နဲ့စာပေးလိုက်ပါတယ်

သူတကယ်မမုန်းနိူင်ပါဘူးတဲ့……..အဲ့ဒီနေ့ ကသူ့အဒေါ်မြင်မှာစိုးလို့ မွှန်ထွန်ပြီးပြောမိပြောရာ ပြောလိုက်တာတဲ့……..အဲ့ဒီနေ့ ကျွန်တော့နားဝမှာ ပျားအုံလာဖွဲ့ မှာစိုးမိသလို……

၂ကျပ်ဖိုးနဲ့ထီတစ်သိန်းဆုပေါက်တဲ့သူ……ကျွန်တော့လောက်ပျော်နိူင်မှာမဟုတ်တော့ပါဘူး……သူဆယ်တန်းကို၂ နှစ်ဖြေမှ စီးပွားရေးတက္ကသိုလ်ကို တက်ခွင့်ရခဲ့ပါတယ်….သူနဲ့ကျွန်တော်ကြား

၈ တန်းနဲ့ ကျောင်းပြီးသွားတဲ့ကျွန်တော့်ကို သူ့ဆွေမျိုး အသိုင်းအဝိုင်းတွေကဘယ်လိုမှနှစ်မျို ့ခြင်း မရှိပါတော့ပါဘူး……..စည်းကမ်းတင်းကြပ်စွာနဲ့ ပဲရန်ကုန်မှာကျောင်းတက်ခွင့် (သူ )ရလိုက်ပါတယ်

သူပထမနှစ်နဲ့ဒုတိယနှစ်တက်တဲ့ ကာလအတွင်းသူ့ဆီကိုတစ်ခေါက်ပဲရောက်ခဲ့တယ်….သူအတန်းမတက်ပဲ ကျွန်တော်နဲ့ ရွေမန်းရုပ်ရှင်ရုံမှာ(ချစ်သူငယ်ချင်း)ဇတ်ကားကိုတူတူကြည်ခဲ့ကြတယ်…ရည်းစားဘဝ

ပထမဦးဆုံးကြည့်ဖူးခြင်းဖြစ်သလို နောက်ဆုံးလည်းဖြစ်ခဲ့ပါတယ်….မိန်းထဲဝင်ပြီးလူရှင်းတဲ့ ကော်ရစ်တာနဲ့ အင်းယားကန်ဘောင်မှာနေကြာစေ့စားရင်းစကားတွေပြောကြတယ်…..နောက်နေ့ကျွန်တော်

ရန်ကုန်ကနေနယ်ကိုပြန်လာခဲ့တယ်……မစားဖြစ်တဲ့သူ့ထမင်းဘူးကဆီစွန်းတဲ့ ကျွန်တော့လွယ်အိတ်လေးရယ်နေကြာစေ့ခွံလေးတွေရယ်ရုပ်ရှင်လက်မှတ်နဲ့ ရတားလက်မှတ်တွေကသူနဲ့ပတ်သက်သမျှ

အမှတ်တရများစွာထဲကသိမ်းဆည်းစရာတစ်ချို ့ဖြစ်ခဲ့ပါတယ်……။လူကြုံရှိတိုင်းလည်း…………

 

 

 

သူစားဖို့ ဝက်သားလေးတွေအမွှာအမွှာလုပ်ြ့ပီးကြော်…ဝက်အူချောင်း……အနာကပ်ပလာစတာ….ဒန်းဂျင်း…..ပါတာစီတမော့……အနာဂျက်စင်နဲ့ဆောင်းတွင်းအေးရင်ဝတ်ဖို့ သိုးမွှေးဆွယ်တာလေး

နယ်ကကျောင်းပြန်တက်တဲ့ သူငယ်ချင်းတွေနဲ့ပေး လိုက်နိူင်တယ်….စာတိုက်ကနေတော့စာအဆက်အသွယ်တော့အမြဲ ရှိပါတယ်…….မိဘရဲ ့ချစ်ခြင်းမေတ္တာတွေကနေ ဖဲ့ထွက်လာတဲ့အပိုင်းအစလိုပါပဲ

တစိမ်းတယောက်ဖြစ်တဲ့ သူ့အပေါ်မှာကျွန်တော့ရဲ ့ ချစ် ခင်မှုတွေကိုမြတ်မြတ် နိူးနိူး လွှမ်းခြုံပေးမိလိုက်ပါတယ်……..တတိယနှစ်ရောက်တော့ မာလာဆောင်ကိုပြောင်းသွားခဲ့တယ်

အတန်းကြီးလာသလို…အသိအမြင်တွေလည်းကျယ်လာတယ်ထင်ပါတယ်…….သူငယ်ချင်းတွေကတဆင့် သူ့သတင်းတွေ ကြားလာရတယ်လေ…..ဘဲ တစ်ပွေနဲ့တွဲနေတယ်တဲ့…………ကျွန်တော်

ဘာတတ်နိူင်မှာလည်း….ကြီးကျယ်ခန်းနားတဲ့ အလွှာပေါင်းစုံ ကြားထဲ မှာ ငယ်ချစ် ဆိုတဲ့ ဂုဏ်ပုဒ်ကအရောင်မတောက်ပခဲ့ပါဘူး.. ဒါပေမဲ့ အခွင့်အရေးမြူမှုန်မျှ မယူခဲ့ဖူးတဲ့ ငယ်ချစ်ဦးကို

စိုးရိမ်ခြင်းများစွာနဲ့ကျွန်တော် မျှော်လင့်နေမိပါတယ်………။( အရေးမတတ်လို့ အားပေးရင်ဆက်ရေးပါအုံးမည်။)

 

 

 

 

 

21 comments

  • မဟာရာဇာ အံစာတုံး

    August 3, 2013 at 10:58 pm

    အားပေးဘာဒယ် ကိုကိုကြာရေ …
    ရေးထားတာလေး မိုက်ဒယ်ဗျို့ …..
    ညီမျှခြင်း မကျတဲ့ ဇာတ်ကို ဖတ်လိုက်ရတော့ ….
    အင်းးး စိတ်မကောင်းဘူးဗျာ …
    တကယ်ပြောတာ ….။

    ခင်ပါတဲ့ …
    မဟာရာဇာ မောင်မောင်အံစာ

  • ခင် ခ

    August 3, 2013 at 11:35 pm

    ခေါက်ဆွဲသုတ်ကို တစ်ခါတည်းအများကြီးသုတ်ပြီးကျွေးပြီး ထပ်ယူအုံးမလား မေးရင် စားတဲ့သူ မယူတော့ဘူး တော်ပြီလို့ ဘာလိုပြောတာလဲ တစ်ခါတည်းနဲ့ ဗိုက်ပြည့်သွားတော့ ထပ်မစားချင်တော့လို့လေ။ အဲလိုမဟုတ်ဘဲ အစာပြေခန့် နည်းနည်းဘဲ ကျွေးကြည့်ပါလား အရသာကြိုက်အာသာမပြေတော့ ထပ်ရအုံးမလားတောင် မေးကာတောင်းလိမ်မယ်လေ။ အချစ်ဆိုလည်း ဤသို့ အလားသဏ္ဍန် တူပေ၏ ။
    ဆက်ရေးပါနော်။

  • ကြာ ညောင်

    August 4, 2013 at 8:10 am

    ကျွန်တော့အဖြစ်တွေကို မညက်ညောတဲ့စကားလုံးတွေနဲ့ ..ရေးသားခဲ့မှုအပေါ်
    ခုလို ဖတ်ရှု အားပေးပြီး ခရီးဆက်နှင် ခိုင်းတဲ့ (မဟာရာဇာအံစာတုံး နဲ့ ကိုခင်ခ) တို့ကို
    ရင်ထဲမှကဗျဉ်းထိုးမှတ်တမ်း တင်ထားပါကြောင်း…..။

    • မဟာရာဇာ အံစာတုံး

      August 4, 2013 at 9:39 am

      ဘယ်ကလာ မညက်ညောရမှာဒုန်း
      ညက်ညောပါ့ ..
      ကျုပ်ဆို အစအဆုံး တစ်ခါတည်း ဖတ်မိတွားဒါဂလား …
      ဒါမယ့် (……….) ဒီလိုဟာဒွေ နည်းနည်း လျှော့လိုက်ဗျာ ….
      အကျံပေးဒါဘာ ကိုကိုကြာ ..
      သာဒု ပါ .. သာဒု .. သာဒု ..

    • ကဗျည်းဘဲထိုးပါ ကိုစိန်ခြူးရယ်
      ကဗျဉ်းတော့ မထိုးလိုက်ပါနဲ့ သေကုန်ပါမယ်။

      ရှေးသီချင်းစာသားမှာ

      စိန်ခြူးရယ်တဲ့ ကြာညောင် ကြာညောင် ကြာညောင် ကြာညောင်

      ဒါကြောင့် ကိုစိန်ခြူးလို့ အမည်သစ်ပေးလိုက်ပါသည်။

  • ကြာ ညောင်

    August 4, 2013 at 9:56 am

    (……….)ဒါကလွဲပြီး မလုပ်တတ်သေးလို့ပါ။
    အကြံပေးတာ ကျေးဇူးပါ။

  • koyinmaung

    August 4, 2013 at 10:09 am

    ပြန်မရနိုင်တော့တဲ့ ငယ်ဘဝလွမ်းမောဘွယ်ရာလေးတွေပါလား…..
    ကိုကြာညောင် ပိုစ် ဖတ်ရင်း..ငယ်ဘဝများပြန်လည်အမှတ်ရနေမိပါတယ်…
    ဆက်ရေးပါ စောင့်မျော်နေပါတယ်…..
    စိန်ချူးရယ်တဲ့ကြာညောကြာညောင် လရောင်လင်းပါလို့
    မှန်ရွှေပြူတင်း က မယ်ခုမျော်…မျော်…မျော်…
    ခင်ဗျားနာမည်တွေ့ယင်..ဒီသီချင်းကိုအမှတ်ရနေမိတယ်ဗျာ…..

  • ကြာ ညောင်

    August 4, 2013 at 2:17 pm

    မြှောက်ပေးတဲ့သူရှိတော့လည်း ရှက်ရှက်နဲ့
    ကိုယ့်အထုတ်ကိုယ်ဖြည်ပြရအုံးမှာပေါ့
    အဲ့ဒီ့ အန်တီရဲ ့သားသမီးတွေ ဒီ ရွာထဲမရှိတန်ကောင်းပါဘူးနော် အရိပ်အကဲလေးခတ်ကြပါအုံး
    တဖြည်းဖြည်းပေါ်ကုန်တော့မှာ….ရုံးရောက်ဂါတ်ရောက်ရင်တော့
    အမှုတွဲထဲအကုန်ပါမှာနော်….နောက်မှတို့မပါဘူး မလုပ်နဲ့ ။

    • Mr. MarGa

      August 4, 2013 at 2:41 pm

      ချသာချ ကိုရင်ရေ့ 🙂
      ငယ်ချစ်ဦးကို လွမ်းဆွတ်တမ်းတလို့ ဘသူ တရားစွဲမှာလဲ
      ဆက်ရေးပါဗျာ
      ရွာ့ပြင်အထုတ်ခံရရင် နတ်ပြည်ကနေ ကြိုနေမယ်ဗျို့

  • ကြာ ညောင်

    August 4, 2013 at 3:17 pm

    ဦးမာဂရေ……နေရာထိုင်ခင်းပါပေးအုံးမယ်ဆိုလို့ လှိုက်လှဲစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း
    လောလောဆယ်အိမ်ဦးနတ်သခင်မကြီးပြန်လာရင်စားဖို့ သောက်ဖို့ချက်ပြုတ်ရန်
    လမ်းထိပ်ပြေးဈေးဝယ်နေရပါကြောင်း
    ယ္ခုရက်တွင်းအိမ်ဦးနတ်သခင်မကြီးအိမ်တွင်ခေတ္တ အနားပြန်ယူမည်ဖြစ်သောကြောင့်လည်း
    ဇတ်လမ်းကိုနောက်တစ်ပါတ်မှဆက်ရေးနိူင်မည်ဖြစ်ပါကြောင်း
    အသိပေးအပ်ပါသည်။

  • Mr. MarGa

    August 4, 2013 at 3:49 pm

    အင်း…………
    နောက်တစ်ပတ်အထိစောင့်ရဦးမပေါ့
    ကောင်းပါလေ့
    စောင့်မဗျာ
    မျှော်နေတယ်နော့ မမေ့နဲ့ :harr:

  • ဦးကြောင်ကြီး

    August 4, 2013 at 7:17 pm

    သူ့ဘဲက ငါပဲကွ… ကိုကြောင်ညာ ပို့တဲ့ ငါးပိကြော်၊ အသားကြော်တွေ စားရသဗျာ… သိုးမွှေးဆွယ်တာကတော့ အပေါင်ဆုံးသွားတယ်…။ ဆေးတွေကို လမ်းထိပ်ကွမ်းယာဆိုင်မှာ ဒိုင်ယာစီဖင်နဲ့ လဲသောက်ပစ်လိုက်တယ်… အရင်ဘဝ အကြွေးဆပ်တယ် သဘောထားပါဗျာ.. ဗွေမယူပါနဲ့….။ ကျနော်အခု ကိုကြောင်ညာ ကျိန်စာမိပီး လဗျိုဂျီး ဖြစ်နေပီ.. သမီးရှိရင် အားကိုးပါရစေ… :mrgreen:

  • ကြာ ညောင်

    August 4, 2013 at 8:55 pm

    ကျွန်တော့မှာကသားတစ်ယောက်ပဲရှိတာမို့ …..စိတ်မကောင်းပါဘူး ကိုကြောင်ကြီးခင်ဗျား
    ကျွန်တော်ဗွေလည်းမယူ….. ရောင်လည်းမယူပါ
    လူပျို ကိုကြောင်ကြီးအတွက်သာမင်္ဂလာ သတင်းတစ်ခုပေးပါရစေ
    ခုရက်ပိုင်းအတွင်းရွာထဲမှာ ရွာပျိုဖြုု တစ်ဦးအတွက် အချေအတင်ဆွေးနွေးနေကြပါတယ်
    ရွာသူကြီး ရွာလူကြီးများမှတဆင့် မိကောင်းဖခင် တစ်ဦးပီသစွာတောင်းရမ်း လက်ထပ်ယူနိူင်ပါကြောင်း
    ခိုင်လုံသောရွာအကျိုးဆောင်များမှတဆင့်သိရပါသည်.. ချိန်ခါမနှေး ပြေးပေတော့ လျောင်ကီးအကို
    ကြောင်ကြီးခင်ဗျား…။

  • ဦးဦးပါလေရာ

    August 5, 2013 at 1:35 am

    အားပေးပါတယ်.. ဆက်ရေးပါ ကိုကြာညောင် (ဆိုလဲ ကိုကြာညောင်ပေါ့လေ) ရေ…။

    ကြာညောင်ဆိုတာကို ပြောင်းပြန်လှန်ရင် ကြောင်ညာ လို့ အသံထွက်တယ်..
    ကြောင်သမဂ္ဂ ဝင်ပြီးပြီလား…
    :mrgreen:

  • KZ

    August 5, 2013 at 3:29 pm

    ဒီ အရွယ် က စ တာဆိုတော့ ငယ်ချစ်အစစ်ပဲ။
    အားပေးတယ်။
    ဆက်ရေးပါ။

    🙂

  • Ma Ma

    August 5, 2013 at 7:42 pm

    အင်တာနက်တက်တယ်။
    စာဝင်ရေးတယ်ဆိုတော့…….
    ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတော့ ဖြစ်ဟန်မတူဘူး။ 😀

  • ကျော်စွာခေါင်

    August 6, 2013 at 1:28 am

    ကိုကြာညောင်
    မိုင်၁၀၀ဝ ခရီးရဲ ့အစ ဟာ ပထမဆုံးခြေလှမ်းတဲ့….. မှတ်သားခဲ့ဘူးပါတယ်..
    ဆက်ရေးပါဗျာ…အားပေးမှာပါ..
    အကြံပြုရရင်တော့ …ငယ်ဘဝ အချစ်ဦးကို အိမ်ဦးနတ် သခင်မ မရှိခင်ရေးတာဆိုပေမယ့် ခုလက်ရှိထိ အသည်းကွဲနေသယောင် ရေးနိုင်ပေမယ့်…
    ဖြစ်စဉ်ပြ ရိုးရိုးကြီး ဖြစ်နေသလိုဘဲ..
    ဟို…ဘိုးတော်မယ်တော်တွေ ချဲ ဂဏန်းပေးသလို မြှုပ်..ဖော်.. တွေးဖော်.. ပေါက်ဖော် နည်းလေးနဲ ့ရေးကြည့်ပါလား…။
    ( ကျနော့်စာရေးနည်း ဥပမာက နည်းနည်းတော့ ရယ်စရာ…)

  • ကြာ ညောင်

    August 6, 2013 at 10:01 am

    ဟုတ်ပါတယ် ကိုကျော်စွာခေါင်
    ကျွန်တော်စာကောင်းကောင်းမရေးတတ်သလို….ကွန်ပျုတာကိုလည်းကျွမ်းကျင်စွာမကိုင်တတ်ပါ
    ငယ်ချစ်ဦးနဲ့ပတ်သက်၍လည်ရိုးရိုးရှင်းရှင်း ချစ်ခဲ့တာမို့ လှို့ဝှက်သဲဖိုဆန်ဆန် မြုတ်ကွက်ဖေါ်ကွက်တွေ
    မရှိခဲ့ပါ….ခုလိုခလုတ်တိုက်ဖတ်ရှုအကြံပြုအားပေးသွားတာပဲကျေးဇူးတင်လှပါပြီ………….ကိုကျော်စွာရေ။
    လေးစားစွာဖြင့်….စိန်ခြူးကြာညောင်။

  • ငယ်ချစ်ဟောင်း နဲ့.. နှစ်ပေါင်းများစွာ…
    ကြာခဲ့သော်လည်း ကိုယ်မမေ့သည်သာ…
    (ဟုတ်လားမသိဝူး..ရမ်းတုတ်ပြီးဆိုကြည့်တာ..)

    အားပေးပါတယ် အူးလေးရေ… ဆက်ရေးပါဦး… ဖတ်ရင်းနဲ့ အသည်းကွဲသွားသလိုပဲ.. 🙁

  • ကြာ ညောင်

    August 6, 2013 at 4:47 pm

    အမြှောက်ကြိုက်တဲ့ ဦးကြာညောင်……..ငယ်ချစ်ဦး အမည်တွင်သောဆွတ်ပျံ ့လွမ်းမောဖွယ်ရာ
    ငယ်ဘဝ ဖုံထခဲ့သမျှ ဇတ်လမ်းကြီးကို ပရိတ်သတ်များ`၏ဆန္ဒ အရ ရေးသားနေပြီဖြစ်““၍
    မကြာမှီအချိန်အတွင်းဤ မင်္ဂလာရှိသောမန္တလေးဂေဇက် ရတနာပုံနေပြည်တော်သတင်းစာ ..စာမျက်နှာသို့
    တင်ဆက်တော့မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်…..။

    ဖတ်ရှုသူအပေါင်းငယ်ချစ်ဟောင်းနှင့်ပေါင်းဖက်၍ အသဲကွဲမှု ဘေးဥပအန္တရာယ်မှကင်းဝေးကြပါစေသော်
    (လုံမ နဲ့ အလင်းဆက်ရေ ကြော်ငြာပေးကြပါအုံး)

Leave a Reply