ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၃)

alinsettAugust 2, 20132min1668

ကျွန်တော်ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း(၁၂)ကို ဖတ်ရန်…

 

မြေစိုင်မြေခဲများ....
မြေစိုင်မြေခဲများ….

နွေဦး
ကောင် းကင်ကြည် စင်၏။

တောငွေ့တောင်ငွေ့ မွှေ းသည်။

အဝေးဆီ မှ ာ တိ မ် ပြာများ….

“ကလေးရယ်၊ ဦးကြီ းရဲ့ တဲ ကလေးမှ ာ ဧည့ ်ခံ စရာ ဘာမှမရှ ိဘူ း”

“အိ ု း…ဘာလိ ု့ မရှ ိရမှ ာလဲ”

ဝမ်းနည် းနေဟန်ရှ ိသော တောင်သူ ကြီ းကိ ုပန် းချီဆရာကလေးက တက် ကြွ စွ ာ ပြန်ပြောလိ ု က်သည်။

“ဒီ တဲလေးမှ ာ ကျွန်တော်အကြာကြီ းနေမယ်၊ ဦးကြီ းရဲ့ တဲလေးထဲ မှ ာ ‘နွေဦး’ ရှ ိ တယ်၊

ကျွန်တော့အတွ က်လံ ုလောက် တယ်”

 

တာရာမင်းဝေ / ကျွန်တော် တူးဖော်ခဲ့သော မြေစိုင်းမြေခဲများအကြောင်း

=========================================

 

နွေဦး...
နွေဦး…

 

တာရာမင်းဝေ ၏ နွေဦးကို…ခံစားခြင်း

 

တောင်သူ ဦးကြီး တစ်ယောက်ရဲ့

သိမ်ငယ်တတ်မှုနဲ ့ …

ပန်းချီဆရာလေးတစ်ယောက်ရဲ ့ ရောင့်ရဲကျေနပ်နိုင်မှုကို ရိုးစင်းစွာ တွေ့ ့လိုက်ရပါတယ် ။

ရိုးစင်းစွာ လို ့သုံးရတာက

အဲဒီ သိမ်ငယ်စိတ် /အဲဒီ ရောင့်ရဲတဲ့ စိတ် နှစ်မျိုးလုံးဟာ  အင်မတန်ကို ရိုးးးစင်းး နေလို့ပါပဲ ။

ဘယ်လောက်များ ရိုးစင်းလိုက်သလဲ  ဆိုရင်

သုံးစားမရလောက်အောင်ကို ရိုးစင်းလွန်းလို ့ မဖြစ်သင့် / မရှိသင့် တဲ့ စိတ်အခြေအနေတွေလို ့တောင်

ပြောလိုက်ချင်ပါတယ် ။
#########################

ရောင့်ရဲမှု
____________
ငါတို ့က ဘုရားပေးသလောက် နဲ့ကျေနပ်ပါတယ် /လောဘတကြီးလည်း လုပ်မနေပါဘူးးး   ဆိုတဲ့စကားနဲ့

” ရောင့်ရဲမှု ”   အမည်တပ်ပြီးးး သူတို့ ့ဂုဏ်ယူတတ်တယ်။

ဘယ်သူ ရှိမလဲ ?

ဗမာတချို ့ပေါ့ ။

သူတို ့ဂုဏ်ယူ ဝင်ံ့့ကြွားပြီး အထင်ကြီးစရာ တစ်ခုလို ပြောပြော နေကြတဲ့

အဲဒီရောင့်ရဲတတ်မှုကို ကျွန်တော် ကြည့်မရတာ ကြာပြီ ။

ရောင့်ရဲတတ်ပါတယ်…. ဆိုတဲ့ လူတော်တော်များများဟာ  လူတန်းစေ့တောင် မနေနိုင်တဲ့

ဆင်းရဲ မွဲတေမှု မျဉ်းကြောင်း အောက်က လူညံ့ တချို ့ပါပဲ ။

****************

ခြွင်းချက် အနေနဲ ့ ချမ်းသာ ကြွယ်ဝပါလျက်နဲ ့  ရောင့်ရဲ တတ်သူတွေ ရှိချင်ရှိမယ် ။

ဒါပေမယ့်  နည်း လိမ့်မယ်။

ကျွန်တော်ကတော့  ရောင့်ရဲတတ်တဲ့ လူ ဆိုတဲ့  တံဆိပ်ကပ်ပြီး

လူ ညွန် ့တုံး မှန်း မသ်ိ တုံးနေတဲ ့ လူစားတွေကို  တွေ ့ရင်  ရယ်လည်း ရယ်ချင်တယ် ။

စိတ်လည်း ပျက်မိတယ် ။

ဖွံ ့ဖြိုး တိုးတက်မှုဆီ  ကို ဇွဲကြီးကြီးနဲ ့ ယှဉ်ပြိုင် လှုပ်ရှား သွားနေရတဲ ့ ခေတ်ကြီး ထဲမှာ

ဟိုးးးခပ်လှမ်းလှမ်းကနေ  နောက်ကျကျန်ရစ်ခဲ့တဲ့  အဲဒီ  ရောင့်ရဲတတ်ပါတယ် ဆိုတဲ့ လူတွေ . . .

ဒီ့ထက်သာ များလာရင်  ကမ္ဘာလောကကြီး ရဲ့ တိုးတက်ပြောင်းလဲမှုတွေ  ရပ်တန် ့သွားမှာပဲ လို ့  တွေးလိုက်တယ် ။

———————————–

တကယ်ပေါများ  ကြွယ်ဝနေချိန်မှာ  ရောင် ့ရဲတတ်တဲ ံ့ရောင့်ရဲမှုကိုတော့

အလိုလောဘ နည်းခြင်းမို ့ ထိုက်ထိုက်တန်တန် လေးစားပါတယ်။

ဒါပေမယ့် …..

အစွမ်းသတ္တိ မရှိလို ့….

မယှဉ်ပြိုင်ရဲ မကျော်တတ်ရဲတဲ့  အသံကောင်းဟစ်တဲ့ ရောင့်ရဲမှုကိုတော့

ကျွန်တော်  ခံစားပေးလို့ မရဘူး။

မဖွယ်မရာ ရောင့်ရဲမှု ကြီးမို ့ လေးစား လို့မရဘူး။

ရသင့် ရထိုက်တာကို လုပ်သင့်လုပ်ထိုက်တဲ့နည်းနဲ့  ရအောင်ယူရမဟ့် တာဝန်က  တိုးတက်ပြောင်းလဲချင်တဲ့ လူတိုင်းမှာ ရှိတယ် ။

( ရသင့်တာ ထက် ပိုလိုချင်တာ / ရနိုင်စွမ်းတာထက် ပို ရချင်တာတွေ  မဖြစ်အောင် တော့  ဉာဏ်နဲ့ ယှဉ်တဲ့ ရောင့်ရဲမှု လိုတာပေါ့နော)

———————————————————–
သိမ်ငယ်မှု (သို့မဟုတ်)အားငယ်စိတ်
____________________
သိမ်ငယ်စိတ် ဆိုတာကတော့  ရောင့်ရဲမှုထက်ပိုပြီး အသုံးမဝင်တဲ့ အရာ လို ့ဆိုလိုက်ချင်ပါတယ် ။

(ရောင့်ရဲမှုကမှ ပြည့်စုံနေချိန် ပိုလျှံနေချိန်မှာ ရောင့်ရဲခြင်းအနေနဲ ့ လက်ခံနိုင်စရာ ရှိသေးတယ်လေ ။)

သိမ်ငယ်စိတ်ကြောင့် အရှုံးပေးလိုက်ရခြင်းသာ ရမယ်။

သိမ်ငယ်စိတ်ကြောင့် စွန် ့လွှတ်လိုက်ရခြင်းနဲ့………………

နာကျင်ခံစားရခြင်းသာ ရမယ် ။

သိမ်ငယ်စိတ်ကြောင့်  မိမိကို မိမိ မကျေနပ်ခြင်း နဲ ့…………..

သူတပါးကို ပိုပိုကဲကဲ အထင်ကြီးမိတတ်ခြင်းသာ ရမယ် ။

သိမ်ငယ်စိတ်ကြောင့်  သနားဂရုနာ အထားခံရခြင်းနဲ ့………..

အထင်သေးခံရခြင်းသာ  ရမယ် ။
————

အသုံးမကျ တဲ့  သိမ်ငယ်စိတ်နဲ  ့ ဘယ်အရာ ကို မှ    ခိုင်ခံ့အောင် တည်ဆောက်လို ့ မရဘူး။

————

ခေတ်မီပြီး ကောင်းမွန်တိုးတက်နေတဲ့ နိုင်ငံ (သို့မဟုတ်)အဖွဲ့အစည်းတွေ  ဖြစ်အောင်

သိမ်ငယ်တတ်တဲ့ လူတွေနဲ ့  ဖန်တီးတည်ဆောက်လို ့မရဘူး ။

တက်ကြွ လန်းဆန်းပြီး  အားမာန်အပြည့် ရှိသော   . . .

ရဲရဲချီတက်ရဲသော လူသားတွေနဲ့သာ ကောင်းမွန်တိုးတက်တဲ့ နိုင်ငံ { လူ့ ့အဖွဲ့အစည်း}တွေ ကို  တည်ဆောက်လို ့ရမယ် ။

———————–
နောက်တန်းကျ ကျန်ရစ်စေခဲ့သော

အဲဒီ သိမ်ငယ်စိတ်တွေ

ကျွန်တော်တို့ ့ကိုယ်ထဲကို ဝင်ရောက်မလာဖို ့

ကျွန်တော်တို ့  အားတင်းရပါမယ် ။

မျှော်လင့်ချက်နဲ ့အိပ်မက်ကြီးကြီးတွေ မက် / အကောင်အထည်ဖော်ပြီးးး တည်ဆောက်ချင်နေတဲ့ လူငယ်တွေ အတွက်တော့

သိမ်ငယ်စိတ် ဆိုတာ ကိုယ်တွင်း ရန်သူတမျိုး ပဲ  မဟုတ်လား။

ကျွန်တော်တို ့ . . . သိမ်ငယ်စိတ်ကို ချေမှုန်းပစ်ဖို ့လိုပါတယ်။

======================================
(ဆရာ တာရာမင်းဝေ ရဲ့ နွေဦးဆိုတဲ့ ဝတ္ထုတို လေး ဖတ်အပြီး မှာ  ကျွန်တော် ဆက်တွေးမိတဲ ့ အတွေးလေးတွေကို ချရေးမိခြင်းပါ )

လေးစားစွာဖြင့်

အလင်းဆက်

=====================================

 

မော်ဒန်ပန်းချီမှာ …..

Pointillim / Pointillisime ဆိုတဲ ့ နည်းစနစ်တစ်ရပ်ရှိပါတယ်.. ။

အင်ပရင်ရှင် နစ် လက်သစ် ဝါဒီတွေရဲ ့ နည်းစနစ်လို ့ သိရပါတယ် ။

ဂျော့ဆူးရတ်ဆိုသူက ဦးဆောင်ပြီး.သုံးစွဲခဲ့တယ်…တဲ ့ ။

ပန်းချီကားတစ်ချပ်ကို သေးငယ်တဲ ့…

အစက်အပြောက်လေးတွေနဲ ့ ဖော်ဖောင်ပြခြင်းလို ့….. ခပ်လွယ်လွယ်ပြောနိုင်ပါတယ် ။

အခု…ဆရာတာရာမင်းဝေ… တင်ပြခဲ့တဲ ့ ဝတ္ထုတိုလေးတွေဟာ…. ဇာတ်လမ်းသဘော / ဇာတ်ကွက်သဘောမျိုးတွေ..ကို

အားပြုတာထက်…..

ပွှိုင့် ( Point ) သဘောကို..ဆောင်နေပါတယ် ။

အယူအဆ အတွေးအခေါ်တွေကို…. ခံစားသိနဲ ့..ဖော်ထုတ်ပေးနိုင်မယ် ထင်ပါတယ် ။

အဲဒီလို…ကျစ်လျစ်လွန်းတဲ ့ စာသားတိုတို ဝတ္ထုလေးတွေကို…

ကျွန်တော်…ချစ်မြတ်နိုးမိပါတယ် ။

ဒါကြောင့်…..

ဆရာတာရာ ရဲ ့ ဖန်တီးမှုကို… မဖတ်ရသေး / မသိရသေးတဲ ့ စာဖတ်သူတွေအတွက်..ပြန်လည် ဝေမျှလိုက်ပါတယ် ။

ဖတ်ပြီး/ သိပြီးသူတွေလည်း….. ပြန်လည် သတိရ ပြီး.ခံစားနိုင်အောင်…..

ကျွန်တော့်အတွေး နဲ ့အရေးက်ိုပါ….. ပူးတွဲပြီး… တင်ပြလိုက်ပါတယ် ။

 

==========================================

တာရာမင်းဝေ

ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း

၁၉၉ရ / နိုဝင်ဘာလထုတ်

 

 

 

 

 

8 comments

  • မဟာရာဇာ အံစာတုံး

    August 3, 2013 at 8:25 am



    ရောင့်ရဲခြင်း = အစွမ်းကုန် အလုပ်လုပ်၍ ရလဒ်ကို ကျေနပ်၊ နှစ်သိမ့်ခြင်း။

  • ခင် ခ

    August 3, 2013 at 9:33 am

    တာရာမင်းဝေ၏မဟေသီ သူငယ်ချင်းနဲ့တွေ့မှ ပေးဖတ်လိုက်အုံးမယ်။ တာရာမင်းဝေရဲ့ စာလွှာတွေ တူးဖော်ခံနေရပြီ အဲဒါသိလားလို့။

    • အလင်း ဆက်

      August 3, 2013 at 10:00 am

      ဆရာ တာရာမင်းဝေရဲ့ စာတွေကို
      ကျွန်တော် ပြန်တူးဖော်နေတာကို
      ဆရာ သိစေချင်လိုက်တာ လေးခ ရေ

  • candle .

    August 3, 2013 at 10:08 am

    ” မဖွယ်ရာတဲ့ရောင့်ရဲမှုကြီးကိုတော့လေးစားလို ့မရပါဘူး ”
    အဲ့ဒါကိုတော့ အကြွင်းမဲ့ လက်ခံပါတယ် ။

  • koyinmaung

    August 3, 2013 at 10:47 am

    ကောင်လေး…အဲ့ဒီစိတ်ဓါတ်မျို့မှကြိုက်တာဟေ့…..
    ပြော့စိပြော့စိ စိတ်ဓါတ်မျိုး လွတ်ပစ်လိုက်………….

Leave a Reply