မန်းကဇက်စာအုပ် စာမျက်နှာ ၁ရ ၁၈ ၁၉

မင်္ဂလာပါ။ဒီနေ့စာအုပ်လေးဖတ်မိပြန်ပါပြီ။

မန်းကဇက်ရဲ့ စုပေါင်းအလှူ အမှတ်တရ

ဓါတ်ပုံများ ဒါဇင်ပလပ်စ်၏ ပညာရေးကူညီမှု့

အဖွဲ့၏လှုပ်ရှားမူ့ ဓါတ်ပုံများ ကိုတဝကြီးကြည့်ရသည်။

နောက် စာမျက်နှာ ၁ရ ကိုရောက်လာသည်။ ကဗျာ ။

နောက်စာမျက်နှာ ၁၈ ၁၉ ဒီအထိကဗျာ။

ကဗျာသုံးပုဒ်ဖတ်ရပေတော့မည်။

အမှန်အတိုင်းပြောရလျှင် ကျနော်ကဗျာကို သိပ်ဖတ်လေ့

မရှိ။ မကြိုက်၍မဟုတ်။ ကဗျာတပုဒ် ကိုစာနယ်ဇင်းများ

မဂ္ဂဇင်းများတွင်ကျနော်တခါဖတ်မိလျှင် တွေး၍ မဆုံးတတ်။

ကဗျာဆိုသည်ကလည်း ပေးချင်သည့် အကြောင်းအရာ

များကို အကျစ်လစ်ဆုံး ချုံ့ ခြင်း။ အဓိပ္ပါယ်လေးနက်ထိရောက်

သောစကားလုံးများ။ကာရန် နဘေးညီညီ ဖွဲ့ဆိုတတ်လေရာ

ကျနော်ကဗျာတပုဒ်ဖတ်မိလျင်တွေး၍မဆုံးတတ်။ ရေးထားသော

တကြောင်းတပိုဒ်သည်ပင်လျှင် တခါတလေ ဝတ္တုတို တပုဒ် ။

ထိုမှ ကဗျာတပုဒ်ဆိုလျှင် ရေးမဆုံးနိုင်သော ဂန္ဒဝင်ဝတ္တု တပုဒ်နီးပါး

ရှိတတ်သည်။ သည်တော့ အဓိပါယ် လေးနက်တွေးစရာ ခံစားစရာ

ကဗျာတပုဒ်ဖတ်မိလျှင် တခြားစာတွေဖတ်ဖို့အလှည့်မရောက်တတ်။

သည်တော့ဒီစာအုပ်မှာ ကဗျာသုံးပုဒ်ပါသည် ဆိုတော့ ခင်ဗျားဖတ်ပြီး

တွေးကြည့်စမ်းပါ။ တလုံးချင်း တကြောင်းချင်း တပိုဒ်ချင်း တပုဒ်ချင်း

ဖတ်ကြည့်ပါ။

ကဗျာနဲ့ပါတ်သတ်ပြီးပြောရရင်ကဗျာအမျိုးအစားအများကြီးရှိပါတယ်။

ရှေးကတည်းကရေးစပ်ကြတဲ့ ပျို့ လင်္ကာ ရတု ဒွေးချိုး လေးချိုး

လွမ်းချင်း အိုင်ချင်း စသည်စသည်တွေကနေ ကနေ့ခေတ်ပေါ်ကဗျာ

မော်ဒန် ကဗျာ အစရှိသည်ဖြင့်ကျနော်မသိသောအမျိုးအစားများစွာရှိ

သည်။အမျိုးအစားကွဲသည်နှင့်အကြောင်းအရာပါကွဲသည်။အကြောင်း

အရာကွဲသည်နှင့် ပေးချင်သည့်ရသ ခံစားမူ့ကွဲကုန်သည်။ ခေတ်ပေါ်

မော်ဒန်ကဗျာများ ခေတ်ပြိုင်ကဗျာများ လေးလုံးစပ်ကဗျာများ လတ်တလော

တွင်ကျယ်နေသည်ဟုမြင်မိသည်။

ကဗျာအမျိုးအစားအလိုက်ခံစားမူ့ များရှိသောကြောင့် သူ့ပရိတ်သတ်နဲ့သူ

အားပေးပုံပါကွဲလာသည်ဟုထင်မိသည်။ မိမိအသက်အရွယ်အလိုက် ဝါသနာ

အလိုက်ကွဲပြားနေသည်လည်းဖြစ်နိုင်ပါသည်။ ကဗျာနှင့်ပါတ်သတ်၍ ထွန်းထွန်ပေါက်ပေါက်

မရှိခြင်းကြောင့်ကဗျာနှင့်ပါတ်သတ်၍ အကြမ်းဖျင်းလောက်ပြောနိုင်သည်ကို

နားလည်ပေးမည်ဟုမျော်လင့်ရပါသည်။

ဤစာအုပ်၌ကဗျာသုံးပုဒ်ပါ ပါသည်။တပုဒ်နှင့်တပုဒ် ခံစားမူ့ ပေးချင်သော

မက်ဆေ့စ် မတူပါ။ ကဗျာဖတ်သူ နှင့် ကဗျာ ခံစားချက် တူညီမူ့ရှိ မရှိ

ဖတ်ကြည့်စေချင်ပါသည်။

အဆုံးသတ်အနေနှင့် မန်းသားပီပီ “မန်းတောင်ရိပ်” ကဗျာလေးနှင့် ချုပ်ပါရစေ။

မန်းတောင်ရိပ်

အသက်ကလေးရယ်တဲ့ ရှည်စေလို။

မြနန္ဒာ ရေညိုသန်းတယ်

မန်းတောင်ရိပ်ခို။

ခေါင်းလောင်းသံ ချိုချိုနဲ့

ရွှေပဟိုရ် စည်သံဟိန်း (တယ်)

ဘေးရန်ကငြိမ်း။

(ဘယ်သူရေးမှန်းမသိတဲ့ ငယ်ငယ်က ကျက်မှတ်ဘူးတဲ့

လေးချိုးလေးပါ။)

(မန်းကဇက် နဲ့ ကပ္ပတိန် ဆိုတဲ့ သင်္ဘော နဲ့ ခိုင်းနိုင်းတဲ့

ကဗျာပြိုင်ပွဲ လုပ်ရင်းကောင်းမလားလို့လဲ တွေးမိပါရဲ့။ :mrgreen: )

12 comments

  • အလင်း ဆက်

    August 3, 2013 at 12:58 pm

    အော် ဦးမင်းမင်းရယ်

    ကဗျာ သုံးပုဒ်ကို ဘယ်လိုများ
    ခံစားပြီး ညွှန်းဆို ဝေဖန်မလဲ လို ့
    မျှော်လင့်နေတာ

    အခုတော့ အဲဒိ ကဗျာ သုံးပုဒ် ရဲ ့ ကဗျာ အမည်လေး တောင် မပါ ပါလား
    🙂

    ==========
    ကဗျာကို မြင်တဲ့ ဦးမင်း ရဲ ့အမြင်လေးတွေပြောသွားတာ
    ကောင်းပါတယ် ။
    ==========

    နောက်တစ်ခု
    ကျွန်တော် ပြောချင်တာလေးက တော့

    ကျွန်တော် ကဗျာရေးဖြစ်တဲ့အခါ
    ငါ့ကဗျာက သူ ့ကဗျာထက် သာ ရမယ် ဆိုပြီး မရေးခဲ့ ဖူးပါဘူး ။

    ပြိုင် ပွဲဝင်ကဗျာ မရေးဖူးဘူးပေါ့နော်

    သူ ့ကဗျာနဲ့ ကိုယ့်ကဗျာ
    သူ ့အပင်မှာ ပွင့်တဲ့ ပန်းနဲ့
    ကိုယ့်အပင်မှာ ပွင့်တဲ့ ပန်း လိုပဲ သဘောထားမိပါတယ်

    ပြိုင်ပွဲ တစ်ခု လို
    ကဗျာတွေ ကို ပြိုင် ခိုင်းရင်
    သဘောတော် မကျ ချင်

    ဘာရယ်မဟုတ်
    တွေးမိတာလေး ဝင်ပြော သွားတာပါ ။

    လေးစားစွာ
    အလင်းဆက်

    • မင်းမင်း

      August 3, 2013 at 2:48 pm

      အောင် မြတ်လေး

      စံပယ် နှင်းဆီ ဟုတ်သေးပါဘူး။

      ဆရာအလင်းစက်ရေ

      ဆရာတို့ ကဗျာကို ဝေဖန်ဖို့ မရှိပါဘူးဗျာ။

      ခေါင်းစဉ်တို့ နာမည်တို့ ဆိုတာ သိချင်ရင်

      “စာအုပ်ဖွင့်ဖတ်မှရမှာ” ပါ။

      ဒါပေသိ ခံစားနားလည်ခြင်းက မိမိတဦးချင်းဆီနဲ့

      သက်ဆိုင်တာမို့။

      ကဗျာပြိုင်ပွဲ လုပ်ဖို့ တော့

      အတွေးပဲရှိတာပါ။ လုပ်နိုင်ဖို့ အင်အား

      မရှိပါဘူးဗျာ။ ဒါမျိုးလုပ်နိုင်ဖို့ က ပညာရှင်အဆင့်မှ

      လုပ်လို့ ရပါမယ်။

      ကဗျာဆိုတာ ခံစားမူ့ အနုပညာ ဆိုတော့

      အနုပညာကို ပြိုင်လို့မရစကောင်းပါဘူး။

      ထို့အတူ တခြားစာပေအနုပညာမှာလဲ ပြိုင်ပွဲ လုပ်လို့

      မသင့်ဘူးထင်ပါတယ်။

      ဒါပေမဲ့ ဒါပေမဲ့ ပြောရရင်(ကျနော့်အထင်ပေါ့ဗျာ)

      ခေါင်းစဉ်တခု အကြောင်းအရာတခု အောက်မှာ

      ကလောင်စွမ်းပြကြကြေးဆိုရင်တော့ ပြိုင်လို့ကောင်းမယ်

      ထင်ပါရဲ့။ ဒီမှာက အနုပညာ (ခံစားသက်ဝင်မူ့) နဲ့

      ကလောင်စွမ်း (ပညာဂုဏ် သမ္ဘာ ဂုဏ်) ပေါင်းစပ်ရတော့မှာကိုး။

      ဒီတော့လွတ်လပ်စွာ ရေးသားတဲ့ စာပေ အနုပညာကိုကျနော်

      မပြိုင်စေချင်ပါဘူး။ ဒါပေမဲ့ ကလောင်စွမ်း ထက်အောင်တော့

      စည်းဝိုင်း ဘောင်တခုအတွင်းမှာတော့ မျိုးဆက်သစ်တွေ အတွက်

      တော့ပြိုင်ပွဲလေးတွေက အနည်းနဲ့အများအကျိုးရှိစေမယ်လို့တော့

      ယူဆမိပါတယ်။

      • ဥပမာ….
        အာဇာနည်နေ့ …အကြောင်း..ကဗျာရေး…ပေးပါဆိုတဲ ့
        ပြိုင်ပွဲတစ်ခုဆိုပါစို ့…

        အဲဒီထဲမှာ..ကျွန်တော်လည်း..ကဗျာတစ်ပုဒ် ရေးလိုက်မယ် ။
        အာဇာနည်နေ့ကို ခံစားပြီး.ရေးမယ်ပေါ့ဗျာ…။

        ရေးနေတဲ ့ အချိန်မှာ….
        ငါ့ကဗျာ က…..သူတို ့ကဗျာတွေ ထက် သာရမယ်..ဆိုတဲ ့ စိတ်နဲ ့…
        ရေးလို ့…မရပါဘူး ။

        ကျွန်တော်..မရေးတတ်တာပါ ။
        တခြားကဗျာရေးသူတွေလည်း..ရေးမယ်မထင်ပါဘူး ။

        သူများကဗျာထက် ..သာဖို ့…….မ သာ ဖို ့ကို….ထားဦး…
        ခေါင်းစဉ်တစ်ခုအောက်…
        အကြောင်းအရာ တစ်ခုအောက်…ကနေ…
        စာသားကို.. ကဗျာအဖြစ် ဖန်တီးပြရတာကိုက…
        မလွတ်လပ်သော./ နှောင်ဖွဲ ့မှု…ခံနေရသော…ကြောင့်…..
        (စိတ်ခံစားချက် အတိုင်း..ပေါ်လာတာကိုသာ… ချရေးတတ်သော..ကျွန်တော့်အတွက် )
        ခက်ပါတယ် ။

        မိန်းမလှလေးတစ်ယောက်အကြောင်း..ကဗျာရေးမယ်.ဆိုပြီး..
        တွေး ပြီးရေး…
        ဘာမှ ရေးလို ့မရ…
        အကြောင့်အရာ တစ်ခုခုအောက်မှာ….
        ရေးရင်….
        (တမင်ကြံစည်စည်ရေးရင်ကိုပြောတာပါ )
        ကဗျာ အဖြစ်…ဘာမှ ထွက်မလာ…။
        (ကျွန်တော့်အဖြစ်ကို ပြောတာပါ )
        ================
        တခါတခါမှာတော့…
        ရုတ်တရက် ပေါ်လာတာလေးကို..ချရေးလိုက်တဲ ့.ကဗျာ…ကလည်း..
        အကြောင်းအရာ တစ်ခုကို ကျကျနနခံစားထားလျက်သား..ဖြစ်နေပြန်ရော…။
        (ဥပမာ…အဲဒီ စာအုပ်ထဲက…ကျွန်တော့်ကဗျာ…က… မထင်မှတ်ပဲ..ချရေးမိတဲ ့ကဗျာတစ်ပုဒ်ပါ ။
        တစ်ထိုင်တည်း..ချရေးဖြစ်တဲ ့..ကဗျာပါ ။ )
        ———————————

        ကဗျာတွေ စာတွေ..ပြိုင်ပွဲ လုပ်တာဟာ..
        အနည်းနဲ့အများအကျိုး ရှိတယ်..ဆိုရင်….

        ကိုယ့်ကဗျာလေး..ဆု ရတဲ ့အတွက်.. ဝမ်းသာမိတာ…
        ကဗျာတွေ ဆက်ရေးဖို ့.. အားတက်မိတာတော့…
        အကျိုး ရှိပါတယ် ။

        နောက်တစ်ချက် အကျိုးရှ်ိတာက..
        ဆုရကဗျာတစ်ပုဒ် ရွေးထုတ်လိုက်နိုင်တာ….က
        ဒေါင်ဒေါင်မြည်..ကဗျာတစ်ပုဒ်ကို..
        အသိအမှတ်ပြု ပြလိုက်နိုင်တာ….
        အကျိုး ရှိပါတယ် ။

        ——————
        ဒါပေမယ့်…..
        ကဗျာဆရာဟာ…
        ဆု ရ ဖို ့…
        ကဗျာရေးတာမဟုတ်….

        ဆုရ သည် ဖြစ်စေ…
        ဆုမရသည်..ဖြစ်စေ…..
        ခံစားမိတာကို…
        ခံစားတတ်သလို…
        ရေးချင်တဲ ့..ကဗျာကို…
        ရေးနေဆဲ…ဖြစ်နေမှာပါပဲ….
        လို ့……….

        တွေးမိတာလေး…
        ကပျာကယာ ဝင်ပြောသွားတာပါ ။

        ခင်မင်လေးစားစွာ…..

        • ခင် ခ

          August 3, 2013 at 10:38 pm

          ထောက်ခံတယ် မောင်အလင်းဆက်ရေ။
          ဆုရဖို့ ရည်ရွယ်ပြီးတော့ ခင်ခလည်း စာမရေးဘူး ကဗျာမရေးဘူး ကိုယ်အတွေးနဲ့ကိုယ်ဘဲ ရေးချင်တာရေးပလိုက်တာပါ။ ကြုံတုန်းလေးပြောခဲ့အုံးမယ် ကိုမင်းမင်းရဲ့ လက်ဆောင်အတွက် ပဟေဠိပိုစ့်မှာလည်း ခင်ခ ဝင်မနွဲဖြစ်ရင်ခွင့်လွှတ်အုံးဗျို့။

  • ခင် ခ

    August 3, 2013 at 1:24 pm

    အရင်ပိုစ့်မှာ (ဆောင်းပါးစာမူ တွေနဲ့ပါတ်သတ်ပြီး ပဟေဠိ ဆန်ဆန်မေးခွန်းလေးတွေ တင်ပါမယ်။
    အမှတ်ပေးစနစ်နဲ့ သွားမယ်။တတိယအကြိမ်ဆိုတော့ ဒီဇင်ဘာ ဇန်နဝါရီ လောက်ဖြစ်မယ်ထင်ပါတယ်။ အဲဒီတွေ့ဆုံပွဲ မှာ ဆုရရှိသူကို ကျနော်လက်ဆောင်ချီးမြှင့်ပေးမယ်။ တန်ဖိုးမများ မကြီးပေမဲ့ အမှတ်တရ သဘောမျိုးတော့ဖြစ်မှာပါ။)

    အခုပိုစ့်မှာ (မန်းဂဇက် နဲ့ ကပ္ပတိန် ဆိုတဲ့ သင်္ဘော နဲ့ ခိုင်းနိုင်းတဲ့ ကဗျာပြိုင်ပွဲ လုပ်ရင်းကောင်း မလားလို့လဲ တွေးမိပါရဲ့။)

    ဪ ကိုမင်းမင်းရေ မောင်ရင်မှာလည်း လုပ်ချင်တာတွေက အများသလားနော်။

    အဲဒီတော့ ထပ်ပြောအုံးမယ် “ကောင်း တယ်´´

    • မင်းမင်း

      August 3, 2013 at 3:00 pm

      ဦးခ ရေ

      လုပ်ချင်တာတွေ ကကျန်သေးတယ် :mrgreen:

      သူဂျီးမျက်စေ့နောက်နေလောက်ပြီထင်လို့

      ချမပြသေးတာ :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 3, 2013 at 1:25 pm

    ခုခေတ်မှာ …
    အသီးကွဲ ကဗျာဒွေ …
    အညှစ်ကဗျာဒွေ ပေါလာဒလားဘဲ ….။
    တား ဂဒေါ့ အသီးကွဲ ကဗျာဒွေ ရေးဒတ်ဒယ် ….။
    အဲ .. ကဗျာ ရေးဒယ် ဆိုပေမယ့် … ဟိုလိုညိုး မီဟုတ်ဝူးးး စိတ်ထဲရှိရာ ချရေးလိုက်ရုံဘဲ ရေးဒတ်ဒါ ပေါဒါဘာ …။
    စာအုပ်ထဲပါဒဲ့ ကဗျာဒွေဂဒေါ့ မိုက်ဒယ် ….
    အိုက်လိုညိုး ရေးဒတ်လိုက်ချင်ဒါ ….

    • မင်းမင်း

      August 3, 2013 at 3:05 pm

      ဟုတ်တယ်ဆရာအံရေ။

      ဒါပေသိ အဲဒီ အသီးကလည်း ကွဲချင်တိုင်း

      ကွဲလို့ မရဘူးနော့်။

      အကွဲကောင်း ကဗျာ ဖတ်မိရင် တခါတလေ

      ကျုပ်အသီး ကောင်းနေတာတောင်

      ထပ်ကွဲချင်ချင်ရယ် :mrgreen:

  • Mr. MarGa

    August 4, 2013 at 2:00 pm

    ဒီတစ်ခါ ပလိုမိုးရှင်းကတော့ ဒဲ့ပဲ
    ကဗျာကလေးတွေကို တစ်ပိုင်းတစ်စလောက် ပါလာမလားရယ်လို့ ဖတ်တာ
    နာမည်တောင် ပြောမသွား
    မိုုက်၏။
    မန်းဂဇက်နဲ့ ကပ္ပတိန် ဆိုပြီး ကဗျာပြိုင်ပွဲ လုပ်ထာထက်
    သဂျီးနဲ့ ဘဖော ဆိုပြီး တည်ပေးလိုက်ရင် ပိုကောင်းမလား မသိ ဟီဟိ

    • အရီးခင်

      August 4, 2013 at 11:31 pm

      သူရို့ က ပုလင်းတူဘူးစို့ တွေကွဲ့ ဖိုးသိကြားရဲ့။
      တည်ပေးလဲ လည်ပင်းဖက်သွားမှာဘဲ။ 😉

      • Mr. MarGa

        August 5, 2013 at 1:54 pm

        မဖက်ခင်တော့ တစ်ပွဲလောက် ဆွဲဦးမယ့်သူတွေပါဗျာ 😆

Leave a Reply