ပင်လယ်နှင့် တူသော ယောကျာ်းတစ်ယောက်

alinsettAugust 3, 20131min19322

ဂျူးရဲ ့ပင်လယ်နှင့်တူသော မိန်းမများ စာအုပ်ထဲကလိုပေါ့ ။

အဲဒီစာအုပ်ထဲက မိန်းမတွေက

အဲဒီစာအုပ်ထဲက ယောကျာ်းတွေ ရဲ့ ့မြစ်လိုစီးဆင်းလာမှုကို  

လက်ခံလိုက်ရတဲ့ ပင်လယ်နှင့် တူသော မိန်းမများးး

စီးဆင်းလာတဲ ့မြစ်တွေက ဘာမှ မဖြစ်ပေမယ့် 

ပင်လယ်ကတော့ လှိုင်းတွေ ထန်လိုထန် 

မတည်မငြိမ်ဖြစ်လိုဖြစ် . . .

==========

အခု ကျွန်တော့် ဘဝကလည်း 

အဲဒီ လို ဥပမာလေး ကို 

နည်းနည်း ပြောင်းပြီး ပြော ရမလိုပဲ ။

==========

ကျွန်တော့် ဘဝထဲကို 

မြစ်တွေလို စီးဝင်လာကြတာတွေ က မနည်းဘူးးး။

ချစ်ခြင်းတွေ . . . 

မုန်းခြင်းတွေ . . 

ပျော်စရာတွေ 

စိတ်ဆင်းရဲစရာတွေ

နာကြည်းစရာတွေ

နှစ်သက်စရာတွေ

ဝန်တိုမှုတွေ

သွေးထိုးမှုတွေ

အတိုက်အခိုက်တွေ

ဖြစ်ခြင်း ပျက်ခြင်းတွေ

အောင်မြင်ခြင်းတွေ

ကျရှုံးခြင်းတွေ

အိုးးးးးး အများးးးးကြီးပါပဲ ။

တချို့ အရာတွေက မသိမသာ ငြိမ်ငြိမ့်လေး စီးဝင်လာကြတယ် ။

တချို့အရာတွေက ရေစီးသန်လွန်းတဲ့ မြစ်တွေလိုပဲ

ဝုန်းဒိုင်းကြဲပြီး ခပ်ကြမ်းကြမ်း စီးဝင်လာကြတယ် ။

စီးဝင်လာသမျှကို 

လက်ခံလိုက်ရတဲ့ 

ကျွန်တော့် ဘဝက တော့   

ပင်လယ်လိုပါပဲ ။

လှိုင်းထန် လှုပ်ရှားးးး

ဗြောင်းဆန် နေရတဲ့ ပင်လယ်ပြင်လို ဘဝ ။

===========

ဒါကြောင့် . . . 

ကျွန်တော်ဟာ. . . . 

ပင်လယ်နဲ့ တူသော. . . . ယောကျာ်းတစ်ယောက်. . . . 

ပင်လယ်နဲ့ တူသော. . . ယောကျာ်းတစ်ယောက်ပါလေ . . . . 

==============

22 comments

  • မဟာရာဇာ အံစာတုံး

    August 3, 2013 at 4:51 pm

    ဝုန်းဒိုင်းပဲ ကြဲကြဲ …
    ငြိမ့်ငြိမ့်လေးပဲ စီးစီး ….
    ရေဟာ …. ရေပါပဲကွယ် …..။
    ရေကို ရေလိုပဲ သဘောထားနိုင်သူများဟာဖြင့်
    ဟိုမှာဘက်ကမ်းကို ကူးခပ်သွားနိုင်ကြလေတယ် ….။
    အင်းးး ပုထုဇဉ် ဆိုပြန်တော့လည်း အခက်သားကလားကွယ် ….။

      • မဟာရာဇာ အံစာတုံး

        August 3, 2013 at 4:59 pm

        ဟ …
        အောက်ဆီဂျင်ဗူး ယူလာဂဲ့မှာပေါ့ဟ …
        လွယ်လွယ်လေးများ …
        နင် အိုက်လိုဒွေ မတိလို့ ခက်နေဒါ …… :mrgreen:

  • ခင် ခ

    August 3, 2013 at 9:53 pm

    ပင်ထဲကို မြစ် ချောင်း အင်း အိုင် မြောင်း အစုံသော စီဆင်းသမျှရေတွေ အကုန်ရောက်လေတော့ ဟိုစကားလို ရှိသမျှဘာဆိုလား ပုဇွန်ဆိတ်ခေါင်းစုသလိုလည်းဖြစ်နေမယ်နော် မောင်ရင်နဲ့ ကြံကြံဖန်ဖန် ပေးတတ်ပါရဲ့ ဘာတဲ့ ပင်လယ်နှင့်တူသော ယောက်ျား ဟုတ်လား။

  • ပင်လယ်ကနေရေငွေ့
    ရေငွေ့ကနေမိုးတိမ်
    မိုးတိမ်ကနေမိုးစက်
    မိုးစက်ကမြောင်းဖြစ်
    မြောင်းကနေချောင်းဖြစ်
    ချောင်းကနေမြစ်ဖြစ်
    မြစ်ကနေပင်လယ်ဖြစ်။
    တကယ်တော့ပင်လယ်ဆိုတာ သူ့ဆီက ထွက်သွားတောတွေကို
    သူပြန်လက်ခံထားရတာနဲ့အတူတူပါဘဲ။

  • ပင်လယ်ကနေရေငွေ့
    ရေငွေ့ကနေမိုးတိမ်
    မိုးတိမ်ကနေမိုးစက်
    မိုးစက်ကမြောင်းဖြစ်
    မြောင်းကနေချောင်းဖြစ်
    ချောင်းကနေမြစ်ဖြစ်
    မြစ်ကနေပင်လယ်ဖြစ်။
    တကယ်တော့ပင်လယ်ဆိုတာ သူ့ဆီက ထွက်သွားတာတွေကို
    သူပြန်လက်ခံထားရတာနဲ့အတူတူပါဘဲ။

  • Mr. MarGa

    August 4, 2013 at 1:32 pm

    ပင်လယ်နဲ့ပဲ တူတူ
    မြစ်နဲ့ပဲ တူတူ
    ချောင်းတွေ မြောင်းတွေနဲ့ပဲ တူတူ
    အို ကုန်ကုန်ပြောမယ်
    အိမ်သာကျင်းနဲ့ပဲ တူတူ
    လူဟာ လူပဲကွယ်
    ကိုယ် စိုက်ပျိုးထားတာကိုပဲ ကိုယ် ရိတ်သိမ်းရသကွယ့်
    ကိုယ်ပြုလုပ်ခဲ့တဲ့ အရာတွေဟာ
    နောင်တစ်ချိန်မှာ အကျိုးရလာဒ်တွေအဖြစ် ထွက်လာမှာပါပဲကွယ်
    ဆိုတော့
    သိကြားမင်း အတွက်ကတော့
    ပင်လယ်နဲ့ပဲ တူတူ
    အိမ်သာကျင်းနဲ့ပဲ တူတူ
    အားလုံးဟာ အတူတူပဲ ကွယ့် :mrgreen:

    • ဟွန်းးးသကြားးးး
      နာ့ကို အသလွတ် ဆော်သွားပါလားးး

      အိမ်သာကျင်းနဲ့ တူတဲ့ သကြား လို ့နီ ့ဘာသာနီ ပေး

      🙂

      ကိုယ်စိုက်ပျိုးထားတာလေးတွေ
      သူများတွေက လာ ရိတ်သိမ်းသွားတဲ့ အဖြစ်မျိုး
      သကြားးး ကြုံဖူးသလော

      • Mr. MarGa

        August 4, 2013 at 1:55 pm

        ခွိခွိ
        အိမ်သာကျင်းနဲ့တူသော ယောက်ျားတစ်ယောက် ရေ
        ကိုယ်စိုက်ပျိုးထားတာကို
        သူများက မရိတ်သိမ်းအောင်
        ရိတ်သိမ်းသွားရင်တောင်မှ တန်ရာတန်ကြေး ပြန်ရအောင် လုပ်ရမှာကတော့
        အသင် အိမ်သာကျင်းနဲ့တူသော ယောက်ျားတစ်ယောက် ရဲ့ တာဝန် ဟုတ်ပေဘူးလားကွယ်….
        ငိငိ

        • မတရာ သိမ်းပိုက်ခံရသူတွေအတွက်
          တန်ရာတန်ကြေးကို ပြန်တောင်းတဲ့အခါ
          အကြမ်းဖက်ခံရတာ
          မတရားတဲ့ နည်းနဲ ဖြေရှင်းခံရတာ ကို
          အားမတန် မာန်လျှော့နေရတာ
          ဒီသကြား မသိပါလားးး
          သိလျက်နဲ့ မသိယောင်ဆောင်နေတာလားး

          ပစ်စီးမဲ့
          အာနာမဲ့
          လက်နက်မဲ့ လူတန်းစား

        • Mr. MarGa

          August 4, 2013 at 2:39 pm

          အချိန်ဟာ အကောင်းဆုံး သမားတော်ပါကွယ်…..
          အချိန်ကို စောင့်ပါ
          အချိန်မကျသေးခင် အိမ်ကပြေး (အဲလေ) အချိန်မကျခင် လုပ်မိတဲ့အခါမှာ
          မလိုလား အပ်တဲ့ ပြဿနာတွေ ထွက်လာတတ်သကိုး
          ဆိုတော့
          အားမတန်လို့ မာန်တင်မက ရှိတာ အကုန် လျှော့ချင်လဲ လျှော့ထားလိုက်
          ဒါပေသိ
          အချိန်ယူပြီး ဖြစ်နိုင်မယ့် နည်းလမ်း ဖြစ်သင့်တဲ့ အရာတွေကို တွေးလေကွယ်
          ဖြစ်နိုင်တာကို အရင်တွေး ဖြစ်သင့်တာကို ရှေးရှုလို့ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ပါ လို့
          ခင်သော
          သိကြား :mrgreen:

  • ရာမည

    August 4, 2013 at 4:00 pm

    ဆရာ​လေးခင်​ဗျ
    ​တောင်​တန်​းနဲ့တူ​သော ​ယောက်​ပြားများလို့ ​ရေးစရာရှိလို့ လာ​ပြောတာ
    အဲ့ ဒါ ခင်​ဗျားနဲ့ မဆိုင်​ဘူး​နော်​ 🙂

  • မင်းမင်း

    August 4, 2013 at 7:48 pm

    ဟီး ငန်ကျိကျိနဲ့ :mrgreen:

  • TNA

    August 6, 2013 at 4:34 pm

    ပင်လယ်နဲ့တူသောယောကျင်္ားဆိုဒေါ့ အရောင်အမျိုးမျိုးပြောင်းနေမှာပေါ့နော်။ ငန်တန်ခါးတားကြီးလဲဖစ်မယ် ထင်တယ်။ ပင်လယ်ကငါးရောင်ဆိုလား။ အဖြူ အညို အပြာ အစိမ်း အနက် ဆိုဒေါ့ဂါး ရုပ်အမျိုးမျိုးဖျက်သော ယောင်္ကျားပေါ့။ အိုက်လိုလား။

    • အလင်းဆက်

      August 6, 2013 at 5:11 pm

      တိန် ။
      အက်သလိုလည်း..အဒိတ်ပယ်..ဖွင့်ပလိုက်တယ်ပေါ့…လေ ။
      အဟင့်…..

      လောကဒဏ်ရာ..တွေကြောင့်…
      အက်သလို ဖြစ်နေတယ်..ပဲ..ထားပါတော့.. တီတီ…။
      🙂

      ———-
      အရောင် မရှိတဲ ့…ရေကလည်း..ပင်လယ် လုပ်ပြီး.ပြာတယ်….တဲ ့။

      ဒီတော့ဂါ….
      လောက က မာယာ နည်းနည်း များတတ်တယ်..ပေါ့နော် ။

      ပင်လယ်နှင့်တူသော ယောကျာ်းတစ်ယောက် ။

      • TNA

        August 6, 2013 at 6:14 pm

        ဇဂါးမစပ်အေ အဲဒီအရုပ်ကလေးတွေဘယ်ကရဒလဲ။ နာမတိလို့ ရုပ်အမျိုးမျိုးဖျက်တော လောက် သား အဲလေ ယောကျင်္ားရေ

        • အလင်းဆက်

          August 6, 2013 at 6:44 pm

          🙂

          🙂

          ရုပ်အမျိုးမျိုးဖျက်သော..ယောက်ျား..တဲ ့..။
          ဟိုတစ်ယောက်လည်း.. အိမ်သာကျင်းနဲ ့တူသောယောက်ျားတဲ ့…
          နိုချင်လိုက်တာ…
          ချစ်သုဝေကို ဖက်ပြီး

  • padauk moe

    August 11, 2013 at 5:37 pm

    အော်ဘဝဘဝ ရတာမလို လိုတာမရ ဘဝထဲမှာ လူသားတွေက တစ်ယောက်ကိုတစ်ယောက် အချင်းချင်း
    နာကျည်းချက်တွေအပြည့်နဲ့ ရေးဖွဲ့နေလိုက်တာ ကိုသူရေ အတော်လေးကို ခါးသီးနေပြီပေါ့လေ ဟုတ်စ
    အားပေးလျှက်ပါကွယ်

Leave a Reply