ရေးချင်သလို ရေးတဲ့စာ / ဖတ်ချင်သလို ဖတ်ပါ

alinsettAugust 4, 20131min28524

ဒီနေ ့ ဘာနေ ့လဲ ။

ရက်တွေ . . လတွေ . . . နှစ်တွေ ရော ဘယ်လောက် ရှိပြီလဲ ။

မသိ ။

ကျွန်တော် နာရီ မကြည့်ဖြစ်တာ ကြာပြီ ။

 

ပြက္ခဒိန်ဆီလည်း အကြည့်မရောက်တာ ကြာပြီ ။

ဘုရားးးး ပြက္ခဒိန် ဆိုတာ ဘာပါလိမ့် ။

 

*********************

 

တကယ်တော့ . . . .

ရသ တွေ . . .

အနုပညာတွေ . . . အတွက် . . .

နေရာ ကျဉ်းကျဉ်းကလေးသာ ရတဲ့ . . . .ဒေသ တစ်ခုထဲ ကျွန်တော် ရောက်နေတာ ဖြစ်သည် ။

 

ဤနေရာသည် ရသ ကိုးပါးတို ့မှ လွန်မြောက်နေသော လက်တွေ ့မြို ့တော် ဖြစ်သည် ။

 

ဤနေရာတွင် စိတ်ကူးယဉ်သမား ဆိုလို ့ကျွန်တော် တစ်ယောက် ထဲသာ ရှိသည် ။

 

**********************

 

ကျွန်တော်ကလည်း ခက်သည် ။

 

မြေပြို နေပါပြီဆိုလေ ပန်းခင်းတွေ ပျိုးချင်လေ ဖြစ်နေသူ။

 

ကိုယ် ပျိုးယူလိုက်တဲ့ အပင်ကနေ ဘာပန်းလေးများ ပွင့်မလဲ ?

 

ဘယ်လို အရောင်အသွေးလဲ ?

 

ဘယ်လို ရနံ ့လဲ ?

 

ဘယ်လို ပုံစံ ပန်းကလေးလဲ ဆိုသော မေးခွန်းများကို

ပန်းပင်ကလေး နားညည်းအောင် မေးနေချင်မိသူ . . ။

 

ပန်းပင်ကလေးများ အနားမှာ . . . သီချင်းလေး တိုးတိုး ညည်းရင်း . . .

ရထားသမျှ ဒဏ်ရာတွေကို ဝေဝေဝါးဝါး ကုစားချင်သူ ။

 

ဘယ်သူ ကူကူ မကူကူ ခြေထောက် မရှိပဲ လမ်းလျှောက်ချင်သူ ။

 

ဘယ်သူ ယူယူ မယူယူ အနိုင်လိုချင်သူကို အရှုံးပေးဖို ့ အဆင်သင့် ဖြစ်နေသူ . . ။

 

ဘယ်သူ ပူပူ မပူပူ ကိုယ့် ရှေ ့ရေးကို တွေးပြီး သက်ပြင်း မောတွေ ချ တတ်သူ ။

 

ဘယ်သူ ဖြူဖြူ မဖြူဖြူ ကိုယ့် ကိုယ်ကျင့်တရားကို

ပုံမှန် လျှော်ဖွပ်တတ်သူ ။

 

ဘယ်သူ လှူလှူ မလှူလှူ ကိုယ် စားရမယ့် ထမင်းလုပ်ထဲက တစ်ဝက်ကို အခြားဆာသူ အားးး ပေးချင်သူ . . . ။

 

ဒီလို . . . ဒီလို လူ ။

 

*******************

 

တစ်ခါတစ်ခါမှာ. . .

မာနတွေက နဂါးအမောက်လို

ထောင်ထ လာတဲ့ အခါ . .

မာယာတွေ များတဲ့ ဒေသထဲ ကိုယ့်မာနက

ညိုမြသာသာ ဖြစ်သွားတတ်မှန်းသိခဲ့လို ့

ကိုယ့်မာနတွေ ကိုယ် ပြန် သိမ်းထုပ်ရင်း အိမ်အပြန် လမ်းမှာ ကိုယ့်ကို ကိုယ် လူညံ့လို ့မှတ်တမ်းတင်ခဲ့ ရသည် ။

 

ပြောတော့ပါဘူးကွယ် ။

 

ပန်းတွေ အားလုံး ပိတောက်ဖြစ်ရမယ်လို့ ့ဘယ်သူ အာမ ခံနိုင်မလဲ ။

 

ကြယ်တွေ အားလုံး ဓူဝံကြယ် ဖြစ်ရမယ်လို့ ့ ဘယ်သူအာမ ခံနိုင်မလဲ ။

 

မြစ်တွေ အားလုံး ဧရာဝတီ ဖြစ်ရမယ်လို့ ့ဘယ်သူ အာမ ခံနိုင်မလဲ ။

 

အချစ်တွေ အားလုံး အဖြူရောင် ဖြစ်ရမယ်ဆိုရင် ဒီမြေလောက သာယာသွားမှာ သေချာပေမယ့် အရောင်အမျိုးမျိုးသော အချစ်တွေကလည်း လောက နဲ့ ့လူသားကို တစ်ထောင့်တစ်နေရာက နေ အလှဆင်ယင် ပေးနေတာပဲ မဟုတ်လားးး။

 

တစ်ခါတစ်ရံမှာ ကျွန်တော်က ထိန်းမနိုင်သိမ်းမရ အတ္တတွေ ထုတ်ပြတတ်သည် ။

 

*****************

 

ကျွန်တော် ရေးနေသော

ဤဝတ္ထုထဲကို . . . ပါဆယ်တစ်ထုပ် ရောက်လာသည် ။

DHL နဲ ့ပို့လိုက်တာ မဟုတ်ပါ ။

 

ဆရာသစ္စာနီက . . .

သစ္စာနီ ဝတ္ထုထဲမှ

ဆရာဇော်ဇော်အောင် ရေးထားသော ဝတ္တုတစ်ပုဒ်ထဲ . . . ပို့ ့လိုက်တာဖြစ်သည် ။

 

ရှင်းရှင်း ပြောရလျှင် . . . . . . . . . . . . သစ္စာနီ ရေးသော ဝတ္ထုထဲမှ ထိုပါဆယ်တစ်ထုပ်က ဆရာဇော်ဇော်အောင် ရေးထားသော ဝတ္ထုဆီ ရောက်သွားသည် ။

 

ဆရာဇော်ဇော်အောင်၏ ဝတ္ထုတစ်ပုဒ်ထဲ ရောက်သွားသောကြောင့်

ဆရာဇော်က သူ ့ဝတ္ထုထဲမှာပဲ . . . .

ထိုပါဆယ်ထုပ်ကို ဖောက်ကြည့်ခဲ့သည် ။

 

ဖောက်ကြည့်ပြီး . . .

လိုအပ်တာတွေကို ယူပြီး မလိုအပ်တာတွေကို ပါဆယ်ပြန်ထုပ်ကာ ဝတ္ထုထဲမှ ပြန်ပို့ ့လိုက်တာ ဖြစ်သည် ။

 

တစ်ခု ထူးခြားတာက ဆရာဇော်ဇော်အောင်က

ပြန်ပို ့ရာမှာ . . . .

လိပ်စာကို ( _____ ) ကွက်လပ်ချန်ထားပြီး

ဘယ်သူ့ ့လိပ်စာမှ မရေးပဲ ပို ့လိုက်တာ ဖြစ်သည် ။

 

ဘယ်သူ ့လိပ်စာ မှ မရေးသောကြောင့် . . .ထိုပါဆယ်ထုပ်က

ကျွန်တော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာ ဖြစ်မည် ။

 

******************

 

ကျွန်တော် ရေးနေသော ဤဝတ္ထု

 

(ဝတ္ထုဟု . . . ကျွန်တော် သုံးထားပါသည်။ မဟုတ်လျှင် မဟုတ်ကြောင်း မပြောပါနှင့် )

 

ထဲကို ထိုပါဆယ်ထုပ်က ဘုတ်ခနဲ ကျရောက်လာတာဖြစ်သည် ။

 

ကျွန်တော် ထိုပါဆယ်ထုပ်ကို ကိုင်ကြည့်လိုက်တာနဲ ့

ဘယ်သူက ဘယ်လို ပို့လိုက်တယ် ဆိုတာ သိလိုက်သည် ။

 

မသိ ရှိရိုးလား ။

 

ပေးပို ့သူနေရာမှာ ရော. . .

လက်ခံမည့်သူ နေရာမှာပါ

ဘာမှ မရေးထားဘူးလေ ။

သိတာပေါ့ ။

 

****************

 

ပါဆယ်ထုပ်ကို

ဖောက်ကြည့် လိ်ုက်သောအခါ . . . .

 

ဆရာဇော်ဇော်အောင် မလိုချင်သမျှ အရာဝတ္ထုများ ကို စုပြုံလျက် တွေ ့ရသည် ။

 

၁ ။ ဂန္ထဝင် ကဗျာ အချို ့

၂ ။ ငါးပ်ိရည် အနံ ့တစ်ခု

၃ ။ ကာရန် တစ်ခု

၄ ။ ကြိုးစ တစ်စ

၅ ။ မိုးရာသီ တစ်ခု

၆ ။ ဘောင်းဘီကျပ်ကျပ်တစ်ထည်

ရ ။ စာအုပ်ပါးပါးတစ်အုပ်

၈ ။ အဝါရောင် တစ်ခု

၉ ။ မနာလိုဝန်တိုခြင်း တစ်ခု

၁၀။ အချုပ်ခန်း ထဲမှ တောက်ခတ်သံတစ်ချက်မက

၁၁။ မဲဆွယ်စည်းရုံးထားသော စကားလုံးတချို ့ ။

၁၂ ။ ပေါက်ကွဲမှု သတင်းတစ်ခု

၁၃ ။ မော်ဒန် နှင့် ဂန္ထဝင် ထိုးစစ်တစ်ပွဲ

၁၄ ။ ဝေလေလေ ဝေဖန်ရေးဆောင်းပါးတစ်ပုဒ်

၁၅ ။ . . . . . . . . တစ်ခု / ယူနီဖောင်းချွတ်ပြီးသား . . .

၁၆ ။ ဖော့ဖိနပ် တစ်ရံ

၁ရ ။ ဘိန်းမုန့်တစ်ချပ်

၁၈ ။ အတင်းပြောသံများးးး

 

( ဆရာဇော်ဇော်အောင် မကြိုက်သမျှ အရာတွေက ကျွန်တော်လည်း လုံးဝ မကြိုက်သော အရာတွေ ဖြစ်ပါသည် ။ )

 

စုစုပေါင်း ပစ္စည်း ၁၉ မျိုး ပါသည် ။

 

သေချာအောင် ထပ်ပြော ရလျှင်

ပါဆယ်ထုပ်မှာ ပါသော ပစ္စည်း အရေအတွက်မှာ စုစုပေါင်း ၁၉ မျိုးဖြစ်သည် ။

 

**********************

 

ကံကောင်းတာက

ကျွန်တော် ရေးသော ဤဝတ္ထု ထဲမှာ

ထို ၁၉ မျိုး လုံး မဆန် ့ခြင်းပဲ ဖြစ်သည် ။

 

ဝတ္ထု အပြင်ဘက်မှာ . . . .

၁၉ ခု မြောက် ပစ္စည်းတစ်ခု ရှိနေပါသည် ။

 

************************

 

အကြောင်း တိုက်ဆိုင်သော တစ်နေ ့မှာ

ကြိတ်စက်ထဲ ထည့်အကြိတ် ခံလိုက်ရသော

ကျွန်တော့် ဝတ္ထုတိုများ / ကျွန်တော့် ကဗျာများ အကြောင်း ပြောပြချင်ပါသေးသည် ။

 

ကျွန်တော် ရေးသမျှ ကဗျာ များးးး

စာများးး၏ အပြင်ဘက်တွင် . . .

ဝတ္ထုထဲ ထည့်ပြဖို ့မဆန် ့သော / စကားလုံး မရှိသော အရာများ

ကျန် ကျန်နေ တတ်ပါသည် ။

 

ထိုအရာများ အကြောင်းကို ပြောပြဖို ့ရာ

အသင့်ဘက်က ပြင်ဆင်ထားစရာတစ်ခုတော့ ရှိပါသည် ။

 

အသင်က ဘာသာစကားကို စွှန် ့လွှတ် လိုက်ရပါလိမ့်မည် ။

 

ကျွန်တော်ကတော့ . . . .

ဘာသာစကားကို စွန် ့လွှတ် ၍ လွတ်လွတ်လပ်လပ်

ကဗျာတွေ စာတွေ ရေးထားပါသေးသည် ။

 

ဘာသာစကား မပါပဲ

လွတ်လွတ်လပ်လပ်

ပြောပြချင်ပါသေးသည် ။

 

 

**********************

 

လေးစားစွာဖြင့်

 

ပင်လယ်နှင့်တူသော ယောကျာ်းတစ်ယောက်

 

 

 

 

 

 

24 comments

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 9:36 am

    အိမ်းးးး
    ဘာဒါစကား မပါဘဲ ပေါဂျင်ဒယ် ဆိုရင်ဒေါ့ဖြင့် …
    ငါကိုယ်ဒေါ်ထံပါး လာပီး တဘဲ့ခံလှည့်ကွယ့် …
    အစမ်း ပေါပြမယ် .. နားထောင် ….

    ကွိကွိကွိကွကွိ … ကွိကွ ကွကွိ .. ကွကွကွိ ….

    နားလည်ဒလား ……
    နားမလည်ရင် လာပီး တဘဲ့ခံလှည့် ….
    သာဒု … သာဒု … သာဒု ….

      • မဟာရာဇာ အံစာတုံး

        August 4, 2013 at 9:49 pm

        အိမ်းးး ဒါဖြင့်လည်း ….
        ငါကိုယ်ဒေါ်ရဲ့ အင်မတိ အင်မတန် …
        ခက်ခဲ နက်နဲ လျှို့ဝှက်လွန်းသော ဘာသာစကားမဲ့ စကားပေါနည်းကို
        သင်ပေးရဒေါ့မှာပေါ့ကွယ် ….
        နို့ … ဒီပင်ညာ သင်မယ်ဆိုရင် ….
        သင်ဒန်းဂျေး … သန်း ၂၀ဝ ပေးရမယ်ကွယ့် …။
        မန်းနီး သန်း ၂၀ဝ မဟုတ်ဘူးနော် …။ တဂယ့် သက်ရှိ သန်း ၂၀ဝ ကို ပေါဒါ …။

        • အလင်းဆက်

          August 4, 2013 at 10:03 pm

          ဒေါ်ဖွားမေ ခေါင်း မှာ.တော့….
          ရှိ မှာပါ… ။ သန် း 200

          ဒါနဲ ့…
          အဲဒီ သန်း 200 ကို..နီ က.ဘယ်သူ ့ခေါင်းပေါ် တင်ပေးမလို့လဲ….
          🙂

  • ခင် ခ

    August 4, 2013 at 10:12 am

    ပေးပို့သူရော လက်ခံသူရော ဘာမှမရေးထားတဲ့ ပါဆယ်ထုပ်ကို အရမ်းဖောက်မကြည့်နဲ့လေ ပါဆယ်ဗုံးနဲ့တွေ့လို့ ဟုတ်ပေ့ဖြစ်နေမယ်။

    • ပါဆယ် ဗုံး ဆိုတော့လည်း
      မျိုချ လိုက်တော့မယ် ဂျာ

      နှလုံးသားလေး အစိတ်စိတ် ကွဲကြေ သွားအောင်
      ချစ်သုဝေကို မှ မရနိုင်တော့ တာ

      🙂

      လေးခ ရေ
      ဝင်ရောက် ဖတ်ရှုု ပေးလို ့ကျေးဇူးပါ

  • koyinmaung

    August 4, 2013 at 11:49 am

    ဘာ လိပ်စာမှမရေးဘဲနင့်ဆီရောက်လာတယ်ဆိုတော့..
    အင်..ကြိမ်းသေတယ် ကောင်လေး နင်စာတိုက်မှူးဘဲဖစ်ရမယ်……

  • Mr. MarGa

    August 4, 2013 at 2:06 pm

    လိပ်စာက မပါ
    ပို့သူက မရှိ
    ဒီစာကို ဘယ်သူပို့တယ်
    သိချင်ပါဘိ
    အလိုကွယ့် ဂလိုစာ
    အပေါ်လို ပို့ကာညွှန်းတာကြောင့်
    ကျုုပ်မှာလေ ကြားကကုန်ရတယ်
    နင်ဟဲ့ တံဆိပ်ခေါင်း……

  • ဦး ကြိမ်

    August 4, 2013 at 2:35 pm

    (ကောင်လေး ) ခုတစ်လော နင် အပူတွေ တယ် များ နေ ပါ လား
    ခင်ပွန်းကြီးဆယ်ပါးကိုညတိုင်းနှလုံးသားထဲကရွှတ်ဆိုကြည့်ပါလား….။

  • ဦးကြောင်ကြီး

    August 4, 2013 at 7:09 pm

    ပင်လယ်နဲ့တူတယ်ဆိုတော့ တော်တော်ငန်မှာပဲနော်…. အကြောက်ဝူး..အာလူးရောပစ်မယ်..

  • အရီးခင်

    August 4, 2013 at 10:34 pm

    ဒါထက် ပါဆယ် ထဲ က ပစ္စည်း ၁၉ ခု က ဘိုလိုဖစ်ပြီး ၁၈ခု ဘဲ ရှိနေတာတုန်း။
    ရှင်းပါဦး ကိုယ်တော်ရဲ့။
    မမှီဘူး။ 🙄

    မေးချင်သလို မေးသွားသည်။ 😉

  • အလင်းဆက်

    August 4, 2013 at 10:42 pm

    အရီးရေ….

    ကံကောင်းတာက
    ကျွန်တော် ရေးသော ဤဝတ္ထု ထဲမှာ
    ထို ၁၉ မျိုး လုံး မဆန် ့ခြင်းပဲ ဖြစ်သည် ။

    ဝတ္ထု အပြင်ဘက်မှာ . . . .
    ၁၉ ခု မြောက် ပစ္စည်းတစ်ခု ရှိနေပါသည် ။

    ————————
    ၁၉ ခုမြောက် ပစ္စည်းက…
    ဘာလဲ..လို့တော့.. ထပ် မမေးနဲ့တော့နော်…
    ဖြေချင်တယ် ။
    ဖြေလိုက်လို ့မရဘူး…။
    ဟောဒီ ကွန်မန့်ရေးတဲ ့ နေရာနဲ ့ လည်း..မဆန့် ဘူး …။

    :kwi:

    • မဟာရာဇာ အံစာတုံး

      August 4, 2013 at 10:52 pm

      အတော် အညင်ကတ်ဖို့ ကောင်းလာဘီ …
      ကွန်မန့် ရေးတဲ့ နေရာနဲ့ မဆန့်ရင် ပို့စ်တင် ရေးဟာ ..
      တစ်ပို့စ်နဲ့ မဆန့်ရင် နှစ်ပို့စ် တင်ဟာ …
      နှစ်ပို့စ်နဲ့ မဆန့်ရင် ဆန့်သလောက် တင်ဟာ …
      အေး .. ဒါနဲ့မှ မဆန့်သေးရင်တော့ …………..
      ………………..
      ………………….
      ………………………..
      …………………………………

      • အလင်းဆက်

        August 4, 2013 at 10:55 pm

        အဟိ ။
        နာ.. အဲဒီ ၁၉ ခုမြောက် ပစ္စည်း ကို.. ဒီ ထဲမှာ ထည့် ပြဖို ့.. မဆန် ့..
        ပိုစ့်တွေ နှစ်ခု သုံးခု ခွဲ တင်လို့လည်း.မရ ။

        မတော်တဆ ရ ခဲ ့ရင်တောင်….
        အဲဒီ ၁၉ ခုမြောက် ပစ္စည်းအကြောင်း…တရားရုံးမှာ…မေးတဲ့အခါ….
        နာပြောပြလိုက်လို ့ မရ…။

        မဆန့် …
        ဘယ်အရာနဲ ့မှ မဆန့် …
        🙂
        ========================
        ပိုစ့်မော်ဒန် ဝတ္ထုတိုလေးတစ်ပုဒ် ရေးကြည့်လိုက်ပါတယ်..။

        မော..ထာ…
        🙂

      • အရီးခင်

        August 4, 2013 at 10:59 pm

        {
        ကွန်မန့် ရေးတဲ့ နေရာနဲ့ မဆန့်ရင် ပို့စ်တင် ရေးဟာ ..
        တစ်ပို့စ်နဲ့ မဆန့်ရင် နှစ်ပို့စ် တင်ဟာ …
        နှစ်ပို့စ်နဲ့ မဆန့်ရင် ဆန့်သလောက် တင်ဟာ …
        }
        အဲလာ အဘဖော မူပိုင် ဟဲ့။
        မထိနဲ့။
        ဂျစ်လို့ စတာနော အဘ။ 😉

  • အလက်ဆင်း…
    ရေးချင်သလိုရေးတာကို ဖတ်ချင်သလို ဖတ်သွားတယ်..
    အရမ်းဖတ်လို့ကောင်းတယ်..(တ သတ် နှင့် ရေးထားသည်.. 🙂 )
    ဒါပေသိ..နာဂ မော်ဒန်နဲ့ဝေးတော့.. ဖတ်လို့ကောင်းတာက လွဲလို့ ဘာမှမပြောတတ်ဝူး.. ဒါဘာဗျဲ… :mrgreen:

  • kyeemite

    August 6, 2013 at 3:37 pm

    ရေးချင်သလိုရေးတာကို
    ဖတ်ချင်သလို ဖတ်ပီး
    ထင်ချင်သလိုထင်ကာ
    မြင်ချင်သလိုမြင်၍ ထွက်သွားပါပြီ…. :mrgreen:
    လိုက်မခေါ်ကြေး…

    • အလင်းဆက်

      August 6, 2013 at 5:13 pm

      ခေါ်ချင်သလို.ခေါ်ပါရစေ…
      လာပါဦး…
      ဦးကြီးမိုက်…ရေ…..လို ့..။
      🙂

Leave a Reply