မရယ်ရတဲ့အပြင် ရယ်တောင်ရယ်ရသေးတယ်…။

black chawAugust 4, 20131min40436

(နိဒါဏ်း)

ချက်အောက်ပျက်လုံး တဲ့…။
မိတ်ဆွေတို့လည်း ကြားဖူးကြမှာပေါ့…။
တချို့သောလူရွှင်တော်တွေဟာ ဖိုမ ကိစ္စတွေကို တစ်တစ်ခွခွ အသုံးပြုပြီး လူတွေ ရယ်အောင်လုပ်တတ်ကြပါတယ်…။
ဒီနေ့ခေတ် မြန်မာဗီဒီယိုဇာတ်လမ်းတွေမှာလည်း မင်းသားတွေ မင်းသမီးတွေကတောင် အဲဒီ ဖိုမကိစ္စပျက်လုံးတွေနဲ့
ပရိသတ် လက်ခုတ်သံကို ချူဖို့ ကြိုးစားနေကြတာကို စိတ်ပျက်စရာကောင်းလောက်အောင် မြင်တွေ့နေရပါပြီ…။
အဲဒီလို ဖိုမကိစ္စတွေ အသုံးပြုထားတဲ့ ပျက်လုံးတွေကို ချက်အောက်ပျက်လုံးရယ်လို့ အပျောင်အပျက်ခေါ်တတ်ကြပါတယ်…။
သွားလေသူ ဘီအီးဒီအောင်သိုက် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက
ဒီလို ညစ်ညမ်းတဲ့ ပျက်လုံးထုတ်တတ်သူတွေ ရဲ့ ပျက်လုံးတွေကို
မရယ်ရတဲ့အပြင်…ရယ်တောင်ရယ်ရသေးတယ် ဆိုပြီး မှတ်ချက်ပြုခဲ့ဘူးပါတယ်…။
ဟေးဟေး…။
ဘီအီးဒီအောင်သိုက်ကြီးပြောခဲ့တဲ့ မရယ်ရတဲ့ အပြင် ရယ်တောင်ရယ်ရသေး ဆိုတဲ့
စကားလေး က ချစ်ဖို့ မကောင်းဘူးလားဗျာ…။
တစ်စိမ့်စိမ့်တွေးပြီး တစ်စိမ့်စိမ့်ပြုံးရလောက်တဲ့ အဖွဲ့အနွဲ့တစ်ခုလို့တောင် ကျွန်တော်က တင်စားလိုက်ချင်တာပါ…။
အခုကျွန်တော် ရေးမယ့် ပို့စ်ကလည်း မရယ်ရတဲ့ အပြင် ရယ်တောင်ရသေး ဆိုတဲ့
အစားထဲက ပို့စ်မျိုးမို့ ဒီနာမည်လေး ပေးလိုက်တာပါခင်ဗျာ…။

စာကိုယ် ၁

ဖိုမ ကိစ္စဆိုလို့ ပြောလိုက်ရဦးမယ်…။
ဒီနေ့ခေတ် ကျွန်တော်တို့ ယောက်ျားတွေ လမ်းမပေါ်မှာ မိန်းကလေးတစ်ယောက်ကိုတွေ့ရင်
ဘယ်လိုအကြည့်တွေနဲ့ စကြည့်ကြပါသလဲ…။
သွားလေသူဖိုးခွားကြီးရေးပြီး သွားလေသူ ဖိုးချိုကြီးဆိုခဲ့တဲ့
ချစ်သူကို ဆိုတဲ့ သီချင်းလေး ထဲက
အလှလေး ပွန်းပဲ့သွားရင် ကိုယ်ရင်ကျိုးရချည်ရဲ့ ဆိုတဲ့ စိတ်မျိုးနဲ့ ကြည့်တဲ့လူတွေ ရှိမှရှိနေပါသေးစ…။
ကျွန်တော့် အဖေ တီးတဲ့ ကြေးစည်ကြီးမြည်သံလို မထင်…။
ကဲပါဗျာ…။
ယောက်ျားတွေအနေနဲ့ မိန်းမတစ်ယောက်အပေါ်မှာ စိတ်ဝင်စားတဲ့နေရာတွေ မတူကြပါဘူး…။
တချို့က တင်က စကြည့်ကြတယ်…။ တချို့က ရင်က စကြည့်ကြတယ်…။
အဲဒါပြီးမှ မျက်နှာတွေ ဘာတွေ ကြည့်ကြတာ ဒီနေ့ခေတ်ယောက်ျားတွေရဲ့ သောက်ကျင့်…။
(ဒီစာရင်းထဲမပါတဲ့ ကိုကိုတွေ အနေနဲ့ကွန်းမန့်ထဲမှာ ကြော်ငြာထိုးနိုင်ပါကြောင်း…။)
မိန်းမတွေအနေနဲ့ ယောက်ျားတွေကို ဘယ်နေရာကစကြည့်ကြသလဲဆိုတာတော့ ကျွန်တော်မျိုးကြီး မသိပါ…။
ယောက်ျားတွေအနေနဲ့ မိန်းမတစ်ယောက်ကို စကြည့်ကြတဲ့နေရာတွေတော့ မတူကွဲပြားခြားနားကြပါတယ်…။
ဒီမိုကရေစီ နိုင်ငံကြီးမှာ နေထိုင်ကြသူတွေပဲဗျာ…။
လွတ်လပ်စွာ ကွဲလွဲခွင့်ရှိကြပါတယ်နော…။
တချို့က တင် က စသတဲ့…။
တချို့ကျတော့ ရင် က စသတဲ့…။
တချိုကျတော့ မျက်နှာလေးက စသတဲ့…။
တချို့များကျတော့ ခြေချောင်းလေးတွေကို ကြည့်တာ ဝါသနာပါသတဲ့…။
တချို့ကျတော့ လက်ချောင်းလေးတွေကသာ အစပြုပါသတဲ့…။
တချို့ကတော့လည်း နှုတ်ခမ်းလေး က အစပြုသတဲ့…။
တချို့ကျတော့ နားရွက်ကလေးတွေ တဲ့…။
တချို့ ကျတော့ လက်မောင်းသားနုနုလေးမှာ အကွင်းလိုက်ပေါ်နေတတ်တဲ့ အမာရွတ်ဝိုင်းဝိုင်းလေးတဲ့…။
တချို့သော ပုဂ္ဂိုလ်တွေကတော့ တစ်ကိုယ်လုံးခြုံကြည့်လိုက်တာပါပဲ…တဲ့…။
ကွယ်…သင့်တော်သလို…၊ ဆန္ဒရှိကြသလိုသာ ကြည့်တော်မူကြပါ ကိုကိုတို့ရေ…။
ဟေးဟေး…။
ဘလက်ချော မင်းဟာက ချက်အောက်ကကိုမတက်ဘူးလို့တော့ အပြစ်တင်မစောပါနဲ့ကိုကိုရယ်…။
အဲဒီလို ပုဂ္ဂိုလ်အကျော်အမော်ကြီးတွေအတွက် ရင်သား ဆိုင်ရာ သတင်းလေးတစ်ပုဒ်နဲ့ တင်ပါးဆိုင်ရာ
သတင်းလေးတစ်ပုဒ်ကို လက်တို့ပေးမလို့ ဆွဲယူလာတာပါဗျာ…။
ဆက်ဖတ်ကြည့်ပါဦး…။

စာကိုယ် ၂

မိန်းကလေးတစ်ယောက်ကို စတွေ့ရင် ရင် က စကြည့်တတ်သူတွေအတွက် သတင်းလေးတစ်ပုဒ်ပါ…။
နန်းဆုရတီစိုး လေးရဲ့ ရင်သားက အော်ရီဂျင်နယ်မဟုတ်ပဲ ခွဲစိတ်ပြုပြင်ထားတယ် ဆိုလား…
နားစွန်နားဖျားကြားမိပါတယ်…။
(နားစွန်နားဖျား ဆိုကတည်းက မသေချာဘူးပေါ့ ကိုကိုရယ်…။)
အော်ရီဂျင်နယ်တုန်းက ဘယ်လိုအရွယ်အစားဖြစ်ပြီး ခွဲစိတ်ပြုပြင်ပြီးတော့မှ
ဘယ်လိုအရွယ်အစားပြောင်းသွားတယ်ဆိုတာကတော့ တားတားလည်း မပြောတတ်ဘူးခင်ဗျ…။

နို့…ကိုင်မှ မကြည့်ဖူး တာပဲကိုး နော…။
ခွဲစိတ်ထားတယ်ဆိုတာတောင် တိကျသေချာတဲ့သတင်းမဟုတ်ပဲ နားစွန်နားဖျားကြားထားတာပါ ဆိုမှ…။
အေးလေ…။
အော်ပဲဖြစ်ဖြစ်…အင်ပဲဖြစ်ဖြစ်… ကျုပ်တို့အလုပ်မဟုတ်ပါဘူးနော့်…။
နန်းဆုရတီစိုးလေးနဲ့ အပြင်မှာတွေ့ရင်သာ အကဲခတ်ကြည့်ကြဖို့ သတင်းပေးရုံသာရယ်ပါ…။
နန်းဆုရဲ့ ရင်သားသတင်းလေး အတင်းချလို့ပြီးသွားပြန်တော့ ရှရာပိုဗာလေးရဲ့ တင်ပါးသတင်းဆီ…
ဆက်လက်ချီတက်ကြဦးစို့ရဲ့…။
တင်ပါးလေးတွေကိုမှ စိတ်ဝင်စားတယ်ဆိုတဲ့ ပုဂွိုလ်တွေအတွက်ပါခင်ဗျာ…။ အာဟီး…။
ရုရှားတင်းနစ်မယ်လေး ရှာရပိုဗာရဲ့ တင်ပါးနုနုလေး မှာ ဒဏ်ရာရသွားတယ်ဆိုတဲ့ သတင်းကလည်း
နားစွန်နားဖျားရပ်ကွက်ထဲရောက်ချလာပါတယ်ဗျာ…။
အင်း…ဘလက်ကြီးက ကိုယ်တိုင် တယုတယနဲ့ ဆေးထည့်ပေးချင်နေမိတာဗျ…။
သို့ပေမယ့်…
ဓနငွေစက်ယန္တရားနဲ့
ဘဝတွေ တစ်ဖက်ကမ်းခြားလို့…
မရွှေအထက်တန်းစား ရှရာပိုဗာလေးရဲ့ တင်ပါးနဲ့
ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံ တစ်ခုက
အညတြ ပုဂ္ဂိုလ်လေး
ကိုရွှေအောက်တန်းစား ဘလက်ချောကြီးတို့ဟာ…
ဘယ်လိုမှ မနီးစပ်နိုင်ဘူးဆိုတာ သိနေလေတော့…
ဝေးဝေးကသာ လွမ်းရပါသည်ပေါ့ ခင်ဗျာ…။

တင်ပါးဆိုလို့ အာမခံထားရတယ်ဆိုတဲ့ ဂျေလိုကြီးတင်ပါး သွားသတိရမိသေးတယ်…။ ဟေးဟေး…။
တလောကဗျာ…။
ကြေးမုံမှာလား…၊ မြန်မာ့အလင်းမှာလား…တစ်ခုခုထဲမှာ ပါခဲ့တာကတော့ သေချာပါတယ်…။
ဂျေလိုကြီးရဲ့ တင်ပါး ပြူးပြူးကြီး ပုံကို ကွက်ကွက်ကွင်းကွင်း ဖြစ်အောင်ကို ထည့်ပေးလိုက်ပါလေရောလား…။
သတင်းစာဖတ်သူ ကိုကိုတွေမှာ ဂျေလိုကြီးတင်ပါးကိုကြည့်ပြီး တံတွေးတွေ မြိုမြိုချကြရဆိုလား…။
အဲဒါလည်း သေချာတဲ့ သတင်းမဟုတ်ဘူးနော် ကျောင်းဒကာတို့ရေ…။
နားစွန်နားဖျား ကြားလိုက်မိတာလေး ပြန်ရေးလိုက်တာပါ…။
(လူဆိုး…။)
တစ်ဆက်တည်း တွေးမိတာက ရှာရပိုဗာတင်ပါးမှာ ဒါဏ်ရာရတာက ပြသနာမဟုတ်…။
ဂျေလိုကြီးတင်ပါးမှာ ဒဏ်ရာရသွားခဲ့ရင် ရှော့ရှိတယ် ကိုကိုတို့ရေ…။
ဒေါ်လာသန်းနဲ့ချီ အာမခံထားထားတယ်လို့ ဆိုသကိုးဗျ…။
မြန်မာပြည်မှာရော…။
အာမခံထားရလောက်တဲ့ တင်ပါးပိုင်ရှင်တွေ မရှိဘူးတဲ့လား…။
ကမ္ဘာ့ဖလား တင်ပါးအလှပြိုင်ပွဲမှာ မြန်မာဇာတ်ပို့ ကြူကြူသင်းကြီးရဲ့ တင်ပါးနဲ့ ဝင်ပြိုင်လိုက်ရင်
ဘယ်လိုနေမလဲ…။ (ကန်တော့ပါဗျာ…အမကြူကြူသင်းရေ…။)
ဟေးဟေး…။
ကဲ…မိတ်ဆွေတို့ရေ…။
မြန်မာ့ တင်ပါး ကမ္ဘာကိုလွှမ်းစေရမည်…။
ရှက်ရှက်နဲ့ပဲ ဝန်ခံလိုက်ပါရစေဦး ကိုကိုရယ်…။
မနီးစပ်ကြတာခြင်းအတူတူ…။
ရှာရပိုဗာတင်ပါးမှာ ဒဏ်ရာရတာလောက်နဲ့ စိတ်မကောင်း ဖြစ်မနေကြပါနဲ့တော့…။
ဘလက်ကြီးကတော့ တင်ပါးဆို ဂျေလို မှတဲ့ဗျ…။
ဟမ်း…ကောင်း မှ ကောင်း…။

နိဂုဏ်း

ကဲ…ပြောပြောက စောခဲ့သားပဲ…။
ချက်အောက်ပျက်လုံးတွေက မရယ်ရတဲ့ အပြင် ရယ်တောင်ရယ်ရသေးတယ် ဆိုတာကိုပါ…။
ဘယ်လိုပဲဖြစ်ဖြစ်ဗျာ…။
ဘလက်ကြီးကိုလည်း ခပ်ညံ့ညံ့လူရွှင်တော် တစ်ယောက်လို့ပဲ သဘောထားပါ…။
လွယ်လွယ်ကူကူ ချက်အောက်ပျက်လုံးတွေ သုံးသွားတယ်လို့ ပဲ မှတ်ပေးပါ…။
ချက်အောက်ပျက်လုံးကလည်း ချစ်စရာကောင်းအောင် ပျက်တတ်ရင် ချစ်စရာကောင်းပါတယ်ဗျ…။
ဟေးဟေး…။
မရယ်ရတဲ့ အပြင်…ရယ်တောင်ရယ်ရသေး…။

ချစ်ခင်လေးစားစွာဖြင့်
ဘလက်ချော…။
၄-၈-၂၀၁၃
နေ့လယ် (၁းဝ၄)

36 comments

  • ရာမည

    August 4, 2013 at 1:17 pm

    ကြူကြူသင်​းက ကြည်​့မြင်​တိုင်​ ဗားကရာနားမှာ​နေတာ​နော်​ … တိုင်​​ပြောလိုက်​ရ 🙂

    • e tone

      August 5, 2013 at 4:44 pm

      ဘောဂလမ်းထဲမှာပါချင့် … ခဏခဏတွေ့တယ် …. ။
      တွေ့တိုင်းဟန်မဆောင်နိုင်အောင်… မဆံ့မပြဲကြီးနဲ့ ဆိုက်ကား တက်တက်စီးလွန်းလို့ … ။ 😆

      • TNA

        August 6, 2013 at 12:16 pm

        ဈေးသွားတိုင်းတွေ့တယ်။ ဒီစာကူးပီးပေးလိုက်မွယ်။ ဟီးးးးးးးးးးးးးး

      • manawphyulay

        August 6, 2013 at 1:20 pm

        ဟဟ ဟုတ်ပ အစ်မတွေ့တုန်းက အရမ်း အရမ်းကို အားငယ်မိသွားတယ်။ သူ့မြင်တိုင်း ဝလည်း ဝချင်တယ်။ မဝလည်း မဝချင်တော့ဘူူး ဖြစ်သွားတယ်။

        ဦးဘလက်ရေးမှပဲ စုံတကာစေ့ ဗိုက်က စကြည့်တဲ့သူ(သဂျီး)လည်း ဗူးပေါ်သလို ပေါ်လာတော့တယ်။

  • Mr. MarGa

    August 4, 2013 at 1:47 pm

    ဘဘ ဘလက်
    ဘဘ ပြက်လုံးတွေက ချက်အောက်ပြက်လုံး မဟုတ်တော့ဘူး
    ချက်ပတ်လည် ပြက်လုံး ဖြစ်နေပြီ ဗျ
    ဘာပဲပြောပြောပါလေ…
    ဘဘရဲ့ ပို့စ်မှာ
    မရယ်ရပေမင့်
    ပြုံးသွားရသမို့
    ကျေးကျေး အကြီးကြီး ပါလို့ 🙂

  • အလင်းဆက်

    August 4, 2013 at 1:51 pm

    ပိုစ့်ခေါင်းစဉ် ပေးထားတာကို
    အင်မတန် သဘောကျသဗျာ

    ========

    ဟာသ နှင့်တူသော ဟာသ ပီပီသသများလည်း
    ကြားချင်ပါသေးအိ
    လူရွှင်တော်များ ခညားးးးလို ့ ပြောချင်နေတာ ကြာဘီ

    ခါးအောက်ပိုင်း ဟာသ ရယ်
    နိုင်ငံရေးဟာသ ရယ်
    ဒါတွေပဲ တဝဲလည်လည် ဖြစ်နေခဲ့တာ လည်းး အချိန်အတိုင်းအတာတစ်ခု ကြာခဲ့ဘီ

    လေးဘလက်ရေ
    ရှယ်ပိုစ့်လေးနဲ့အတူ ပြန်လည် ဆုံတွေ ့ရတာာ
    ဝမ်းသာပါအိ ။

    ခင်မင်လေးစားစွာ

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 2:31 pm

    အူးလေးဂျီးးးး
    ရွာထဲက ပျောက်နေလိုက်ဒါ ၊၊၊
    အစကတော့ ဘာပုလို့လဲ သိဘူးလို့ တွေးနေမိဒါ ။။။
    အော် ၊၊၊၊ လက်စသတ်တော့ ဒါဂျောင့်ကိုးးး :mrgreen:
    လဂါးနောက်ဒါ ၊၊၊၊
    ကျန်းခန့်သာလို့ မာပါစ ခင်ဗျာ ၊၊၊၊၊၊

  • ကထူးဆန်း

    August 4, 2013 at 2:52 pm

    မြန်မာ့ တင်ပါး ကမ္ဘာကိုလွှမ်းစေရမည်…။

    ဆိုလို့ .. တစ်ချိန် က ကမာ္ဘကိုတော့ မသိ .. သဘောင်္သား လောကအာဆီယံသားတွေ ကိုတော့ လွှမ်း စေခဲ့ပါကြောင်း ..
    အဲ့ဒီ့ အချိန်က မြန်မာပြည် သဘောင်္နဲ့ ရောက်ဖူးသူများကြား အကောက်ခွန် နှင့် မြန်မာတင်ပါး ပြောစရာ အများဆုံးပါတဲ့ …
    အကောက်ခွန် က အတောင်းပက်စက်သလို မြန်မာမလေးများ တင်ပါး များလည်း အကောင်းလွန်ပါကြောင်း
    မြန်မာမှန်းသိတာ နဲ့ ချီးကျုး ခံရဘူးပါကြောင်း … ခြင်္သေ့ကျွန်းက စလုံးမမ များ ပြားချပ်ချပ်နဲ့ မြန်မာဘယ်မီလိုက်မလဲ ဆိုတာ ..
    ခုတော့ သိတော့ပါဘူးဗျာ …… :mrgreen:

  • marga thagyar

    August 4, 2013 at 3:47 pm

    ချက်အောက်ပျက်လုံးထက် နိုင်ငံရေးပျက်လုံးက ပိုပြီးအဆင့်မြင့်တယ်၊

  • Foreign Resident

    August 4, 2013 at 3:52 pm

    ” အဲဒါပြီးမှ မျက်နှာတွေ ဘာတွေ ကြည့်ကြတာ ဒီနေ့ခေတ်ယောက်ျားတွေရဲ့ သောက်ကျင့်…။
    ဒီစာရင်းထဲမပါတဲ့ ကိုကိုတွေ အနေနဲ့ ကွန်းမန့်ထဲမှာ ကြော်ငြာထိုးနိုင်ပါကြောင်း ”

    အွန် ။ အွန် ။ အွန် ။ မဟုတ်သေးပါဘူးကွယ် ။
    အဘ ကတော့ မျက်နှာကနေပဲ စကြည့်ပါတယ်ကွယ် ။

    တစ်ခုတော့ ရှိတာပေါ့လေ ၊ အဘ အတွက် ၊
    ကာမဂုဏ် ခံစားမှု Sex ဆိုတာ ၊ တန်ဖိုးမှ သိပ် မရှိလှတာကွယ် ။
    ပိုက်ဆံများ ပေးနိုင်ရင် ၊ တင် ကောင်း ၊ ရင် ကောင်း တွေဆိုတာ အောတိုက်ပဲကိုး ။

    အဲဒီတော့ကာ ၊ အဘ အတွက်ကတော့ ၊
    မိန်းကလေး တစ်ယောက်ရဲ့ တင် ရင်တွေက အဓိက မဟုတ်ပါဘူးကွယ် ။

    အဲဒီ မိန်းကလေး ရဲ့ အတွေးအခေါ် ၊ စာရိတ္တ ၊ အရည်အချင်း က ပို အဓိကကျသမို့ ၊
    အဘ ကတော့ မိန်းကလေး တစ်ယောက် ကို ၊ မျက်နှာကနေပဲ စကြည့်ပါတယ်ကွယ် ။

  • kai

    August 4, 2013 at 3:54 pm

    တင်ပြီးတော့.. ဗိုက်ကလေးအကြောင်းလည်းပြောတော်မူပါဦး.. ဖျာ့..
    မြန်မာမိန်းကလေးများ.. လူသာပိန်သာ.. ဗိုက်ကလေးတွေကိုယ်စီ..

    စကားအတင်းစပ်…
    ဦးကျောက်တုံးနှုတ်ထွက်စကားအရ.. ရင်တော့.. ဓါတ်မြေဩဇာတန်ခိုးနဲ့.. ထွားတိုးတယ်ဆိုလား…

    ဒိန်…တလိန်.. :mrgreen:

    • အရီးခင်

      August 4, 2013 at 4:00 pm

      ဆိုတော့ကာ
      ရွာ့ သူကြီးမင်း ကတော့ ဗိုက် က စကြည့်သတဲ့လား။
      😉

  • koyinmaung

    August 4, 2013 at 4:19 pm

    ရှာရပိုဗာ ကို သွားထိလို့ကတော့
    မကြာမှီသူ့ယောကျာ်း ကြောင်ကြီး…လာမှာ
    မြင်ယောင်နေသေး………

  • ဦးကြောင်ကြီး

    August 4, 2013 at 7:07 pm

    ရှာရာပိုဗာလေး တင်ပါးနာသွားပေမဲ့ အီအီးတော့ အပါမပျက်ပါဘူးတဲ့….

  • kyaw hteik

    August 4, 2013 at 11:48 pm

    ​ဂျေလိုရဲ့တင်​ပါးဆိုလို့ ခုတ​လောfacebookမှာ​ခေတ်​စား​နေတဲ့ ဝါဆိုမိုးဦး​လေးရဲ့
    ​​ဂျေလိုအက တင်​ပါး​ကြော်​ငြာ​လေး​ပြေးသတိရမိတယ်​။မကြည်​့ဖူး​သေးတဲ့သူ​တွေ
    ရှာကြည်​့ပြီး ​ဂျေလို​လေးနဲ့ ဘယ်​လိုလဲဆိုတာစဉ်​းစားကြည်​့ပါလို့ ရွာကာလသား​တွေကို
    အသိ​ပေးအပ်​ပါတယ်​။

  • ဦးဦးပါလေရာ

    August 4, 2013 at 11:57 pm

    မပေါ်လာတာ ကြာပြီဖြစ်တဲ့ ကိုချောရေ-
    လာမယ့်လာတော့လဲ လက်ဆောင်ကောင်းကောင်းလေးနဲ့ပါလားဗျို့…

  • ဦးကျောက်ခဲ

    August 5, 2013 at 8:30 am

    ဟဲ ဟဲ… ကြော်ငြာ ထိုးပါရစေ…
    အဲသည်လို ခေါ်တော တစ်သိန်းအားနဲ့ ရှုစားတတ်တဲ့ ပုရိသထဲ ကျောက်စ် မပါ…
    နုနယ်ရုပ်ဆင်း ပျိုမြစ်ခြင်းကား… အိုမင်းနောက်ဆုံးပါတကား… ဆိုတော့
    ရုပ်ခန္ဓာအလှထက်… စိတ်လှဖို့က ပိုအရေးကြီးသလားလို့… ဟီ ဟိ
    😀

    • Crystalline

      August 5, 2013 at 11:11 am

      ကြော်ငြာကလည်း လူတကာပို့စ်မှာထိုးနေတော့တာပဲလား 🙂

      ဘုရားပေးထားတဲ့ ပင်ကိုယ်အလှကိုမရောင့်နိုင်ပဲ ပြင်လွန်း-င်ချွန်းနေသူတွေကို
      တမီးတိတ်မုန်းတာပဲ မေမေရယ်.. 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 5, 2013 at 12:03 pm

    စိုင်ကယ်လဂျီ ဆိတ်နီးပျင်ညာ ထဲကတော့
    ယောက်ျားတွေက ဘွားကနဲ့ မိန်းမတစ်ယောက်ကိုတွေ့ရင် ရင်ဘတ်ကြီးကို
    အာရုံစိုက်မှု့က 80% ရှိပါသဒဲ့
    မိန်းမတွေက ယောက်ျားတွေကို ဘွားကနဲ့တွေ့ရင်လည်း ဘော်ဒီကိုယ်လုံးကြီးကို
    80% အားစိုက်ပြီးကျိဂျဘါသဒဲ့
    အဲ့ဒါကို ကွန်ဆာဗေတစ်တွေက ယောက်ျားတွေအနေနဲ့ ရင်ဘတ်ကိုအားစိုက်ကျိရခြင်းဟာ
    ငယ်စဉ်က မိခင်နို့ရည်ကို စို့ခဲ့ဘူးတဲ့ ပဌါန်းဆက်ကိုအခြေခံပြီး
    မိန်းမတွေက ယောက်ျားတွေရဲ့ ဘော်ဒီဂျီးကို အားစိုက်ကျိရခြင်းဟာ ဘာညာဘာညာကွိကွကွိကွ
    ကြောင့်ပါတဲ့
    မိန်းမတွေတော့ ကိုယ့်ကိုဘယ်လိုကျိသလဲတော့သိဘူးဗျ
    တစ်နေ့ကတောင်တွေးမိသေးတယ်
    အချို့အကောင်မတွေ သူတို့ဘဲလှတာလည်း ကိုယ်ကဘဲငမ်းကြောထသလား မပြောတတ်
    မျက်နှာခြင်းဆိုင်တွေ့တဲ့အခါ ဘယ်လိုပြောရလည်း
    လွန်သွားတာတောင် တစ်ခါပြန်လှည့်ငမ်းခြင်လောက်အောင် လှကြတယ်ပြောရမလားဘဲ
    အမျိုးမျိုးတော့ရှိတာပါဘဲ
    အချို့ကြတော့ လှတာမလှတာထက် တွေ့တာနဲ့ ဘာခေါ်သလဲ
    အက်ထရက်တစ်ဗ် ဖြစ်သွားတာ
    ဆိုလိုတာက တွေ့တာနဲ့ကို ကိုက်ချားဘလိုက်ခြင်တာ ( ချစ်တာတွေမေတ္တာတွေအသာထား )
    အချို့ကြတော့လည်း မျက်နှာလေးကချောလို့ အချို့ကြတော့လည်း အတိုလေးတွေဝတ်ထားတော့
    ပေါင်တံလေးက ဂလုဂလု
    အချို့ကြတော့လည်း လည်ဟိုက်လေးဝတ်ထားတော့ ဂလုဂလု

  • kyeemite

    August 5, 2013 at 1:50 pm

    ရဲဘော်ဘလက်တို့ လုပ်ချလိုက်ရင်….ဒီလိုချည်းပဲ
    ” အဲဒါပြီးမှ မျက်နှာတွေ ဘာတွေ ကြည့်ကြတာ ဒီနေ့ခေတ်ယောက်ျားတွေရဲ့ သောက်ကျင့်…။
    ဒီစာရင်းထဲမပါတဲ့ ကိုကိုတွေ အနေနဲ့ ကွန်းမန့်ထဲမှာ ကြော်ငြာထိုးနိုင်ပါကြောင်း ”
    မ ကြော်ငြာဘူး… 🙂
    တကယ်တော့ မိန်ကလေးတွေအလှဆိုတာ ယောက်ကျားလေးတွေကြည့်မှ အဓိပ်ပါယ်ရှိပေမှာပေါ့
    ကျောင်းဒကာဂျီးရယ်… ဟိ :mrgreen:

  • KZ

    August 5, 2013 at 3:21 pm

    ဒီ ကိစ္စကို မောင် အထီးများးးးး
    သူငယ်ချင်း အထီးများနဲ့ တော်တော်များများ ဆွေးနွေးဖူးပါကြောင်းးးးး
    ဘာတွေ သိလာတုန်း ဆိုတော့ သိသင့်သိထိုက်တာတွေ သိလာပါကြောင်းးးးးး
    ထို့ကြောင့် ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံ၊ ဘယ်လို နေရမယ်ဆိုတာ ဆောင်ရန်၊ ရှောင်ရန်တွေ ဆင်ခြင်မိပါကြောင်းးးးးး
    :kwi:

  • black chaw

    August 5, 2013 at 4:27 pm

    ဒီပို့စ်က ဘီအီးဒီအောင်သိုက် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်
    ပြောခဲ့ဖူးတဲ့ စကားလေးတစ်ခွန်းကို
    မှတ်တမ်းတင် ချင်တဲ့ ရည်ရွယ်ချက်က အဓိကပါ ခင်ဗျာ…။
    လိုရင်းမရောက်ပဲ နည်းနည်းရိုင်းသွားခဲ့ရင် ခွင့်လွှတ်ပေးကြပါဦး…။

    @ ရာမည
    @ Mr. Marga
    @ အလင်းဆက်
    @ အံစာတုံး
    @ ကထူးဆန်း
    @ marga thagyar
    @ Foreign Resident
    @ kai
    @ အရီးခင်
    @ koyinmaung
    @ ဦးကြောင်ကြီး
    @ kyaw hteik
    @ ဦးဦးပါလေရာ
    @ ဦးကျောက်ခဲ
    @ Crystalline
    @ မိုက်ကယ်ဂျော်နီအောင်ပု
    @ kyeemite
    @ KZ
    ကျွန်တော့်ပို့စ်လေးဖတ်ပြီး ကွန်းမန့်လေးများ ချီးမြှင့်ကြပေးကြတဲ့
    အထက်ပါ မိတ်ဆွေများအားလုံးကို
    ကျေးဇူးအထူး (အထူး) တင်ပါကြောင်း မှတ်တမ်းတင်ပါတယ်ခင်ဗျာ…။

  • e tone

    August 5, 2013 at 4:50 pm

    ဦးချောကလက်ကြီးရေ ….
    အိုက်ဒီပျက်လုံး .. အဲ .. ပြက်လုံးတွေ … ချက်အထက် မတက်လာတာ အတော်ဆိုးတယ် … ။
    အငြိမ့်ပွဲတွေတင်မဟုတ်ပဲ … မြန်မာကားတွေမှာပါ မထိခလုတ်ထိခလုတ်နဲ့ အာပေါင်အာရင်းသန်သန်ပြောနေကြတယ် …. ။ ပရိတ်သတ်ကတော့ တဝါးဝါးပေါ့… ။
    ကြည့်ပြီး သနားစရာတောင်ကောင်းတယ် …. ဒီလိုမှ ပြတ်လုံးထုတ် ၊ ဟာသမလုပ်လျှင် အနုပညာဖြစ်အောင်မလုပ်တတ်တော့ဘူး ထင်တယ် … ပြောရလျှင် … အရည်ချင်းတွေမရှိတော့သလိုပဲ ။

  • အာဂ

    August 5, 2013 at 5:14 pm

    နန်းစု ရင်သားက တော့ တစ်ခုခုလုပ်လိုက်တာသေချာတယ်။ လေးဘလက်ရေ…။ သူမ အရင်တုံးက အခုလောက် မရှိတာတော့ သေချာကြောင်း တော့ ကျွန်တော်အာမခံနိုင်တယ်။ အခု ကြီးလာတာ သူတွေကိုပြောရမယ်ဆိုရင် နန်းစု၊မိုးဟေကို၊အေးမြတ်သူ တို့ ပါပဲ စကားမစပ် နန်းခင်လေးလည်း ဟိုနေ့ကတွေ့တာ တော်တော်လေး ထွားလာပါကြောင်း….။
    မင်းသမီး များရင်သား အထူး စုံစမ်းရေး ကော်မရှင် ။
    ဥက္ကဌ

    • အာဂ

      August 5, 2013 at 5:17 pm

      တစ်ယောက်ကျန်သွားတယ် သင်ဇာဝင့်ကျော်ပါ။ ဟီး

  • lele kyi

    August 5, 2013 at 7:31 pm

    ဦးဦးဘလက်ရဲ့ကော်ဖီခါးခါးလည်းသောက်ချင်ပါသေးတယ်။ အဝတ်အစားသပ်သပ်ရပ်ရပ် ဝတ်ပြီး နားလည်သီးခံတတ်တဲ့ စိတ်အလှကိုပြင်ပအလှတွေထက် မိန်းကလေးတွေက ပိုမိုနှစ်သက်မယ်လို့ထင်ပါကြောင်း။

  • Yin Nyine Nway

    August 6, 2013 at 11:46 am

    အောက်ပိုင်းပျက်လုံးကတော့ 5 Star မမှီ
    ထွက်သမျှအခွေကို ဝယ်ကြည့်တဲ့ ဘေးအိမ်ကလည်းရှိ
    ကြည့်တိုင်းလည်း ဒီပျက်လုံးပဲ
    ပျက်လုံးတိုင်းကလည်း အောက်ပိုင်းမပါမပီး…
    ဒါကိုပဲ 5 Star မှ 5 Star ဆိုတာရှိတေး..

  • Ma Ei

    August 6, 2013 at 12:08 pm

    ချက်အောက်ပျက်လုံးကလည်း
    ချစ်စရာကောင်းအောင် ပျက်တတ်ရင်
    ချစ်စရာကောင်းပါတယ်…

    ကိုဘလက် စာဖတ်ရတာ အရင်ကပို့စ် တခုထဲမှာရေးခဲ့တဲ့
    ခိုင်သင်းကြည်ရဲ့ ဇွန်စီ ကြော်ငြာကြည့်လိုက်ရသလို မျိုးလေး
    ချစ်စရာကောင်းနေတယ်…

  • Shwe Ei

    August 6, 2013 at 1:41 pm

    နားစွန်နားဖျား ရပ်ကွက်က သတင်းတွေက အကြီးကြီးတေပါလား…

    သများတော့ မိန်းခလေးဖစ်ဖစ် ယောက်ကျားလေး ဖစ်ဖစ် ချောရင် လန်းရင် အချိုးစားပြေပြစ်ရင် အားပါးတရ (အားမနာတမ်း) လိုက်ငမ်းတာဗြဲ.. :mrgreen:

    အာရုံငါးပါးထဲမှာ ရူပါရုံလဲ ပါတယ်မို့လား…အမြင်အားဖြင့်စိတ်ချမ်းသာစေတာလဲ ကျန်းမာရေးအတွက် အထောက်အကူပြုနိုင်တယ်လို့ ယုံကြည်တယ်..အဟိ

    အိုက်ဒါကျောင့် ဝိအန့်တိုင်း ဈေးဝယ်သည်ဖစ်စေ မဝယ်သည်ဖစ်စေ ရှော့ပင်းထွက်မယ်စိတ်ကူးဒယ်…ကျန်းမာရေးနဲ့ညီညွတ်အောင်လို့ 😛

  • ရဲစည်

    August 6, 2013 at 6:29 pm

    အပြင်ကတော့ မသိ ရွာထဲမှာတော့ …
    ရင်သား ဆူဆူထွားထွား ပိုင်သူတွေက
    အနှီ ပို့စ်ပိုင်ရှင်နဲ့ ဟောင်ကောင်က တယောက် သူတို့ကိုယ်တိုင်ကို ပြိုင်တာ မျက်မြင် တွေ့ဖူးတယ်

    🙂
    တင်သားနဲ့ ပတ်သတ်ရင်တော့ အံစာတုံးရယ်၊ အလင်းဆက်ရယ်ရယ် အင်ဇာဂီရယ်နဲ့ အနော်ကတော့ သူတင်ကိုယ်တင်ဘဲ …
    ဟဲ ဟဲ
    နားစွန်နားဖျား ကြားတာနော်

    • ဦးကျောက်ခဲ

      August 6, 2013 at 7:41 pm

      တိန်… သဘုံဂျီးတို့လို ကြက်ရင်ဘုံမဟုတ်…
      ငယ်ငယ်က ကာယဗလ နည်းနည်းလိုက်စားဖူးလို့…
      ကိုလူညိုထွား ရင်အုပ်ကားကားပါလို့ ဆိုနေမှ… ဟီ ဟိ
      😀

  • black chaw

    August 8, 2013 at 12:00 pm

    @ Etone ,
    @ အာဂ,
    @ lele kyi ,
    @ Yin Nyine Nway,
    @ Ma Ei,
    @ Shwe Ei,
    @ ရဲစည်
    ညီလေးတို့ ညီမလေးတို့ ရဲ့ ကွန်းမန့်တွေအတွက် အထူးကျေးဇူးပါဗျာ…။
    တင်သားအလှကတော့ ရွှေတိုက် တင်သားကို မီသူ ရှိလိမ့်မယ် မထင်…။
    😀

  • ကိုရင်စည်သူ

    August 8, 2013 at 1:22 pm

    ရက်စက်တယ်.. ဒီလူဂျီးးး ဒီလူဂျီးး အဲ့ အူးဘလက်ပေါ့…
    တမီးလေးတွေတော့ ချစ်ပြီးးး
    သများတို့ကို ပစ်ထားတယ် ကြာလှ.. ကြာလှနော်….. 😥

  • cobra

    August 8, 2013 at 6:31 pm

    အမငီး
    လေးဘလက်ရယ်
    နောက်ဆိုသားလည်းမိန်းကလေးမြင်ရင်ဘယ်နေရာကစကြည့်မိသလဲဆိုတာ
    ကို်ယ့်ဟာကိုသတိထားရတော့မယ်
    ပြီးရင်ပြောပြမယ်နော် ဘယ်နေရာကစကြည့်လဲဆိုတာကို
    ခုတော့ ဘူတာရုံလမ်းထိပ်မှာသွားထိုင်ကြည့်လိုက်ဦးမယ်

Leave a Reply