စဉ်းစားကြစေလိုပါတယ် ( ၅၈ ) ( LGBT )

Foreign ResidentAugust 4, 20137min31328

 

စဉ်းစားကြစေလိုပါတယ် ( ၅၈ )

( LGBT )

 

 

အင်းးးးး ။

ရွာထဲ မလဲ ။

LGBT ခေတ်က ၊

ထနေတော့ကာ ၊

အဘ လည်း ၊

ဝင်ဆတ်ဆော့မိပြန်သပေါ့ ။

 

 

အဓိက ကတော့ ၊ ဦးပါ ရဲ့ သားမီးလေးတို့အကြောင်း တစေ့တစောင်း (၁) မှာ ၊

Comment ရေးရင်း ရေးရင်းနှင့် အရမ်း အရမ်းကို ရှည်သွားတဲ့အခါမှာတော့ ၊

ထုံးစံ အတိုင်း Post တစ်ခု လုပ်လိုက်ရတာပါပဲကွယ် ။

 

ကြုံတုံးပြောရဦးမယ် ၊ တော်တော်ဆိုးတဲ့ ဦးပါ ။

သူများတို့အကြောင်း လို့ ခေါင်းစဉ်တပ်ရမှာကို ၊

သားမီးလေးတို့အကြောင်း ဆိုပြီး တစ်လွဲကြီး တပ်လိုက်တယ် ။

 

အဘ တို့ ၊ သုံး သုံး နေတဲ့ သားမီးလေးတွေ ဆိုတဲ့ ဝေါဟာရဟာလေ ၊

တကယ့် ၊ ၁ ထိပ်စီး သားမီး ငယ်နုချော အစစ်လေးတွေကိုမှ ခေါ်ရတာကွဲ့ ။

အခုတော့ ၊ လက်လွန်သွားပါပြီကွယ် ။

သွား ၊ လူဇိုး ၊ ဦးပါ ၊ အရမ်းဇိုး ။ ဟီ ဟိ ။

 

အဘ ရဲ့ သဘောထားကတော့ ဖြိုးရဲ့ အရင် Post ထဲမှာရေးထားသလိုပါပဲ ။

” အဘ အတွက်ကတော့ ၊ ပုခုံး ၂ ဖက်ကြား ခေါင်းပေါက်ပြီး မတ်မတ်သွားရင် လူ ပဲ ။

အဘ က ၊ လူ ကို လူမျိုး ဘာသာ အသားအရောင် ကျားမ နှင့် မခွဲခြားပါဘူး ။

အဘ ကတော့ ၊ လူ ကို လူဆိုး လူကောင်းပဲ အဓိက ခွဲတတ်ပါတယ် “

 

LGBT တွေကို ၊ အဘ မခွဲခြားပါဘူး ။ မလှောင်ပါဘူး ။

ဒါပေမယ့် ၊ LGBT တွေကို အကြံပေးချင်တာ တစ်ခုကတော့ ။

 

၁ ။

အရင် အချိန် အခါ တစ်ခုက Gay တွေဟာ ( ခေတ် အခြေအနေ အရ ပေါ့လေ ) ၊

ကြောင်ကြောင် ကျားကျား တွေဝတ် ၊ ပေါတောတောတွေ ဗလွတ်ရွှတ်တတွေ ပြောပြီး ၊

ရှောက်သီးဆေးပြား ရောင်း အသက်မွေးကြတာ ( အများစု ) တွေ့ခဲ့ရတယ် ။

အဲဒီအခါမှာ ပါတ်ဝန်းကျင်က အထူးသဖြင့် ကလေးလေးတွေကအစ ၊

Gay လူတန်းစားဟာ လှောင်စရာ နိမ့်ကျတဲ့ ဘဝလို့ သူတို့စိတ်ထဲမှာ စွဲနေခဲ့ကြတယ် ။

 

၂ ။

နောက် တော်တော်ဆိုးတဲ့ အချက် တစ်ခုက ၊ Gay တွေဘက်ကလဲ ၊

က ။ သူငယ်လေးတွေ စိတ်ဝင်စား ဂရုစိုက်အောင် လိုတာထက်ပိုပြီး အိန္ဒြေ မရ ပြုမူတာတွေ ။

ခ ။ သူငယ်လေးတွေကို မြင်ရင် စိတ်မထိန်းပဲ ၊ အလုအယက် ဆွယ်ချင်တဲ့ အပြုအမူတွေ ။

အရင် အချိန်တွေတုန်းကရော / ယခု အချိန် မှာပါ တွေ့နေရပါတယ် ။

 

LGBT တွေကိုပြောချင်တာက ၊ ဘယ်သူ မပြု မိမိမှု ဆိုတဲ့စကားကို မမေ့ပါနှင့် ။

မြန်မာ့ လူ့ဘောင် ပါတ်ဝန်းကျင်ကြီးက ( နိုင်ငံတကာ အဆင့်မှီအောင် ) ၊

ပညာမတတ်ဘူး ၊ ရင့်ကျက်မှု မရှိဘူး ၊ စာနာစိတ် မရှိဘူး ဆိုပြီး အပြစ်တင်မနေပါနှင့် ။

 

အဓိက ကတော့ ၊ ဘေး ပါတ်ဝန်းကျင် ကို ဘယ်လောက်ပဲ အပြစ်တင်တင် ၊

ကိုယ်တွေရဲ့ အပြုအမူတွေကပဲ ၊ ကိုယ်တွေရဲ့ နေရာကို ပြဋ္ဌာန်းနေတယ်ဆိုတာ မမေ့ပါနှင့် ။

 

LGBT တွေဘက်ကလည်း စည်းစည်းလုံးလုံးနှင့် ၊

အဲဒီ အခြေအနေကြီးကို ပြောင်းလဲပြစ်ဖို့ ကြိုးစားရမယ် ။

 

LGBT တို့အတွက် အတုယူစရာ ဥပမာလေး ပြမယ်နော် ။

ဟိုတစ်နေ့က သူကြီးညွှန်းခဲ့တဲ့ သတင်းလေးပါပဲ ။

အဘ စိတ်ဝင်စားလို့ တခုပြီး တခု လိုက်ဖတ်ကြည့်လိုက်တာ ၊

သတင်းဋ္ဌာန ၄ ခုက ၊ ဆောင်းပါး ၄ ခု တောင် ဖတ် ဖြစ်သွားတယ် ။

အကျဉ်းရုံး ပြောပြရရင်တော့ ။

 

Credit to :

( 1 ) http://abcnews.go.com/Blotter/transgender-navy-seal-warrior-princess/story?id=19314231

( 2 ) http://www.usatoday.com/story/news/nation/2013/06/04/seal-team-6-transgender-memoir-warrior-princess/2388431/

( 3 ) http://www.dailymail.co.uk/news/article-2337242/Kristin-Beck-Transgender-Navy-SEAL-says-afraid-reveal-true-self-fellow-soldiers-case-hurt-her.html

( 4 ) http://www.care2.com/causes/kristin-beck-seal-team-6-veteran-comes-out-as-transgender.html

 

ယခင် Chris Beck ဆိုတဲ့ Navy SEAL စစ်မှုထမ်း အမျိုးသား ၊  ယခု လိင်ပြောင်းလဲသူ Kristin Beck ဆိုတဲ့ အမျိုးသမီး ။
ယခင် Chris Beck ဆိုတဲ့ Navy SEAL စစ်မှုထမ်း အမျိုးသား ၊
ယခု လိင်ပြောင်းလဲသူ Kristin Beck ဆိုတဲ့ အမျိုးသမီး ။

A Navy veteran of 20 years, she served on 13 deployments

and received both a Bronze Star and a Purple Heart for her service.

 

Kristin, you see, was a veteran not just of the Navy, but of the SEALs,

with her most recent term of service on SEAL Team 6,

which raided Osama bin Laden’s compound only months after Kristin left the military.

 

အဲဒီ Kristin Beck ဆိုတဲ့ အမျိုးသမီး ဘဝ ကို လိင်ပြောင်းလဲသူ ဟာ ။

ယခင် Chris Beck ဆိုတဲ့ အမျိုးသား ဘဝ မှာတုန်းက ၊

အမေရိကား ရဲ့ ( အမေရိကား တင်မကပါဘူး တစ်ကမာ္ဘလုံးမှာ )

အတော်ဆုံး ကွန်မင်ဒို အဖွဲ့လို့ နာမည်ကြီးတဲ့ Navy Seal အဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တယ် ။

Navy Seal ထဲမှာတောင်မှ အတော်ဆုံး အဖွဲ့ ဖြစ်တဲ့ Seal Team 6 မှာ တာဝန်ထမ်းဆောင်ခဲ့တယ် ။

 

ပြောရရင် ၊ အဲဒီ Navy Seal Team 6 ဆိုတာ ပါကစ္စတန် နိုင်ငံထဲအထိ တိတ်တဆိတ် ခိုးဝင်ပြီး ၊

အိုစမာ ဘင်လာဒင်ကြီးကို သတ်ဖြတ်လိုက်တဲ့ အမေရိကား ရဲ့ အားအထားရဆုံး ကွန်မင်ဒို အဖွဲ့ပဲ ။

 

သူက အိုစမာ ဘင်လာဒင် Operation မတိုင်မှီ ၁ လ အလိုလောက်ကမှ ၊

အဲဒီ Navy Seal Team 6 ကနေ အနားယူလိုက်တာ ။

နောက် ၁ လ သာဆက်ပြီး အဲဒီ Navy Seal Team 6 မှာ သူဆက်လုပ်ခဲ့ရင် ၊

ဘင်လာဒင်ကြီးကို ပစ်သတ် လိုက်တဲ့သူဟာ သူတောင် ဖြစ်ချင်ဖြစ်နေဦးမှာ ။

 

သူဟာ နိုင်ငံ့ အတွက် ကမာ္ဘ အနှံ့က ကြမ်းတမ်းလှတဲ့ စစ်မြေပြင်တွေမှာ ၊

နှစ် ၂ဝ ကျော် စွန့်လွှတ် စွန့်စား အမှုတော်ထမ်းရင်း ၊

သူ့ရဲ့ နိုင်ငံ့ အတွက် စွန့်စား မှု ၊ သူရ သတ္တိ တွေ အတွက် ၊

Bronze Star နှင့် Purple Heart ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံခဲ့ရတယ် ။

 

Seal ဆိုတာ ပေါ့သေးသေး သာမာန်စစ်သားလို့ ထင်နေမှာစိုးလို့ ပြောပြလိုက်ဦးမယ် ။

အဲဒီ Navy Seal သင်တန်း ကို ၊ မြန်မာ့ တပ်မတော် က ၊

အတော်ဆုံး ၊ အကြံ့ခိုင်ဆုံး ဆိုတဲ့ အရာရှိတွေကို selection သေချာ ရွေးချယ်ပြီး ၊

Navy Seal သင်တန်း တက်ဖို့ အကြိမ်ကြိမ် လွှတ်ခဲ့တာမှာ ၊

၈ဝ % လောက်က မအောင်မြင်ဘဲ ကျရှုံးခဲ့ကြတယ် ။

 

အဘ သိရသလောက် ၊ မြန်မာ့ တပ်မတော် သမိုင်း တစ်လျှောက်လုံးမှာ ၊

Navy Seal  သင်တန်းအောင်ထားတာ ၂ ယောက်ပဲ ရှိတယ်လို့ ကြားဖူးတယ် ။

( မြန်မာတွေက နဲနဲ လွယ်တဲ့ Ranger Course တွေကိုတော့ အောင်ကြပါတယ် ၊

မြို့တော်ဝန်ဟောင်း ဦးကိုလေးဟာ အဲဒီ Ranger သင်တန်းဆင်း လို့ ပြောတယ် )

 

အဲလောက်ဆို Navy Seal တစ်ယောက်ဖြစ်ဖို့ စိတ်ဓါတ် ၊ ခန္ဓာကိုယ် ၊ ဉာဏ်ရည် ၊

ဘယ်လောက်မြင့်ဖို့လိုတယ်ဆိုတာ သိလောက်ပါပြီ ။

 

For 20 years, she lived as someone else,

because she passionately wanted to serve the country she loved with the SEALs,

one of the most elite and challenging military units.

 

သူမဟာ နှစ်ပေါင်း ၂ဝ လုံးလုံး သူမရဲ့ Gay ဘဝကို ပွင့်ပွင့်လင်းလင်း မဖေါ်ပြဘဲ နေခဲ့တာက ၊

သူမရဲ့ ချစ်မြတ်နိုးလှပါတဲ့ နိုင်ငံအတွက် Navy SEAL ကွန်မန်ဒို တစ်ဦးအနေနှင့် ၊

တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားပြီး ပေးဆပ်ချင်လွန်းလို့ပါတဲ့ ။

 

ထားပါတော့ အဓိက ပြောလိုတာက Transgender / Gay တစ်ယောက်ဟာလည်း ၊

အဲဒီလို စိတ်ဓါတ် ကြံ့ခိုင် ပြီး ၊ ခန္ဓာကိုယ် သန်စွမ်းပြီး ၊ဉာဏ်ရည် ထက်မြက်ပြီး ၊

နိုင်ငံ့ ဂုဏ်ဆောင်ပြီး ၊ နိုင်ငံက အားကိုးရတဲ့ နိုင်ငံသားကောင်း တစ်ဦး ဖြစ်တယ် ဆိုတာပါပဲ ။

 

ယခင် Chris Beck ဆိုတဲ့ Navy SEAL စစ်မှုထမ်း အမျိုးသား ဘဝ မှာတုန်းက ။
ယခင် Chris Beck ဆိုတဲ့ Navy SEAL စစ်မှုထမ်း အမျိုးသား ဘဝ မှာတုန်းက ။

 

“Chris really wanted to be a girl and felt that she was a girl

and consolidated that identity very early on in childhood,”

said Anne Speckhard, co-author of Beck’s biography “Warrior Princess,”

 

သူမဟာ ငယ်စဉ် ကလေးဘဝ ကတည်းက မိန်းမစိတ် ပေါက်နေတာပါ တဲ့ ။

 

During those times, she would ‘purge’ by wearing lingerie and women’s’ clothes

in the privacy of her own home.

 

Navy SEAL ထဲမှာ အလုပ်လုပ်နေတုန်းမှာတော့ ၊

မိန်းမ အဝတ်အစားတွေကို အနားယူချိန်တွေမှာ ကိုယ့်အိမ်မှာပဲ ကိုယ်ဝတ်ပြီး ၊

စိတ်ကို ထိမ်းချုပ်ပြီး နေခဲ့ပါတယ်တဲ့ ။

 

For Chris the other SEALs were brothers and in the man’s man warrior lifestyle,

even if he had wanted to entertain sexual thoughts,

there really was never any time to be thinking too much about sexuality,”

 

သူမ ဟာ သူမရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေအပေါ်မှာ ရဲဘော်ရဲဘက် စိတ် ပဲ ထားခဲ့ပါတယ် ။

ကာမ ရာဂ စိတ်တွေကို ထိမ်းချုပ်ပြီး နေပါတယ်တဲ့ ။

 

Beck is currently on hormone therapy in preparation for sexual reassignment surgery

and generally wears long hair, make-up and women’s clothes

 

တပ်ကထွက်ပြီးတဲ့ ၊ အခုအချိန်မှာတော့ သူမဟာ လိင်ကို ခွဲစိတ်ပြီး ပြောင်းလဲဖို့ ၊

hormone therapy ဟော်မုန်းဆေးတွေ စားနေပါပြီတဲ့ ။

အခုအချိန်မှာတော့ သူမဟာ ဆံပင်ရှည်ထား ၊ မိတ်ကပ်လူးပြီး ၊

မိန်းမ အဝတ်အစား တွေပဲ ဝတ်ပါတော့တယ် တဲ့ ။

 

” she didn’t know how her fellow ‘brothers in arms’ would react

if she told them her true gender identity. “

” There’s a chance if they took it (badly) I may be dead today “

 

အစတုန်းကတော့ ၊ သူမရဲ့ ကွန်မန်ဒို သူငယ်ချင်းတွေဆီက ၊

သူမအပေါ် ဘယ်လို တုန့်ပြန်မယ်ဆိုတာ မမှန်းဆနိုင်ခဲ့ပါဘူးတဲ့ ။

သူတို့ကသာ ဆိုးဆိုး ရွားရွား လှောင်ပြောင် တုန့်ပြန်ခဲ့ရင် ၊

သူမကိုယ် သူမ သတ်သေမိမယ် ထင်ပါတယ်တဲ့ ။

 

In general, she says that the majority of the responses she has received

from her former colleagues has been overwhelmingly supportive.

 

တကယ့်တကယ်မှာတော့ ၊

သူမရဲ့ ရဲဘော်ရဲဘက် ကွန်မန်ဒို သူငယ်ချင်း အများစုကြီး ( အများစုကြီး ) က ၊

သူမ ကို စာနာ အားပေးခဲ့ကြပါတယ်တဲ့ ။

( အမေရိကား နိုင်ငံ နှင့် အမေရိကန် လူမျိုးတွေကို ၊ အဘ တကယ် လေးစားမိပါတယ်ကွယ် )

 

” You’re a Team Guy, first and foremost, and you always will be.

I’ll drink a beer with you anytime, anywhere, for any reason,

no matter how you are dressed … especially if you are buying.”

 

သူမရဲ့ ကွန်မန်ဒို သူငယ်ချင်း တစ်ယောက်ဆီက ပြန်စာပါ ။

မင်း ဘယ်လို ( မိန်းမ ) အဝတ်အစားပဲ ဝတ်ထား ဝတ်ထား ၊

မင်းဟာ ငါတို့ရဲ့ ရဲဘော် ရဲဘက် အမြဲတမ်း ဖြစ်နေမှာပါတဲ့ ။

 

နောက် တစ်ချက် သတိပြုမိတာက ၊

သူမ ဟာ အခုထိ လိင် မပြောင်းရသေးဘူးနော် ၊ ပြောင်းဖို့ ပြင်တုန်းပဲ ရှိသေးတယ် ။

ဒါပေမယ့် ၊ စာနယ်ဇင်းတွေ အားလုံးက သူမ ရဲ့ စိတ်ကြိုက် ၊

သူ He လို့ မသုံးပဲ ၊ သူမ She လို့ သုံးပေးကြတာကို မြင်အောင်ကြည့်ကြပါ ။

လူ့ အခွင့်အရေး ဆိုတာ ဘာလဲဆိုတာ ၊ ရေးရေးလေး သဘောပေါက်လာလိမ့်မယ် ။

 

နိဂုံးချုပ်ရမယ် ဆိုရင်တော့ ။

LGBT တွေဟာလည်း ၊

သူတို့ရဲ့စိတ်ကို အိန္ဒြေ သိက္ခာ နှင့် ထိန်းကွပ်ပြီး ၊ ဂုဏ်သရေရှိ အလုပ်တွေမှာ ၊

ဆန္ဒ ( ကာမ Sex ) နှင့် အလုပ် မရောယှက်ပဲ ၊ ကြိုးစား လုပ်ကိုင်သွားမယ် ဆိုရင် ၊

အဘ တို့ကလည်း သူတို့ကို နိုင်ငံသားကောင်း တစ်ဦး အနေနှင့်ကို ၊

လက်ခံဖို့ အသိအမှတ်ပြုဖို့ ဝန်မလေးပါဘူးကွယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

 

 

 

28 comments

  • Mr. MarGa

    August 4, 2013 at 3:21 pm

    အင်း…..
    ဒီလို လူမျိုးတွေ ကျပြန်တော့လဲ
    ကိုယ်တွေတောင် မလုပ်နိုင်တဲ့ အရာတွေကို အောင်အောင်မြင်မြင် စွမ်းဆောင်သွားကြသူတွေမို့
    လေးစားမိပါတယ် လို့ပဲ ဆိုရင်းနဲ့
    သူတို့လို ဂေးတစ်ထောင် တစ်ကောင်ဖွား တွေကို လိုက်လံ ရှာဖွေ ကြည့်လိုက်ပါဦးမဗျို့

  • ကြာ ညောင်

    August 4, 2013 at 3:38 pm

    ဒိုရွာထဲမှာလည်းရှိချင်ရှိမှာ……….ဟဲ့ ငါလားဟဲ့ယောက်ကျားဂန်ဒူး….။

    • koyinmaung

      August 4, 2013 at 5:10 pm

      နာ..တို့တော့အဲ့ဒီထဲပါဘူးဟေ့…
      ခလေး ၃ ယောက်တောင်ရနေပြီး..
      ကိုကိုကြာရေ…………….

  • ရာမည

    August 4, 2013 at 3:54 pm

    သူလိုသာဆို ဘာ​ပြောစရာရှိလဲ ဘဘရယ်​
    ဒီမှာအများစုက လိင်​ကိစ္စပဲဦးစား​ပေး​နေတာခင်​ဗျ
    ဇွတ်​ချစ်​မယ်​ ဆိုတာ ကြီးပဲ

  • kai

    August 4, 2013 at 3:59 pm

    အဲဒီဆီလ်းအမျိုးသမီးအင်တာဗျုး.. စီအန်အန်မှာပါတယ်..
    ဗျုးတဲ့သူက.. အယ်ဒီဆင်ကူပါ..
    သူလည်းဂေးဆိုတာပဲ…။
    Anderson Cooper – Wikipedia, the free encyclopedia
    en.wikipedia.org/wiki/Anderson_Cooper‎
    He is the primary anchor of the CNN news show Anderson Cooper 360°. ….. Cooper is openly gay; according to The New York Times, he is “the most prominent …

    ဆိုတော့…
    ယူအက်စ်နိုင်ငံရေးအတွက်ကျုပ်အကြည့်များတဲ့ချာနယ်တခုက.. MSNBC ဗျ…
    အဲဒီမှာ.. ဆီနိတ်တာလောက်ကိုယှဉ်ပြောနိုင်ပြီး.. တော်တော်စွမ်းတယ်ထင်တာက… ရေချယ်မက်ဒိုလ်
    သူလည်းဂေးပဲ..
    Atheist Lesbian Leftist Rachel Maddow Says She Suffers From …
    patdollard.com › Media‎
    Jul 2, 2012 – Atheist Lesbian Leftist Rachel Maddow Says She Suffers From “Existential Emptiness”, Depression. maddow9911 …

    အိုဘယ့်.. မီဒီယာဂေးများရယ်..။

    ဆိုတော့…
    မြန်မာတွေ ဂေးတွေကိုနှိမ်ချဆက်ဆံတတ်တာဟာ.. ဘာသာရေးမှာစွဲနေတာလို့.. ထင်မိတယ်..
    ယူအက်စ်မှာလည်း.. ကွန်ဆာဗေးတစ်ခရစ်ယန်ဘုန်းကြီးတွေ.. လိင်တူလက်ထပ်တာအခုထိပြင်းပြင်းထန်ထန်ငြင်းဆန်နေတုံးပါ..
    မြန်မာတွေဂေးကိုလက်ခံနားလည်ကြစေချင်ရင်.. ဘာသာရေးမှာအဖြေရှာကြည့်ကြဖို့သင့်ကြောင်း.. ဂေးများကိုပြောလိုပါကြောင်း..။

  • အရီးခင်

    August 4, 2013 at 4:01 pm

    လူ ကို လူ လို့ဘဲ မြင်ရင်
    ကျား၊ မ၊ လိင်ပုန်း ဆိုတာ မမြင်ဘဲ
    လူကောင်း၊ လူဆိုး
    တနည်း
    စိတ်ကောင်း၊ စိတ်ဆိုး
    ဒါဘဲ ရှေ့တန်းထား မြင်နိုင်မလားဘဲ။

  • ကိုရင်စည်သူ

    August 4, 2013 at 4:10 pm

    အဲ့လောက်စွမ်းဒဲ့ ကွန်မန်ဒိုဂေးလ်ရဲ့ သူငယ်လေးဆိုရင်တော့ မလွယ်ဘူး….
    ကမာ္ဘလုံးမှာ မြန်မာပြည်ကို ထုတ်ချင်းဖောက်လိုက်ရင် တစ်ဖက်ပြည်က အမေရိကန်ဆိုတော့..
    တို့ဒွေက ဆန်ကျင်ဖက်မှာသာ ပိုတော်နိုင်ကြောင်း
    ရွာကဂေလ်းတွေက အဆင်လေးတွေဆိုရင် ရော်ရွှေ လျှော်ကိုက် တဲ့ စိတ်သာပိုများပါတယ်…။
    စကားမစပ်ပေါ့လေ… အုံ့ပုံးဂေလ်းများဟာ ရွာရဲ့ စစ်တပ်ကော၊ သင်္ဘောသီးတပ်မှာပါ..
    ရှိနေတာ သတိထားမိခဲ့ဒါကြာပါပီ… :mrgreen:
    အယ်ဒီတာထဲမှာဒေါ့.. ဘူဒွေများလဲဆိုတာ.. သိချင်သေးသပ… ငိငိ.. 😆

  • KZ

    August 4, 2013 at 4:56 pm

    ပဂိုးဒါးးးး
    ပဂိုးဒါးးးးး ဒီနေ့ ဆန်းဒေးကို လူစည်နေပါတယ်မှတ်တာ။
    ရှယ် ပို့(စ) တွေ တန်းစီတက်နေပါလားးးး
    ငိငိ။
    ဝင်ပွါးဦးမှ။
    ဂေး အပေါ် သဘောထား နဲ့ ဂေးတွေရဲ့ လုပ်ရပ်ဟာ ကြက်ဥ ကြက်မ အစရှာမရသလိုများ ဖြစ်နေလေမလားးးးးး 🙄

    ဂေး ဆိုရင်ကို အသိုင်းအဝိုင်းက ရှုံ့ချ၊
    သာမာန် အသိုင်းအဝိုင်း အပြင် ရောက်တော့ သူတို့ အသိုင်းအဝိုင်းလေး ပဲ စုမိ လုပ်ချင်ရာလုပ်၊
    လုပ်ချင်ရာလုပ်တော့ ဂေး ဆိုတာ မကောင်းအမျိုးအစားသတ်မှတ်၊
    မကောင်းသတ်မှတ်ခံရမှတော့ လုပ်ချင်ရာလုပ်ခွင့် ပါမစ်ရသလိုဖြစ်ပြီး ပိုဆိုးးးး၊
    အဲ၊ အဲ၊ ဒီလိုနဲ့ သံသရာလည်နေပြီ။

    ဒီကြားထဲ မကြီးစန်းလို အသိုင်းအဝိုင်းတစ်ခုမှာ တစ်နေရာ ရသွားတဲ့ သူမျိုးမှာတော့ အဲလို အပြုအမူမျိုးမရှိနိုင်တော့ဘူးလေ။
    ဒီလိုပြောလို့ ကျုပ်တို့ လူမျိုးထုံးစံအရ ဂေး နဲ့ ဆက်နွယ်မှု ရှိလို့ ဘာလို့ စွပ်စွဲပြီး ဆဲ လည်းမတတ်နိုင်ဘူးးးးး

    ဒီလိုမြင်တယ်လို့ ဒီလိုပြောတာ။
    လူလူချင်းးး ကိုယ့်ကို မယုတ်မာမချင်းးးး ဘယ်သူ့ကိုမှ တစ်ဆင့်နှိမ့်ပြီးမပြောဆိုချင်တတ်လို့ပါ။

    ရာဇဝတ်မှုဆိုတာ ကျား/မ/ဂေး ဘာသော ညာသော အကုန် ကျူးလွန်နိုင်တာမျိုးလို့ ထင်တာပဲ။

    ဗုဒ္ဓဘာသာ ကံ/ ကံ ၏ အကျိုးကို ယုံတာမို့ တစ်ဦးချင်းဆီ ရဲ့ ကံတရားအတိုင်းဖြစ်တည်နေတာကို ပရိုမုတ်မလုပ်ရင်တောင် ဘာမှ ဖိဖိနှိပ်နှိပ်မပြောချင်ပါဘူးးးးး

    သိပ်လည်း ဆန်းဆန်းတင့် မဖြစ်စေချင်ဘူးးးး
    လောကကြီးက ကိုယ် သိပ် ဆန်းဆန်းတင့်ဖြစ်တဲ့ ကိစ္စတွေ တည့်တည့်ပေးတတ်တယ်။ :kwi:

    အနတ္တ! 😀

    (ခွင့်လွှတ်ပါ ဘဖော၊ ပြောချင်တာတွေကို ရင်းနှီးတဲ့သူရဲ့ ပို့(စ) အောက်မှာပဲ ရေးရဲလို့ပါ၊ အဲလိုတော့ နည်းနည်းကြောက်တတ်သေးတယ်။ ခွိခွိခွိ)

  • ဦးကြောင်ကြီး

    August 4, 2013 at 6:38 pm

    ၆နေတဲ့သာဂျီးကို ငါ့ရဲ့အာပီဂျီထိပ်ဖူး လက်နက်နဲ့ဆော်မယ်…ဖြိုးလေးရော အဆော်ခံဂျင်လား.. ရဒယ် နင့်အတွက် ၁၅၅မမ အမြောက်ကြီးရှိတယ်…

  • မင်းမင်း

    August 4, 2013 at 8:00 pm

    အမျိုးသား

    အမျိုးသမီး

    ကျား

    အထီး

    အမ

    ဘယ်လိုပင်ခေါ်ခေါ် လူဟာ

    လူပါပဲ။

    ဒီမှာ ဘာလိုအပ်လာသလဲဆိုတော့

    ယုံကြည်မူ့

    ကိုးကွယ်မူ့

    ဘာသာရေး

    ခံယူချက်ဘယ်လောက်ရှိသလဲ?

    အဆီအနှစ် ဘယ်လောက်ခံစားနေလဲ?

    ကျားကနေ မ

    မကနေ ကျား။

    လူတယောက်အခွင့်အရေးဆိုတာလက်ခံစဉ်းစား

    သင့်တယ်။

    ဒါပေမဲ့ ဘာသာရေးတခုခုနဲ့

    သွားရမယ်ဆိုရင်?

    ကျနော်ကတော့ ဒီလူတွေက ဘာသာမဲ့

    ဖြစ်မယ်ထင်တယ်။

    ရှိခဲ့ရင်တောင် မိရိုးဖလာ

    မျက်နှာဖုံးသက်သက်ပဲ ယူဆပါကြောင်း။

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 8:43 pm


    ကျား၊ မ၊ ဂေး၊ ဖြူ၊ မည်း၊ အဆင့်အတန်း .. ဆိုတာတွေ မခွဲခြားဘဲ …
    ” လူဟာ လူပါ ”

    ဆိုတာကို ထပ်ပြီး ဖြန့်ကျက် တွေးမိတော့ ….
    ကျုပ်တို့ရဲ့ မြတ်ဗုဒ္ဓကို အတိုင်းထက် အလွန် ကြည်ညို လေးစားမိသွားတော့တာပဲ ….။
    မြတ်ဗုဒ္ဓရဲ့ တရားတော် တွေထဲမှာ ကြည့်ရင် …
    လူဟာ လူပါ .. ဆိုတာထက် …
    ရုပ်နဲ့ နာမ် ပါ ဆိုတဲ့ အဆင့်ထိအောင် တွေးပြထားတာတွေ့ရတယ် …။

  • uncle gyi

    August 4, 2013 at 9:37 pm

    ယူအက်စ်ကဂေးကတိုင်းပြည်အတွက်လုပ်ပြီးမှ
    သူစိတ်ဝင်စားတဲ့ဂေးလိုင်းပြောင်းတာ
    မြန်မာကဂေးတွေကော
    သိသူများရှိရင်ပြောပါအုန်း

    ငယ်သူငယ်ချင်းတယောက်ရှိတယ်
    ၁ဝတန်းပြီးကတည်းကကွဲသွားတာအခုထိ
    စာတော်ပြီးဘယ်သူ့အပေါ်မှမညစ်ဖူး

    ကြီးမှတွေ့တဲ့ရပ်ကွက်ထဲကဂေးတွေတော့
    တယောက်မှမရှိတော့ဖူး
    အကုန်သေကုန်ပြီ
    ရောဂါလား
    ထုံးစံပေါ့

  • Crystalline

    August 4, 2013 at 11:47 pm

    မမဖြိုးပြန်ရောက်လာတော့ ရွာကပိုအသက်ဝင်လာသလိုပဲ … 🙂
    ရှစ်တန်းကျောင်းသူဘဝမှာ ၁ဝတန်းက အစ်မကြီးတစ်ယောက်လိုက်ကြိုက်တာခံခဲ့ဖူးတယ်..
    တော်တော်ရှက်မိသလို စိတ်တော်တော်ပျက်မိတာပါ.. အဲဒီအသက်အရွယ်မှာတော့ တော်တော်စိတ်ပျက်စရာကောင်းတဲ့ခံစားမှုပဲ
    ငယ်လည်းငယ်သေး တစ်ရက်သူကိုယ့်စက်ဘီးဘေးယှဉ်အနင်းမှာ ပိတ်ကန်ပစ်လိုက်တယ်.. သူလည်းစက်ဘီးမှောက်သွားရော.. အဲနောက်ပိုင်းလိုက်မနှောက်ယှက်ရဲတော့ဘူး.. တကယ့်ကိုမှတ်မှတ်ယယပဲ..

    • ဦးကြောင်ကြီး

      August 4, 2013 at 11:57 pm

      ဦးကြောင်ကို ကန်လို့ကတော့ အဲဒီခြေထောက် ဖက်ကိုက်ပစ်မယ်.. ကန်လကွာ.. ခွီးဂရား.. ခရစ်စတယ်လေးပေါင်တံဆို ဖြူဖွေးနေမှာပဲနော်… ဂလုစ်… :kwi:

  • ဦးဦးပါလေရာ

    August 5, 2013 at 12:38 am

    ကိုဖေါကတော့ သူသုံးနေကျ အသုံးအနှုံးလေး တော်တော် နှမြှောသွားပုံရတယ်..
    :mrgreen:
    ကျုပ်က သားသား နဲ့ မီးမီး နှစ်ခုကို ပေါင်းခေါ်ချင်လို့
    (သူတို့အကြောင်းရေးတော့မှာ ဆိုတော့၊ အခန့်မသင့်ရင် နောက်ပိုင်းမှာ ခပ်ကြမ်းကြမ်းလေးတွေလဲ ပါနိုင်တာဆိုတော့..)
    လေပြေလေးထိုးပြီး သားမီး လို့ ချော့ချော့မော့မော့ ခေါ်လိုက်တာပါ…
    🙂

    ဒီနိုင်ငံမှာ သူတို့ နာမည်ပျက်ရတာက
    သူတို့ထဲက ခပ်ဆိုးဆိုးခပ်ကဲကဲတစ်ချို့ရဲ့ အနေအထိုင်ကြောင့်လို့ပဲ စွပ်စွဲချင်ပါတယ်။

    LGBT တွေဟာလည်း ၊

    သူတို့ရဲ့စိတ်ကို အိန္ဒြေ သိက္ခာ နှင့် ထိန်းကွပ်ပြီး ၊ ဂုဏ်သရေရှိ အလုပ်တွေမှာ ၊

    ဆန္ဒ ( ကာမ Sex ) နှင့် အလုပ် မရောယှက်ပဲ ၊ ကြိုးစား လုပ်ကိုင်သွားမယ် ဆိုရင် ၊

    အဘ တို့ကလည်း သူတို့ကို နိုင်ငံသားကောင်း တစ်ဦး အနေနှင့်ကို ၊

    လက်ခံဖို့ အသိအမှတ်ပြုဖို့ ဝန်မလေးပါဘူးကွယ် ။

    အဲဒါလေးကို လုံးဝ ထောက်ခံပါတယ်…

    သူတို့ရဲ့ sex life ကိုလဲ နားလည်ပါတယ်။ သိုသိုသိပ်သိပ်နဲ့ အေးအေးဆေးဆေး သီးသီးသန့်သန့် ဖြစ်စေချင်တာပါပဲ..။
    အဲဒါကို ရှေ့တန်းမတင်ပဲ ၊ လူအများကြားထဲမှာ လူအများလက်ခံအောင် နေထိုင်လုပ်ကိုင်သွားကြစေချင်ပါတယ်..။

  • ဦးကျောက်ခဲ

    August 5, 2013 at 9:08 am

    ဂေးများ လက်စဘီယန်များကို လူထဲကလူလို့ သဘောထားပါတယ်…
    ဒါပေမယ့် သူတို့က သူတို့ရဲ့ရမ္မက်တစ်ခုအတွက်…
    အမျိုးကောင်းသားသမီးတွေကို ပန်းကောင်းအညွန့်ချိုး လိုင်းသွင်းတာတော့ လက်မခံနိုင်ပါဘူး၊
    နောက်ပြီး အခြောက်မလင်ဆိုတာ၊ နောက်ဆုံးတော့ ကိုယ်တိုင် “တန်း” ဆင်းပြီး…
    အခြောက်မ လုံးလုံးဖြစ်သွားကြတာမို့၊ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ပါလေ…
    ဘယ့်နှယ်… ဒီလောက်အစစ်ပေါတာကို၊ အင်ကြီးတော့ မကြိုက်ပေါင်…
    😀

  • Foreign Resident

    August 5, 2013 at 9:46 am

    အဘ အထင် ( အထင် ) ၊
    အဘတို့ ရွာသူားများဟာ ၊
    မြန်မာပြည်သား အများစုကြီး နှင့်စာရင် ၊

    ၁ ။ ပညာပိုတတ်ကြပါလိမ့်မယ် ။
    ၂ ။ အတွေးအမြင် ပိုကျယ်ကြပါလိမ့်မယ် ။
    ၃ ။ လူနေမှုအဆင့်လဲ နဲနဲ ပိုမြင့်ပါလိမ့်မယ် ။

    အဲဒီတော့ကာ ၊ အဘတို့ ရွာသူားများ ရဲ့ သဘောထားဟာ ၊
    မြန်မာပြည်သား အများစုကြီး ရဲ့ သဘောထား ကို ၊
    ကိုယ်စား မပြုလောက်ဘူးဆိုတာ ၊ အဘ သိပါတယ် ။

    မည်သို့ပင် ဆိုစေကာမူ ၊
    အခုထိ LGBT Post အသီးသီးမှာ Comment ပေးသွားကြတဲ့ ၊
    ရွာသူား အများစုကြီး ( အားလုံးလောက် နီးနီး ) ရဲ့ သဘောထားကတော့ ၊

    ၁ ။ LGBT တွေကို နှိမ်ချဆက်ဆံလိုစိတ် ( သိပ် ) မရှိတာကို တွေ့ရပါတယ် ။
    ( အဲဒီ အတွက် အဘ ဝမ်းသာ ဂုဏ်ယူမိပါတယ် )

    ၂ ။ ဒါပေမယ့် LGBT အချို့ရဲ့ အိန္ဒြေ မရတဲ့ အပြုအမှု နှင့် ၊
    LGBT အချို့ရဲ့ လူငယ်လေးတွေကို LGBT ဇတ်သွင်းလိုတဲ့ အပြုအမူ ကို ၊
    အပြင်း အထန် ဆန့်ကျင်ကြတာကို တွေ့ရပါတယ် ။
    ( ဒါတွေဟာ LGBT တွေ ဆင်ချင်ရမယ့် အချက်တွေလို့ ထင်ပါတယ် )

    မိန်းကလေးငယ် တွေဖက်က အမြင်ကိုလည်း ကြားလိုပါသေးတယ် ။
    တတ်နိုင်ရင် ဝင် မန့်ပေးစေလိုပါတယ် ။

    မိန်းကလေးငယ် တွေဖက်က LGBT တွေ အပေါ်မှာ ၊
    လင်လုဖက်တွေလို သဘောထားကြလား ။
    ဒါမှမဟုတ် မျိုးတူ သူငယ်ချင်းတွေလို စာနာတဲ့ သဘောထားကြလား ။
    အဘ မ ခန့်မှန်းနိုင်လို့ပါ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 5, 2013 at 12:32 pm

    အမှန်တော့ပြောရရင်တော့ အိန္ဒြေတွေက သူ့နေရာနဲ့သူတည်ငြိမ်ဘို့
    လိုတယ်ဘဲပြောရမလားဘဲ
    စိတ်ကလည်းစိတ်အိန္ဒြေ ကိုယ်ကလည်းကိုယ်အိန္ဒြေ ပေါ့
    ဒီနေရာမှာ အများအားဖြစ်ဖြစ်တတ်တာက စိတ်မှသည် ကိုယ်အိန္ဒြေကိုမစောင့်ထိမ်းနိုင်ဘဲ
    ကမြင်းကြောထပြကြတော့ လူမုန်းစရာဖြစ်သလားပြောရမလားဘဲ
    ကိုယ်အိန္ဒြေ အချိုးမပြေလို့ကတော့ မိန်းမဘဲဖြစ်ဖြစ် ယောက်ျားဘဲဖြစ်ဖြစ် ဂန်ဒူးဘဲဖြစ်ဖြစ်
    နှာဘူးဘဲဖြစ်ဖြစ် မျက်စေ့နောက်စရာဖြစ်မှာဘဲ
    စိတ်မတည်ငြိမ်တဲ့ကောင်ကမြင်းကြောထတာကို ကြပ်မပြည့်တဲ့ကောင်က ကြည့်မရဖြစ်တာပေါ့
    အချို့ကြတော့ တွေ့တာနဲ့ကိုပိတ်ရိုက်ခြင်စရာကောင်းလောက်အောင် ကမြင်းကြောထကြတယ်
    အချို့ကြတော့ တည်တည်ငြိမ်ငြိမ်လေးဘဲ
    လိင်ကိစ္စနဲ့ပတ်သက်လို့ကြတော့ ရှင်းရှင်းပြောရရင်
    တစ်ချို့ကြတော့ ဖင်ခံခြင်စိတ်ပေါက်တယ်
    ပြောခြင်တာက
    မိန်းမဖြစ်ဖြစ်ယောက်ျားဖြစ်ဖြစ် လိင်တူဆက်ဆံခြင်တဲ့စိတ်ရှိကြတယ်
    ဆန့်ကျင်ဖက်လိင်ကိုမကြိုက်ဘူး
    ကွန်ဆာဗေတစ်ဗ်တွေကတော့ ဓါး ဓါးခြင်း ဒုတ်ဒုတ်ခြင်းကို လက်မခံဘူး
    ယောက်ျားနဲ့မိန်းမ မိန်မနဲ့ယောက်ျား ကိလေသာထတာကမှ အမှန်ဆိုပြီးလက္ခံတယ်
    မိန်းမနဲ့မိန်းမ ပွတ်ကြတာကိုကြတော့ အပြင်းအတန်မကန့်ကွက်ပေမယ့်
    အမှန်လို့လက်မခံပြန်ဘူး
    သူတို့ထတဲ့ကိလေသာကမှ အမှန်

  • ပို့စ်တွေဖတ်နေရတော့ ဝင်ပြောချင်ပေမယ့် သူငယ်ချင်းထဲမှာလည်း အဲ့လိုမျိုးတွေမရှိ၊ ကြုံဖူးတဲ့အထဲမှာလည်း အဲ့လိုဖြစ်ရပ်တွေမရှိတော့ ဘာမှ ဝင်မပြောတတ်လို့ ကြည့်နေတာ…

    အဲ..တစ်ခုတော့ရှိတယ်.. ဖြိုးလေး (သူတို့ခေါ်တဲ့အတိုင်း လိုက်ခေါ်တာ 🙂 ) ပို့စ်မှာ မန့်ခဲ့သလို သူငယ်ချင်းတစ်ယောက် (ယောက်ျားလေး) ကိုတော့ နည်းနည်းသံသယရှိတယ်ပေါ့နော်… သူက ဝက်ဘ်ဆိုက်တွေလည်း ဝင်တယ်.. သူ့ပတ်ဝန်းကျင်မှာ ပေါင်းနေတာတွေကလည်း gay ဆန်ဆန်တွေ မြင်မိနေတော့ စိတ်ထဲမှာ တစ်မျိုးတော့ ဖြစ်မိတယ်.. ဒါပေမယ့် ကိုယ်နဲ့ ငယ်သူငယ်ချင်းလည်း ဖြစ်ပြန်၊ သံယောဇဉ်လည်း အရမ်းရှိနေတော့ သူ့ကို စိတ်ပူမိတာတော့ရှိတယ်… စိတ်ပူတဲ့စိတ်နဲ့ သူ့အပေါင်းအသင်းတွေပေါ်မှာ နစ်နစ်နာနာပြောမိခဲ့ရင် သူက မကြိုက်ဘူး… ဒါနဲ့ အပြောအဆိုဆင်ခြင်တယ်…သူ့အပေါ်မှာလည်း နားလည်ပေးပြီး ထိန်းပေးနိုင်အောင် ကြိုးစားတယ်…

    လောလောဆယ်ကြုံမိတာကတော့ ဒီလောက်ပါပဲ အဘရေ…ကျန်တာတော့ မပြောတတ်တော့ဘူး..

  • အလင်းဆက်

    August 5, 2013 at 8:14 pm

    စာလေးတစ်ပုဒ်ဖတ်ဖူးတယ် ။

    ——————
    ရေးပြရရင် အရှည်ကြီးဖြစ်သွားမှာ..ဆိုတော့…
    နောက်မှ..ပိုစ့်အနေနဲ ့..တင်ရင် ကောင်းမလား.ပြန်စဉ်းစားလိုက်ဦးမယ် ။
    ——————

    အမေ လုပ်သူက..ယောက်ျားစိတ်ပေါက်ပြီး..ယောက်ျား အဖြစ် လိင်ပြောင်းလဲ. လိုက်တာ..
    အဲဒီ အဖြစ်အပျက်မှာ…
    အဲဒီ အမျိုးသမီး က..ယောကျာ်းကြီးတစ်ယောက် ဖြစ်သွားတော့…
    လင်သားအနေနဲ ့..ခံစားချက်…
    သားငယ်အနေနဲ ့…
    အမေဖြစ်သူက.. ယောက်ျားကြီး ဖြစ်နေတဲ့.. အဖြစ်..ခံစားချက်…

    အဲဒါတွေ…
    အဲဒါတွေ…..

  • pooch

    August 6, 2013 at 12:02 am

    အော် ဟိုဖက်က ဦးပါပိုစ့်ကို ဖတ်ပြီး ဒီဖက်က ပိုစ့်ကို ဖတ်မိတော့ ဘာမဆိုင် ညာမဆိုင် Tom Hanks ရဲ့ The Da Vinci Code ကို သတိရမိတယ်။
    အရင်ခေတ်က ဘာသာတရားက လက်မခံနိုင်တဲ့ ဖိနှိပ်ခဲ့တဲ့ အယူဆတွေကို ဘာသာတရားနဲ့ မျက်မှောက်ခေတ်ကြားမှာ အညှိုးကြီးခဲ့ သူတယောက်အကြောင်းရိုက်ထားတာမျိုး။

    ဘာသာတရားဟာ သူ့ဟာသူ သီးသန့် တည်ရှိပါတယ်။ ကိုယ်ယုံကြည်ရာကို စွဲစွဲနစ်နစ် ဆုပ်ကိုင်ထားလို့ ရပါတယ်။ ကိုးကွယ်လို့ရပါတယ်။

    လူမှုလောကမှာတော့ အတူနေသူတွေ အဆင်ပြေစေဖို့ဆိုရင်တော့ လူတွေကို လူလို မြင်တတ်မှပါ။ လူတွေကလည်း လူလို နေပြီး လူစိတ်ပေါက်နေမှပါ။

    အဘဖောမေးခွန်းကို ဖြေရရင်တော့ LGBT ကို LGBT လို့ပဲ မြင်ပါတယ် :mrgreen:

    တနည်းအားဖြင့်တော့ လူထဲက လူတွေလို့ပဲ မြင်ပါတယ်။

    • Foreign Resident

      August 6, 2013 at 5:13 am

      အဘ ၊ ဒီနေ့ မနက် ဂဇက်ကို စဖွင့်ဖွင့်ချင်း ၊
      မယ် ပုချ် ပြန်လာတာကို တွေ့လိုက်ရတာ ဟာ ၊
      တကယ့်ကို မင်္ဂလာရှိတဲ့ မနက်ခင်း ဖြစ်သွားတာပဲကွယ် ။

      နွေးနွေးထွေးထွေး ကြိုဆိုပါတယ် ၊ သမီးရေ ။

    • Min Zarni

      August 6, 2013 at 6:42 am

      မယ်ပု တျောက် ရွာထဲပြန်လာသောင်းဂျန်းနေသဂိုး..
      ခီညားယောက်ျား ကော မာသွားဘီလားဗျ..အဟွတ်

  • padonmar

    August 6, 2013 at 12:20 am

    မယ်ပုပြန်လာပြီဟေ့၊
    အတော်ပါပဲ၊
    ဒေါ်ဒေါ်ရော အရီးရော စာမေးပွဲတွေရှိနေတော့ အော်မေ့တွေအားနည်းနေတုံး မယ်ပုလေးကိုမြင်ရတာ မှိုရတဲ့မျက်နှာ ဖြစ်သွားရပြီ။
    ကိုသစ်ပါပြန်လာရင် ပိုကောင်းမှာပဲ။

  • Shin Thant

    August 6, 2013 at 5:26 pm

    မခု ဒီစာလေးကို ဖတ်ပြီးတဲ့အချိန်မှာ လိင်တူချစ်သူများအခွင့်အရေးကို ဦးဆောင်နေသူတစ်ယောက်အနေနဲ့ အားလုံးကို လူ့ဘောင်လူ့အဖွဲ့အစည်း အကျိုးပြုတဲ့ဘက်ကိုပါလာအောင်ရယ်။။ နေရာဒေသအလိုက် နေထိုင်တက်အောင် သင်တန်းတွေမှာ ထည့်ပြီးပြောကြားသွားပေးပါ့မယ်။

    • Foreign Resident

      August 7, 2013 at 7:50 am

      Shin Thant says:
      ” လိင်တူချစ်သူများ အခွင့်အရေးကို ဦးဆောင်နေသူတစ်ယောက်အနေနဲ့ ၊
      အားလုံးကို လူ့ဘောင်လူ့အဖွဲ့အစည်း အကျိုးပြုတဲ့ဘက်ကိုပါလာအောင်ရယ်။
      နေရာဒေသအလိုက် နေထိုင်တက်အောင် သင်တန်းတွေမှာ ထည့်ပြီးပြောကြားသွားပေးပါ့မယ် ”

      ဒီ Comment စကားလေး တစ်ခွန်းနှင့်တင် ရေးရကျိုး နပ်ပါတယ် သမီးရယ် ။

      လူ့အခွင့်အရေး နှင့် အညီ ၊ လူလူချင်း တန်းတူ ဖြစ်ရေး က တပိုင်း ။
      လူ့ပတ်ဝန်းကျင်ထဲမှာ ကိုယ့်ရဲ့နေရာကို ၊
      ကိုယ် ကိုယ်တိုင် ဂုဏ်သိက္ခာ ရှိရှိ တည်ဆောက်ယူ ရတာက တပိုင်း ပေါ့ကွယ် ။

  • ကျော်စွာခေါင်

    August 6, 2013 at 10:49 pm

    ဘဖော ရဲ ့စာဆိုတော့လည်း ဝင်ဆွေးနွေးပါဦးမယ်..။
    အမှန်အတိုင်းဆို ဒီကိစ္စတွေ ကို ဝင်မပါချင်တော့ပါဘူ… အဲဒီ ဖြိုးဆိုတာကို ဘာသာရေးအရရော.. ဆေးပညာအရရော ကျိုးကြောင်းတရား..နေထိုင်မှုတန်ဘိုးနဲ့ပါ ကော်မန် ့ဝင်ရေးဘူးပါတယ်..။
    မြန်မာတို ့ရဲ ့အစွဲမှာ..အယူအဆမှာ ဒီဘဝဒါမျိုးဖြစ်တာ အရင်ဘဝက သူ ့အိမ်ယာကို ဝင်ခဲ ့လို ့..ဆိုတာရယ်..
    ယောကျင်္ားစစ်စစ်မဖြစ်ရင် ရဟန်းဝတ်မပေးသင့်တာရယ်..ပါ..။
    အရင်ဘဝ ကို ကျနော် မပြောနိုင်ပါဘူး.. ယခုဘဝ အမြင်ဆိုရင်တော့.. ဘုရားရှင်က ဂေးလ်တွေ ရဟန်းဖြစ်လာရင် တရားကျင့်နေတဲ့ ရဟန်းတွေ အတွက် အရှုပ်အယှက် အနှောက် အယှက် ဖြစ်လာနိုင်တာသိလို ့တားထားတာပါ.. ခုခေတ် ကိုယ့်မှာ သမီး သို ့မဟုတ် သား လူပျို အပျိုပေါက်လေးရှိတယ်ဆိုပါတော့… ဘေးအိမ်မှာ ပေါ်တင် ကြေညာပြီးနေတဲ့ ဂျီမတယောက်က အိမ်မှာ ဝင်ထွက်နေတယ် ဆိုရင်.. သားလဲ ..သူငယ် ဖြစ်နိုင်တယ်.. သမီးလဲ မကောင်းတဲ့ မကြားသင့် မသိသင့်တာတွေ စောစောကြားသိပြီး စောစော လမ်းလွဲနိုင်ပါတယ်.. ဒါသာမန်လူ နေအိမ်တခုမှာ ၉၀% ဖြစ်နိုင်တာပါ..
    သာသနာရေးမှာ ပိုသတိထားရပါမယ်..။
    ဒီအမြင်နဲ ့ပြောရင် သူတို ့မမြင်နိုင်တဲ့ အရင် ဘဝက သူတို ့သူများအိမ်ယာ ဖျက်ဆီးလို ့ဆိုတဲ့ အော်တိုမစ်တစ် သတ်မှတ်မှုကို သူတို ့ မကျေနပ်နိုင်ဘူး..
    လူ ့ဘဝရခဲစွာ လူဖြစ် ပြီးတော့ ယောကျင်္ားအဖြစ် မွေးလာတဲ့ ဘဝမှာ ဂျီမ ဖြစ်နေရတယ်..ဒီကြားထဲ အော်တို စွပ်စွဲသတ်မှတ်ချက်ကို သိစိတ်ရော မသိစိတ်ကရော လက်မခံနိုင်တော့.. ဆေးပညာနဲ ့ပြန်ချေပကြတယ်.
    ဆေးပညာနဲ ့ချေပတာ ကိစ္စမရှိပါဘူး.. သူတို ့ဘုရားရှင်ကို ပြစ်မှားမှာ စိုးရိမ်တာပါ…။
    ရွာက တချို ့ ညီကိုတွေက ပြောာကရေးာကတာကလည်း အရွယ်စုံလာဖတ်နေတြဲ ့ဆိုက်မို ့ အမုန်းခံပြောနေတာပါ.. ဂေးလ် တယောက်က sex အကြောင်းခံစားမှု.. တွေ ရေးနေလို ့ပါ.. မိုးပျံအောင် ဂေးလ်နေပါစေ.. ရေးတဲ့ အကြောင်းအရာက
    အကျိုးပြု စာတပုဒ်ဖြစ်နေခဲ့မယ်ဆို အားပေးကြမှာပါ..။ စာပေ တန်ဘိုးက စိုတာ ခြောက်တာ မစို မခြောက်တာနဲ့ မဆိုင်ပါဘူး..
    ဒါပေမယ့် ဆိုက်တခုရဲ ့တန်ဘို းက ဆိုင်ပါတယ်..။
    သူတို ့ကို လူတယောက် …ကံတရားကြောင့် လက်ရှိဘဝကို အနှိမ်ခံပြီး နေနေရတဲ ့ လူတယောက်လိုဘဲ မြင်ပါတယ်..။
    ကျနော့်ထက် ပညာတော်ပြီး ရာထူးကြီး ဂုဏ်ရှိန်ကြီးတဲ့ သိက္ခာရှိဂေးလ်တွေ အများကြီးပါ…။

    ဘဖောရယ်.. ပြောရမယ် ဆိုရင်တော့..
    မိုးကုတ်က ထွက်တဲ့ ကျောက်တိုင်း ပြည်တန်ပတ္တမြား မဖြစ်ပါဘူး.. သူ ့တန်ဘိုးနဲ ့သူပါ..။
    အဲဒီ တန်ဘို းကို သူတို ့ကိုယ်တိုင် တန်ဘိုးထား နားလည်ဘို ့လိုပါတယ်..။
    လူယောကျင်္ား သေလဲ …၆ပေ အခေါင်း တစ်လုံးပါဘဲ
    လူမိန်းမ သေလဲ …၆ပေ အခေါင်း တစ်လုံးပါဘဲ
    အခြောက်မ တယောက် သေလဲ .၆ပေ အခေါင်း တစ်လုံးပါဘဲ..
    အဲ…
    အခြောက် အသုဘကတော့ လိုက်ပို ့သူနည်းတယ်…။
    အခေါင်းတန်ဘိုး တူပေမယ့်..
    မသာတန်ဘိုးခြင်းကွာတာကိုးးး.။။

    • Foreign Resident

      August 7, 2013 at 8:46 am

      ကျော်စွာခေါင် says:
      ” ဒီအမြင်နဲ ့ပြောရင် သူတို ့မမြင်နိုင်တဲ့ အရင် ဘဝက သူတို ့သူများအိမ်ယာ ဖျက်ဆီးလို ့ဆိုတဲ့
      အော်တိုမစ်တစ် ( အော်တိုမစ်တစ် ) သတ်မှတ်မှုကို သူတို ့ မကျေနပ်နိုင်ဘူး.. ”

      ” ခုခေတ် ကိုယ့်မှာ သမီး သို ့မဟုတ် သား လူပျို အပျိုပေါက်လေးရှိတယ်ဆိုပါတော့…
      ဘေးအိမ်မှာ ပေါ်တင် ကြေညာပြီးနေတဲ့ ဂျီမတယောက်က အိမ်မှာ ဝင်ထွက်နေတယ် ဆိုရင်..
      သားလဲ ..သူငယ် ဖြစ်နိုင်တယ်.. သမီးလဲ မကောင်းတဲ့ မကြားသင့် မသိသင့်တာတွေ
      စောစော ကြားသိပြီး စောစော လမ်းလွဲနိုင်ပါတယ် ”

      အထက်က ၂ ချက်ကို ထောက်ခံပါတယ် ကို ကျော်စွာခေါင် ရေ ။

Leave a Reply