တောပျော်

တောပျော်

” တောပျော် ”

ဘဝအခြေချင်းက

ကမ ္ဘာခြားဆိုပေမယ့်

ငညို ငပြာ ရှိနေသမျှတော့

ရိုလာကိုစတာ  ဆိုတာ

ကျုပ်တို ့ အပေါင်းအပါတွေ အတွက်

အပိုဘဲ….။

 

ကျော်စွာခေါင်

( လွန်ခဲ့သည့် ရက်ပိုင်းလေး ဆရာတော်နှင့် လိုက်ပြီး.. အင်တာနက်မရှိတဲ့ ဘုန်းကြီးကျောင်းလိုက်ပြီး ချက်ပြုတ်ရင်း ဝတ်ကြီး ဝတ်ငယ် ပြုစုတဲ့ ဘုန်းကြီးကျောင်းသား လုပ်နေလို ့.. အသံတိတ် နေခြင်းဖြစ်၏  )

33 comments

  • ကျော်စွာခေါင်

    August 5, 2013 at 2:28 am

    လူကလေး လာရင် ဖတ်ဘို ့…

    လူကလေး Saysး

    ပန်းချီဆွဲပြီးရင် အိုက်ပုံတွေကို ပြခန်းပို့ပါသလား ခေါင်..
    ခုမှ မြင်ဖူးတယ်ဆိုပေမယ့် အင်မတန် ကောင်းမွန်တဲ့လက်ရာ တစ်ခုလို့ ခံစားရပါတယ် ခေါင်..
    ခေါင့်အနေနဲ့ ပုံတူ ပန်းချီတွေ ရှုခင်းပန်းချီတွေကိုရော ဆွဲလေ့ရှိပါသလား ခေါင်..
    ရွာထဲက ပန်းချီပညာရှင် ခေါင် နဲ့ ဆုံရလို့ ဝမ်းသာပါတယ် ခေါင်..
    အဟဲ. .ကန်တော့ . . နောက်တာ .. ငယ်ငယ်ကတော့ ရူးဖူးတယ် .. စာသင်ချိန်မှာသူငယ်ချင်းပုံတွေကို သူတို့ မသိအောင် ဆွဲထား .. ပြီးမှ ဒါဘယ်သူလဲ သိလား ဆိုပြီးတော့ မေးကြည့် .. မှန်သွားရင် အလွန်ပျော်၏။ . အခုတော့ အဲဒါတွေက လျှောသွားပါပြီဗျာ

    ကျော်စွာခေါင် says း

    “ ဒါနဆန် မေတ္တာ ရပ်ခံအပ်ပါတယ်..ခေါင် ”
    ပုံ
    ထန်းရည် ချတဲ့ ဆရာလေး. ( ဘွဲ ့… လူကလေးမ )

  • ဦးကျောက်ခဲ

    August 5, 2013 at 8:22 am

    တော်ပျော် ကိုကြည့်ပြီး…
    ကျွဲနဲ့လယ်ထွန်ကြတဲ့ ရှမ်းပြည်ဘက်ကို လွမ်းသွားတယ် အကိုကြီးရေ…
    အကိုကြီးရဲ့ ဘဝအတွေ့အကြုံများကိုလည်း၊ စာစီပါဦးခင်ဗျ…
    🙂

    • ကျော်စွာခေါင်

      August 5, 2013 at 10:43 pm

      ဟုတ်တယ် ကိုကျောက်
      ရှမ်းပြည်ဘက်မှာ ကျွဲနဲ ့လယ်ထွန်တာများတယ်.. ရာသီဥတုက အေးတယ်လေ..။ ကျွဲ နဲ ့ရာသီဥတု ကိုက်တယ်..။ ကျွဲက အပူ မခံနိုင်ဘူး ကိုကျောက်.. တချို ့ပူတဲ့ဒေသတွေမှာ ကျွဲနဲ ့ လယ်ဘဲထွန်ထွန် စပါးဘဲနယ်နယ် ကျွဲရဲ ့ကျောကုန်းပေါ်ကို ဆားတွေ ဖြူးပေးတာ.. ဆားက အပူခံနိုင်တယ်တဲ့..။
      ကြုံတုန်း မေးပါရစေ..
      ကိုကျောက် ကျနော့်ကို ဘယ်လို ခြေရာခံမိတာလဲ ကျနော် မသိဘူး… း)
      ကျနော်က တိတ်တိတ်လေး..နေ နေတာ..
      စုံထောက်ဝတ္တု ရေးရမယ်..
      ဆားပုလင်း ကျောက်ကျောက်နှင့် ခေါင်းမြီးခြုံ လုံပါပေ့ ကျော်စွာခေါင် အမှု…. ဆိုပြီးတော့…။
      စာတွေ တော့ ဆက်ရေးမှာပါဗျာ…
      တိတ်တိတ်လေးနေနော်…ပုံတူ ဆွဲပေးမယ်.. းဝ)

  • ဦးကြောင်ကြီး

    August 5, 2013 at 9:21 am

    ကျော်စွာခေါင်
    မော်တာထောင်
    ပျော်ညာယောင်
    အော်ဝါခေါင်
    စော်ရှာမှောင်
    တော်ကာအောင်
    ဒေါ်လာဖောင်
    ဘော်ဒါဆောင်..

    • ကျော်စွာခေါင်

      August 5, 2013 at 10:46 pm

      ဦးကြောင်
      မူးပေါင်
      အထူးထောင်..
      မြူးအောင်
      အရူးတောင်ငို…။

      ( သူ ့လို လိုက်ရေးရတာ ဘယ်လိုကြိီးမှန်းလဲ မသိ )

  • KZ

    August 5, 2013 at 10:17 am

    ကျွဲမြီးလေးဆွဲပြီး ကျွဲပေါ် တက်မို့လားးးး
    ဟိုကလေးလေးက။

    😀

    • ကျော်စွာခေါင်

      August 5, 2013 at 10:51 pm

      ဟုတ်ပါတယ် ခဗျ.. တက်မှာပါခဗျ… ကျနော် ပြောနေစဉ်အတွင်းမှာဘဲ တဖြည်းဖြည်း တက်နေပါတယ်..
      ဟော.. မြန်မာ ပရိတ်သတ်ကြီး မခိုင်မျှော်လင့်ထားသလို တဖြည်းဖြည်း တက်နေပါတယ် ခဗျ…။
      သေချာပါတယ်.. သေချာပါတယ်.. အခုချိန်မှာဘဲ… မခိုင်ဇာဝင်းးးးး ပြောသလို တက်နေပါပြီ ခင်ဗျားးးးး…။။

  • Crystalline

    August 5, 2013 at 10:33 am

    ကျွဲပေါ်က ကလေးလေးနှစ်ယောက် ဥရောပသားလေးတွေနဲ့တူတယ်.. ကျွဲမြီးဆွဲနေတဲ့ကလေးကိုအသည်းယားလိုက်တာ.. နွားကိုမကြောက်ပေမယ့် ကျွဲကိုတော့တော်တော်ကြောက်တယ်.. မတော်လှည့်ခတ်လိုက်မှဖြင့်..

    • ဦးကျောက်ခဲ

      August 5, 2013 at 10:35 am

      ကြောင် ကုတ်ခံမှာရော မကြောက်ဘူးလားဟင် ဟီ ဟိ…
      😀

      • Crystalline

        August 5, 2013 at 10:55 am

        ကြောင်အစစ်တွေက သူတို့ဖာသာသူတို့နေတာပါ.. ရွာထဲကကြောင်ကူလီကြီးသာ ရာသီမရွေး တစ်ချက်တစ်ချက် ကြောင်ရူးပြန်တာ.. 😀

    • ကျော်စွာခေါင်

      August 5, 2013 at 10:54 pm

      ဥရောပ ကလေးတွေ မဟုတ်ပါဘူး… Crystalline ရေ..။
      မြန်မာပြည်က ကလေးတွေပါ…။ ကျွဲက ဘေးကတက်တာ အန္တရယ် ရှိတယ်.. ခတ်တတ်တယ်.. ဒါပေမယ့် သူက နွားလို မကန်တတ်ဘူး.. ဒါကြောင့် နောက်က တက်တာ…။

  • kyeemite

    August 5, 2013 at 10:44 am

    ကျွဲကိုတော့ ဘယ်လောက်ယဉ်တယ်ပြောပြော မကပ်ရဲဘူးဗျို့…

    • ကျော်စွာခေါင်

      August 5, 2013 at 10:59 pm

      ဟုတ်တယ် ကိုမိုက်
      နွားက ပွင့်လင်းတယ်.. ကျွဲက အမြုံစိတ် ခန် ့မှန်း မရဘူး…
      ၂ခါလား စီးဘူးတယ်.. ကံကောင်းလို ့ မသေတာ.. တသက်စာ ကြောက်ရောဘဲ..။
      ခုဘဲ ကောင်းနေတာ.. ခုချက်ချင်း တခုခုကို လန် ့သွားရင် စိတ်ရိုင်းထဝင်တာ.. ပူတဲ့ ရာသီဆို ပိုဆိုးသေးတယ်..။
      ပုဂံဘက်က ပူတယ်လေ…
      အဲဒီ ကျွဲတွေပေါ့.. အနော်ရထာဘုရင်ကို ရောသမ မွှေပစ်လိုက်တာ…။

    • ကျော်စွာခေါင်

      August 5, 2013 at 11:00 pm

      ဖြစ်နိုင်တယ်..ညီလေး…
      ကျနော့်ဟာ ဆိုတဲ့ပို ့စ်မှာ သူပြောထားတယ်.. ကျွဲစီးတယ်လို ့လေ..။

    • မဟာရာဇာ အံစာတုံး

      August 5, 2013 at 11:40 pm

      အောင်မာကွာ …
      ဒင်းက ငါ့အတင်း ပြောဒယ်ပေါ့လေ …
      ငါ မန့်ဒုန်းက မမြင်လိုက်ဒို့ ဒင်း သက်သာသွားဒယ်မှတ် …
      အေး .. အဲ့ဒါ ငါ ဆိုရင် …
      နင်နဲ့ သဂျားက ဟိုနှစ်ကောင်ပဲ ဖြစ်မှာ …. ခွီးးးး
      အရေးထဲ ဟိုလူဂျီးဂလည်း ဖြစ်နိုင်ဒယ် .. တဲ့ …
      အတော် ဟုတ်နေဂျဒယ် … ဟွန့် .. တွေ့မယ် …

  • မဟာရာဇာ အံစာတုံး

    August 5, 2013 at 11:15 am

    ကျွဲဒေါ့ စီးဖူးဘူး
    နွားဘဲ စီးဖူးဒယ် ….
    ပုံထဲမှာ အလယ်က ကောင်လေးက
    စပိုက်ဒါမန်း စတိုင်နဲ့ ခည .. မိုက်ဒယ် ..

    • ကျော်စွာခေါင်

      August 5, 2013 at 11:08 pm

      အဲဒိ စပိုက်ဒါမန်းရဲ ့ ဘယ် ဖနာင့်နဲ ့တတန်းတည်းနေရာက ကျောလယ်က မြီးညောင့်ရိုးဘုက ကျွဲရဲ ့အရေးကြီးဆုံးနေရာဗျ…
      အဲဒီဘုကို ခပ်နာနာ ခေါက်လိုက်တာတို ့ ရိုက်လိုက်တာတို ့လုပ်လိုက်ရင် မိုင်၁၀ဝ နှုံးစပိ ပေါ့ဗျာ.. လီဗာ ခေါ်မလားးး..
      ကျနော် သေမလိုဖြစ်တာ အဲဒီဘု .. ကြောင့်ပေါ့…
      အကိုက ရှေ ့ကထိုင်ပြီး ကျနော့်ကို တက်ခိုင်းတာ ..ခုလို နောက်ကတက်တာပါဘဲ.. ထိုင်ပြီးကာစဘဲ ရှိသေးတယ် လက်ထဲက ရေပုံးကို နောက်ပြန်ကိုင်ပြီး နေရာချလိုက်တာ ဘုတည့်တည့်ကို ရေပုံအောက်ခံ သံခွေအစောင်းနဲ ့ထိပြီး ကျွဲလန် ့ပြေးတာ…နောက်ကျွမ်းပစ်ကျပြိး..ကံကောင်းလို ့မသေတာ…။
      အဲဒီကတည်းက ကျွဲရုပ်မြင်ရင် လန် ့တာ.. ခုထိ နေပြည်တော်ဘက်ကို မသွားရဲတော့ဘူး.. း)

  • Mr. MarGa

    August 5, 2013 at 12:59 pm

    ကျားမြီးဆွဲပဲ ကြားဖူးတာ
    ဒီတစ်ခါတော့ ကျွဲမြီးဆွဲ လို့ ပြောရမယ်
    တောသဘာဝ၊ ကျေးလက်မြင်ကွင်းကလေးတွေနဲ့ အတူ
    လွမ်းဆွတ် သွားပါကြောင်း…..

  • ဒီပုံလေးကို ကြည့်ပြီး ရွာကို သတိရသွားတယ်… ဆိုတော့.. မန်းလေးသွားမယ့်အစီအစဉ်ကို ဖျက်ပြီး အမျိုးတွေရှိတဲ့ ရွာကိုပဲ သွားလည်တော့မယ်…

    ဒါနဲ့ ကျွဲပေါ်က လိမ္မော်လို အရောင်လေးတွေက ဘာသဘောလဲဟင်င် ခေါင်.. (ခွက်ဒစ်တူ လူကလေးမ)… :mrgreen:

    • ကျော်စွာခေါင်

      August 5, 2013 at 11:20 pm

      ကျနော့်ပန်းချိီလေးကို ကြည့်ပြီး ရွာကိုပြန်လည်မယ်လို ့စိတ်ကူးမိတဲ့ မြန်မာ လုံမလေးရဲ ့ ဇာတိကို ချစ်ခင်မှု…စိတ်ကလေးကို
      ဂုဏ်ယူကျေးဇူးတင်ပါတယ်ဗျာ…။

      ပင်ပန်းခြင်း ချွေးစက်တို ့ကို မက်မက်ရှိုက်ရှိုက် နမ်းယူခဲ့သော နေမင်းသည်.. ဆည်းဆာ ကမ်းပါးသို ့ဦးခိုက်ဝတ်တွားရန်
      ဦးတည်ရင်း ပုဇွန်ဆီရောင် အလွမ်းတို့ဖြင့် တဲလေး၏ သက်ကယ်မြိတ်များ.. ကျွဲပုခုံးမွှေး ကြမ်းကြမ်းတို ့အား…ကျွဲတွင် ကပ်နေသော
      ရွှံ ့မြေခြောက်တို ့အား.. သံယောဇဉ် အနမ်းတို ့ဖြင့်..လွမ်းစေခဲ့ပါသည်… လောင်… အဲ .. လုံ..။

      ဟံမလေးးးးးးးး တဲ နဲ ့ကျွဲ နေရောင်ထိုးတာလေးကို မန ္တလေးသိန်းဇော် စတိုင်လ် ပြန်ရှင်းပြရတာ မောထှာာာာာာာ.။

  • ဗုံဗုံ

    August 5, 2013 at 4:26 pm

    လှအားပါပေ့ မွေ့မွေ့ ပျော်ပျော်
    စကားရနံ့လေး ပျံသင်း
    ညှင်းလေမြူးသနော်..
    ရွာကိုသတိရလို့ မြူးသွားတာ. ဟဲ ဟဲ :mrgreen:

    • ကျော်စွာခေါင်

      August 5, 2013 at 11:25 pm

      ွှ့အမ့်မယ့်လေးးးး ဗုံဗုံရယ်..
      ရုတ်တရက်ဖတ်ပြီး…
      ကိုယ့်ကျွဲပန်းချီကားနဲ ့ပုပ္ပါးမယ်တော်ကြီး ဘယ်လိုများပါတ်သက်ပြီး ကြွလာတာပါလိမ် ့လို ့….

      မြူးမြူး…အမေဗုံ မြူးလေ ရွာစီးပွားတက်လေပါဘဲ မယ်တော်ကြီး.. ဗုံဗုံ..။

  • lele kyi

    August 5, 2013 at 7:20 pm

    ကျွဲပေါက်လေးနဲ့တူတယ်။ ကျမတို့ဒေသမှာလည်း ကျွဲတွေ၊နွားတွေနဲ့ လယ်ထွန်ကြတယ်။ ကျွဲတွေက တော်တော်စိတ်ရှည်ပြီးသည်းခံကြတယ်။ ကျွဲမြီးဆွဲတာတော့ခုမှမြင်ဘူးတယ်။ 🙂

    • ကျော်စွာခေါင်

      August 5, 2013 at 11:27 pm

      မလဲ့
      သူတို ့ က စိတ်ရှည်သီးခံပေမယ့် သူတို ့စိတ်ဖောက်ရင် ကြောက်စရာကြီး မလဲ့ရ..

  • Ma Ma

    August 5, 2013 at 7:30 pm

    ခုမှပဲ ကျွဲပေါ်တက်နည်း သိတော့တယ်။ 🙂
    ဆော့လည်း ဆော့တဲ့ကလေးတွေ။
    ကြည့်ရတာ မဟာရာဇာတို့ အလက်ဆင်းတို့ သိကြားမင်းတို့တတွေ ငယ်ငယ်က ပုံထင်တယ်။ :loll:

    • Mr. MarGa

      August 5, 2013 at 8:31 pm

      အဟီး….
      အနော်တို့ အုပ်စု အဲလောက်လဲ ဆော့ပါဝူးဗျ
      (အဲဒီထက် နည်းနည်းလေးပဲ ပိုဆိုးတာ 😛 )

      • ကျော်စွာခေါင်

        August 5, 2013 at 11:31 pm

        ဒါဆို။။
        အကိုတို ့က တရုပ်ပြေးမင်း မဟုတ်ဘူး
        ကျွဲ ပြေးမင်း အုပ်စုဘဲ ဖြစ်မယ်..။

    • ကျော်စွာခေါင်

      August 5, 2013 at 11:29 pm

      မမ တော်တယ်ဗျ..
      ကျနော် သင်ခဲ့တဲ့ ကျွဲတက်နည်းက အဲလိုဘဲ..။ မယုံရင် မမ စမ်းကြည့်..
      ပြီးမှ ကျွဲပေါ်က ဘယ်လို ကျတယ်ဆိုတာလေး ပြန်ပြောပြပေါ့..။

  • ပြီးခဲ့ မေလက အောင်ပင်လယ်မှာ ကျွဲကို ဓါတ်ပုံသွားရိုက်တာ
    အိုက်ထဲက ထပြီးလိုက်လာလို့ ထွက်ပြေးရတယ်။
    ကျွဲက လူစိမ်းလက်မခံတဲ့သဘော
    ရန်လိုတဲ့သဘောရှိတယ်

    • ကျော်စွာခေါင်

      August 5, 2013 at 11:35 pm

      ကိုပေါက်..
      ကျွဲက အထာရှိတယ်ဗျ..
      ကိုယ့်ကို လူစိမ်းမို ့အကပ်မခံရင်..
      နောက်တခေါက်ကျ… အနီဝမ်းဆက် ဝတ်သွားဗျ..။
      ……….
      ……….
      ……….
      ပြေးရတာ ဒီ့ထက်ပိုမြန်လိမ့်မယ်လို ့ မျှော်လင့်တာဘဲ..။ း)
      ( သွားမလုပ်နဲ ့နော်.. စ တာ.. အဟုတ်ထင်ပြီး တကယ်ဝတ်သွားမှဖြင့်…။ ဒုက္ခ )

  • kai

    August 5, 2013 at 11:59 pm

    မြန်မာပြည်ထဲ.. ဒီလောက်များတဲ့ကျွဲတွေရှိနေတာ… ကျွဲသားသိပ်မတွေ့ရပုံထောက်တော့..

    ဧကဒ.. ဆတ်သားဆိုတာ.. ကျွဲသားဖြစ်နိုင်တယ်..။
    မရဲဘဲ ကျွဲပြဲ စီးကြည့်ကြောင်း… :mrgreen:

    • ကျော်စွာခေါင်

      August 6, 2013 at 12:21 am

      ကိုခိုင်
      ပြောလို ့တော့ မရဘူးဗျ.. သူတို ့အသားတွေက ခပ်နီနီဆိုတော့.. ဆင်တယ်..။
      ကျနော် စဉ်းစားရခက်တာက ကိုခိုင် …
      ကျွဲပြဲ စီးတယ် ဆိုတာ ….
      ဟို…အံဇာ မိုးဝင်းကလည်း သူ ့ပဲမြစ်လေး ထုတ်ပြပြီး… ကျွဲစီးတယ်လို ့ပြောတယ်.. ပုံထဲမှာ ကျွဲလည်းမတွေ ့ဘူးဗျ..။
      ကိုခိုင်နဲ ့ အံဇာမိုးဝင်းစီးတဲ့…ကျွဲ…ပြဲ ဆိုတာ…အင်းးးးးတွေးကြည့်တော့..ရေးရေးပေါ်လာသလိုဘဲ ..ပြောတော့ဘူး..။

Leave a Reply