“သဂျီးခြောက်သွားပီ…” ရွာထဲတွင် အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။ “ဟုတ်ပါ့မလားဟယ်…. မနေ့ဃဒင် အကောင်းဂျီး၊ မာဆက်မှာတောင် တွေ့လိုက်သေးဒယ်”  “အေးလေ ငါလည်းသူနဲ့ 69ဇိမ်ခန်းမှာ တမြန်နေ့ဂ ဆုံမိဒေါ့ တဆက်ရှင်နဲ့ မလောက်လို့ အချိန်ပိုကြေး ပေးရဒါ ညည်းနေသံကြားတယ်” “အဲဒါတော့ အသိဗူးဗျာ အခုဒင် လောလောလတ်လတ် ထွက်လာဒဲ့သဒင်း၊ မယုံ ကိုယ်ဒိုင်သွား မေးဂျေ” ကကြောင်ကြီးနှင့် မန်းဂေဇက် ရွာသူားများ အချေအချ ပြောဆိုသံဖြစ်သည်။ သံသယဖြစ်မည်ဆိုလဲ ဖြစ်လောက်စရာပင်.. တိုင်းသိပြည်ကျော် ရှာပွတ်ခိုမ်ဟု နာမည်ကြီးနေသည်မှာ အကြောင်းမဲ့မဟုတ်၊ ချဲကြွေးပေးဖို့ မရှိသဖြင့် အကြံကုန် ဂဠုန်ဆားချက် လျှာပွတ်ဆေး ဖော်ရောင်းရာမှ ကံကောင်းထောက်မ၍ ကျိကျိတက် ချမ်းသာလာပြီး ဘဝမေ့ဂါ ကာမစည်းစိမ် မပြတ်ရှာဖွေ ခံစားလွန်းသူ၊ တခုမဟုတ်တခု မပွတ်ရလျင် မနေနိုင်သူဖြစ်သည်။ ယခုမူ သူများ ပွတ်ရ၍ အားမရ ကိုယ်တိုင် အပွတ်ခံလေပီ..။ တန်ဆေးလွန်ဘေး မသိရော့ထင့်…။

သဂျီးအိမ်အနီး လူအများ ရစ်သီရစ်သီလုပ် မေးငေါ့နေသလို နပ်ဂဒေါ် မာမီပုဆီတွင်လည်း လူစည်ဂါးနေသည်။ “ဒါ..ဘဝဟောင်းက အဆက်ပျံပေါ်တာခေါ်ဒယ်၊ သဂျီးဦးခိုင်မ် အတိတ်ဘဝ တခုမှာ ဂရိစစ်ဘုရင် အလက်ဇန္နား ကိုယ်ရံတော် ဖြစ်ခဲ့ဖူးဒယ်။ သူနဲ့ဘုရင်ဂျီး ရှေ့တန်းထွက်ခိုက် နင်ပီးငါ့အလှည့် ဆော်ပလော်တီးနေဂျဒုံး ရန်သူ ပစ်လိုက်တဲ့ လက်နက်ကြီးမိသေတော့ မဟာအဝီဇိငရဲကျဒယ်။ ကံကြွင်းကံစလေး ကျန်နေသေးတော့ ငရဲမင်း အပြောင်းအလဲမှာ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပုဒ်မ၄၀၁နဲ့ လွတ်လာတာ။ အပြီးလွတ်တာ မဟုတ်သေးဘူး… သူမဟုတ်မဟတ် ထပ်လုပ်ရင် အရင်ကြွေးကျန် ကာလတွေပါ ပေါင်းခံရမှာ။” “သမဒဂျီး ဦးသိန်းစိန်ဂ ငရဲမင်းဂျီး ဘဝကလာတာ၊ အဲဒီအုပဒေကို အခု နိုင်ငံရေးသမားတွေ ပျံလွှတ်တဲ့အခါ မလည်ရှုပ်လုပ် သုံးနေဒါ” သမဒဂျီးမှ သမဒဂျီး ဖြစ်နေသော ရွာသူားအချို့ မကျေမနပ် ဖြစ်သွားသည်။ ၁၅၀၀ဒံ ဆင်းမ်ကတ်ရ၍ ပျော်မဆုံးဖြစ်နေသူ အရီးလတ် အဆိုးဆုံးပင်.. ကြည့်အုံး ခွန်းတုံ့ပျံသည့် သူ့စဂါး.. “အိုး.. ငရဲပြည်ဂလာလာ အသူရကာယ်ပြည်ဂ လာလာ… စစ်ဗိုလ်တွေထဲမှာ သူအရိုးသားဆုံး.. နေပြည်တော်မှာ ဧကငါးရာရှိတဲ့ ခြံကြီးရယ်၊ ဒေါ်လာသန်းချီ တန်တဲ့ ဆန်စက်၊ သိုလှောင်ရုံ၊ မွေးမြူရေးခြံတွေရယ်ပဲရှိဒါ” “ကမ္ဘာအေးမှာ အိမ်ကြီးတလုံး ရှိပါသေးတယ်ဗျ” “အေးလေ စစ်တပ်ဦးပိုင်မှာလည်း ရှယ်ယာဝင်ထားတာ သိန်းဘယ်နှစ်သောင်းဆိုလဲ” “စင်ကာပူဘဏ်တွေမှာ အပ်ထားတဲ့ ဒေါ်လာဆယ်သန်း ဘယ်သွားထားတုံး” “ဒူဘိုင်းမှာ ဝယ်ထားတဲ့ ကွန်ဒိုတိုက်ခန်းကြီးဆို ဟီးထ နေတာပဲ၊ တလာကတောင် လန်ဒန်မြို့လယ်ဂေါင်မှာ အိမ်ထပ်ဝယ်သေးတယ်ဆိုလား” မှောင်ရိပ်ထဲမှာ ပွစိပွစိ အတင်းပြောသံများ ဆူညံထွက်လာသည်။ “အိုကွယ်.. ဒါတွေက သူ့သားသမီး နာမည်နဲ့ ဝယ်ထားတာတွေပါ၊ သမဒဂျီး ဂဒေါ်ဆို အငြိမ်းစားယူရင် မုန့်ဟင်းခါးတောင် ရောင်းအုံးမှာ” အိမ်ရောင်းရသဖြင့် ပွဲခမြိုးမြိုးမျက်မျက် ရထားသူ လန်ဒန်မြို့သား အရီးလတ် မလုံမလဲ ဖြစ်သွားသည်။ “ဟုတ်ပ၊ ဒါကြောင့်ထင်တယ် သမဒဂျီးဂဒေါ် ကုမ္မဏီထောင်ပီး ငါးဖမ်းထာ ပင်လယ်မှာ ငါးမျိုးတုံးသလောက် ဖြစ်နေပီ”

သဂျီးသဒင်းမှ သမဒဂျီးအတင်း ဖြစ်သွား၍ သဂျီးပေါဂွင့်ရပုပ်ကိုယ် ဦးရဲစည် ကြေငြာချက် အမြန်ထုတ်ရသည်။ “အဟမ်း.. ကောလာဟာဠတွေ မယုံဂျပါနဲ့.. သဂျီးအကောင်းပတိ ရှိပါသေးဒယ်။” “ဒါဆို သဂျီးခြောက်သွားဒဲ့ သတင်းငြင်းရဲလား။ ဟုတ်တယ် ပြောပါ၊ သဂျီးခြောက် မခြောက်” လူအများ တောင်းဆိုရာမှ ဆန္ဒပြပွဲကြီးအသွင် ဖြစ်သွားသည်။ မတတ်သာသည့်အဆုံး တရုတ်ပြည်တွင် အီတွန့်ဗွမ် သိုင်းသင်တန်း တက်ထားသော လူမိုက် ကြေးမုံဂျီးအား ခေါ်ယူလိုက်ရသည်။ ကြေးမုံဂျီးဂါး မိုက်တိမိုက်ကန်းနှင့် မစဉ်းမစား ရိုက်မည်နှက်မည် တဂဲဂဲ..။ အခုမှ ခက်ချေပီ.. တဂယ်ဒေါ့ သဂျီးအကြောင်း ဘယ်သူမှ မယ်မယ်ရရ မသိ၊ ဘယ်ရောက်နေမှန်းလည်း မသိ၊ သူ့တာဝံဂ သဂျီးကုန်းနေလျင် ပိုက်ဆံကျပျောက်၍..၊ မှောက်နေလျင် ရင်နာ၍…၊ မှုတ်နေလျင် သွားယား၍…. ဆင်ခြေဆင်လက် ပေးရန်သာဖြစ်သည်။ သူကိုယ်တိုင်ပင် တခါတခါ မယုံသင်္ကာ ဖြစ်မိ၏။ ဟုတ်တော့လည်း ဟုတ်သည်၊ ဒီပိုးဆိုတာမျိုးက အဖျောက်ရခက်သည်။ ဘယ်လာက်ဖုံးဖုံး ချက်ကောင်းသွားစမိလျင် ထောင်းဂနဲ ထလာတတ်သည်။ ရွာထဲသို ဖြိုးဒစ်ချူဆိုသူ ရောက်လာပီးကထဲက သဂျီးပုံစံပြောင်းသည်။ နဂိုထဲမှ ဂဏှာမငြိမ် မိုးပျာမှ မာမူ ယခုနောက်ဆုံး မာမီဖြစ်ချေပြီတမုံ့..။

သဂျီးကား မတုန်လှုပ်.. အင်းမလုပ် အဲမလုပ်.. မသိ၊ မမြင်၊ မကြားသည့်အလား နေနိုင်လွန်းလှသည်။ နောက်မှ သိရသည်.. သူချောက်မြို့သွားဂျင်းအား ခြောက်သွားသည်ဟု အထင်မှားဂျဂျင်းဗင်….. ကဲ့ရဲ့ ခုနှစ်ရက်၊ ချီးမွှမ်း ခုနှစ်ရက် ထုံးနှလုံးမူနိုင်သော လောဂဓံတရား နားလည်သည့် သူဒေါ်ဂေါင်းဂျီး အယာရှည်မလာ ခိုမ်မေနီအား ပြစ်မှားမိပီ..။ သဂျီးဂါး ဝမ်းသာဝမ်းနည်းဟန် မပြ.. ကုန်းမြဲကုန်း မှောက်မြဲမှောက် မှုတ်မြဲမှုတ်လျက်သာတီး..။ ၍စာဇုဖြင့် သူဒေါ်ဂေါင်းဂျီး ရှာပွတ် မာမွတ်ခိုမ်အား အကျွန်ုပ်ကြောင်ကြီး ဝမ်ချတောင်းဗံပါ၏။။။။။

ငယ်ငယ်လေးထဲက နို့မကြိုက်တဲ့ သဂျီး..

ငယ်ငယ်လေးထဲက နို့မကြိုက်တဲ့ သဂျီး..

 

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 646 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး