ဆိုးရွားလိုက်တဲ့ ကော်နက်ရှင် ဂူကယ်လေးတောင် မတက်ချင်
ရာဟူးဆို ဝေလာဝေး လုံးဝမတက်ဘူးလေး
ဖေ့ဘုတ်လေးရော ကောင်းသလားဗျာ အတူတူနဲ့ အနူနူပါ
ကွက်လပ်တွေတာ များတယ်ဟေ့ ဘာကိုကြည့်မလဲလေး
ဒါဆိုရင် မေးလ်စစ်မယ် ဂျီမေးလ်ဖွင့်စမ်းကွယ် သူတော့တက်တယ် တက်တယ်ကွဲ့ ဒါပေမယ့်လဲ လုတ်ဒင်း(LOADING)တဲ့
ဒါဆိုရင်လဲ အပျင်းပြေ ယူကျွတ်ကြည့်မယ်ကွယ် အဲဒါကပိုဆိုးသေး နက်ဝပ် အဲဒါ(Network Error)လေး
အဲလိုဆိုရင် ဂျီတော့ဝင် ကြူကြူစိန် လုပ်မယ်ခင်
ဒါပေမယ့်လဲ စိတ်ပျက်စရာ စာတွေမရောက်ပါ
ကြိုးကြိုးစားစား သုံးရမှာ မြန်မာအင်နက်တာပါ
စိတ်ရှည်သည်းခံ သုံးရမယ် မြန်မာအင်တာနက်ကွယ်
ချော့မော့သုံးစွဲ ငွေကုန်သတဲ့ အဲဒါ မြန်မာအင်တာနက် :P
(အပျော်သဘောပါ)

About မောင် ဆင်ကြီး

မောင် ဆင်ကြီး has written 7 post in this Website..