ငါ….

ေ႐ႊဂ်ဴးAugust 5, 20131min27217

ဂဘောက်တိ ဂဘောက်ချာအတွေးတွေနဲ့

ငါ အသည်းကွဲနေတာလား…

ငါ ဝမ်းနည်းနေတာလား…

နောက်ပြန်တွေ့ရမယ့် အခွင့်အရေး

နည်းသွားပြီဆိုတာကြောင့်လား…

ငါ…. နင်နဲ့ အစကတည်းက မခင်ခဲ့မိရင်

ငါ… နင်နဲ့ အစကတည်းက မသိခဲ့ရင်

ငါ… ခုနေ ဘယ်လိုများနေမလဲ

ဒါပေမယ့် ငါ… နင်နဲ့ သိခဲ့ ခင်ခဲ့ရတဲ့အတွက်

နောင်တမရဘူး… ဝမ်းမနည်းဘူး…

ငါ နင်နဲ့ သိခဲ့ရတဲ့အတွက် ဝမ်းသာပါတယ်… ပျော်တယ်…

ဒါပေမယ့် ရုတ်တရက်ကြီး ပျောက်သွားတော့

ရင်ထဲကနေ တစ်ခုခုကို ဆွဲထုတ်ခံလိုက်ရသလိုကြီးနဲ့

မျက်ရည်တွေ လည်နေမိတယ်…

ငါ…

 

17 comments

  • အစားများများစားပေးပါ သူငယ်ချင်း.. ဆွဲထုတ်ခံလိုက်ရတာတွေ ပြည့်သွားပါလိမ့်မယ်… 🙂

    • မွေ့ကေသာ

      August 5, 2013 at 1:18 pm

      အစားလည်း များများစားပါတယ် သူငယ်ချင်းရယ်…
      ဒါပေမယ့်… ခုထိ ဟာတာတာကြီး…..

  • Mr. MarGa

    August 5, 2013 at 1:47 pm

    လည်နေတဲ့ မျက်ရည်တွေကို သိမ်းပလိုက်
    ဒါနဲ့ စကားမစပ်
    ဒီလို ကဗျာလိုလို စာလိုလိုလေးတွေကို ကဗျာပြခန်း မပို့ချင်ဘူးလား လို့

  • ရွှေဂျူး

    August 5, 2013 at 1:51 pm

    ဟုတ် ပို့ချင်ပါတယ်… ဒီနေ့မှ ရွာထဲပြန်ဝင်ဖြစ်တော့ ရွာကွန်းဖရင့်ရော.. ကဗျာပြခန်းရော ခုမှ တွေ့ဖြစ်တော့
    ဝမ်းတောင်နည်းတယ်… မသုံးဖြစ်လို့…
    ကဗျာပြခန်းကို ဘယ်လိုများ ပို့ပေးရမလဲဆိုတာလေး ပြောပြပေးပါ… 🙂

    • Mr. MarGa

      August 5, 2013 at 2:15 pm

      alinsett.art@gmail.com ကို ပေးပို့နိုင်ပါကြောင်း
      ကဗျာများ ပေးပို့ပြီးရင်တော့ ရွာထဲကို ကြိုမတင်ဖို့ မေတ္တာရပ်ခံချင်ပါကြောင်း

      လေးစားစွာဖြင့်
      ဦးမာဃ (ခေတ္တ လူ့ပြည်)

      • ခင် ခ

        August 5, 2013 at 2:48 pm

        ကြိုမတင်နဲ့ဆိုလို့ ပြခန်းတွင်ဖော်ပြပြီးလဲ ထိုပြခန်းဖော်ပြနေစဉ် ရက် ကာလ မှာလည်း မတင်စေချင်ပါဗျ။ ဘာလို့လဲဆိုတော့ ကဗျာဗုတ်ရွေးနေချိန် ဘယ်သူရေးတယ်ဆိုတာကို ကဗျာအဖွဲ့ က ဖော်ညွှန်းမထားတာ ပြခန်းတွေမှာ လေ့လာမိထားလို့ပါ။

        • အလင်းဆက်

          August 5, 2013 at 5:34 pm

          လေးခ ပြောတာလည်း အမှန်ပါပဲ ။
          လေးခ ရေ ကျေးကျေး

          =========
          ရွှေဂျူးရေ
          ကဗျာလေးတွေ ရေးပို ့
          ကူညီပါဦးနော့
          alinsett.art@gmail.com

      • အလင်းဆက်

        August 5, 2013 at 3:47 pm

        သကြား ပြောသလိုပါပဲဗျာ
        ======
        ပြခန်းဆီကို ပို ့လိုက်တဲ့ ကဗျာကိုပဲ
        တပြိုင်တည်းမှာ ပိုစ့်အနေနဲ့ ကိုယ့်ဘာသာ တင်လိုက်တဲ့အခါ
        ကျွန်တော်တို ့က
        ပြခန်း မှာ နာမည်ဖျောက်ပြီး ဗုတ်လုပ်ရတော့
        နည်းနည်း
        အခက်တွေ ့သွားတတ်လို့ပါ ။

        ပြခန်းက ကြိုဆိုပါတယ်

  • ရွှေဂျူး

    August 5, 2013 at 2:58 pm

    ဟုတ်ကဲ့ပါ လေးလေးခ
    ကျေးဇူးတင်ပါသည်…

  • မဟာရာဇာ အံစာတုံး

    August 5, 2013 at 3:05 pm

    ရင်ထဲကနေ တစ်ခုခုကို ဆွဲထုတ်ခံလိုက်ရသလိုကြီးနဲ့ …
    ဆိုတော့ကာ .. ဟာတာတာကြီး နေမှာပေါ့နော် ..
    ဒါပေမယ့်ဗျာ …
    အချိန်ကာလ တစ်ခုမှာတော့ ဒီဒဏ်ရာတွေဟာ …
    အမာရွတ် အဖြစ် ကျန်ရစ်နေခဲ့ရင်တောင်မှ ..
    အနာတော့ ပျောက်သွားမှာပါ …
    အချိန်ဆိုကာ အကောင်းဆုံး ဆေးဆရာပါပဲ …

  • KZ

    August 5, 2013 at 3:27 pm

    ဪ။
    “ငါ” ကလေး သနားစရာ။ 🙁

    • ရွှေဂျူး

      August 5, 2013 at 3:59 pm

      ဟုတ်… အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…

  • ဦးကြောင်ကြီး

    August 6, 2013 at 9:56 am

    ဝမ်းအနည်းနဲ့ ဦးကြောင် တယောက်လုံးရှိဒယ်… အဲဒီကောင် ဗိုက်ထဲ အသဲနှလုံး အရှိးဗူး.. ချီးဗဲရှိလို့နေမှာ… အငိုနဲ့နော် တိတ်တိတ်.. ဦးကြောင် ဘာကျွေးရမလဲ… 😳

    • ရွှေဂျူး

      August 6, 2013 at 10:55 am

      ကျေးဇူးပဲ ဦးကြောင်ရေ…
      ဝမ်းနည်းနေတာတွေ နည်းနည်းတော့ လျော့သွားပါပြီ

      • မဟာရာဇာ အံစာတုံး

        August 6, 2013 at 11:06 am

        ဘာဒုန်းဂျ ..
        ခညားဂ ကျုပ်က ရီပလိုင်း မလုပ်ဘူးးး
        သူညားဒွေဂျဒေါ့ အတုန် ရီပလိုင်း လုပ်ထားဒယ် …
        ကျေနပ်ဘူးးးး
        အာဘွားပေး .. အဲ .. ဟုတ်ဘူးးး
        :mrgreen:

        • ရွှေဂျူး

          August 8, 2013 at 11:45 am

          အဲ့လိုအဟုတ်ရပါဝူး ဦးဦးအံဂျာဒုန်းရယ်…
          ဒါပေမယ့် ခက်ဒါက အဲ့အမာရွတ်က ခုချိန်ထိ လတ်လတ်ဆတ်ဆတ် ဟစိဟစိ ဖြစ်နေတုန်းပါ..လို့ ပြန်ပြောထားပါဒယ်…
          ကွန်နက်ရှင် မကောင်းလို့ ဝင်မသွားဒါပါ… 🙂

  • ဦးကျောက်ခဲ

    August 7, 2013 at 10:50 am

    သံယောဇဉ် မတွယ်မိအောင် ကြိုးစားပါ ငါ လေးရယ်…
    🙂

Leave a Reply