မထင်မှတ်ဘဲ ဖတ်ခွင့်ကြုံလိုက်ရတဲ့ မြန်မာသတင်းစာ

manawphyulayAugust 6, 20131min22612

ရွာသူရွာသား အပေါင်း မင်္ဂလာနံနက်ခင်းပါရှင်။ အလုပ်မအားလို့ ရွာထဲမရောက်တာကြာပေမယ့် ရွာသူဟောင်းလို့ ယခုချိန်တိုင် မနောကိုယ်တိုင် ခံယူထားတဲ့အတွက် အမြဲသတိရနေကြောင်းနှင့် အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း အမြဲဆုတောင်းမေတ္တာပို့သလျှက်ပါရှင်။ ယနေ့မနက် အလုပ်စောစောသွားရတာဆိုတော့ ထုံးစံအတိုင်း Taxi တစ်ပတ်တစ်ရက် စုငှားဖြစ်တဲ့အလုပ်က အစ်မနှင့်အတူ ကားငှားလာပါတယ်။ မနက်ထဲက ကျက်သရေရှိစွာဖြင့် လမ်းကြောတွေ ချောင်နေပေမယ့် ဘုရင့်နောင်မီးပွိုင့်မှာတော့ ထုံးစံအတိုင်း မီးပွိုင့်မိတုန်းလေး ဂျာနယ်တွေ သတင်းစာတွေ လိုက်ရောင်းတဲ့သူဆီက ကားသမားက ဂျာနယ်တစ်စောင်ကို ၁၀ဝ နဲ့ ဝယ်လိုက်ပါတယ်။ မနောကတော့ ခုဆို ဖတ်စရာတွေ အရမ်းပေါလာတယ်နော်။ နေ့စဉ်ထုတ်သတင်းစာတွေနဲ့ ဂျာနယ်တွေ ပလူပျံနေတော့ သတင်းတွေကတော့ ထပ်နေတယ်လို့ ပြောမိပါတယ်။ ကားသမားက သူစာစောင်ဝယ်ရခြင်းအကြောင်း ရှင်းပြပါတယ်။ ကျွန်တော်ဝယ်တာ ဖတ်ဖို့မဟုတ်ဘူးတဲ့ ကားမှန်သုတ်ဖို့လို့ ပြောပါတယ်။ ဒါဆိုရင် မသုတ်ခင် ခဏယူဖတ်မယ်နော်ဆိုပြီး ဂျာနယ်အတွင်းမှာပါတာတွေ စိတ်ဝင်တစား ဖတ်နေရင်းနဲ့ ပိုပြီး ဖတ်ချင်စရာ ဆောင်းပါးတစ်စောင်ကို သွားတွေ့မိပါတယ်။ သူဝယ်လိုက်တာက အင်ပါယာ နေ့စဉ်ထုတ် စာစောင်ဖြစ်ပါတယ်။ ဖတ်ချင်စရာ ခေါင်းစီးကြီးက ထင်းနေတဲ့ အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်မှ ရေးသားပေးပို့တဲ့ စာရေးဆရာ ဆောင်းဝင်းလတ်ရဲ့ မထင်မှတ်ဘဲ ဖတ်ခွင့်ကြုံလိုက်တဲ့ မြန်မာသတင်းစာဆိုတဲ့ ခေါင်းစည်းနဲ့အတူ ရတနာပုံနေပြည်တော်သတင်းစာဆိုတဲ့ ဒေါင်းတံဆိပ်နဲ့အတူ ထုတ်ဝေသည့်အကြောင်း၊ စာစောင်တွင်းပါဝင်သည်များကိုလည်း ဖွယ်ဖွယ်ရာရာ စုံလင်စွာဖြင့် သေသေချာချာ မနောကို လှမ်းပို့ပေးသလို ဖတ်ရှုလိုက်ရတဲ့အတွက် ယနေ့မနက်ရဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံသွားပါကြောင်း ပြောကြားရင်းဖြင့် ယနေ့ထုတ် အင်ပါယာစာစောင်ရဲ့ စာမျက်နှာ ၁၂ ကို ရွာသူရွာသားအပေါင်း ဖတ်ရှုစေချင်ကြောင်း သတင်းကောင်းပေးအပ်လိုက်ပါရသည်။

IMG_9762

IMG_9763

12 comments

  • ဦးကြောင်ကြီး

    August 6, 2013 at 9:53 am

    ဖတ်အရဗူး.. ဘယ်ဂျာနယ်လဲ.. နာမည်ပြော.. ဒေါင်းဖို့လင့်ခ်ပါပေး..

  • လင်း ထက်

    August 6, 2013 at 10:07 am

    ဆိုလိုချင်တာဘာမှန်းမသိပေမဲ. 12 points ရအောင် comments ဝင်ရေးလိုက်ပါသည်…..ဟီး………….

  • e tone

    August 6, 2013 at 11:07 am

    လက်သည်းနီတွေ စင်အောင်ဖျက်နော် … လက်သည်းမှိုစွဲတတ်တယ် … ။
    တကိုယ်လုံး လှနေပြီး လက်သည်းလေးတွေ မလှတော့မှာ စိုးရိမ်လို့ပါ ။ :mrgreen:
    (ဟီး … ကြည့်တာတော့ သတင်းစာပဲ … မြင်သွားတာ တခြား 😆 )

    • manawphyulay

      August 6, 2013 at 12:39 pm

      ဟုတ်ကဲ့ပါ မမရယ်… အလုပ်မအားတော့ လှဖို့ပဖို့လည်း မလုပ်နိုင်သေးဘူး ညီမရေ….. ဟွန်းနော် ကောင်မလေး ဒီကိုကြည့်ရင် ဟိုကိုရောက်တယ်…. http://myanmargazette.net/wp-includes/images/smilies/feel_good.png

  • kyeemite

    August 6, 2013 at 11:36 am

    ဖတ်လို့ရအောင်တင်ပေးတာမဟုတ်ဘူးဗျာ…

    • manawphyulay

      August 6, 2013 at 12:41 pm

      ဦးကြီးမိုက်ရေ သေသေချာချာ ရိုက်ပြီး ပြန်တင်ပေးလိုက်ပါပြီရှင်။

  • Ma Ei

    August 6, 2013 at 11:57 am

    ဖတ်လို့လဲမရဘူးမနောလေးရေ…
    သတင်းစာကို ကားသမားက မှန်သုတ်ဖို့ဝယ်တာဆိုတော့
    အဲ့ဒီစာမျက်နှာလေး တောင်းခဲ့ပြီး သေချာရိုက်တင်ပေးရမှာ…
    🙂

    • manawphyulay

      August 6, 2013 at 12:40 pm

      Ma Ei ရေ ဖတ်ဖို့ အဆင်ပြေအောင် ပြန်တင်ပေးလိုက်ပြီနော် မနောလည်း ဖတ်ပြီး သိမ်းထားချင်လို့ ဒီပြင် သူဆီက ထပ်ပြီး တောင်းထားပါတယ်။

  • TNA

    August 6, 2013 at 12:38 pm

    မန်းဂေဇက်သတင်းစာအကြောင်းဂျာနယ်ထဲပါလာတာဝမ်းသာစရာပါ။

  • အလင်းဆက်

    August 6, 2013 at 6:12 pm

    ရှာဖတ်မယ်..ဗျာ..
    သတင်းပေးချက်အတွက်…
    ကျေးကျေးဘာ..

  • padonmar

    August 6, 2013 at 9:09 pm

    ရှာကြည့်မယ်မနောရေ၊
    မနက်ဖန်ကျမှဝယ်ရင် ရပါ့တော့မလားမသိ။

  • Mr. MarGa

    August 6, 2013 at 10:52 pm

    ဖတ်ချင်လွန်းလို့ ထွက်တိုင်း ebook ရှာနေမိတဲ့ သတင်းစာပါလား….

Leave a Reply