မန်နေဂျာနှင့်………သူ့လူများ ….

fattyAugust 2, 20101min612

တကယ်ဆိုဒီခေါင်းစဉ်လေးက ကိုပေါက် မ န္တလေး ရေးတဲ့ဒီလောက်ရလို့ဒီလောက်လုပ်မှာလား….ဆိုတဲ့အကြောင်းအရာကိုဆွေးနွေးဘို့ပါ။ ……….

ကျနော်အချိန်ပေးပြီရှာျကြည့်ပါသေးတယ်။ မတွေ့သေးပါဘူး။ ကိုပေါက် က ကျေးဇူးပြုပြီး link လေးပေးရင်တော့လွယ်လွယ်နဲ့ရှာနိုင်မှာပါ။ ဒါမှမဟုတ် comment ပြန်တင်ပေးလိုက်ရင် ဆောင်းပါးလေးကရှေ့ရောက်လာမှာပါ။ ကိုပေါက်ရဲ့ဆောင်းပါးကိုမဖတ်ရသေးတော့ အကြမ်းဖျင်းခြုံငုံပြီးဆွေးနွေးကြည့်တာပေါ့ဗျာ။  ဒီနေရာမှာစကားပလ္လင်ခံပါရစေအုံး ……။

အကြောင်းအရာတခုကိုတဲ့တဲဆွေးနွေးတာထက်..သူများတွေဖတ်ရင်းလဲ စိတ်ဝင်စားမှုရှိအောင် ဖတ်မိသူများလဲ မှတ်ရသားရအောင် ..ယေဘူယျအားဖြင့်သာရေးကြည့်ရအောင်ပါ။ ကိုပေါက်ကခေုအလုပ်မှာ ၁၅ နှစ်တောင်ရှိပြီဆိုတော့ company မြဲတဲ့သူလို့ပြောလို့ရပါတယ်။ GM level Section head level, Manager level လောက်ကိုင်တွယ်နေရပြီထင်ပါတယ်။

Manager တဦးဟာ Company ရဲ့အသက် ၊ သူရဲကောင်းပါ။သူရဲ့လုပ်ရည်ကိုင်ရည် ဆုံးဖြတ်နိုင်တဲ့စွမ်းရည် ..သူ့ရဲ့ leadership ability ဟာသိပ်ကိုအရေးပါ ပါတယ်။ Manager တဦးဟာ သူ့အောက်ကဝန်ထမ်းတွေရဲ့ကိစ္စအဝဝကို တာဝန်ယူရပါလီမ့်မယ်။ …အဓိက ကတော့ကိုယ်အောက်ကဝန်ထမ်းတွေဟာ ..တကယ်ကြိုးစားပမ်းစားအလုပ်လုပ်သူတွေရှိသလို နဲနဲလူလည်ကျပြီးချောင်ခို ဘေးထိုင် အတင်းပြော ( ကိုပေါက်ပြောသလိုဆိုရင် ဗျောက်အိုးဖေါက်နေသူများ ) လဲရှိမှာပေါ့။

ပထမဆုံးတော့ ….Manager တဦးဟာ ဝန်ထမ်းတွေကိုအမျိုးအစားခွဲကြည့်ပါ။ …….

ဥပမာဗျာ …

R1 = no ability, no willingness

R2 = no ability, willingness, confidence

R3 = good ability, no willingness, insecure ( no confidence )

R4 = ability, willingness …….စသဖြင့်ပေါ့။  အဲဒီမှာ R4 ကိုရွေးပြီးအရေးကြီးတာဝန်ပေးရမှာပါ။ ဒါမှမဟုတ် အများလုပ်ချင်တဲ့တာဝန်တခုကို ချောင်ခိုတတ်တဲ့ဝန်ထမ်းကိုထည့်မတွက်ဘဲ တခြားတယောက်ကိုတာဝန်ပေးလိုက်ရင် သူဟာအလိုလိုစိတ်ဓါတ်ကျလာပါလိမ့်မယ်။ငါအပယ်ခံ့ဖြစ်နေပါပြီလားဆိုပြီး feel ဖြစ်သွားပါလိမ့်မယ်။

နောက်တခုက မန်နေဂျာတဦးဟာ divide and rule method ကိုလဲကျင့်သုံးကောင်းကျင့်သုံးရပါလိမ့်မယ်။အထူးသဖြင့်ကိုယ့်အောက်မှာဝန်ထမ်းများတဲ့ manager ပေါ့။ ဝန်ထမ်းတွေကိုမသိမသာအုပ်စုခွဲပေးထားပြီး သတင်းရယူတဲ့နည်းပါဘဲ။ ဝန်ထမ်းတွေအားလုံးညီညွတ်ရင် manager ခံရမဲ့အပေါက်ပါဘဲ။ စဉ်းစားမိကြမှာပါ။

ပြီးတော့မန်နေဂျာ တဦးဟာ ဝန်ထမ်းတွေရဲ့လိုအပ်မှု need level ကိုလဲသိနေရပါမယ်။ အဲဒါမှ motivate လုပ်ပေးနိုင်မှာပါ။

2 comments

  • လင်းဝေကျော်

    August 2, 2010 at 10:36 am

    ိသွေးခွဲပြီး အုပ်ချုပ် စီမံတယ် ဆိုတာ ကတော့ မကောင်းပါဘူး။

    အောက်မှာ လူများရင် လက်ထောက် ထားပြီး လက်ထောက် တာဝန်ကို ကျေအောင် အုပ်ချုပ်ခိုင်းရမှာပါ။

    အဖွဲ့အစည်းအတွင်းမှာ သွေးခွဲ ထားတာ ဟာ Organization ရဲ့ Mission ကို ထိခိုက်စေနိုင်ပါတယ်။

  • fatty

    August 2, 2010 at 12:47 pm

    အမှန်ကတော့ မကောင်းပါဘူး …ဒါပေမဲ့အဲဒါဟာ management theory တခုပါ။

Leave a Reply