ငါဟာ ငွေမက်တဲ့သူမဟုတ်ဘူး

ငါမင်းကို အရမ်းချစ်ခဲ့တာပါ

ငါမင်းကို မချစ်ခဲ့တာမဟုတ်ဘူး

ငါ့ရင်ထဲကို မင်းမမြင်ခဲ့တာပါ

ငါမင်းအပေါ် ဂရုမစိုက်တာမဟုတ်ဘူး

ငါ့ဂရုစိုက်မှုတွေကို မင်းမခံစားတတ်ခဲ့တာပါ

မင်းစည်းစိမ်တွေကြောင့် မင်းအနားမှာငါနေတာမဟုတ်ဘူး

မင်းကိုချစ်တဲ့စိတ်နဲ့ မင်းနံဘေးမှာ ငါရှိနေချင်တာပါ

မင်းငါ့ကိုလက်ညိုးထိုးပြီး ပိုးစိုးပက်စက်ပြောခဲ့တယ်

ဘယ်လောက်ပြောပြော ငါခံနိုင်ရည်ရှိပါတယ်

ဒါပေမဲ့ ငါ့အချစ်ကို ပျက်ရယ်မပြုပါနဲ့

ငါ့ကို ငွေမက်တဲ့သူလို့မပြောပါနဲ့

ငါဟာ ငွေမက်လို့မင်းကိုချစ်ခဲ့တာမဟုတ်ဘူး

ငါဟာ စည်းစိမ်ချမ်းသာလိုချင်လို့ မင်းအနားနေခဲ့တာမဟုတ်ဘူး

ငါ့ရင်ထဲမှာ မင်းအပေါ်ချစ်စိတ်တစ်ခုတည်းရှိတာပါ

ကျေးဇူးပြုပြီး

ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့

ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့

ငါ့ကိုငွေမက်တဲ့သူလို့ မပြောပါနဲ့

About Yan Nyein Thu

Yan Nyein Thu has written 3 post in this Website..