ရှစ်လေးလုံး..အရေးတော်ပုံ..နှင့်…..
ဒီကနေ့  အလုပ် နားရက်ဖြစ်တာကြောင့်…
ဘယ်ကို သွားရမလဲ..
ဘာလုပ်ရမလဲ… ဆိုပြီး..အစီအစဉ်ဆွဲတော့…
၁ ။ ဂဇက် စာပေဆုရ စာမူများ / ကဗျား.စုစည်းထုတ်ဝေ ထားတဲ့ ..
စာအုပ်ကလေးတစ်အုပ်…
ဆရာမ၀င့်ပြုံးမြင့်ဆီကို ပို့ ရမယ်..။
၂ ။ ကျန်းမာရေးအတွက်.. ဆရာဝန်ဆီ သွားရမယ် …။
၃ ။…….. ??????
အစီအစဉ်က..သုံးခုလောက်မှ..တစ်နေ့တာ နားရက်က တန်မှာ..။
ဘာ ထပ်လုပ်ရမလဲ…
ဘယ်သွားရမလဲ……
တွေးလိုက်တော့…..
MCC မှာ… ရှစ်လေးလုံးအရေးတော်ပုံကြီး ငွေရတုရန်ပုံငွေ ပွဲတော်..ရှိတာကို.. တွေးမိသွားတယ် ။
မနေ့က သတင်းဂျာနယ်တစ်စောင်မှာ.တွေ့လိုက်တာ…။
6 / 7 / 8 သုံးရက် ဆိုတော့.. ဒီနေ့မှ စတာ…။
လူရှုပ်ရှုပ် များများကြားဆို..သိပ်မသွားချင်တဲ့.. အတွက်..
ဒီနေ့.. လူရှင်းမယ် ထင်ရတယ်..။
လူမရှုပ်မယ့်အချိန်လည်း..ဖြစ်အောင် နေ့လည် ဘက်သွားမယ်..ဆိုပြီး….စီစဉ်လိုက်ပါတယ် ။
———————————-
ဆရာမ၀င့်ပြုံးမြင့်ဆီကို.. စာအုပ် ကလေး…စာတိုက်ကနေ ပို့ …….
ဆရာဝန်ဆီ ကိုယ့် ကျန်းမာရေးလေး..သွားပြ…..
ပြီးတာနဲ့ … MCC ကို အပြေးလေး သွာလိုက်ပါတယ် ။
———————————-
ပွဲတော်မှာ.. မြင်ခဲ့ ရသမျှ ကို.. ပုံရိပ်ကလေးတွေ…
ယူလာပါတယ် ။
မရောက်ဖြစ်သူတွေ.. အတွက်..
ပုံရိပ်လေးတွေ.. တင်ပြပေးလိုက်ပါတယ်..။
ပုံတွေက..အများကြီး..ရိုက်ခဲ့ပေမယ့်…
သင့်တော်ရာလောက်ပဲ…ရေးချယ် တင်ပြလိုက်ပါတယ်…။
ပုံ ရိုက်တဲ့နေရာမှာ…
ကိုယ့်လက်ကို ခုတ်ဖြတ်ချင်လောက်အောင်…
တော်သူမို့ ..
သည်းခံပြီးသာ…ကြည့်ကြပါ…
ချစ်သော.. ရွာသူားတို့ရေ…

အ၀င်ဝ မရောက်ခင်…

သံဃာတွေလည်း..လာကြတယ်

စည်ကားတဲ့ နေရာလေး…

ငွေရတုတိုင်ခဲ့ပြီ…
ဆိုပေမယ့် မနေ့နိုင်ပါဘူး….။

ပန်းချီကားတွေ … ကာတွန်းပြကွက်တွေ…ကဗျာစာသားတွေ ရှိတဲ့ ပြခန်း

စိတ်ဝင်တစား ကြည့်ရှုခံစားကြပါတယ်…

ခန်းမကြီးထဲမှာ…..

နိုင်ငံရေး…စိတ်အားထက်သန်သူတွေ…

ရံပုံငွေ အရောင်းဆိုင်တန်းလေး..

နိုင်ငံ့အရေးဆိုင်ရာ စာအုပ်လေးတွေလည်း..ရောင်းပါတယ်

ထောင်သက် 13 နှစ် / ကိုယ်တိုင်ရေး…ကိုယ်တိုင်ရောင်း

ရှစ်လေးလုံး အရေးတော်ပုံ လှုပ်ရှားမှု ပုံရိပ်များ ပြခန်း

ကြက်သီးထလာတဲ့အထိ ဖြစ်ရပ်မှန် ပုံရိပ်တွေက..သွေးဆူလာစေတယ် ။

မကြည့်ရက်စရာ မြင်ကွင်း ၁

မကြည့်ရက်စရာ..မြင်ကွင်း ၂

အကျဉ်းထောင် အခန်းငယ် (ပုံတူ )

ဓါတ်ပုံကိုမှ ဓါတ်ပုံပြန်ရိုက်ခဲ့တာ…။

ဒါလည်း.. လေ့လာသင့်တဲ့  လူငယ်တွေအတွက်..နေရာပဲ
အလင်းဆက်ရေ…စိတ်မကောင်းစရာမြင်ကွင်းလေးပါလား…
အေးလေ…တကယ့်ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေမဟုတ်ပါလား…
ဒီအချိန်တုန်းက တို့ရဲ့အသက်၂၈နှစ်ရှိနေပါပြီ…
ဖြစ်ချင်တော့အရေးအခင်းရက်ထဲ ရန်ကုန်မှာရှိနေလို့
အချို့ဖြစ်ရပ်တွေ ကိုယ်တိုင်မြင်တွေ့ရတာတွေရှိခဲ့ဘူးပါတယ်……….
Was this answer helpful?
LikeDislikeပုံတွေ မြင်ရတာတောင်.. အခုလောက်..
ရင်နာနေရတယ်…
ဆိုတော့…
ကိုယ်တိုင်များ..ကျွန်တော်မြင်ရရင်.. ရူးသွားမလားပဲ.. ။
ကိုရင်မောင်ရေ့ …
Was this answer helpful?
LikeDislikeဘာဆိုဘာမှ မပြောလို
ကြည့်ကာရှုကာပဲ
ထိုအချိန်က မြင်ကွင်းများကို မှန်းမျှော်ရမ်းဆကာ တမ်းတလို့
ရဲရဲတောက် တာဝန်ကျေခဲ့သူများကို ဦးညွှတ်သွားပါကြောင်း
Was this answer helpful?
LikeDislikeဟတ်ုတယ်..သကြားရယ်..

နာလည်း..
အဲဒီ အချိန်တုန်း က.. တစ်နှစ်သား ပဲ.ရှိသေးတော့…
ငါ့သွေး ရဲကြောင်း..မပြလိုက်ရဘူး ။
အဲ….
===============
နီ့ လိုပါပဲ ။
Was this answer helpful?
LikeDislikeလူစိတ်မရှိသူတို့ရဲ့  ရက်စက်ယုတ်မာမှုပွဲတော်ကြီး၂၅နှစ်တိုင်ခဲ့ပြီပေါ့နော်။
Was this answer helpful?
LikeDislikeဟုတ်ပါ့…ဗျာ..။
ပြန်တွေးတိုင်းရင်နာတယ် ။
Was this answer helpful?
LikeDislikeစိတ်နာစရာ အတိတ်သမိုင်းမို့ ပြန်မစဉ်းစားချင်တော့ပါဘူး…

ဂျီ-3 ဂျီ-4 ဘယ်လောက် ယမ်းအားပြင်းတယ်ဆိုတာ ကိုယ်တွေ့…
အရေးအခင်းတုန်းက နံရံကပ်စာစောင်တွေ တစ်ကွက်ကာထွန်းတွေ…
ပြန်ဖတ်ချင်သားဗျာ…
Was this answer helpful?
LikeDislikeအဲဒီနံရံကပ်စာစောင်တွေထဲ.. မြို့ထဲတလျှောက်ကပ်သွားဖူးတဲ့.. ထိပ်တန်းလျှိ့ဝှက်ဆိုတဲ့.. ဦးနေ၀င်းနဲ့.. မဆလ နဲ့စစ်တပ်ကထိပ်တန်းခေါင်းဆောင်တွေရဲ့လျှို့ဝှက်အစည်းအဝေးတခုအကြောင်းရေးထားတာ သတိရမိတယ်..
အဲဒီအစည်းအဝေးမှတ်တမ်းအရ… အာဏာသိမ်းမယ်..။ ရွေးကောက်ပွဲလုပ်မယ်..။ ရွေးကောက်ပွဲရှုံးရင်အာဏာမလွဲပဲနေမယ်..။ ရွေးကောက်ပွဲထပ်လုပ်မယ်.. ဆိုတာလေးမှတ်မိတယ်..။
ဖတ်ဖူးကြသလား.. မသိ..။ :buu:
Was this answer helpful?
LikeDislikeဖတ်ဖူးတယ် ဆေးရုံကြီးရှေ့က ဘုတ်တွေမှာ ကပ်ထားတာ…

ဦးမောင်မောင်နဲ့ အချိုသပ်မယ်၊ မရရင် အာဏာသိမ်းမယ်ဆိုတာ…
ဒါပေမယ့် အဲသည့်အချိန်က ရွှေပေလွှာတွေ ပလူပျံနေတာမို့…
မျက်စေ့ရှေ့က အမှန်တရားကို ဘယ်သူမှ မမြင်လိုက်ကြဘူး…
စိတ်နာချက်ကတော့…
ဦးအောင်ဆန်းဦးကို ခေါင်းဆောင်ဖို့ အားလုံးက မျှော်ကြတာ…
Was this answer helpful?
LikeDislikeမဖတ်ဖူး ပါ ။

Was this answer helpful?
LikeDislikeအဲဒီ မှာ.ပြခန်းတွေ အများကြီး..
နံရံကပ် စာစောင်တွေ လည်း..ပါတယ် ။
အဲဒီတုန်း က ထုတ်ဝေခဲ့တဲ့  သတင်းစာတွေ..စာစောင်တွေ …အများကြီး .ပြထားတယ်..ဦးကျောက်ရေ..
Was this answer helpful?
LikeDislikeမရောက်ဖြစ်နိုင် ခဲ့တဲ့သူတွေအတွက် share ပေးလို့ ကျေးဇူးပါ
Was this answer helpful?
LikeDislikeဟုတ်ကဲ့ဗျ ။
မေ၇ာက်ဖြစ်တဲ့  သူတွေအတွက်.. သတင်းလည်း ဟုတ်..ဓါတ်ပုံ လည်း .ဟုတ်..ဆိုတော့…
တင်ပြရကျိုး နပ်ပါကြောင်း…
Was this answer helpful?
LikeDislikeကျေးဇူးပါ အလက်ဆင်းရေ။
မသွားနိုင်တဲ့ နေရာရဲ့ ပုံရိပ်လေးတွေ တွေ့ရလို့။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ .. ။

Was this answer helpful?
LikeDislike“စစ်တပ်ဆိုတာ မိုးပေါ်ကို ထောင်ပစ်တာမဟုတ်ဘူး တည့်တည့်ပစ်တာ´´ လို့ နောက်ဆုံးတိုင်းပြည် မိန့်ခွန်းမှာ မောင်နေ၀င်းက ထဲ့ပြောပြီးချိန်းခြောက်သွားခဲ့တယ်။ နောက် စစ်အစိုးရ အာဏာသိမ်းတော့ အဲဒီတုန်းက မောင်ခင်ညွှန့်စိတ်ထဲက ကြွေးကြော်ခဲ့တာ ဒီလိုဘဲဖြစ်မယ်လို့ ယုံကြည်နေစဲပါ။
“ဒို့ ဖေကြီးကို ကာကွယ်မလေ ဒို့ ဖေကြီးကို ကာကွယ်မလေ ကုန်းတပ် ရေတပ် လေတပ် တွေ ပေါင်းစုကို အားအင်ဖြည့်ကာနေ´´
Was this answer helpful?
LikeDislike“စစ်တပ်ဆိုတာ မိုးပေါ်ကို ထောင်ပစ်တာမဟုတ်ဘူး တည့်တည့်ပစ်တာ´ ဆိုတဲ့  စကားပြောနေတဲ့ ..
အဲဒီလုကြီးကို.. ကျွန်တော် မုန်းလိုက်တာ…။
ဘီလူးကြီးကျနေတာပဲ..။
Was this answer helpful?
LikeDislikeအင်း ~~~
အဖေ ကြီး နဲ့ သား ကြီး ၊
သားကြီး တွေ က အား လုံး လို လို Jail ထဲ ရောက် သွား သာ ချည်း ဘဲ ။
Was this answer helpful?
LikeDislikeတော်လိုက်တဲ့အလင်းဆက်….
ပြပွဲကရော..ဘယ်နေ့ထိလောက်ပြမှာလဲဟင်…
ရုံးဖွင့်ရက်သွားမရလို့ကွာ.. :buu:
Was this answer helpful?
LikeDislike6 ရက်
7 ရက်
8 ရက်..တွေပါ..ဦးကြီး..ရေ..
Was this answer helpful?
LikeDislikeရှစ်လေးလုံးမှာ
ခြစ်လေးမုန်းတော့
စစ်ဆေးသုံးနေရပါဒယ်
သစ်မွှေးဂမုန်းနဲ့
ဟစ်တေးချုန်းမှ
ဝဋ်ကြွေးဆုံးမှာလားဟင်
လစ်ပြေးရုန်းနေဒဲ့
ညစ်ထွေးအပုန်းလေးရယ်…။
Was this answer helpful?
LikeDislikeကဲ… ကဗျာနောက်တစ်ပုဒ် ပေးဖို့ …

ဦးကြောင် ကိုတောင်းဆိုလိုက်ပါပြီ…။
Was this answer helpful?
LikeDislikeသမိုင်းဝင်ဒါ့ပုံလေးတွေကို သွားရောက်ကြည့်ရှုပြီး ရှယ်ပေးတဲ့အတွက် ကျေးဇူးပါ အလက်ဆင်းလေးရေ…
Was this answer helpful?
LikeDislikeကျေးဇူးပါ အလင်းဆက်ရေ။
Was this answer helpful?
LikeDislikeရှစ်လေးလုံးဆိုတာကြီးကို ကြားလိုက်ရတာနဲ့တင် ကြက်သီးထတယ်။
ရွံ့ကြောက်ကြီးပေါ့။
Was this answer helpful?
LikeDislike