7 ရက်သားသမီးများအတွက် မော်ဒန်ဗေဒင်

cobraAugust 2, 20101min420

တနင်္ဂနွေ သားသမီးများ (အ၊ဥ၊ဩ)

အားအားယားယား ဖြစ်နေတတ်သည်။ အူကြောင်ကြား ဖြစ်နေသောသူတစ် ယောက်နှင့်
မိတ်ဆွေဖြစ်ကိန်းရှိသည်။ အူတူတူ အတတ ကောင်မလေးတစ်ယောက်နှင့် ဥတုတု ညုတုတု
ဖြစ်ကိန်းရှိသည်။ အီရတ် နိုင်ငံသို့ နွေရာသီ အပန်းဖြေခရီး
ထွက်ရကိန်းရှိသည်။ ဥ
နှင့်ပတ်သက်၍ ကျန်းမာရေး အညံ့ရှိသည်။ အိမ်သာတက်ရင်း အူကျရောဂါ အပြင်းအထန်း
ခံစားရတတ်သည်။ အနာကြီးရောဂါ ဖြစ်နေသော သူတစ်ယောက်နှင့် မတော်တဆ
အိမ်ထောင်ကျကိန်း ရှိသည်။

ယတြာ။ ။အင်္ဂါနေ့တွင် ဥဥနေသော ကြက်မဖင်ကို အံ့ဩစွာကြည့်၍ “အောင်ပြီ၊
အောင်ပြီ”
ဟု သုံးကြိမ်တိုင်တိုင် အော်ပါ။

တနလာင်္ သားသမီးများ (က၊ခ၊ဂ၊ဃ၊င)

ကုန်းကုန်း ခွခွ အလုပ်များနေတတ်သည်။ တနင်္လာနံဖြစ်ပစ္စည်းများ ဖြစ်သော
ကုန်တင်ကား၊ဘစ်(စ်)ကားများ မမျှော်လင့်ပဲ အစုံလိုက်အပြုံလိုက် ဝင်လာတတ်သည်။
ရုတ်တရက် ဝင်လာတတ်သဖြင့် သတိကြီးစွာထားရန် လိုအပ်သည်။ ဂေါက်ကြောင်
ကြောင်ဖြစ်နေသော ကုလားမတစ်ယောက်နှင့် ချစ်ကြိုက်ရကိန်းရှိသည်။
ကျပ်မပြည့်သော
လူတစ်ယောက်၏ ကြောင်တောင်တောင် လုပ်ခြင်းခံရတတ်သည်။ လကုန်ရက် ဖြစ်ပါက
ငွေဝင်ကိန်းရှိသည်။ ခွေးရူးပြန်ရောဂါ ရှိသူများ ချွတ်ခြုံကျနေသော သူများ၏
မရမကချစ်ကြိုက်ခြင်းကို ခံရတတ်သည်။ ဂတ်ထဲတွင် အိပ်စက်ရကိန်းရှိသည်။
ကြောက်ခမန်းလိလိ ခွေးကိုက်ခြင်း၊ ဂနိုကျခြင်းများ ဖြစ်တတ်သည်။

ယတြာ။ ။ကြာသပတေးနေ့တွင် ဂတုံးပြောင်အောင် တုံးပြီး ကင်းမြီးကောက်ထောင်ကာ
ကြောင်တစ်ကောင်လို အော်ဟစ်၍ ယတြာချေပါ။

အင်္ဂါ သားသမီးများ (စ၊ဆ၊ဇ၊ဈ၊ည)

စာမလုပ်သူများ အထူးသတိထားပါ စေ့စပ်သေချာ၍ စေ့စေ့စပ်စပ်လုပ်တတ် သော ဆရာ၏
စာမေးပွဲနှင့် စိတ်ညစ်စွာ ကြုံရတတ်သည်။ အပြင်းအထန် ဇစ်ညှပ်ခြင်း
ခံစားရတတ်သည်။
ဆိုက်ကားနင်းစားခြင်း ၊စာခိုးချခြင်း၊ ဈေးရောင်းခြင်း၊ ညစောင့်ခြင်း စသည့်
ပညာရပ်များကို ဇင်ဘာဘွေ နိုင်ငံတွင် သွားရောက် သင်ယူရကိန်းရှိသည်။
စိတ်ရောဂါရှိသူများ အဆဲသန်သူများ ဆစ်ဖလစ်ရောဂါ ရှိသူများနှင့် စီးပွါးရေးစပ်တူ
လုပ်ပါက အထူးအောင်မြင်ကိန်းရှိသည်။ ညှင်း ၊ဝဲ စွဲကပ်နေသော သူများနှင့်
အိမ်ထောင်ကျကိန်းရှိသည်။

ယတြာ။ ။စနေနေ့ ညဘက် ၁၂ နာရီတွင် စိုင်းစိုင်းခမ်းလှိုင်၏ သီချင်းတစ်ပုဒ်ကို
ဈေးထဲ၌ အဆဲသန်သော ဈေးသည်တစ်ယောက်ရှေ့တွင် စွဲစွဲမြဲမြဲ ဆယ်ရက် ဆက်ဆိုပါ။

ဗုဒ္ဓဟူး သားသမီးများ (ယ၊ရ၊လ၊၀)

ဝဲ၊ယားနားအကြီးအကျယ် ပေါက်တတ်သည်။ လမ်းလျှောက်ရင်း လေလည်တတ် သောသူများ၏
နောက်မှမလိုက်ပါနှင့်၊ လုံးပါးပါးနိုင်သည်(နှာခေါင်း)။
ရူးှနှမ်းနှမ်းဖြစ်နေ
သူတစ်ယောက်၏ ရင်ဖွင့်စကားကို နားထောင်ပေးရတတ်သည်။ ဝက်ရူးပြန်ရောဂါရှိ သူများ၊
ယဉ်ယဉ်လေး ရူးနေသော သူများ ၊လေကျယ်တတ်သူများ၊ ဝိတ်ပေါပေါနေသူ များနဲ့
စပ်တူစီးပွါးရေးလုပ်ပါက အကြီးအကျယ် အောင်မြင်ကိန်းရှိသည်။ ဝက်မတစ်ကောင် ကဲ့သို့
ဝအစ်နေသော မိန်းကလေးတစ်ယောက်၏ ရေလာမြောင်းပေးခြင်း နှင့်
ချစ်ခင်နှစ်သက်ခြင်းကို မထင်မှတ်ပဲ လက်ခံရတတ်သည်။ ယာဉ်၊ ရထားတို့ ပေါ်၌
ယားနာဆေး၊ လိပ်ခေါင်းပျောက်ဆေး ရောင်းခြင်းမှ ထူးခြားစွာအမြတ်ရကိန်းရှိသည်။

ယတြာ။ ။လင်ရှိမယား တစ်ယောက်၏ အိမ်ရှေ့တွင်
“ဝင်သက်ထွက်သက်(နွဲ့ယဉ်ဝင်း)”သီ

ချင်းကို လေးဖက်ကုန်း၍ လဒမှုှိ်င်မှိုင်ကာ
လက်ယာရစ်ပတ်ကာ လေးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။

ကြာသပတေး သားသမီးများ (ပ၊ဖ၊ဗ၊ဘ၊မ)

ဘိုင်ကျပြီး မွဲတေနေတတ်သည်။ မျက်နှာတွင် ပိုးစိုးပက်စက် မီးလောင်တတ်သည်
ဗိုက်ကြီးသည် တစ်ယောက်နှင့် အိမ်ထောင်ကျကိန်းရှိသည်။ ပုတက်မွေးခြင်း ၊ဖွတ်
မွေးခြင်း၊ ပုရစ်မွေးခြင်း၊ ဘယာကြော် ကြော်ရောင်းခြင်းစသည့် အလုပ်များဖြင့်
ပိုးစိုး ပက်စက် မြိုးမြိုးမြက်မြက် စီးပွါးတက်ကိန်းရှိသည်။
ဖိနပ်ချုပ်ခြင်း၊
မီးသွေး ရောင်းဝယ်ခြင်း ၊ပြောင်းဖူးဖုတ်ခြင်း ပညာများရပ်များကို မွန်ဂိုလီးယား၊
ဖင်လန်၊ ဘော့ဇနီးယား၊ မြန်မာ စသည့်နိုင်ငံများတွင် ပညာတော်သင်
သွားရကိန်းရှိသည်။ ဘာဘူကုလားမကြီး၏ ဖောဖောသီသီ မျက်နှာပေးခြင်း၊ ပုဆိုးကြားတွင်
ပိပိရိရိ မေတ္တာစာ ခိုးထည့်ခံရခြင်းများ ကြုံရတတ်သည်။

ယတြာ။ ။ဘောင်းဘီတိုဝတ်၍ ဗိုက်ကြီးသည် တစ်ယောက်နှင့်အတူ ဘောလုံးကွင်းတွင်
ဘရိတ်ဒန့် အတူတွဲက၍ ယတြာချေပါ။ လိုအပ်ဆန္ဒပြည့်ဝ လာလိမ့်မည်။

သောကြာ သားသမီးများ (သ၊ဟ)

ဟိုယောင်ယောင် ဒီယောင်ယောင်နှင့် သတိလက်လွတ် ဖြစ်နေတတ်သည်။ သောက်ရှက်ဟက်တက်ကွဲ၍
သူတစ်ပါး၏ သေချင်စော်နံလောက်အောင် သောက်မြင် ကပ်ခြင်းကို ပိုးစိုးပက်စက်
အကြီးအကျယ် ကြုံရတတ်သည်။ သရဲမတစ်ယောက်နှင့် ဟိုကိစ္စ ဖြစ်ကိန်းရှိသည်။
သင်္ချိိုင်းကုန်း၊သုဿာန် စောင့်ခြင်း ၊သန်ကောင်မွေးခြင်း
ဟောင်းနွမ်းပစ္စည်းရောင်းဝယ်ခြင်

းတို့မှ ဟိုးလေးတကျော် အကျိုးအမြတ်ရကိ်န်း
ရှိသည်။ ဟိုင်းနေသော သူတစ်ယောက်နှင့် သိုးသိုးသန့်သန့် သတင်းထွက်ကိန်းရှိ သည်။
သတိကြီးကြီး ထားပါ တော်ကာကျမည်။ သပ်သပ်ရပ်ဝတ်ပြီး ဟိုင်းလတ်ကားတိုက်ကာ
ဟပ်ထိုးလဲပြီး ဟောဟဲဟောဟဲ ဖြစ်နေတတ်သည်။

ယကြာ။ ။သောကြာနေ့တွင် သုဿာန်၌ သေသွားသူ၏ မိသားစုရှေ့တွင် ဟာသလုပ်၍
ဟဲလေးသီချင်းဖြင့် သုံးကြိမ်တိုင်တိုင် ဟစ်ကြွေးပါ။အညံ့များ
ပျောက်သွားလိမ့်မည်။

စနေ သားသမီးများ (တ၊ထ၊ဒ၊ဓ၊န)

တင်ပါးတွင် ဒက်ပေါက်၍ ဒန့်တန့်တန့်ထုံပေထုံပေ ဖြစ်နေတတ်သည်။ နူနာရောဂါရှိသူ
တစ်ယောက်၏ တီတီတာတာ ထူးထူးခြားခြား ချစ်ကြိုးသွယ်ကိန်းရှိသည်။ တင်တု လုပ်ခြင်း၊
ထီးပြင်ခြင်း၊ ဓါးသွေးခြင်း ဒန်အိုးဖာထေးခြင်း စသော လုပ်ငန်းများ နှင့်
သက်ဆိုင်သော ပညာရပ်များကို တူနီးရှား၊ ထိုင်း၊ နယူးယောက် စသောနေရာများသို့
သွားရောက်သင်ရကိန်းရှိသည်။ နတ်ကတော်များနှင့် တွဲဖက်လုပ်ငန်းစပ်တူ လုပ်ပါက
ထူးထူးခြားခြား အောင်မြင်ကိန်းရှိသည်။ ထီးနှင့် အသံနီးစပ်သောပစ္စည်းများ
အပြွတ်လိုက် ဝင်ကိန်းရှိသည်။ ဓါတ်ရိုက် ဓါတ်ဆင်လုပ်ခြင်း၊
ဓါတ်ရုင်ရိုက်ခြင်း၊
ဓါတ်သွားခြင်းကိုပိတ်ဆို့ ့ဆေးရောင်းခြင်း စသောလုပ်ငန်းများမှ
အကျိုးအမြတ်ရရှိမည်။

ယတြာ။ ။တနလာင်္နေ ့တွင် တင်ပါးပေါ်ဝတ်ပြီး နတ်သီချင်းဖွင့်ကာ နံနက်အချိန်၌
နိုင်းနိုင်းကဲ့သို့ ထိထိမိမိ ကပါ။

mail မှကူးယူဖော်ပြသည်။