ဟိုးအရင်က

ငါ့ရဲ့ကောင်းကင်မှာကြယ်တွေလင်းလက်ခဲ့ဖူးတရ်

ဒါပေမယ့်  အဲဒီကြယ်စင်တွေဟာ

ငါ့ရဲ့ကောင်းကင်အတွက်မဟုတ်ခဲ့ဘူး……

ဖြတ်သန်းခဲ့ပါတယ်

အထီးကျန်တဲ့နေ့တွေကိုပျင်းရိစွာနဲ့ပေါ့

လမိုက်ညပေါင်းများစွာကလည်း

တိတ်တခိုးလှောင်ရယ်နေကြတယ်……

ဒါပေမယ့်

တစ်ခုသောဆောင်းရာသီရဲ့လမိုက်ညမှာ

ငါ့ရဲ့ကောင်းကင်မှာ

ကြယ်တစ်ပွင့်ထွန်းလင်းခဲ့တယ်

လင်းလက်တဲ့အဲဒီကြယ်ပွင့်ဟာ

ငါ့အတွက် တခဏတာလား ?

ဒါမှမဟုတ်……. တဘ၀စာလား..?

စဉ်းစားရင်းတွေဝေခဲ့ရတယ်

ဘယ်လိုဘဲဖြစ်နေပါစေ

ကြယ်ပွင့်လေးရယ်

မင်းကိုခင်တွယ်နေပါရစေ

ကြယ်လေးကြွေချိန်ထိတိုင်ပေါ့……….

About Foolish Girl

C K has written 55 post in this Website..