ငါ့ရဲ့ ကြယ် (1)

Foolish GirlAugust 6, 20131min1476

ဟိုးအရင်က

ငါ့ရဲ့ကောင်းကင်မှာကြယ်တွေလင်းလက်ခဲ့ဖူးတရ်

ဒါပေမယ့်  အဲဒီကြယ်စင်တွေဟာ

ငါ့ရဲ့ကောင်းကင်အတွက်မဟုတ်ခဲ့ဘူး……

ဖြတ်သန်းခဲ့ပါတယ်

အထီးကျန်တဲ့နေ့တွေကိုပျင်းရိစွာနဲ့ပေါ့

လမိုက်ညပေါင်းများစွာကလည်း

တိတ်တခိုးလှောင်ရယ်နေကြတယ်……

ဒါပေမယ့်

တစ်ခုသောဆောင်းရာသီရဲ့လမိုက်ညမှာ

ငါ့ရဲ့ကောင်းကင်မှာ

ကြယ်တစ်ပွင့်ထွန်းလင်းခဲ့တယ်

လင်းလက်တဲ့အဲဒီကြယ်ပွင့်ဟာ

ငါ့အတွက် တခဏတာလား ?

ဒါမှမဟုတ်……. တဘဝစာလား..?

စဉ်းစားရင်းတွေဝေခဲ့ရတယ်

ဘယ်လိုဘဲဖြစ်နေပါစေ

ကြယ်ပွင့်လေးရယ်

မင်းကိုခင်တွယ်နေပါရစေ

ကြယ်လေးကြွေချိန်ထိတိုင်ပေါ့……….

6 comments

  • အလင်းဆက်

    August 6, 2013 at 6:55 pm

    ကြယ်တွေ…..ကြယ်တွေ…
    တချို့လူတွေရဲ ့ဘဝမှာ…ကြွေ ကျ သွားဖူးတယ်တဲ ့…။

    ကျွန်တော့် ဘဝမှာ… နေတွေ လတွေတောင်…
    ကြွေကျ ခဲ့ဖူးတယ် ။

    အဟိ ။
    တာရာမင်းဝေ စကား ငှားပြောတာပါ ။

    • Conny Kim

      August 8, 2013 at 12:46 pm

      အင်း ငယ်ငယ်တုန်းကကိုယ့်ဘဝမှာကြယ်ကြွေတာလေးကိုပဲဒုက္ခထင်နေခဲ့တာ ကြီးလာမှကြယ်ကြွေတယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ နှိုင်းရင်မပြောပလောက်တော့ဘူးနော်

  • မကြွေပါနဲ့ ကြယ်လေးရယ်..
    ကြွေချိန်တန်လို့ ကြွေမယ်ဆိုရင်
    ငါ့ရင်ခွင်ထဲကို ကြွေကျလှည့်ပါ…
    ငါ့ဘဝနဲ့ရင်းပြီး
    ထွန်းလင်းထားပါရစေ…

    • Conny Kim

      August 20, 2013 at 7:20 pm

      ရင်ခွင်ထဲလာကြွေလှည့်မယ်နော် တကယ်လက်ခံမှာလားဟင် 😛

  • Wow

    August 21, 2013 at 9:50 am

    ထူးအိမ်သင်ရဲ့ ကြယ်တွေစုံတဲ့ညကို သတိရသွားတယ် 🙂

  • ငေးလ

    August 21, 2013 at 5:01 pm

    ကြယ်တွေကြွေတိုင်း လိုက် မ ကြွေချင် ပါနဲ့ လမင်းရယ်
    ကမ္ဘာကြီး သာယာဖို့ လင်းထိန် ပေးပါ
    ကြယ်ကြွေချင် ကြွေပါ ကြယ်ဆိုတာ တစ်လုံးထဲရှိတာ ဟုတ်ဝူးလေ
    လ ကြွေသွားရင် အခက်

Leave a Reply