ဟိုးအရင်ကငါ့ရဲ့ကောင်းကင်မှာ

ထွန်းလင်းခဲ့တဲ့ကြယ်လေးရေ

ကြွေချိန်တန်ရင်ကြွေမယ်ဆိုတာသိပေမယ့်

မင်းကြွေမှာကိုစိုးမိတယ်

မင်းသာကြွေခဲ့ရင်ဆိုတဲ့အသိကြောင့်

ညတိုင်းမင်းနဲ့စကားပြောခဲ့တယ်

တစ်ရက်တည်းပါ

တစ်ရက်ပါပဲ

မင်းနဲ့မတွေ့လိုက်မိတဲ့အချိန်မှာ

မင်းဟာငါ့ရဲ့ကောင်းကင်ကို

ကျောခိုင်းပြီး

ကြွေသွားခဲ့ပြီလေ

About Foolish Girl

C K has written 55 post in this Website..