မိန်းကလေးတယောက်ရယ်လို့ .. ဘယ်တုန်းကမှ.. ဟန်မူမများခဲ့သလို

ငါ့အပေါ် မာန နဲ့ ဒေါသလည်း မထားတတ်ခဲ့တာ ငါ အသိဆုံးပါ..Shee..

 

တခါတခါ … မောင် .. နင့်ကိုငါချစ်တယ် လို့ နင် တခုတ်တရပြောတဲ့အခါတိုင်း..

ကျနော် လေထဲမြောက်တက်သွားပါသလား ကျနော်မသိပါ…

 

နင်အမြဲတမ်း ကလေးတယောက်လို အပြစ်ကင်းကင်း ပြုံးရယ်နေတတ်ဖို့ဆိုတာ

ဒီဘ၀အတွက် တော့ အသစ်ပြဌာန်းလာခဲ့တဲ့ တာဝန်တခုရယ်ပေါ့..

 

ငါတာဝန်ကျေပါရစေ…ဘာလို့လဲဆိုတော့ အဲ့သည့်ကောင်မလေးနဲ့ဝေးပြီး

တယောက်ထဲဆက် နေနေဖို့ ငါ့မှာ သတ္တိလက်ကျန် တအားလျော့နည်း ပါးလျှနေလို့ပါပဲ..

 

တခါတလေ..အဲ့ဒိကလေးမ ငိုရှိုက်လိုက်တိုင်း ကျနော် ငရဲကြီး၈ထပ်မှာခေါင်းစိုက်မိသလို

ခံစားရတာ အချစ်..လို့ ဆိုရင် ကျနော်ရင်ကော့ပြီး ၀န်ခံခဲ့ပါရစေ မေမေ…

 

 

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011