… ဆိုတာ…

ムラカミAugust 7, 20131min29737

မိန်းကလေးတယောက်ရယ်လို့ .. ဘယ်တုန်းကမှ.. ဟန်မူမများခဲ့သလို

ငါ့အပေါ် မာန နဲ့ ဒေါသလည်း မထားတတ်ခဲ့တာ ငါ အသိဆုံးပါ..Shee..

 

တခါတခါ … မောင် .. နင့်ကိုငါချစ်တယ် လို့ နင် တခုတ်တရပြောတဲ့အခါတိုင်း..

ကျနော် လေထဲမြောက်တက်သွားပါသလား ကျနော်မသိပါ…

 

နင်အမြဲတမ်း ကလေးတယောက်လို အပြစ်ကင်းကင်း ပြုံးရယ်နေတတ်ဖို့ဆိုတာ

ဒီဘဝအတွက် တော့ အသစ်ပြဌာန်းလာခဲ့တဲ့ တာဝန်တခုရယ်ပေါ့..

 

ငါတာဝန်ကျေပါရစေ…ဘာလို့လဲဆိုတော့ အဲ့သည့်ကောင်မလေးနဲ့ဝေးပြီး

တယောက်ထဲဆက် နေနေဖို့ ငါ့မှာ သတ္တိလက်ကျန် တအားလျော့နည်း ပါးလျှနေလို့ပါပဲ..

 

တခါတလေ..အဲ့ဒိကလေးမ ငိုရှိုက်လိုက်တိုင်း ကျနော် ငရဲကြီး၈ထပ်မှာခေါင်းစိုက်မိသလို

ခံစားရတာ အချစ်..လို့ ဆိုရင် ကျနော်ရင်ကော့ပြီး ဝန်ခံခဲ့ပါရစေ မေမေ…

 

 

37 comments

  • surmi

    August 7, 2013 at 8:15 am

    သွာြပြီ …..
    အနီ​ရောင်​အဆင်​့ကို​ရောက်​သွားဘီ 🙂

    ​နောက်​တာပါ 🙂
    အဲဒီအချစ်​​တွေက
    အသက်​ကို ​မေ့လိုက်​​စေတာပဲ
    အင်​းးးး ကျုပ်​လည်​း နဲနဲ ပြန်​နုသွားြပြီထင်​့ ….

  • manawphyulay

    August 7, 2013 at 8:31 am

    မင်းမရှိတဲ့ အရပ်မှာ မနေချင်ဘူး ချစ်သူရေ…

    အဲလိုလား
    ဒါမှမဟုတ်
    မေတ္တာသည်သာ
    ထာဝစဉ်မှာ အေးမြစိတ်ဝမ်း
    ပျော်စရာလွှမ်းသည့်
    ရင်တွင်းပီတိ
    ခံစားမိသည်၊ ခံစားသည်…..

  • KZ

    August 7, 2013 at 8:36 am

    “ကျွန်တော်လေထဲ မြောက်တက်သွားပါသလား” ဆိုတဲ့ဟာက စိုင်းစိုင်းရဲ့ “ကျွန်တော်နဲ့ ပန်းပွင့်” သီချင်းထဲက စာသားကြီးးးး
    😀

    • Min Zarni

      August 7, 2013 at 8:40 am

      ဟုတ်လား ..နံရံမျက်နှာကျက်နဲ့ ကြမ်းပြင်ကော ဒင်းပိုင်တာလား..??
      ကိုရွှေဘုန်း ကံကောင်းတယ် … ကိုငှက်ရောပဲ …ခုတော့ အူးသစ်မင်းပါ ကံကောင်းဘီပေါ့..

  • Crystalline

    August 7, 2013 at 9:14 am

    ရောဂါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါါ :kwi:

    • Min Zarni

      August 7, 2013 at 10:56 am

      သူ့ကို ကိုကိုကြောင်က ဒါမိုးမရေးပေးတိုင်း မနာလို မဖြစ်ပါနဲ့ကွီ..

      ငိငိ
      အောက်က လဗြိုယီး ယွဲစည်ကိုလည်း သနားဒယ် ပြောပေးပါနော်..

  • ရဲစည်

    August 7, 2013 at 9:54 am

    😀

    ကျအု ကျအု

  • kyeemite

    August 7, 2013 at 9:55 am

    :kwi:
    အပြည့်အဝဂျီးခံဇားပစ်လိုက်စမ်းဘာ

  • ဦးကြောင်ကြီး

    August 7, 2013 at 10:40 am

    ရင်ကော့ဒါတွေ ဖင်ပျော့ဒါတွေ လုပ်အနေနဲ့ သတိ္တသိပ်ကောင်းနေရင် သစ်ပင် ဂေါင်းနဲ့ဆောင့်…

    • Min Zarni

      August 7, 2013 at 10:44 am

      အချစ်ဆိုတာ ကျော့်အတွက်တော့ လမင်းတရာပေမယ့် ကိုကိုကြောင့်အတွက်တော့ နေမင်း ကုဋေကုဋာ ဖြစ်ချင်ဖြစ်နေမှာမို့
      ဖြေရှင်းမရတဲ့ ပုဒ်စာ အဖြေရှာမရတဲ့ ပြဿနာလို့ သာမှတ်ပီး အပေါ်က ဒေါ်ခွစ် ကို ဆက်ပိုးပါလေ..
      အာ…ဟိ

  • ဦးကျောက်ခဲ

    August 7, 2013 at 10:53 am

    ဆိုတော့…
    “ရှီးးး အဂျစ်မြှား ဂီ့ကိုစူးးးး… ဂီးးးရပြီကော (ဟောဟော)… ကွီ”
    😀

  • လူကလေး

    August 7, 2013 at 11:00 am

    ဒီလိုရောဂါမျိုး ငါ့ချစ်သူမှာကူးစက်ပါစေ..
    မြန်မြန်ကူးစက်ပါစေ..
    အဲလိုရောဂါနဲ့ထိုက်တဲ့ကုသမှုမျိုး သူ့ခံစားရအောင်
    ဒီရောဂါမျိုး ချစ်သူဆီ အမြန်ဆုံးကူးစက်ပါစေသတည်း..

    • Min Zarni

      August 7, 2013 at 12:29 pm

      ဘုရားသခင် ပိုလို့ ကောင်းချီးပေးပါစေဗျာ..

    • အချစ်စစ်ရဲ့နောက်မှာ အဲ့ရောဂါက ကပ်ပါလာပြီးသားဆိုတာ ငါ့သယ်ရင်းလေး နားလည်နိုင်ပါစေ…

      • Min Zarni

        August 7, 2013 at 2:01 pm

        ဂျူးဝတ္ထုထဲက ဒိုင်တွေ ကျနော် အားယီး မုန်းဒယ် အားမိုး ရယ်…
        ငိငိ

  • Mon Kit

    August 7, 2013 at 12:49 pm

    …….ဆိုတာ………
    အချစ်ပေါ့..
    ဘုရားသခင် ပိုပီး ပိုပီး ကောင်းချီးပေးပါဇီနော်…
    😛

  • Mr. MarGa

    August 7, 2013 at 2:06 pm

    မြင်မြင်ကရာမှာ အဂျစ်…အဂျစ်…အဂျစ်

  • အရီးခင်

    August 7, 2013 at 2:20 pm

    တခါတလေ..အဲ့ဒိကလေးမ ငိုရှိုက် နေတာ ဘယ်သူကြောင့်တုန်း 🙄
    မပြောတော့ဘူး။ မပြောတော့ဘူး။ ပြောကိုမပြောချင်တော့ဘူး။
    (cr – ဒေါ်မြလေး)
    😉

  • TNA

    August 7, 2013 at 4:34 pm

    ရွာထဲမယ် ထိန်းမနိုင် သိမ်းမနိုင် အပျော်လွန်နေသော ယောင်္ကျားသုံးယောက်ထဲမှ အတော်ကဲသော တစ်ယောက်ပါတကား။

  • Nyein Nyein

    August 7, 2013 at 7:15 pm

    ရှီးတော့ မသိဘူး။ ဖတ်လိုက်ရတဲ့လူတော့ ရင်ထဲမယ် ဘယ်လိုဖြစ်သွားလဲမသိဘူး။ :mrgreen:
    အမြဲတမ်း အဲ့လိုမျိုး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ…..

  • Shee

    August 8, 2013 at 3:36 pm

    ဟုတ်ကဲ့.မင်္ဂလာပါ….လုံမလေးမွန်မွန် …^-^

  • Crystalline

    August 8, 2013 at 9:01 pm

    အိုဆူအိုခလေး.. ရှီး :mrgreen: အရီးရေ..ဟောဒီမှာခေါ်လာပြီး..
    ဒီရွာထဲကစာကြည့်တိုက်မှာ အရှေ့တောင်အာရှမှာ အချစ်တတ်ဆုံးသောသူကြီးထဲကတစ်ယောက်ဆိုတဲ့လူကြီးရဲ့ ပုံပြင်ဟောင်းတွေများကြီး..အားကြီးရှိတယ်တိရား.. :kwi:

  • Shee

    August 8, 2013 at 9:13 pm

    …နာလဲဂေ.Crystalline….ရေ……..
    ကောင်းပါတယ်.ရှင်….. :mrgreen:

  • Shee

    August 8, 2013 at 9:18 pm

    …နာလဲဂေ.Crystalline….ရေ……..
    ကောင်းပါတယ်.ရှင်…..:D

  • ကျော်စွာခေါင်

    August 9, 2013 at 12:29 am

    ဟော….
    Crystalline နဲ ့ Shee က စပိန်လို နုတ်ဆက်နေကြတယ် မေမေ…။ းD

    • မဟာရာဇာ အံစာတုံး

      August 9, 2013 at 12:41 am

      အစက သူရို့ ပေါနေဂျဒါဂို …
      နာလဲ ဂေး ဆိုပီး ဖတ်မိ နေဒါ … ဟီးးးး
      တော်ဒေးဒယ် ….
      ခုဒေါ့ စပိန်လို နှုတ်ဆက်ဒယ်လို့ မှတ်တွားလိုက်ဘီ …

      (အဲဂျီးတစ်) အာရှမှာ အပျော်ဆုံး ယောက်ျားတွေထဲက တစ်ယောက်သော လူဂျီးကို ဖလန်းဖလန်း ဖစ်စေဒတ်ဒေါ …
      (နောင်း) အန်တီရှီးးးး
      မင်ဂါဘာ ခည …
      :mrgreen:

      • lele kyi

        August 9, 2013 at 5:45 pm

        ဟဟ…ဟုတ်တယ် အံစာ့ အတိုင်းပဲ ကျမလည်းတွေးနေတာ. ရှီးးး က ရွာရဲ့ အခုတလော ဟော့ တော့ပစ်တွေလဲသိသားပဲလို ့.

  • GARFIELD

    August 9, 2013 at 4:12 pm

    မသိလို့မေးဦးမယ်… ငရဲကြီးရှစ်ထပ်က ခေါင်းစိုက်ပြီးသားမဟုတ်လား…
    နောက်ဘဝ လူပြန်မဖြစ်နိုင်တော့တာ သေချာနေပြီဆို…

    ခင်မင်လျက်-
    ဂါဂါး

  • နွယ်ပင်

    August 9, 2013 at 4:23 pm

    အရင်က လျှာအရိုးမရှိဘူးပဲ ကြားဖူးတာ အခုတော့ လက်မှာပါ အရိုးမချိဘူးဆိုတာ သိတွားပါပီဘီ
    ခိခိ …. :mrgreen:

  • Shee

    August 9, 2013 at 7:12 pm

    မဟာရာဇာ အံစာတုံး…<<…မင်္ဂလာပါ…..

    တူပြောမှာပဲ…..ကိုယ့်ဇကားကိုပြန်ကြည့်မိတယ်…(..နာလဲ ဂေး…..)….တိန်….
    တူများတွေထင်ယောင်ထင်မှားဖြစ်စေတဲ့….အဲ့ဇကားကိုပြောင်းလဲပေးဖို့..(ဘုကိုလဲတော့တိဖူး ..နောက်ဆိုရင် မောင့်ကိုလဲ ပကညော်စကားသင်ပေးတော့မှာမို့လို့)…ပြောပေးပါ….မိုးမိုးရေ….ငွာာာာာာာာာ

  • Shee

    August 9, 2013 at 7:20 pm

    ကိုကျော်စွာခေါင်<<…..ရေ..
    တစ်ချို့ကဘာတဲ့……နိတို့က ကိုးရီးယား လိုပြောနေကြတာလားတဲ့….အထင်းကြီးတဲ့ညတ်လုံးနဲ့အမေးခံရဖူးတယ်…..အဟေးးဟေးးးး
    (ကရင်စကားတောင်မကြားဖူးတဲ့သူတွေလဲရှိသကိုး…ဘယ်တောကလာကြလဲတော့တိဖူး…)..ဟီးဟီး

    lele kyi<<<…အစ်မ..အထင်ကြီးသမျှှတွားပီးးးးး………အစ်….:P

  • အလင်းဆက်

    August 9, 2013 at 7:31 pm

    အဲဒါပေါ့…
    လူတွေ ဟာ.. အချစ်နဲ ့တွေ ့သွားရင်..
    ကဗျာဆရာဖြစ်တယ်..ဆိုတာ..။

Leave a Reply