ပင်လယ်နှင့်တူသော ယောကျာ်းတစ်ယောက်၏ဖွင့်ဟ ဝန်ခံချက်

alinsettAugust 7, 20131min24925

လိင်ပြောင်းလဲခြင်း ပြုလုပ်ကြတာတွေ ကြားနေ တွေ ့နေရတဲ့ အခါတိုင်း ကျွန်တော်

စိတ်မသက်မသာ ဖြစ်မိပါတယ် ။

 

ယောကျာ်း တစ်ယောက် အဖြစ်ကနေ မိန်းမတစ်ယောက် အဖြစ် ပြောင်းလဲ လိုက်တာပဲ ဖြစ်ဖြစ် . .

 

မိန်းမတစ်ယောက်ကနေ ယောကျာ်းတစ်ယောက် အဖြစ် ပြောင်းလဲလိုက်တာပဲ ဖြစ်ဖြစ်

 

တစ်ခုသေချာတာကတော့ . . .

 

===================

 

ယောက်ျားတစ်ယောက်က

မိန်းမ အဖြစ် လိင်ပြောင်းလဲ ခံယူလိုက်တဲ့အခါ

မိခင် ဖခင် နှစ်ပါးရဲ ့သား တစ်ယောက် သေဆုံးသွားပါတယ် ။

 

ယောကျာ်းတစ်ယောက် သေဆုံး ပျောက်ကွယ်သွားပြီး မိန်းမ ဆိုပြီး ဘဝတစ်ခု ထပ်ပေါ်လာပါတော့တယ် ။

 

ဒီလိုပါပဲ ။

မိန်းမတစ်ယောက်က ယောကျာ်း စိတ်ပေါက်ပြီး ယောကျာ်းအဖြစ် လိင်ပြောင်းလဲ ခံယူလိုက်တဲ့အခါမှာလည်း မိခင်ဖခင်တို ့ရဲ ့သမီးတစ်ယောက် သေဆုံးပျောက်ကွယ်သွားပါတော့တယ် ။

 

အဲဒီ ထက် ဆိုးပြီးဖြစ်ပျက်သွားတဲ့ အဖြစ်တစ်ခုကိုလည်း ဖတ်ခဲ့ဖူးပါသေးတယ် ။

 

================

 

လင်ယောကျာ်း နဲ့ သားငယ်တစ်ယောက် ရှိနေပြီ ဖြစ်တဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက် က ယောကျာ်းစိတ် ပေါက် လာပါတော့တယ် ။

 

သူငယ်ငယ်ထဲက ယောကျာ်းတစ်ယောက်လို နေထိုင် ချင်ပေမယ့် အခြေအနေအရ မိန်းမအဖြစ်နဲ့ပဲ သဘာဝကို မလွန်ဆန်နိုင်ခဲ့ပါဘူး ။

 

မိန်းမအဖြစ်နဲ့ပဲ ယောကျာ်းရ လိုက်တဲ့အပြင် / သားငယ်တစ်ယောက်ပါ မွေးဖွား ခဲ့ရပါသေးတယ်။

 

ဒါပေမယ့် သူ ့ဗီဇ အရ ယောကျာ်းစိတ်ပေါက်ပြီး ယောကျာ်းတစ်ယောက်လို နေထ်ိုင်ချင်စိတ်က ဖျောက်မရတဲ့အပြင် ပိုပို ဆိူးလာပါတယ် ။

 

အဲဒီ မိန်းမဟာ သူ ့အမျိုးသား အိမ်မှာ မရှိတဲ့အခိုက်တွေမှာ ယောကျာ်းတစ်ယောက်လို နေထိုင်ပါတော့တယ် ။

 

နက်ခ်တိုင်ကြီး စည်းပြီး အမျိုးသားဝတ်စုံကိုကျကျနန ဝတ်လိုဝတ် ။ ဆေးတံကြီးခဲလိုခဲ ။

 

ယောကျာ်းကြီးတစ်ယောက်လို နေတယ်ပေါ့ဗျာ ။

 

အဲဒီ လို ယောကျာ်းကြီးတစ်ယောက်လို နေ နေတာကို

အမျိုးသား ဖြစ်သူကလည်း မကြခဏ တွေ ့ပါလေရော ။

မိန်းမ ဟာမိန်းမပဲ ယောကျာ်းမဖြစ်ချင်စမ်းပါနဲ ့လို့ ့ပြောပေမယ့် မရပါဘူး ။

 

ပို ပို ဆိုးလာတာပါပဲ ။

 

အမျိုးသားဖြစ်သူက လုံးဝ သည်းမခံနိုင်တော့တဲ့ အဆုံးမှာ သူတို့ ့လင်မယား

ကွာရှင်းလိုက်ကြပါတော့တယ် ။

 

အမျိုးသမီးက အေးအေးဆေးဆေးပဲ အိမ်က ထွက်သွားပါတော့တယ် ။

 

လင်ယောကျာ်းနဲ့ သားငယ်လေး က ကျန်ရစ်ခဲ့ပါတယ် ။

 

ဒါပေမယ့် ထုံးစံအရ လင်ယောကျာ်းက သူ ့အမျိုးသမီး ဟောင်းကို မယားစရိတ်ထောက်ပံ့ရတယ် ။

 

===========

 

ဒီလိုနဲ့နေလာလိုက်တာ တစ်နေ့ ့မှာတော့ . . . သားငယ်လေးက သူ ့မေမေကို တွေ့ ့ချင်လာတယ် ။

 

အမေကို သားက လွမ်းသလို အမျိုးသမီးဟောင်းကိုလည်း လင်ယောကျာ်းက လွမ်းဆွတ် ပါတယ်။

 

ဒီတော့ . . . သားအဖနှစ်ယောက်သား သွားတွေ ့ကြ ပါတော့တယ်။

 

ယောကျာ်းစိတ်ပေါက်နေတဲ့ အမျိုးသမီး နေထိုင်ရာကို ရောက်တော့ . . .

အိမ် တံခါးကို ခေါက် တယ် ။

 

အိမ်ထဲက အမျိုးသားကြီးတစ်ယောက် ထွက်လာတယ် ။

 

ဘာကိစ္စလဲ လို့မေးတယ် ။

 

သားငယ်လေးက သူ ့မိခင်ကို တွေ့ ့ချင်လာလို့ လာတွေ့တာပါ ။

 

သူ ့မိခင် ဘယ်မလဲ လို ့ ပြန်မေးတဲ့အခါမှာတော့ . . .

အိမ်တံခါး လာဖွင့်ပေးတဲ့ အမျိုးသားကြီးက

 

အဲဒီ မိန်းမ မရှိတော့ပါဘူး ။

အဲဒီ မိန်းမ က ယောကျာ်း အဖြစ် လိင်ပြောင်းလဲ ခံယူလိုက်ပြီး

 

အခု ကျုပ် ပါပဲ လို့ ့ပြန်ပြောပါတယ်။

 

===============

 

သားအဖ နှစ်ယောက်သား အလွန် အံ့ဩတုန်လှုပ်သွားပါတော့တယ် ။

 

စိတ်မကောင်းခြင်း ကြီးစွာနဲ့ ့ပြန်ခဲ့ရပါတယ်။

 

=================

 

သေချာတွေးကြည့်တော့ အဲဒီ အဖြစ်ကြီးက ရင်နာစရာကြီးပါပဲ ။

 

လင်ယောကျာ်းတစ်ယောက်ရဲ့ အမျိုးသမီး တစ်ယောက် သေသွားတယ်။

 

ဒါမှ မဟုတ် ပျောက်ဆုံးသွားတယ်။

 

အဲဒိ အစား အမျိုးသားကြီးတစ်ယောက်က ဖြစ်တည်လာတယ်။

 

==============

 

သားငယ်လေးတစ်ယောက်ရဲ ့မိခင် ပျောက်ဆုံးသွားတယ်။

 

မိခင်အဖြစ် လက်ညိုး ထိုးပြစရာ မရှိတော့ဘူး ။

 

ဒါ မိခင်ပါလို ့ပြောလည်းးး ယောကျာ်းကြီး တစ်ယောက်ကို ထိုးပြရတာမို ့ ဘယ်လိုမှ မြင်မကောင်းပါဘူး ။

 

ဒီကလေးငယ်ဟာ ယောကျာ်းကြီး နှစ်ယောက် ပေါင်းဖက်ပြီး ရလာတဲ့ ကလေးငယ်လိုလို ဖြစ်နေပါတယ် ။

 

မိခင်ပြစရာ မရှိတော့တဲ့ အဖြစ်ကို ကြုံလိုက်ရတဲ ့ ကလေးငယ်ရဲ့ အဖြစ်ကလည်းးး ယူကြုံးမရစရာပါပဲ ။

 

=====================

 

လိင်ပြောင်းလဲ ခံယူလိုက်တဲ့အခါ

မူလက အရှိတရားတစ်ခု ပျောက်ကွယ်သွားပါတယ် ။

 

အဲဒါ ဆုံးရှုံးမှုပါ ။

 

အနည်းနဲ့ အများ နာကျင်စရာဆုံးရှုံးမှု ပါပဲ ။

 

================

 

သဘာဝကို လွန်ဆန်ဖို့ ့ကြိုးစားတဲ့အခါ အနည်းနဲ့အများတော့ နာကျင်ခံစားပေးရမှာပဲပေါ့လေ ။

 

===============

 

လေးစားစွာဖြင့်

 

ပင်လယ်နှင့်တူသော ယောက်ျားတစ်ယောက်

25 comments

  • ဂျူး စာအုပ်တွေလည်း ကုန်ပါပီတော်…

    သိပါဝူး.. နင့်ရဲ့ ဖွင့်ဟဝန်ခံချက်ဆိုတော့.. ဟိဟိ… ဘာတွေများ ဝန်ခံမို့လဲလို့…

    နီပြောတာကတော့ ဟုတ်ပါတယ်… ဒါမယ့် လူလွတ်တစ်ယောက်အနေနဲ့ဆိုရင်တော့ ဆုံးရှုံးမှုအကြီးကြီး မဖြစ်နိုင်ပါဘူး.. မိဘအနေနဲ့တော့ သားဆုံးရှုံးပေမယ့် သမီးတစ်ယောက် ရတယ်လို့ပဲ မှတ်လို့ရမယ် ထင်ပါတယ်ကွီ…

    နာလည်း မကြုံဖူးတော့ သေချာမသိဘဲ ရမ်းတုပ်ခြင်း ဖြစ်ပါကြောင်း 🙂

    • အလင်းဆက်

      August 7, 2013 at 5:54 pm

      ဒါဘေမယ့်ပေါ့ ဟယ်
      အမွန်ရယ် ။

      ဘယ်မိဘ မဆို မွေးထားတတုန်းက
      သားလေး
      ကြီးမှ သမီး ဖြစ်သွားးး

      မွေးထားတုန်းက သမီးလေး ကြီးမှ သား ဆိုပြီး ဖြစ်လာ

      ဆိုတော့ လွယ်လွယ်နဲ့တော့ လက်ခံဖို ့မရနိုင်ဘူး ထင်ပါတယ် ။

      ကိုယ်တိုင်လည်း မိဘနေရာက မခံစားဖူးသေးတော့ ခက်သား

      🙂

      • Mလုလင်

        August 8, 2013 at 2:25 am

        လောလောဆယ် ကိုယ်နဲ့ ဆိုင်လာပြီ ဗျို ့ . . . မိဘ ဆိုတာကတော့ ဗျာ . . သားပဲဖြစ်ဖြစ်၊ သမီးပဲဖြစ်ဖြစ် ကြီးလာရင် သူ့ဘာသာသူ ဖြစ်ချင်ရာဖြစ်သာသွား. . . . ဖြစ်ကာမှ ဖြစ်ရော ဗျို ့ . . . ဒါ ငါ့ သွေးသား ဆိုတဲ့ အသိ နဲ့ ချစ်နိုင်မယ် ထင်ပါတယ်။ “တောင်းဆိုး ပလုံးဆိုး သာ ပစ်မယ်၊ သားဆိုးသမီးဆိုး တော့ ပစ်ရိုးမရှိ” လို့ လဲ ဆိုကြတာကိုး ဗျ . . ဆိုတော့ . . အောင့်သက်သက်တော့ ဖြစ်ချင်ဖြစ်ပေမယ့်လို့ လဲ . . . လက်သင့်ခံ ပြီး ချစ်နိုင်မယ် လို့ ကျုပ် တော့ ထင်မိတယ် ဗျို ့ . . . ။

  • အရီးခင်

    August 7, 2013 at 2:33 pm

    မိန်းမ ကနေ ကျားကြီး ဖြစ်သွားတော့ မယားစရိတ် ပေးစရာ မလိုတော့ ဘူး မဟုတ်လား။
    ကောင်းတာလေး ဆွဲကြည့် တာပါ။
    😉

    • အလင်းဆက်

      August 7, 2013 at 5:41 pm

      အရီးရေ
      အဲဒိ နေရာကို ပြောဖို ့ စာများမှာစိုးလို ့ချန်ခဲ့လိုက်တာ
      🙂
      ယောကျာ်းဖြစ်သူက
      အပြန်မှာ တရားရုံးကို ဝင်တယ် ။
      သူ မယားစရိတ် ပေးနေခဲ့တဲ့ မိန်းမက အခု
      ယောကျာ်းကြီးတစ်ယောက် ဖြစ်နေပြီ မို ့
      ဆက် ပေးစရာ မလိုတော့ကြောင်း
      ဆက် မပေးနိုင်တော့ကြောင်း လျှောက်ထားတာပေါ့ ။

      ဒါပေမယ့်
      တရားရုံးကလည်း ဘယ်လိုဖြစ်တယ် မသိ
      မယားစရိတ် ဆက် ထောက်ပံ့ရမယ်လို ့ဆုံးဖြတ်ပေးလိုက်တာ တဲ့ ။

      အဲဒီတော့
      ယောကျာ်းကြီးတစ်ယောက်က အခြားယောကျာ်းတစ်ယောက်ကို
      မယားစရိတ် ထောက်ပံ့ နေရတဲ့ အဖြစ်ပေါ့
      ရီချင် စရာကြီးလေ

      ယုံချင်ယုံ မယုံချင်နေ ဆိုတဲ့ စာအုပ် တစ်အုပ် ထဲမှာ ဖတ်ခဲ့ရတာ ဖြစ်မယ်။
      စာအုပ် သေချာ မမှတ်မိတော့

      🙂

  • Min Zarni

    August 7, 2013 at 2:46 pm

    ခညားတို့ရဲ့ ဒေါ်ဂျူးကြီးရော ယောက်ျား ဖစ်တွားဘီလား ငှင်င်င်

    ပုံ
    ပစိဖိတ်သမုဒ္ဒရာထဲက အရမ်းချစ်တတ်တဲ့ ယောက်ျားတယောက်

  • ခင် ခ

    August 7, 2013 at 2:51 pm

    မောင်အလင်းဆက် ရေးတဲ့ဤပိုစ့်ကိုဖတ်ပြီး ခင်ခ က ဒီလိုတွေးနေမိတယ်
    အမျိုးသမီးကနေ အမျိုးသားဘဝ(လိင်)ပြောင်းသွားလို့ အမျိုးသားဖြစ်ပြီဆိုရင် ထိုသူသည် ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သူဖြစ်ပါက ကိုယ်ရင်ဝတ်ခွင့် ရှိ မရှိ၊ ရဟန်းခံလို့ ရ မရ ဆိုတဲ့ အဖြေကို………..

    • အလင်းဆက်

      August 7, 2013 at 5:50 pm

      ဟုတ်တယ်နော် လေးခ

      အက်ဒိလိုဆို ဝတ်ခွင့် ရ မရ သိချင်ပါဘိ

      အထင်ပြောရရင် မရလောက်ဘူးထက်တယ်

  • KZ

    August 7, 2013 at 2:51 pm

    ခေါင်းစဉ်ဖတ်ပြီး ပထမ ၄ ၅ ကြောင်းလောက် ဖတ်လိုက်တော့ ရင်ထိတ်သွားတယ်။
    😀

  • ဦးကျောက်ခဲ

    August 7, 2013 at 2:55 pm

    ထိုင်းမှာကျောင်းတက်တုန်းက ဂျပန်ဆရာတစ်ယောက်ပြောတာ မှတ်မိသေးတယ်…
    ဂျီပုန်း အခြောက်ပေါတာ ဒို့လို ယောက်ျားသားတွေအတွက် ကောင်းတာပေါ့ တဲ့…
    အဲ… ယောက်ျားလျာ ဘောပြားတွေပေါတာတာတော့ မကောင်းဘူး…
    အမှန်အကန်လေးတွေကို ကျုံးသွင်းပြီး ငါတို့ စားခွက်ကို လုမှာတဲ့…
    စကားအတင်းစပ်… မ ကနေ ကျ်ား ကိုပြောင်းရတာ သိပ်မလွယ်လှသေးဘူး…
    😀

    • nicolus agral

      August 7, 2013 at 7:45 pm

      FTM Surgery too expensive and tech difficulty than MTF surgery

  • Mr. MarGa

    August 7, 2013 at 3:02 pm

    အင်း…..
    တွေးစရာလေးတွေ ပေးသွားပါလား အိမ်သာကျင်းရဲ့
    သဘာဝ တရားကို လွန်ဆန်တဲ့ အခါမှာ
    လွန်ဆန်နိုင်တာ ရှိသလို လွန်ဆန်လို့ မရစကောင်းတဲ့ အရာတွေလဲ ရှိသကိုး
    အကောင်းဆုံးကတော့
    ဒီအတိုင်း နေတာ အကောင်းဆုံးလို့ ထင်ပါကြောင်း
    တာဝတိံသာမှ သိကြားမင်း

  • သျှားသက်မာန်

    August 7, 2013 at 5:07 pm

    ဒါကတော့မျိုးစုံရှိတာပေါ့လေ..တချို့ဆို..ယောက်ျားစိတ်ပေါက်လို့..ယောက်ျားတွေနဲ့နေရာကနေ..အိမ်ထောင်ကျသွားလို့..ကလေးပါရနေသော်လည်း..ယောက်ျားစိတ်ကမပျောက်သွားဘူး။ဒီလိုတွေလည်းရှိတတ်ပါတယ်…သဘာဝကို လွန်ဆန်ဖို့ ့ကြိုးစားတဲ့အခါ အနည်းနဲ့အများတော့ နာကျင်ခံစားပေးရမှာပဲပေါ့လေ ။ဆိုတဲံ့စာသားကိုသဘောကျပါ၏။

    • အလင်းဆက်

      August 7, 2013 at 5:47 pm

      ဖတ်ရှု ခံစားပေးသွားတဲ့ အတွက် ကျေးဇူးပါ သူငယ်ချင်းရေ

    • Ma Ma

      August 8, 2013 at 9:01 am

      .ယောက်ျားစိတ်ပေါက်လို့..ယောက်ျားတွေနဲ့နေရာကနေ..အိမ်ထောင်ကျသွားလို့..ကလေးရပြီး မိန်းမပြန်ဖြစ်သွားတာမျိုးတော့ မြင်ဖူးတယ်။

  • သူကလေး

    August 7, 2013 at 5:34 pm

    ခေါင်းစဉ်ကိုဖတ်လိုက်ကတည်းက အလက်ဆင်းလက်ရာလို့ ထင်သားပဲ
    ဆာမဂျူးပိတ်တတ်ပီသပါပေဒယ် ! 😛
    ဖတ်ကြည့်လိုက်တော့လေ… ဘယ်လိုပြောရမလဲ .. ပြောတတ်တော့ပါဘူး

    • အလင်းဆက်

      August 7, 2013 at 5:46 pm

      သူလေးရေ
      လာဖတ် အားပေးတဲ့အတွက် ရှဲရှဲ

      မောင်ရွှေရိုးက ရတာ မောလားး
      🙂

  • Nyein Nyein

    August 7, 2013 at 6:57 pm

    တကယ်တော့ သဘာဝအတိုင်းသာလျှင် အကောင်းဆုံးလို့ ထင်ပါတယ်။
    ယောက်ျားတစ်ယောက်လို နေထိုင်ခွင့်မရပေမယ့်လည်း ယောက်ျားကောင်းတွေရဲ့ စိတ်ဓာတ်တွေမျိုး( ဥပမာ – သဘောထားကြီးတာ၊ ညှာတာတာမျိုးပေါ့။ ဒီ့ထက်အများကြီးရှိပါသေးတယ်။) ကိုယ့်မှာရှိအောင် လေ့ကျင့်လို့ရပါတယ်။
    အဲလိုပဲပေါ့ မိန်းမတစ်ယောက်လို မနေရဘူးဆိုပေမယ့် မိန်းမကောင်းတွေရဲ့ စိတ်ဓာတ်တွေ( ဥပမာ – အနစ်နာခံတာ၊ စေ့စပ်သေချာတာမျိုးပေါ့။) ရှိအောင် လုပ်လို့ရပါတယ်။
    အဲ့လိုမျိုး တကယ့် ယောက်ျားကောင်း၊ မိန်းမကောင်းတွေ ရှိသင့်တဲ့ စိတ်ဓာတ်တွေမရှိဘူးဆိုရင်တော့ တကယ့် ယောက်ျား၊ တကယ့် မိန်းမပဲ ဖြစ်နေပါစေ။ ၁၀၀% ဟုတ်တယ်လို့ ပြောလို့မရဘူးထင်တယ်။
    :mrgreen:

    ဒါနဲ့ စကားအတင်းစပ်…. “ပင်လယ်နှင့်တူသော” ဆိုတော့ အရာရာကိုလက်ခံနိုင်အောင် စိတ်ကိုဖွင့်ထားတယ်လို့ ပြောချင်တာလားဟင်။ 🙄

    • အလင်းဆက်

      August 8, 2013 at 8:53 pm

      ပင်လယ်..ဆိုတာ….အရောင်ပြောင်းတတ်တယ် ။
      ရေပြင်ဆိုပေမယ့်..သောက်လို ့မရဘူး ။
      ကျယ်ပြန် ့တယ်..
      နက်ရှိုင်းတယ်…
      တခါတရံ မုန်တိုင်းလို ထန်ပြီး.လှိုင်းတွေ..ဗြောင်းဆန်ပြီး.လူတွေကို ဒုက္ခပေးတတ်တယ် ။
      တခါတရံ…
      ငြိမ်သက် တိတ်ဆိတ်စွာနဲ ့.. ပြာလွင်လှပ..လူတေါကို ဖြားယောင်း တတ်တယ်..။

      လှိုင်းထန်တော့လည်း..ဗြောင်းဆန်.
      ငြိမ်ပြန်တော့လည်း..သူမဟုတ်သလို…
      မာယာ နည်းနည်း များတယ်…။

      စီးဝင်လာတဲ ့..မြစ်တွေ ဆီက.. ပါလာသမျှ အမှိုက်သရိုက် အညစ်အကြေးတွေကိုလည်း..
      လက်ခံလိုက်ရတယ်..။
      …..

      အဲဒီလို အဲဒီလို…

      …..

      ပင်လယ်နဲ ့ တူတဲ ့ယောက်ျားတစ်ယောက်ပါ ကွယ်…။

      🙂

      -=============
      ငြိမ်းငြိမ်းရေ….
      ပိုစ့်လေးကို လာအားပေးလို ့ ကျေးဇူးပါနော် ။

  • TNA

    August 7, 2013 at 10:19 pm

    ဘာများဖွင့်ဟဝန်ခံမလို့လဲလို့အားရပါးရဖတ်လိုက်တာ။ အခုတလောရွာထဲမယ်ခေတ်စားနေတာနဲ့ပြောင်းပြန် ဘာလားဟ။ ဘာပဲဖြစ်ဖြစ်ဒီအဖြစ်က လိင်ပြောင်းတဲ့အထိမဟုတ်ပေမဲ့ ယောင်္ကျားနဲ့ကလေးကိုစွန့်ခွာပြီး မိန်းမယူသွားတဲ့ မိန်းမတယောက်တော့ကြုံဖူးတယ်အေ။

Leave a Reply