ဓမ္မအကြောင်းလေး ဖလှယ်ရအောင်လား…

sofiadimpleAugust 2, 20101min510

အင်း…ဒီနေ့တော့ ကျွန်မခေါင်းထဲမှာ စဉ်းစားမိနေတဲ့မနေ့ကနာဖြစ်တဲ့တရားလေး ဝေဌလိုက်ပါတယ်။

တရားခေါင်းစဉ်လေးကတော့ “သစ်တုံးပမာ ”တရားတော်တဲ့။ကျွန်မကတော့ “စဉ်းစားစရာ..သစ်တုံးပမာ”လို့ ပြောင်းပေးလိုက်မယ်နော်။

အဲဒီတရားလေးက ဂင်္ဂါမြစ်ထဲ မျှောနေတဲ့ သစ်တုံးလေးကို နမူနာပြပြီးဟောထားတာပေါ့။မြစ်တွေအားလုံးရဲ့

ပေါင်းဆုံရာသည် သမုဒ္ဒရာပဲမလား။အခုလည်းဂင်္ဂါမြစ်ကရေတွေသည် သမုဒ္ဒရာ ဆီသို့ဦးတည်သွားနေကြ

လို့ဒီဂင်္ဂါမြစ်ကြောအတိုင်း တစိုက်မတ်မတ် မကွေ့မကောက်ပဲလိုက်သွားရင် သေချာပေါက်သမုဒ္ဒရာထဲကို

ရောက်ကိုရောက်ရမှာပဲပေါ့။ ဒါဆို ဒီသမုဒ္ဒရာကိုနိဗ္ဗာန်လို့ သဘောထားလိုက်ရင် ဒီနိဗ္ဗာန်ဝင်ဖို့ တစ်ခုတည်း

သောလမ်းကြောင်းသည် မဂ္ဂင်(၈)ပါး လမ်းကြီးပဲဆိုတာကို ဂင်္ဂါမြစ်လမ်းကြောင်းကြီးနဲ့ ဥပမာပြထားတယ်လေ။ ကဲ ဒါဆို ဒီဂင်္ဂါမြစ်ထဲမှာမျှောနေတဲ့သစ်တုံးကြီးသည် ပုထုဇဉ်လူသားတစ်ဦးပဲလို့မြင်ထားလိုက်ပေါ့။ သူသည် နိဗ္ဗာန်ရောက်ဖို့ ကြိုးစားနေသူတစ်ဦးပဲပေါ့။ ဂင်္ဂါမြစ်ထဲမှာ မျှောနေတယ်ဆိုတာ သံသရာမြစ်ပြင်ကျယ်မှာ ကူးနေရတယ် လို့မြင်ထားလိုက်ပါ။ ကဲဒါဆိုသူသည် ဒီဂင်္ဂါမြစ်ကြောတစ်လျှောက် ဖြောင့်ဖြောင့် သွားပြီးသမုဒ္ဒရာ

ဆီအရောက်လှမ်းနိုင်ဖို့ကျတော့ သူ့မှာဘယ်လို အန ္တရာယ်တွေတွေ့နိုင်မလဲ စဉ်းစားကြည့်ကြစို့။

အင်း…စဉ်းစားလိုက်တော့ တွေ့နိုင်မယ့် အန ္တရာယ်တွေက(၈)မျိုးတောင်မှပါလားနော်။

(၁)ဒီဘက်ကမ်းမှာကပ်သွားခြင်း။

(၂)ဟိုဘက်ကမ်းမှာကပ်သွားခြင်း။

(၃)ရေတွေအီပြီးရေလယ်မှာမြှုပ်သွားခြင်း။

(၄)ကျွန်းလယ်မှာတင်သွားခြင်း။

(၅)လူတွေကဆယ်ယူသွားခြင်း။

(၆)နတ်တွေကဆယ်ယူသွားခြင်း။

(၇)ဝဲစုပ်လို့မြှုပ်သွားရခြင်း။

(၈)ရေထဲမှာပဲပုပ်သိုးဆွေးမြေ့သွားခြင်း။

          ဆိုတဲ့ ဒီအန ္တရာယ်တွေကို ကြုံတွေ့နိုင်တယ်ဆိုတာတွေ့နိုင်မယ်နော်။

အင်းတခုစီရဲ့အဓိပ္ပါယ်ကို ရှင်းမပြခင် ကိုယ်ဘာကိုယ်စဉ်းစားကြည့်ရင်ပိုကောင်းမယ်ထင်တယ်နော်။ ဘယ်လိုလဲ??အရင်စဉ်းစားပြီးမှ idea ချင်းဖလှယ်ကြတာပေါ့။

စဉ်းစားလို့ရသလောက်လေးတွေကို comment ပြန်ပို့ပေးပါနော်။

အကယ်လို့ ပြန်စာပို့ပေးချင်ရင်တော့dimplemit@gmail.comကိုပေးပို့နိုင်ကြပါတယ်။