ကျောင်းသတင်း ( 8 .8 .88 အထိမ်းအမှတ် ကဗျာ )

28 . 7 .2013  က...ကျောင်းရှေ ့ကိုရောက်ပြီး..ကျောင်းထဲ မဝင်ဖြစ်ပါ ။ ဒါပေမယ့် အမှတ်တရပါ ။
28 . 7 .2013 က…ကျောင်းရှေ ့ကိုရောက်ပြီး..ကျောင်းထဲ မဝင်ဖြစ်ပါ ။ ဒါပေမယ့် အမှတ်တရပါ ။

အဓိပတိ လမ်းမှာ

ခြေရာ မထပ်ခင် လမ်းခွဲ ခဲ့ရတယ် ။

” ကျောင်းဖွင့်ချိန် ” ဆိုတဲ ့

အဲလက်စ် ရဲ့သီချင်း

ပြန်နားထောင်ရင်း…

ငါလွမ်းမိတယ် ။

ဒီတစ်ခေါက်…

ကျောင်းဝန်းထဲရောက်လို ့… လမ်းလျှောက်မိတော့..

အဓိပတိလမ်းနဲ ့ ဘွဲ ့နှင်းသဘင် ခန်းမဆောင်ကို…

ငါကြည့်မိတယ် ။

မင်း..သတိတရနဲ ့… လာလည်တဲ့အတွက်…

ငါတို့ဝမ်းသာလိုက်တာလို ့.. ပြောနေသလို ..

ငါ ခံစားရတယ် ။

ဒါနဲ ့….

ဘွဲ ့နှင်းသဘင်ရဲ ့ အနောက်မှာ ရှိတဲ့…

ပုဂံလမ်းကို ရောက်မိတယ် …

အရာရာ အားလုံး.. အသက် ပြန်ဝင်လာတယ် ။

ခံစားကြည့်ပေးပါ….။

ဘယ်လောက်တောင် ပျော်နေကြသလဲ…။

ကန်ဘောင်က အမှန်ကြောင်လို ့..ကောင်းတဲ ့ နေရာလို ့…

သတ်မှတ်ခဲ့ကြတဲ ့ သူငယ်ချင်းတွေ ရယ်..

သစ်ပုပ်ပင် ရယ်…

Library ရယ်…

Creation ရယ်..

နောက်ဆုံး…

တက္ကသိုလ် ဓမ္မာရုံနဲ ့… တက္ကသိုလ် ဆေးရုံ…

ငါ မရောက်ဖြစ်ပေမယ့်….

သတိတရတော့ ရှိနေဆဲပါ ။

မိခင်တစ်ယောက် က….

နို ့မတိုက်ချင်လို ့…နို ့ငတ်ထားခဲ့တဲ့

သားငယ်လို…

ကျောင်းဝန်းကြီး ရှိပါလျက်နဲ ့…

ပညာနို ့ရည် ကောင်းကောင်း..မစို ့ခဲ ့ရတဲ့ င့ါဘဝ

ဘယ်လောက်တောင် ဆိုးရွာလိုက်သလဲ..

ငါ့အဖြစ်က.. ငိုချင်ပေမယ့်…

မငိုဖြစ်တော့ပါ …။

————————

 

ချစ်ခြင်းမေတ္တာဖြင့်…

မိုးမင်းသား

7 .8 .2013 .

————————-

 

 

6 comments

  • အလင်းဆက်

    August 7, 2013 at 7:13 pm

    ကျောင်းကို.. သတိမရဘူး
    အဲဒီ တုန်းက..
    သားက.တစ်နှစ်သား ပဲ ချိတေးဒါ..လေ ။

    ဘာပဲဖြစ်ဖြစ်…
    အဲဒီ တုန်း က.. ခံစားချက်တွေက်ို..
    ကူးစက် ခံစားပြီး…
    မောမောလာတယ် ။

    🙁

  • kyeemite

    August 8, 2013 at 8:17 am

    အတန်းလစ်တိုင်း
    အခန်းပစ်ပီး
    အပြေးအလွှားသွားခဲ့
    လည်ခဲ့၊ ပတ်ခဲ့
    ရစ်ခဲ့၊ ချစ်ခဲ့ ရတဲ့
    ရာဇူး ကိုလွမ်းမောတမ်းတမိပါရဲ့ဗျာ… 😥

  • ဦးကြောင်ကြီး

    August 8, 2013 at 10:32 am

    ကျောင်းသတင်း
    မကောင်းဟင်း
    ရောင်းရင်း
    ပေါင်းသင်း
    ဆောင်းတွင်း
    ချောင်းဗျင်း
    နှောင်းကမြင်း
    ဖောင်းစင်း..

  • သာမီးတို့ ပိုငိုပါရဇီ… တက္ကသိုလ်တက်တဲ့ သုံးနှစ်လုံး..အလုပ်လုပ်တဲ့ သုံးနှစ်ကျော်လုံး.. မိန်းရှေ့က ဖြတ်လျှောက်မိတိုင်း နှမြောစိတ်၊ စာသင်ချင်စိတ်တွေအပြည့်နဲ့ လည်ပြန်ကြည့်နေရတဲ့ဘဝပါ…
    မနှစ်က ဒီပလိုမာလေး တစ်နှစ်တက်ပါတယ်… အိုဟောင်းနေတဲ့ ခြောက်ကပ်ကပ်ကျောင်းဝင်းကြီး နဲ့ ရေညှိအလိပ်လိုက်တက်နေတဲ့စာသင်ခန်းတွေအတွက် ယူကြုံးမရဖြစ်မိတယ်…

    ဒါမယ့် အခုတော့ ဆေးဖြူတွေသုတ်လို့… ကျောင်းကြီးပြန်အသက်ဝင်တော့မယ်ထင်…

    စကားအတင်းစပ်..နာ့ကိုဂျီးက အတော်နုတယ်နော်… ခန့်ချောကြီးတော့်…

  • kai

    August 8, 2013 at 4:25 pm

    ရန်ကုန်တက္ကသိုလ်ကို.. သေသေချာချာပြန်လုပ်.. ပြန်ဖွင့်ဖို့ကောင်းတယ်..
    တက္ကသိုလ်တခုတန်ဖိုးဆိုတာက.. သမိုင်းကြောင်းနဲ့.. သက်တမ်းလည်းအရေးတကြီးနေရာမှာပါတယ်..

    ဆိုတော့…
    ၈၈ငွေရတုအမှတ်တရပြောရဦးမယ်..။ ရာသီဥတုသာယာနေပြီပဲ… :kwi:
    “ပျော်ပျော်ပါးပါး.. အုပ်မြစ်”မချကြဖူးလားဟင်င်….
    အပြန်အလှန်ခွင့်လွှတ်ကျေအေးကြပြီး… ဖြိုခံရတဲ့ကျောင်းသားသမဂ္ဂကြီးကို အတူူတူပြန်ဆောက်သင့်လှပါတယ်..။

    ကျောင်းသားသမဂ္ဂအဆောက်အဦးကြိး ပြန်မြင်ချင်မိတယ်…။

  • မိုး မင်းသား

    August 8, 2013 at 7:59 pm

    သူကြီးပြောတာမှန်ပါတယ်ခင်ဗျာ………

    ဒီလိုဖြစ်သင် ့တာ….အနှစ်နှစ်ဆယ်တောင်မကတော ့ဘူးဗျ….

    ကျေးဇူးတင်ပါတယ်သူကြီးရေ……

    အလင်းဆက်ကတော်တော်ငယ်သေးတော ့….ဒီလိုမခံစားဖူးဘူးပြောတာ

    သဘာဝကျပါတယ်လေ……

    ကိုကြီးမိုက်ကတော ့အခုထိ…ကျောင်းကိုလစ်ချင်တုန်းလား….

    ရာဇူးကမမ..ကိုလွမ်းတုန်းလားဗျ…

    ဦးကြောင်…

    အထူးပြောင်စရာမလိုအောင်…

    ကောင်းသဗျ…

    မွန်မလေးလုံလုံ…..

    ကျောင်းထဲကိုရောက်ဖူးသူဆိုတော ့….

    လေးစားပါတယ်….

    ခင်မင်မှူကိုတန်ဖိုးမဲ ့အောင်…အကြွေးမထားပါနဲ ့……

    (စန္ဒီမြင် ့လွင်)ဟိ

    ချောတယ်ဆိုလို ့..ခန် ့တယ်ဆိုလို ့တွေ ့ရင်ကော်ဖီ..တွေတိုက်ပါ ့မယ်….

    တို ့…ညီမလေးကို…..

    အားလုံးကိုကျေးဇူးတင်ပါတယ်လေနော်……

    ချစ်ခြင်းမေတ္တာဖြင် ့….

Leave a Reply