အချစ်ဆိုတာ

အချစ်ဆိုတာ…………………………….

တိမ်ပြာတို ့လွင်းပါးမှုနဲ ့……………
့ငြိမ့်ညောင်းခြင်းအတိပြီးသော ရင်ခွင်မှာ

ရာဘင်ဒြာနတ်တဂိုးရဲ ့ ဂီတလင်္ကာကို သိမ့်သိမ့်ဆတ်ဆတ်ခံစားပြီး
အချစ်၏ ချွေလင့်သော လက်ကို မထိတထိလှမ်းရင်း လွမ်းမောစေတဲ ့အရာ…..
ချိုပျစ်ပျစ်ရသဂီတလို ့……….
့မက်မက်ရှိုက်ရှိုက် စွဲလန်းခဲ ့ပေမယ့်
မာယာပျားရည်တို ့လိမ်းကျံထားသော…နတ်ဆိုးရဲ ့တယောကြိုး..
မသိစိတ်အဟုန်နဲ ့ချစ်သူရနံ ့ကို ဖမ်းဆုပ်…ကမ်းပါးမှာပြုတ်ကျစေသောအရာ….
တွယ်တာစရာလို ့ဘဲထင်မှားစေတဲ ့ကဗျာ…။
တစ်ခါတစ်ခါ နေရာမရွေး ပေါက်ဖွားတတ်သော ဗိုင်းရပ်ကိုမှ ကိုယ်တွင်းနာအဖြစ် တယုတယ သိမ်းချင်မိစေတဲ ့အရာ…။
ဒါကို………….
တစ်သက်တာလို ့အက္ခရာထွင်းနေကာမှ
နောက်ကျောကိုဆောက်နဲ ့ကိုယ်တိုင်ထွင်းခံလိုက်ရတဲ
့ယုံကြည်မှု ဖောက်ဖျက်ရေးသခင်မရဲ ့လက်နက်ပုန်း……….။
တခါတခါလ ဲအချစ်တံလျှပ်တွေက
ကန္တာရထဲကို ဆွဲသွင်းပြီး
လမ်းပျောက်ခြင်းကိုဖြစ်စေတတ်တဲ ့ပဉ္စလက်..။
အချစ်ဆိုတာ……………………….
မာယာနှုပ်ခမ်းကို တမ်းခြင်းတွေနဲ ့ သီဖွဲ ့စုပ်ယူစေသော ကျားကွက်……….။
အချစ်ဆိုတာ……………………….
တောင်ပြိုတိမ်ထုရဲ ့ကမ်းပါးမှာမှ ဇာပဝါနဲ ့ရစ်ပတ်လို ့ သိမ့်သိမ့်နင့်နင့် မျောလွင့်စေတတ်သော နတ်ဘုရားမရဲ ့လှိုင်းတံပိုးလေ…။
မထင်တဲ ့ဒေါင့်က ပုံရိပ်ထင်လာတတ်တာလဲ အချစ်…။
ထင်မှတ်ခဲ ့သော အရာ အားလုံးချုပ်ငြိမ်းစေတာလဲ ချစ်သူရဲ ့အချစ်ပေါ့…။
နှောင်ကြိုးတစ်ပင်လို လက်ခြင်းမြဲစေတာလဲ အချစ်…………………….။
အချစ်ဆိုတာ……………..
ရှိသမျှ ကြိုးမှန်သမျှ ဖြတ်တောက်လို ့အစိမ်းရောင်တွေ ကို ဖိတ်စာတစ်စောင်နဲ ့လူကြုံပါးတတ်တဲ ့မာယာသခင်ရဲ ့အပြုံး….
အချစ်ဆိုတာ ဘာလဲလို ့မသိခင်ကတည်းက နတ်ပန်းဦးဆက်လို ့ရိုကျိုးရင်း ရင်ခတ် ခွက်ခွင်းသံတွေကြား ကကွက်များနဲ ့
ဝပ်တွား အချစ်ဖုရားမ အလိုကျ ပေါ့…။
ချစ်သလောက်ရူးစေ…
ရူးသလောက်ချစ်စေ….
ကျိန်စာတွေ ပြည့်နေတဲ ့နှလုံးသားကျမ်း…
အာဗြဟမ်ကိုပြတဲ ့လမ်း…မှောင်ချင်သလောက်မှောင်စမ်း…
မကြောက်တမ်း ရူးစေတဲ ့အရာ…။
အချစ်ဆိုတာ…..
မြူပုဝါပါးတွေကြား မှာ မျှော်လင့်ရင်း စမ်းလျှောက် ဝေးဝေးကြီးရောက်မှ အဆိပ်ခိုးရယ်လို ့သိစေတဲ ့အရာ….။
အို…အချစ်ဆိုတာ….
ရိုင်းစိုင်းသောဝေါဟာရနဲ ့ မနှိုင်းသင့်တဲ ့အရာ…
ယဉ်ကျေးသိမ်မွေ ့လို ့ စုံလုံးကန်းယုံ ပုံမအပ်သင့်တဲ ့အရာ…..။
အချစ်ဆိုတာ…
ကိုယ်ကလဲ သူများကို ဒါဏ်ချက်ပြင်းစေသော
ကိုယ့်ကိုလဲ တဖက်လူက ဒါဏ်ရာရစေသော….
အချစ်ဆိုတာ….တစ်ခါတစ်ခါ မွတ်သိပ်စေတတ်သော….
စကားလုံးတွေ ကဗျာတွေအဖြစ် အန်ထွက်စေတတ်သော….အရာ။
ပြောလို ့သာ ပြောရတာပါလေ…
တစ်ကယ်တော့ အချစ်ဆိုတာ….
ကိုယ်ဘဲ ယုယပိုက်ထွေးပြီး ၊ ရင်ထဲမှာ ကိုယ်တိုင်မွေးထားတဲ ့…
စပိန်နွားရိုင်း တစ်ကောင်ပါဘဲ…။
အချစ်ဆိုတာ…..
ဒါဏ်ချက်သိပ်ပြင်းတယ်…..။
ဒါဏ်ချက်သိပ်ပြင်းတယ်…..။

 

ကျော်စွာခေါင်

ရွာထဲက ချစ်ကိစ္စလေးကြားလို ့…။

33 comments

  • Min Zarni

    August 8, 2013 at 6:39 am

    အူးလေးကတော့လုပ်ပီ
    တဂိုးလည်း မနေရ ဟစ်စပန်းနစ် နွားလည်းမနေရ…
    တကယ်တော့ အချစ်ဆိုတာချစ်နေဖို့ပဲလိုတဲ့အရာ ပဲ မဟုတ်ပါလားဗျာ..

    C/D to ဟိုသကောင့်သား

    ပုံ
    အာရှတိုက် ကအပျော်ဆုံး ယောက်ျား ၃ယောက်ထဲက တယောက်

    • ကျော်စွာခေါင်

      August 8, 2013 at 11:08 pm

      ဟေးးးးး
      ညီလေးတို ့ကို မရည်ရွယ်ပါဘူး…တိုက်ဆိုင်တာပါ… တိုက်ဆိုင်နေမှတော့ ဆက်ပြောရတော့မယ်…
      ကိုယ်က ဒီကိစ္စကို အမှန်တိုင်းပြောရရင် ရွာသားအကုန်လုံးနဲ ့လဲ မသိ၊ နာမည်တွေ ကလဲ အမျိုးမျိုးနဲ ့ဆိုတော့
      တရုပ်စာနဲ ့ရေးထားတဲ့ အီဂျစ် ရတနာသိုက်ညွှန်း ဖတ်ရသလိုဘဲ…ဆက်စပ်ကြည့်လို ့ကို မရတာပါ..
      ဒီပို ့စ်ကို တင်လိုက်မှဘဲ…..
      ဪ… ရွာမှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေတာ ဒီ၃ ယောက် ပါလားလို ့ ရိပ်မိလိုက်တာ..
      ချစ်ပါဗျာ… ချစ်ပါ.. ဝမ်းသာပါတယ်…
      အချစ်ဆိုတာ ကိုယ့်အတွက် စပိန်နွားရိုင်းဖြစ်ပေမယ့်….
      ညီတို ့အတွက်က ခုချိန်မှာ အကောင်းစားဟင်းခတ်အမွှေးအကြိုင်နဲ ့ချက်ထားတဲ့ အမဲသား အိုးကြီးနှပ်ချက်ပေါ့..။
      အရာရာ ပျော်ရွှင်နိုင်ပါစေ…။
      မှတ်ချက်။ ။ နောင် ၁၅နှစ်ကြာရင် ဒီကဗျာ ကို ပြန်လည်ဖတ်နိုင်ပါသည်.. ဟီဟီ… ဒချိဒချိ…

      • Min Zarni

        August 8, 2013 at 11:20 pm

        ငိငိ.
        အူးလေး. အင်ဖော်မေးရှင်းနောက်ကျနေသကိုး ကျောက်စ်နဲ့ အံ. က ကျော့်ကို သတ်ချင်ရှာရော့မယ်.
        နော်. Shee

        :mrgreen:

  • kyeemite

    August 8, 2013 at 8:22 am

    ပန်းချီဆရာက အချစ်ဖွဲ့လည်းကောင်းသားပါလားဗျ :528:

  • ဦးကျောက်ခဲ

    August 8, 2013 at 9:26 am

    အကိုကြီးရဲ့ စာနု ကဗျာနု လေးတွေ မြင်ရပြီပေါ့…
    စာတွေလည်း ပြန်ရေးပါဦး…

    ပုံ
    အာရှတိုက် ကအပျော်ဆုံး ယောက်ျား ၃ယောက်ထဲက ပထမဆုံး တယောက်
    😀

    • ကျော်စွာခေါင်

      August 8, 2013 at 11:13 pm

      သူကတော့ ပထမဆုံး သတ်ကွင်းထဲကို ဝင်လာတဲ့… သူရဲကောင်း ကျောက်စ်စ်စ်စ်စ် ဖြစ်ပါတယ်…။
      မကြာခင်မှာဘဲ… အဆင့်မြင့် ဟော်တယ်လ်အတွင်းမှာ….( ) ကို လှလှပပ ကစားပြတော့မယ့်သူဖြစ်ပါတယ်….
      သူ ့ကို အားကျပြီး…
      ကိုကြောင်နဲ့ ကိုစည်က စပိန်နွားရိုင်းမလေးတွေကို အာသာငမ်းငမ်း…. အဟမ်း အဟမ်းးးးးး နေကြပါတယ်…။

  • ဗုံဗုံ

    August 8, 2013 at 10:01 am

    အူးလေးက ယရစ်နဲ့ ခြစ်တာမှာလည်း တော်သလို
    ယပင်းနဲ့ ချစ်တာမှာလည်း တော်သကိုးး..
    အူးလေးတော်ရကျုးိ နပ်ပါပြီ.. :mrgreen:

    • ကျော်စွာခေါင်

      August 8, 2013 at 11:17 pm

      ဖျားးးဖျားးးး
      တူလေးကတော့ ….. အနေအထိုင်ဆင်ခြင်ခိုင်းမှ… ရွှေဘို နဲ ့ခင်ဦးက နီးပါသဘိနဲ ့…..။
      ဪ.. ဗုံဗုံ….ဗုံဗုံ
      ငါ ့ကို နုတ်ဆက်ခြင်တာ.. ဒီတူမြင်လို ့….ဒီခြူ ဆင်ထားတာကိုးးးးးးးး

  • Crystalline

    August 8, 2013 at 11:13 am

    ဒီဆရာတစ်ယောက် မမခိုင်ဇာဟိုဖက်မှာအနုကြမ်းစီးနေတာမကြားဘူးထင်တယ်.. :mrgreen:
    တစ်ကိုယ်ကောင်းဆန်တယ်လို့အပြောခံရပေမယ့် … အဲဒီအချစ်ဆိုတာကို အခုအချိန်ထိ ဘယ်လိုမှ ခံစားကြည့်လို့မရသေးဘူး.. တစ်ယောက်တည်းနေရတဲ့ဘဝက အလွတ်လပ်ဆုံးနဲ့ ပျော်ရွှင်စရာ အကောင်းဆုံးပါပဲ..

    • ကိုရင်စည်သူ

      August 8, 2013 at 11:29 am

      အဲ့လေသံဂျီးနဲ့ အပြောဂျီးဒွေက ကြိုက်တဲ့လူ မတွေ့သေးလို့ ထွက်လာတဲ့
      လေသံဂျီးဒွေဘာ.. နီဂိုကိတ်စ်ခရစ်လေးရယ်.. ငိငိ :mrgreen:
      အာဘန်စီစီနဲ့ တွေ့ရင် နှစ်ယောက်ဒဲးး နေဒဲ့ဘီဝက ဘီလောက် လွတ်လပ်ဒယ်ဆိုဒါ..
      တင်ပေးမယ်… ပြန်ဂျစ်ပလိုက်… ဂါးး ဂါးးး…။ 😆
      ကြောင်းဂျီးရေ… ကိုယ့်အသက်အရွယ်နဲ့ နယူယောက်ဂ တရားစခန်းလေးဝင်ပြီး
      ဘုန်ကြီးဝတ်ပီးးး သဂျီးကိုသာ တရားဟောပါတော့…
      ဒီမှာ နီဂိုစ်ကိစ်ခရစ်နဲ့ အာဘန်စီနဲ့ဂ မုန့်ဖက်ထုတ်နဲ့ မုန့်စိမ်းပေါင်းလို့ လိုက်ဖက်နေပီ… ဟီးးး :mrgreen:

    • ဦးကျောက်ခဲ

      August 8, 2013 at 11:33 am

      အချစ်ကို ခံစားကြည့်လိုက်ပါတူမရယ်…
      ဟိုမှာ ကြောင်ကြီးနဲ့ ကစည်သွပ် ဖိုက်တင်ချတော့မယ်..
      😀

    • ဘဆွေ

      August 8, 2013 at 4:29 pm

      အဲဒါ ..အမှန်ပဲ ခရစ်စတယ်…

      .( တစ်ယောက်တည်းနေရတဲ့ဘဝက အလွတ်လပ်ဆုံးနဲ့ ပျော်ရွှင်စရာ အကောင်းဆုံးပါပဲ..)
      ကြိုက်သလို နေ၊ စား၊သဝေထိုးလို့ ရတယ် ..
      ဟိုကြောင်နဲ့ စည်သွပ် ဖျာရောင်းတာ မဝယ်နဲ့…
      အမိုက်မ သုံးကောင် တော့ ခုန်ဆင်းသွားပြီ (ဗီဗီယန်ကျာက်စ်၊မိဂွီ၊တေမိအံဇာ)..

      • မဟာရာဇာ အံစာတုံး

        August 8, 2013 at 5:44 pm

        အိုက်ဒါဂျောင့်
        လူပိုဂျီး အပိုဂျီးတွေ ရေလည်ခက်တယ်လို့ ပေါဒါ
        ချင်းပျလိုက် ဘာအုံး အုငေးရာ

        ပုံ
        အလယ် တစ်ယောက်က နာ

        :mrgreen:

        • ကျော်စွာခေါင်

          August 8, 2013 at 11:47 pm

          အံစာ မိုးဝင်း
          တော်တော်ဆိုးတဲ့ အလယ်က ဝဲပေါက်တဲ့ ညီ..
          ကိုယ်က ညီ ့ပဲမြစ်လေး… ကျနော့ဟာ နဲ ့
          အလယ်လူ ဖြစ်နေမယ်လို ့ ထင်ကို ထင်မထားတာ…
          ခုမှ ဆက်စပ်မိတာ…
          ကိုယ့်ညီက ရှင်မပြုမှီ… ရွာနတ်စင် ပြသလို ရွာကို ထုတ်ပြတာကိုးးးးးးးးး။

          (ဒီလောက်သေချာနေတာတောင်… ပရိုမိုးရှင်းက ဓါတ်ပုံပြပြီး မြှင့်ချင်သေးတယ်…)

        • မဟာရာဇာ အံစာတုံး

          August 9, 2013 at 12:35 am

          တိန် …
          ဟိတ်ဂလူ …
          ခီညား လုပ်မှ နတ်စင် ပျဒါဒွေ၊ ပလိုမိုးချင်းဒွေ ဖစ်ကုန်ဘီ .. အီးးး
          ချက်ချရာဂျီး ….
          ညက်နှာတောင် ပျရဲဒေါ့ဝူးးး ဟီးးးဟီးးး
          :mrgreen:

    • ကျော်စွာခေါင်

      August 8, 2013 at 11:28 pm

      Crystalline ….
      တိတ်တိတ်လေးနေ….
      ရွာလမ်းထိပ်ကနေ ဒီမှာ ဒီမှာ…ဆိုပြီး အနုကြမ်းစီးတာ ကြားတယ်…
      ကျနော်က သက်သက်မဲ့ကို ရှိစု မဲ့စု ၁၂ပဲရည် ရွှေမျှင်လေးနဲ ့သူမြင်အောင် လမ်းသလားပြတာလေ..
      ဒါမှ…
      သူ ပြောနေတာတောင်..ဂရုမစိုက်ရကောင်းလားဆိုပြီး… ဒေါသ ထွက်မယ်..
      ဒေါသဖြစ်ရင် ဗိုက်ဆာ ပြီလေ…။
      အဲဒီအခါကျမှ သူက လူတွေက ကဗျာကိုတန်ဘိုးမထားဘူး… ကဗျာပြခန်းကို
      စိတ်မဝင်စားကြဘူး… ကဗျာလောက အတွက် စိတ်မကောင်းဘူးဆိုပြီ…
      ကြေကွဲဝမ်းနည်းစွာနဲ ့လွမ်းစရာ ကောင်းတဲ့ တောင်သမန် အင်း..ဦးပိန်တံတားကို သွားမယ်…
      သိတယ် မဟတ်လား …ဟိုရောက်တာနဲ ့..
      ဆိတ်သားထောင်း… ပဲပြုတ်ထမင်း အကြော်စုံ တမင်းသုတ် …. ဆွဲပြီလေ… အပီဆွဲပြီ…။
      အဲဒါ သူလိုချင်တဲ့ အကွက်.. ဟီ..
      သူ ့ကို ခင်လို ့ သူလိုချင်တဲ့ အကွက်ရောက်အောင် ကျနော် ရွှေ ့ပေးတာ… ကူညီတာ..ကူညီတာ…။

      • KZ

        August 9, 2013 at 7:59 am

        ဟယ်!
        ဟယ်! ဒီလူဂျီး နာ့ကို အကွက်ချပြီး တောင်သမန်ကို အရောက်ပို့တာပါလားးးး 😀

        ကျန်းးးးးးး
        ကျန်းးးးးးး
        ဒီမှာ! ဒီမှာ! လို့ ခေါ်နေတာကို ကျော်ပြီး နာ့ကို ကဗျာမပေးတာ အရမ်းရမ်း စိတ်ထိခိုက်သွားဘီ။ 😀

        ဟွန်းးးး
        လက်ဖက်ထမင်းတို့ ဆိတ်သားထောင်းတို့တော့မစားတော့ဘူးးး
        ဒီတစ်ခါ ထန်းရေချိုလေး အမူးသွားသောက်အူးမှ!

        ကဗျာ မပေးလို့ အသီးကွဲသွားတဲ့ အထိမ်းအမှတ်နဲ့!! 😀

  • KZ

    August 8, 2013 at 12:18 pm

    Love it…!
    Love it..!
    I mean the poem… !!
    😀

  • ခေါင့် ရဲ့ အချစ်ဆိုတာကို ဖတ်ပြီး ပြန်ဂေါက်ချင်သွားရင် ဗျူဟာမှူးတွေ ဝို်င်းဆဲလိမ့်မယ်…
    အဟိ..

    ရင်ဘတ်ကြီးနဲ့ ရေးထားတဲ့စာလို့ မှတ်ပါတယ်… ဒဏ်ချက်တွေ သိပ်ပြင်းထန်ခဲ့ပုံရတယ် လို့ ထင်ပါတယ်….
    ရွာထဲမှာ ဗျူဟာမှူးတွေ ရှိပါတယ်… အကူအညီတောင်းနိုင်ပါတယ်… 🙂

    အချစ်ဆိုတာ essential မဟုတ်ပေမယ့် important ပါ.. ဟီး..

    • Min Zarni

      August 8, 2013 at 1:57 pm

      အာရှတိုက် က အပျော်ဆုံးယောက်ျား ၃ယောက်ထဲက အစောဆုံးတယောက်ကို ပြောတာလားဗျ..
      ဒီလူကြီးက အမ်ဟမ် အမ်ဟမ် နဲ့ တော်ကီ ကောင်းလွန်းသူကြီးပါဗျာ..

      ပုံ
      အာရှတိုက်က အပျော်ဆုံး ယောက်ျား ၃ယောက်ထဲက ၁ယောက် (မှတ်ချက်။ Latest)

    • ကျော်စွာခေါင်

      August 8, 2013 at 11:33 pm

      လုံ
      အဲဒီ ၃ ယောက်ရဲ ့ကောင်မလေးတွေ မဖတ်မိပါစေနဲ ့ဆုတောင်းရမှာပါဘဲ…
      သူတို ့ကို မရည်ရွယ်ပါဘူး… ကောင်မလေးတွေက ဒီစာကို သိပုံမရပါဘူး… လုံရယ်..
      အဲဒီ ၃ယောက်ဘဲ ..ဒီပို ့စ် တင်တဲ့ အချိန်နဲ ့ ကောင်မလေးတွေ ဆေးပျယ်တဲ့ အချိန် တိုက်ဆိုင်မှာ စိုးရိမ်နေပုံဘဲ…။
      ……. း)

      • Crystalline

        August 9, 2013 at 7:53 am

        ဆရာခေါင်ရယ်.. တကယ်မသိတာလားဟင်.. နှစ်ယောက်ကအရင်ကတည်းက ရွာထဲရှိနေတာ.. တစ်ယောက်က မနေ့ကတင်ဝင်လာပါတယ်ရှင် :mrgreen: အလယ်ကတစ်ယောက်ရဲ့ နံရိုးလေးကို ဆရာဂီ့အခြောက်တကောက်ပို့စ်ထဲသွားကြည့်လိုက်… :kwi:

  • uncle gyi

    August 8, 2013 at 10:44 pm

    အချစ်ဆိုတာ
    သမီးရီးစားဘဝတုန်းကအရာရာပြီးပြည့်စုံတဲ့အရာ
    အချစ်ဆိုတာ
    မင်္ဂလာဦးတုန်းကမိုးမမြင်လေမမြင်ပျော်စရာအတိ
    အချစ်ဆိုတာ
    နောက်၅နှစ်လောက်မှာကလေးတွေ အလုပ်တွေနဲ့
    ့ဘယ်ဆီနေတယ်မသိ

  • Shee

    August 8, 2013 at 11:24 pm

    အူးလေး ကျော်စွာခေါင်….မင်္ဂလာပါနော်……ခုလိုရွာထဲမှာတွေ့ရတာဝမ်းသာပါတယ်…အဲ့..ဒါပေမဲ့…မောင့်ကိုချစ်တာတော့ နာလိုဖစ်ပါနဲ့နော်…..:P

    • ကျော်စွာခေါင်

      August 8, 2013 at 11:39 pm

      မင်္ဂလာပါ… ရှီး ရယ်..။
      သူများတွေ ချစ်ကြတာ မနာလို မဖြစ်ပါဘူး။။
      ရွာက လူများတော့ ဘယ်သူက ဘယ်သူမှန်းလဲ မသိတော့ မေးပါဦးမယ်..
      ရှီး က ယောကျင်္ားလေး လား..မိန်းကလေး လား… ရွာမှာ လူတမျိုး ဝင်လာတယ် ကြားလို ့..
      မောင် ဆိုတာကရော… သေချာစုံစမ်းနော်.. ရှီး…
      ……….
      ……….
      ……….

      ( ဘယ်တစ်ယောက်ရဲ ့စပိန်မလေးလဲ မသိပါ… ချစ်ခင်စိတ်နဲ ့စ တာ…စိတ်မရှိပါနဲ ့)
      အရာရာ ပျော်ရွှင်ကြပါစေ
      ခင်တဲ ့
      ဦးခေါင်

  • Shee

    August 9, 2013 at 12:03 am

    တိန်……………….ရှီးကမိန်းခလေးပါရှင်….မောင်ကရှီးရဲ့အသဲ လေ…..:D
    စုံစမ်းဖို့လိုဖူးထင်ပါဒယ်……….:D

    • Ma Ma

      August 9, 2013 at 8:06 am

      ချွေးမလောင်းလျှာလေးကို ရွာထဲအရောက်ခေါ်ပြနိုင်ပြီပေ့ါ။ :hee:

    • ကိုရင်စည်သူ

      August 9, 2013 at 4:55 pm

      တိန်.. တိန်… ဟို အရှေ့အာရှမှာ ဝဲအပေါက်ဆုံး မောင်ဂီ့ကြီး ဘယ်လိုချုပ်လိုက်တာလည်း မောင်ဒွေ
      ဘာတွေတောင် ဖစ်သွားဘာရား…။ 😥 ရှီးးးးးးးးးးးး… နာတေလု့ိဂဒယ်ဂွါ… ကြားတာနဲ့တင်… 😳
      မရှီးးးးး တားဂိုရဲ… ရှီးးးလို လှဒဲ့… တမီးလေးတစ်ယောက် ရှူး ဖြစ်ဖြစ် ရှဲ့ ရှိူ့.. ဖြစ်ဖြစ် ချာပေးပါဂျာ..
      သူများတွေ ဂေါ်စွံကုန်ပီဂျာ.. တားပဲကျန်ဒယ်… 😥
      သူများတွေမနာလိုလောက်အောင် ရုပ်ချောတာရယ်၊ လူပျိုစစ်စစ် သိပ်ချစ်တတ်တဲ့အားနည်းချက်ကလွဲရင်
      အကုန်ပြည့်စုံဘာဒယ်ဂျာ… ကျေးဇူးမမေ့ပါဘူး.. မင်ဂလာဆောင်ရင် စွန်ပလွန်းသီးအဝါ
      တစ်ဖာလက်ဖွဲ့ပါ့မယ်… :mrgreen:

      အရှေ့အလယ်ပိုင်းပင်လယ်ပြင်မှအချစ်တတ်ဆုံး ယောက်ျားတစ်ယောက် (update)

  • surmi

    August 9, 2013 at 9:40 am

    ဆရာ​ကျော်​ ….
    အမြန်​ဆက်​သွယ်​ပါ
    ပြည်​ပတာဝန်​ခံ ဦး​ကျောက်​၊ ခိုင်​ဇာ ၊ ​ရွှေကြည်​
    ရန်​ကုန်​ … အလင်​းဆက်​
    မန်​း​လေး ….. ဦးမာဃ

    အဟမ်​းးး ကျ​နော်​က ခွင်​့ယူထားတယ်​ 🙂

    • KZ

      August 9, 2013 at 11:30 am

      အမ်။
      ကိုရင်ဆာ။ နာမည်နဲ့ တကွတွေ ချောက်မချနဲ့လေ။
      ဘယ်နဲ့ သူကျ ခွင့်ယူတယ်တဲ့။ 🙁

      အထင်မလွဲကြပါနဲ့ဗျို့။
      ခုကိစ္စက မောင်ဂလေး အံစာ ကိတ်စနမို့ မနေနိုင်မထိုင်နိုင် ဝင်ပါမိတာပါ။
      ကျန်တဲ့ ကိတ်စနတွေ အနော် မပါပါဘူးးးး
      နောက်ကိတ်စနတွေလည်း ပါမှာဟုတ်ပါဘူးးး

      လွန်တာရှိ ဝန်တာမိ။
      ခွိခွိခွိ 😀

  • အလင်းဆက်

    August 9, 2013 at 2:04 pm

    ဦးကျော်စွာ ရေ

    စာသားတွေ လန်း လွန်းလို ့
    ခိုက် တယ်ဗျာ

    ကျွန်တော်လည်း
    အခုတလော
    ဒီလို ခံစားမှု စာစုလေးတွေကို
    တော်တော်လေး ဖတ်ချင် / ရေးချင်နေမိတော့
    ဖတ်ရတာ အရသာ ရှိတယ်ဗျာ

  • lele kyi

    August 9, 2013 at 6:04 pm

    “အချစ်ဆိုတာ တကယ်တော့ ကြိုးနဲ့သီဖို့မလိုတဲ့ ပန်းလေးတွေ” တဲ့ ကဗျာလား စားလား မှတ်မိတော့ဘူး။ ဘယ်သူရေးလဲ ဘယ်စာအုပ်မှာလည်း သိတော့ဘူး။အဲ့တစ်ကြောင်းပဲမှတ်မိနေတယ်။ ဒါတောင် စကားလုံးအထားအသိုလွဲနို်င်သေးတယ်။ အဲ့လောက်မှတ်ဉာဏ်ကောင်းပါ၏။

    • အလင်းဆက်

      August 9, 2013 at 7:28 pm

      အချစ်ဆိုတာ.. ကြိုးနဲ့သီဖို့မလိုတဲ့ ပန်းကလေးတွေ..ဆိုတဲ ့..
      စာအုပ်တစ်အုပ်တော့.. ဖတ်ခဲ့ဖူးတယ် ။
      ဆရာမ ဂျူး..ရေးတာ…။

Leave a Reply