ကျနော်တို့ ရွာထဲမှာဗျာ – ခြောက်

ムラカミAugust 8, 20131min32825

ရွာကား ဆူချေပီ။

ထုံးစံအတိုင်း ဒါက သဂျီး စနက်မကင်း… မြို့ကလာသည့် အလှဖန်တီးရှင် ဂျော်လကီတွေကို

ရွာထဲ ဆိုင်ဖွင့်ခွင့် ပေးလိုက်ခြင်းက စလေသည်။ ဟုတ်သည် မတူတဲ့အတွေးနဲ့ လွတ်ပျံ့စွဲ ကြီးစိုးတဲ့ရွာပေပဲ..။

ဒါမျိုးလာကြောလို့ ရမလား ဆိုပီး ကိုရင်ညောင်ဝတုတ်တယောက် အလှပြင်ဆိုင် ထဖွင့်လေ၏။

ဘာတဲ့ မာမီသော်(ဆွေးတက္ကသိုလ်) ဆိုလား ..။

သူ၏ ကြီးမားတုတ်ခိုင်သော ခါးကြီးကို နွဲ့ကာ နွဲ့ကာဖြင့် ဆင်မယဉ်သာလမ်းလျောက်လေပုံအား

မဖွဲ့ပြတတ်သော်လည်း မိတ်ဆွေများကို မြင်အောင် ပြချင်မိသေး၏။

ထိုအခါ ရွာသားချင်းချင်း ဒီလိုကြောလို့ ရမလား ဆိုပီး အင်္ဂလိကန် မံမီဆွေကလည်း

ဟိုမြားနတ်မောင်
သေနာကောင်က
ဘယ်ချောင်ဘယ်နား
အလေသွားပီး
ငါ့အားပစ်ထားပါသနည်း

ဟုကြွေးကျော်ကာ သူငယ် ထားဖို့ စိုင်းပြင်းပြန်လေသည်။

သည်တော့ သူနှင့်ပုလင်းတူဗူးဆို့ ဖြစ်သည့် ဗီဗီယံ ကျောက်စ် ကလည်း အနိုင်မခံအရှုံးမပေးစိတ်ဓါတ်ဖြင့်

တီလုပ်သိုင်းဆရာ ဝစီပိတ်နှင်း ကို ကောက်တွဲပြလိုက်ပေသည်။

 

ကူးစက်တတ်သောရောဂါပေလော..မဆိုနိုင်။

ရွာ့ကန္နားစီး မိဂီ ကလည်း လှေခွက်ကြီးကျန်အလံမလှဲ စိတ်ဓါတ်ဖြင့် …ကျပ်မပြည့်တဲ့မင်းသား

ကလေးသုံးယောက် ရသွားတာ ဝမ်းနည်းလှသဟဲ့ ဆိုပီး သူ့ချစ်သူ ဟိုကရင်ကောင်နုထွားကြီးနှင့်

ပေါင်းဖို့ပြင်လေသည်..။

ထိုစဉ် အံအံချစ်က က ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် ဟု နှလုံးသွင်းကာ မျက်စိမွဲရှာသည့် သူ့မွန်ကောင်လေး ကို

ပွဲထုတ်လာသည်။ အံမယ် သူတို့ကြားက အထိန်းအမှတ်သီချင်းက မျက်နှာများတဲ့အံ ..ဆိုလား

သူငယ်ရှာမရ ရှာသော မတ်စိန်မ နှင့် ရွဲစီရွ တို့ မှာကား တက်တခေါက်ခေါက်။

မိုးကောင်းတုန်း ရွာထားဦးပေါ့ကွာ ငဒို့ အလှည့်ကျမှ မိုးကြိုးပါအတွဲလိုက်ပစ် ပစ်မယ် ဆိုတာက

သူရို့ လက်သုံးစကား..။နှုတ်ခမ်းမွေးတကားကားနှင့် ခြောက်သည့် ဖရက်ဒီမာကျူရီ ကိုအားကျသည့် ရွဲစီမ က ပို ဆိုး၏။

မံမီသော် တဖြစ်လဲ ကိုရင်ညောင်ဝတုတ် ကို ဖျဉ်းဆွဲအောင် ဖမ်းစား တဲ့ နတ်ဆိုး ဟု

နာမည်ကျော်သည့် မတ်စိန်မကတော့ ခပ်အေးအေးမို့ ဘာမှ ထည့်မပြောလိုပေ။

 

ထိုစဉ် တစခန်းထသူက မာဂယောက်ပြား တည်း ..။ ကဗျာတွေ စာနုတွေ အရေးများရင်း

လိင်တူချစ်သူအခွင့်အရေး လှုပ်ရှားသူ ဒညင်းဝက်ဆိုသူနှင့် ဘာလိုလို အသံထွက်ခြင်း ဖြစ်သည်။

ဒညင်းဝက် ၏ စတီးလ်ကဲ့သို့ ပြောင်လက်သော နှဖူးကို ကြွေသွားသည်ထင့်.. မယုံလျင်သွားနားထောင်ကြည့်ပါ..မိတ်ဆွေ

မာဂယောက်ပြားတယောက် ရီ တာတောင်မှ ညင်းညင်း ညင်းညင်း နဲ့ .. ဟူသတတ်.. အံ့ဩကုန်နိုင်ဖွယ်တည်း။

 

အားလုံးနှင့်မတူ တမူထူးသူကား မမကမ်း ဖြစ်သည် ။ သူကိုရီးယားကားအကြည့်များသဖြင့် အဲ့သည့်ထဲက စကီလေးတွေနှင့်

တူမလားဆိုပီး ဆံပင်အရှည်ထားတာကတော့ ရှေးမဆွ ကမို့ အားလုံးသိပြီး ဖြစ်အံ့ထင်။

ခုတော့ ကိုရီးယားစာပါသင်ပီး သူ့ကိုယ်သူ ဂျန်ဂျီဟွန်း အထင်ရောက်ကာ နှုတ်ခမ်းဆူ ဘောပင်တင်ပီး

ဒါ့ပုံရိုက်သည်ဟု သတင်းသဲ့သဲ့ထွက်လေသည်။

 

သတင်း သဲ့သဲ့ထွက် ဆို နားစွန်နားဖျား ကြားခြင်း မို့ ဖြစ်သည်။

အဆိုပါ နားစွန်နားဖျား ဆြာကလည်း တချိန်လုံး စကားပြောတိုင်း ကိုကို ကိုကို က ပါးစပ်ဖျားကချသူမဟုတ်..

ခုတော့လည်း လှည်းတန်းက စကီလေးကို အဆက်ဖြတ်ကာ ကိုနိုမှ ကိုနို ဖြစ်နေသည်ဟူသတတ်။

ထိုစဉ် မယီးမိုက် ကတော့ ရွာ့ ဗဂျီကြော် ကို ကြွက်သားအဖုအဖု နဲ့ ထုထုပီးခရာ ချင်စရာ ဟု ပြီတီတီပြောလေသည်။

ဒါက တော့ မမအုပ် အသီးကွဲကိန်း တည်း။ နောက်မှပေါက်တဲ့ ရွှေကြာပင် သီချင်းကိုဆိုကာ စိတ်ပြေလက်ပျောက်ဂန်ဒါရီခရီး ထွက်သွားပြီ

ဟု အတွင်းသိ တချို့ က ဆိုကြလေသည်။

ဒီကြားထဲ နာမည်ကျော် ဘောလုံးသမား ဒေးဗစ် ခွစ်စတလိုင်းကို လုရင်း မာရီယာ ကြောင်နှူးဘာ နှင့်

အိန်ဂျလီနာ စီစီသွပ်တို့ ရန်ဖြစ်ကြသေးသည် မဟုတ်တုန်လော…။

 

ရွာ့ ကာလသားတို့ကား ခြောက်ကုန်ကြလေပြီတည်း။ ရွာသူ များဖြစ်သော ရွှေကြည် နှင့် မမပြာတို့လည်း

ရွာထဲဆက်နေပြီး စွံရန်လမ်းမမြင်သဖြင့် စစ်ကိုင်းချောင်သို့ ယွန်းကြလေပြီ …။

မမတုန်လည်း သူ့ ချစ်သူဒေါက်ဒေါက်၏ ဆေးသေတ္တာထဲက အိုင်းရှဲဒိုး ပက်ပင်းတွေ့ကတည်းက

လောကီညီး လို့ သီလရှင် ဝတ်သွားလေပြီ။

 

မဖြစ်ချေ ရွာ့လူကြီးတွေ မနေသာတော့ ပါ၊လတ်၊ဖော၊ဆာ၊မ တို့ ဦးဆောင်ကာ အစည်းအဝေးလုပ်ကြလေသည်။

ဒါတောင် တခြား လူကြီး တယောက် ဖြစ်သော ကထူးဆန်းက ဆန်းဆန်းထူး နာမည်ပြောင်းသွားလို့

မပါရခြင်းတည်း။

 

ဂလိုနှင့် ရပ်မိရပ်ဖများ ကောင်းမှုနှင့် ရွာ့ လူငယ်များအား သဂျီးမှ ဆုံးမဩဝါဒ ပေးဖို့ ဖြစ်လာလေတော့သည်။

 

ပွဲစည်စဉ်သူကား ရွာ့ကာလသားခေါင်း တိုက်မမ ဖြစ်သည်။ သူသည်လည်း ချစ်သုအုပ် ၏ မိတ်ကပ်ယူအလိမ်းကောင်းသဖြင့်

အိမ်တွင် ရှင်မတောင် နဲ့ ထုလိုက်မယ် စာတမ်းအချိတ်ခံရသူပင်။ ဒါမျိုးကျ မဲမဲသွ တို့က သာသည်။

ဟုတ်၏ သူက ကိုယ်ပိုင်ဝယ်လိမ်းပုံရ၏။

 

သဂျီးကား တရားဟော စင်မြင့်ထက်သို့ တက်ကြွသောခြေလှမ်း၊ တည်ကြည်သောမျက်နှာထား ရဲရင့်သော

ဟန်ဖြင့် တလှမ်းချင်းတက်လာသည်..။ဂစိန်မ လှမ်း ဖလိုင်းကစ်စ် လုပ်တာတွေ့ရ၏။ မမနွယ်ကတော့ မျက်စောင်းတခဲခဲ

ဘပု ကို လန့်သည်ထင့် စင်မြင့်နောက်ကွယ် ချောင်ကြားကနေ ဘလပ်ဒီးဘုန်းကျော် တိတ်တိတ်လေး ထိုင်နေသည်

ဟော .. စပြောပြီ။

 

အားလုံးကိုပေါ့နော်… မားခိုမ် ပြောချင်တာကတော့ပေါ့နော်.. ဟိုလေ

လူသားအချင်းချင်း အားလုံးဟာ အတူတူပဲမို့ ခွဲခြားနှိမ့်ချ ဆက်ဆံတာမျိုး

မပျော်တကု ရဘူး လို့ ပြောပါရစေ။ မား အတွက်က တော့လေ

ရပ်ဆဲခရိုး ကို ချော်တကစ် သလို ဘရတ်ပစ် ကိုလည်း မမော်တကုန်းပါဘူး

အားလုံး အတူတူ ချည်းပါပဲလို့ .. နော်..။

 

ဟိုက်..

ရွာလူကြီးတွေမျက်နှာ ဇီးကင်းခန့် ဖြစ်ကုန်ပြီ …။ သွားဘီ ..နှုတ်ခမ်းမွေးတကားကားနှင့် ဖရက်ဒီ မာကျူရီ လက်သစ်ကြီး။။

ဒုက္ခ။

ကာလသားအပေါင်း စိတ်လည်အောင် မည်သို့ လုပ်နိုင်အံ့တည်း။ ထိုပြသနာထက် ပိုလို့

ထူးဆန်းအံ့ဩသည်မှာ သဂျီးမင်းကိုယ်တိုင်ဘယ်တုန်းက ထိုသို့ ဖြစ်သွားပါသနည်း..။

ဘယ်လိုမှ တွေးမရ..။

နောက်ပိုင်းမှ ဖေ့စဘုတ်ပေါ် အရောက်အပေါက်များသော ရဲရဲတောက် အွန်လိုင်းမျိုးချစ် အရီးခင်

စုံစမ်း အသိပေးသည်မှာ …လွန်ခဲ့တဲ့အပါတ်က ရွာကို မြို့အဖြစ် မှတ်ပုံတင်ရန် ခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့

သဂျီး မြန်းခဲ့လေသတဲ့ ..။ အဲ့သည်မှာ ထမင်းစားဆင်းချိန်မို့ ဝန်ထမ်းတွေမရှိခိုက် ..

မှောင်ရိပ်ခိုမှုအတွက် မသင်္ကာသဖြင့် ခေါ်စစ်ခံရလို့ ရောက်ရှိနေသော နာမည်ကျော် မာမီသံ နှင့်

တွေ့ခဲ့ပါသတဲ့ ..။ လူကလည်း မရှိ။ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းကလည်း ချောင်ကျ ဆိတ်ကွယ်ရာဖြစ်ပြန်…။

အော်….

လောကကြီးမှာလေ …လောလောပီးသာ ကော်တက လိုက်ချင်တော့တာပါပဲ မားခိုမ် ရယ်

ဟု နောက်ဆုံးတွင် ရွာလူကြီး အန်တီပါ မှ ပြောချလိုက်လေတော့သတည်း။

 

ငိငိ
လွန်ဒလာ စိရင် ဝန်ဒါမိ ဘာခီည …
ဒချိ..ဒချိ

25 comments

  • Ma Ma

    August 8, 2013 at 9:19 am

    ချိတ်အပါတော့ဝူးးးးးးးးးး
    အားဒေါ့ဝူးးးးးးးး
    ရွာထဲ ဝင်ဒေါ့ဝူးးးးးးးးး
    ဒါဘေမဲ့ ဟိုလူကြီးကိုတော့ ဝင် ဝင် ရိ လိုက်ပါအုံးမယ်လေ………… :loll:

  • Myo Thant

    August 8, 2013 at 9:32 am

    ဟယ် ကိုမင်း မကောင်းဘူး
    များနာမည်လဲမပါဘူး
    ဟွန့် စိတ်သိပ်ဆိုးတာပဲ ၊
    များကတော့ နာမည်လေးများ ပါမလားလို့ ရှာလိုက်ရတာ ၊
    သွား လူဆိုး 🙂

  • ကထူးဆန်း

    August 8, 2013 at 9:49 am

    ဟဲ့ …မကြီးစန်း လို .. စန်းစန်းထူး ပါ …မိ….ဂီ..ရဲ့

    :hee:

  • ဦးကျောက်ခဲ

    August 8, 2013 at 9:52 am

    တော်သေးတာပေါ့…
    ဗီဗီယံ ကျောက်စ် နဲ့ ဝစီပိတ်နှင်း အကြောင်းပါသွားလို့…
    အခုတလော အင်္ဂလိကန် မံမီဆွေလည်း ပျောက်နေတယ်…
    သူငယ်ရသွားလို့လားမသိ… ဟီ ဟိ
    😀

    • ဘဆွေ

      August 8, 2013 at 4:17 pm

      ဆွေ ရှိပါတယ်..သူရယ်..
      အလုပ်မအားလို့ ရွာထဲမရောက်တာပါ…ဖော်တကုံး ဆော်တကပ် လော်တကိုက် မယ်..
      ဒီသငယ်မလေး တော် တော် အမှတ် ကြီးတယ်.. တစ်ခါထဲရွတ် ပြဖူးတဲ့ ကဗျာကို ခုထိ မှတ်မိနေတယ်…
      သငယ် ရစရာလား ဂီရယ်..များ က အပျိုကြီး ပဲလုပ်…မှာ..

  • Crystalline

    August 8, 2013 at 10:01 am

    ဖြော်တကစ် ရော်တက မော်တကယ်
    နောက်ဆုံးတော့လည်း ဒီဘူတာပဲဆိုက်တာပဲ :mrgreen:

  • ဦးကြောင်ကြီး

    August 8, 2013 at 10:24 am

    ရွာခြောက်များ ပေါက်ကုန်ဂျသီဂို နာလိုခံခက်ဖြစ်ခါ ဦးကြောင်ကြီး ချောင်ထဲဝင်၍ အားရှိပါးရှိ ထုလိုက်လေတော့သတီး… တူ တူ….

  • အလင်းဆက်

    August 8, 2013 at 10:48 am

    ပလုတ်တုတ်

    နာနဲ့ မာဂ ယောက်ပြားနဲ ့က
    ဘာမဟုတ်ဘူးဟဲ့

    ဒုတ်ခပဲ

    နာလည်း ဘယ်ဘဝ ရောက်သွားပလဲ
    🙂

  • ရွှေဂျူး

    August 8, 2013 at 2:09 pm

    အယ် အယ်.. ဘယ်နှာ့တွေ ဖြစ်တွားဒါလဲဟင်…
    နားအလည်တော့ဝူး….
    အကုန်လုံး အဲ့လိုဖြစ်တွားဒယ်ပေါ့……. ဟီး ဟီး 😀

  • kai

    August 8, 2013 at 3:39 pm

    ဂေးတွေအကြောင်းပြောရင်.. “နင်ပြီးငါ့အလှည့်”ဆိုတဲ့စာသား..စကားအကြောင်း..အမြဲသတိရမိတယ်..
    အခုလည်း.. မိဂီရေ..
    နင်ပြီးင့ါအလှည့်.. :mrgreen:

  • nozomi

    August 8, 2013 at 4:32 pm

    ထင်တော့ ထင်သား
    မနေ့က ချောမမ ပါ ဆိုပြီး ဖုံးဆက်တယ်
    သူ နယ်ရောက် နေလို့ပါတဲ့ အသံက နည်းနည်း နွဲ့တဲ့တဲ့ နဲ့
    လှည်းတန်းက ကောင်မလေး သနားစရာ
    သူ လဲ အဲဒီ ဘဝ ဘယ်လို ရောက်သွားလဲ မသိဘူး သနားစရာ
    အဲဒါကြောင့် နောက် ဆုံး တင်တဲ့ ပို့စ် က တင် တွေ ရင် တွေ အကြောင်း ရေးထားတာကို

  • Wow

    August 8, 2013 at 4:41 pm

    မန္နလေး “ဂေးးးးး”ဇက်ဟု နာမည်ပြောင်းတော့မြီဟု… သတင်းရဂျောင်း :mrgreen:

  • Shwe Ei

    August 8, 2013 at 4:47 pm

    စစ်ကိုင်းချောင်တော့ ယွန်းမနေဝူး..သများမှာ မူပိုင်ဆွိ ချိဘီးသား…သွပ်..သွပ် 😉

    • KZ

      August 8, 2013 at 9:29 pm

      ပြာယေးယေ။
      ပြာယေးယေ။
      ချစ်တဲ့ ပြာယေးယေ။

      ဒီအတိုင်းပဲ ဆင်းလာခဲ့။
      ဒီအတိုင်းပဲ ဆင်းလာခဲ့။
      သွပ်သွပ်။ 😀

  • amatmin

    August 8, 2013 at 5:00 pm

    သဂျီးဒို့များ. နင်းလိုက်ရဒဲ့
    အစွန်းတဖက်ဆုံးဒွေ. တခါမှ
    လွတ်လွတ်ကင်းကင်းမအောင်မြင်ဘူး ရယ်.
    ထူးပါဖူး. ဂေးဇက်ကြက်ပျိုလေးများ ဆိုပီး.
    ဇာတ်ကပီး ရန်ပုံငွေရှာလိုက်ကြတာပေါ့. 😛

  • မဟာရာဇာ အံစာတုံး

    August 8, 2013 at 5:35 pm

    အယ် ၊၊၊၊
    သများ ကျိတ်ပုန်းခုတ်နေဒါ
    အော်ဂျီး ဟစ်ဂျယ် ဖစ်တွားဘာဘီတော်
    ထူးဒေါ့ဘာဘူး
    ခုလို ဖစ်မှဒေါ့ ပေါ်တင် ပြပလိုက်ဒေါ့မယ်
    ရှက်တတ်သူများ မကျိရ ၊၊၊၊ ခွိခွိ

  • cobra

    August 8, 2013 at 6:05 pm

    ဘော်တကာ တွေ ဖျော်တကစ် ကုန်တာတုန်း
    တော်သေးတယ် တွေ ့ဆုံပွဲတုန်းက
    သားကို သူငယ်မထောင်သွားလို့
    မလွယ်ပါလား သားတောင်ကြောက်လာပြီ။

  • TNA

    August 8, 2013 at 6:20 pm

    ရေးလဲရေးတတ်တယ်အေ။ ငါ့ဖတ်လိုက်ဘာသာပြန်လိုက် ဘယ်သူလဲစဉ်းစားလိုက်နဲ့တော်တော်အလုပ်ရှုပ် သွားတယ်။ ဖတ်ရတာတောင်တော်တော်ခက်တယ်။ ညီးမို့ရေးလဲရေးတတ်တယ်အေ။

  • padonmar

    August 8, 2013 at 9:37 pm

    အန်တီပါ၊အန်တီဆာ၊အန်တီဖော၊အန်တီမိုက်၊
    တို့ကို ကက်ဝေါ့လျှောက်ခိုင်းပါဗျို့။
    မစ်စဂေးဇက် ရွေးပါမယ်။

  • ကျော်စွာခေါင်

    August 9, 2013 at 12:01 am

    စာရေးတာ သွက်ပြီးတော့ တော်တော် ကောင်းတာပါ..။
    စာမဆုံးခင်ထိ သက်ပြင်းလဲ မချရဲဘူး… မောက်စ်ကိုင်တဲ့ လက်တောင် တုန်နေတယ်..
    ငါ့ ကို…ဘယ်စာရင်း သွင်းလိုက်မလေလဲလို ့…..
    ကိုယ့်ဟာကိုယ်လဲ ခဏခဏ ပြန်စမ်းကြည့်ရသေးတယ်… ( စိုးရိမ်စိတ်များရင် ကိုယ်ပူတတ်သည် )
    ခုတော့ …စာတပုဒ်လုံး ဖတ်ပြီးသွားပြီ….
    ကဲ… အချိန်ရှိတုန်းလေး… အလေးမ သွားကျင့်လိုက်ဦးမယ်ဗျာ…။

  • surmi

    August 9, 2013 at 9:27 am

    အနိတ်​စ 🙂 မြမြဲပါတကားးးး

  • GARFIELD

    August 9, 2013 at 9:53 am

    အေး… နင်လုပ်မှပဲ ငါတို့တွေအားလုံးလဲ… အခြော်တကောက်တွေဖြစ်တော့တာပဲ… မိဂီမရဲ့…

    ခင်မင်လျက်-
    ဂါဂါး

  • ရဲစည်

    August 9, 2013 at 4:36 pm

    ဟယ် အပြိုင်အဆိုင် ချေနေလိုက်ကျတာ အံ့ပါရဲ့ …
    ပြောထားပေါ့အေ ငါ့ကလဲ့ကျ နင့်လိုတယောက်ထဲ မဟုတ် …
    ကပ္ပလီ သငယ် ၆ယောက်လောက်နဲ့ အတွဲလိုက် ဝုန်းပြမယ် ..
    ဒညင့် ဒညင့်

    🙂

  • lele kyi

    August 9, 2013 at 6:49 pm

    ဘယ်သူတွေလဲ တို့သူကြီးကို မားခိုခ်ဆိုပြီး နာမယ်ဖျက်ကြတာ။ သူကြီးရေ သူကြီးအလှည့်မြန်မြန်လာပါ။ သူတို့ကိုပြန်ချေပ ပါ သူကြီး မားခိုခ်မဟုတ်ဘူးဆိုတာ။ ပြာယုံပဲပြာတာပါ။ (မိုးကောင်းကင်)

Leave a Reply