သုံးကြိမ်မြောက်အောင်

အင်္ဂလိပ် တို့သည်မြန်မာနိုင်ငံကို

သုံးကြိမ်မြောက် ကျုးကျော်စစ်ပြု၍

မြန်မာတို့ အင်္ဂလိပ်လက်အောက်သို့

ကျရောက်ခဲ့ရသည်။

မြန်မာတို့သည်ရရာလက်နက်စွဲကိုင်းရင်း

အင်္ဂလိပ်နယ်ချဲ့အားတော်လှန်ရာမှ

ဗိုလ်ချုပ်အောင်ဆန်းခေတ်သို့ရောက်လာသောအခါ

နယ်ချဲ့တို့ကို သုံးကြိမ်မြောက်တွင် အောင်မြင်စွာ

တိုက်ထုတ်နိုင်ခဲ့သည်။

ပထမ ဂျပန်နှင့်ပေါင်း ၍တိုက်သည်။

ဒုတိယ အင်္ဂလိပ်နှင့်ပြန်ပေါင်း၍တိုက်သည်။

နောက်ဆုံး တိုင်းရင်းသားအချင်းချင်းပြန်ပေါင်း၍

တိုက်ထုတ်ရာမှ လွတ်လပ်ရေးရရှိခဲ့သည်။

ဤကားမြန်မာ့အချုပ်အခြာ အာဏာပိုင်ရေး အတွက်

သုံကြိမ်မြောက် အရှုံးနှင့် သုံးကြိမ်မြောက် ၌ လွတ်လပ်ရေး

အောင်မြင်မူ့သမိုင်းဖြစ်သည်။

သမိုင်းဘီး တပါတ်လည်နေသလား? ? ?

ရှစ် ရှစ် ရှစ် ရှစ် တွင် တကြိမ်တော့တိုက်ခဲ့ပြီ

ထင်ပါသည်။ ဟိုးတုန်းကလို ရွှေရည်စိမ်ရခဲ့သည်။

ဒုတိယအကြိမ် ? ? ? ?

တတိယ အကြိမ် ? ? ? ?

အနှစ်တရာကျွန်သက်ကလည်းရှိခဲ့သည်။

ခုတော့ ? ? ? ?

ကျွန်သက်တဝက်ကျိုးခဲ့လေပြီ ။

မြန်မာ့ လွတ်လပ်ရေးပန်းတိုင်ဒီမိုကရေစီသည်ကားးးးး

တဝက်တော့ကျိုးခဲ့ပြီလားးးးးးး? ? ? ? ? ?

သုံးကြိမ်မြောက်ကိုတော့ နောင်တမလွန်က

မျော်ကြည့်ရပေမည် လော လော လော ? ? ?

တော်သေးပြီ။

8 comments

  • ကထူးဆန်း

    August 8, 2013 at 10:00 am

    အရင် က ၁၃ နှစ်တိုင်း တစ်ကြိမ်ပြောင်းပါတယ် ဆိုပြိး ဗေဒင် ကဝိတွေ လုပ်ခဲ့ကြသေးတယ် ..
    ၁၉၆၂ ကနေ ၁၉၇၅ မှာတော်လှန်ရေးကောင်စီ ဖြစ်ခဲ့တယ် .. ၁၉၇၅ ကနေ ၁၉၈၈ မှာ မဆလ ဖြစ်ခဲ့တယ် .
    အဲ့ဒီ့တော့ ၂၀၀၁ မှာ ပြောင်းမယ်ဆိုပြီး ကဝိတွေ ဟောခဲ့ကြတာ တက်တက်စင်လွဲခဲ့တယ် ..
    အခုလည်း ကဝိဆြာမင်းမင်း က သုံးကြိမ် သုံးခါ ဆိုတော့ မြန်မြန်ရောက်အောင် ရွှေဝါရောင်လေး ကြားထိုးပေးပါလားဟင်င်င် …. :harr:
    အင်း ..ကြားထိုးလည်း တမလွန် ကနေဘဲ မျှော်ရမှာပါ …. :byae:

    • မင်းမင်း

      August 8, 2013 at 10:42 am

      ဒီကြားထဲ X X X X X ဖြစ်ရပ်တွေ

      ဖန်တီးနိုင်မယ် ဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့

      မြေးချီရင်း ……………။

  • ဦးကြောင်ကြီး

    August 8, 2013 at 10:11 am

    သုံး သုံးလီ ကိုးဒဲ့…. အစိုးရိမ်နဲ့.. လွတ်လပ်ရေးနဲ့ မျှတရေး အဲဒီလမ်းနှစ်သွယ်… အနာဂတ် ဒွန္နယာဂျီးမှာ လူသားဒွေ ရွေးဂျရလိမ့်မယ်…..

    • မင်းမင်း

      August 8, 2013 at 10:44 am

      ဦးကြောင်ရေ အလီကမြှောက်ရင် အဖြေကများသွာတယ်။

      သုံး ÷ သုံး ဆိုရင်တော့ ? ? ?

  • KZ

    August 8, 2013 at 12:48 pm

    ကျုပ် တစ်သက်တော့ စိတ်လျှော့ ထားးရဲ့ 🙁

    • မင်းမင်း

      August 8, 2013 at 1:49 pm

      စိတ်လျော့ ပေမဲ့သမိုင်းတာဝန်တော့

      မလျော့သင့်ဘူးထင်ပါတယ်။

  • kai

    August 8, 2013 at 1:33 pm

    ၈၈ကအစွမ်းဆုံးဆိုတဲ့သူတွေ.. ပြည်တော်ပြန်..ပြည်တော်ထဲရောက်နေပြီပဲ..
    ပါတီအခိုင်အမာတွေနဲ့.. လွတ်လပ်စွာစည်းရုံးဟောပြောခွင့်လည်း.. အတိုင်းအတာတခုရနေတာပဲ..
    ၈၈ကလို.. ငမြောက်ငခြောက် အချဉ်လေးတွေမဟုတ်တော့..
    ဘဝလည်းနာခဲ့ပြီ..သာခဲ့ပြီ… နိုင်ငံတကာအတွေ့အကြုံ..ပညာ.. အဆက်အသွယ်တွေလည်း.. စုံခဲ့ကြပြီ…

    ဘာလိုနေသေးတာလည်း.. ဧရာဝတီမိခင်…
    နွှဲလိုက်ကြစို့လား…. ဝါး.. :mrgreen:

    • မင်းမင်း

      August 8, 2013 at 2:08 pm

      ဟုတ်ပါတယ် သူဂျီးရေ

      အရင်ကလိုမဟုတ်တော့ပါဘူး။

      ကျနော့်အယူအဆအရ တိုက်ပွဲ တပွဲနဲ့ တပွဲကြား

      အချိန်ကာလက မျိုးဆက် တဆက်ရဲ့ အတွေးအမြင်ခံစားချက်ကို

      ပြောင်းလဲစေခဲ့ပါတယ်။

      ခုခေတ်ခုချိန်မှာ အများစုက နေသားကျနေသလိုဖြစ်နေကြပြီ။

      ခေတ်ပြောင်းသလို နိုင်ငံရေးမှာလည်း အံဝင်ခွင်ကျ ခေတ်နဲ့အညီ

      ပြောင်းလည်းဖို့လိုနေပြီ။ ခုချိန်မှာလက်ရှိမျိုးဆက်တွေ အများစုက

      အနာမခံဘူးဖူး။ အနာခံဖူးသူအများစုကလည်း အိမ်ထောင်သားမြေး

      စီးပွားရေးအတော်အသင့် နေရာကျကုန်ပြီ။ လက်ရှိအချိန်မှာလည်း

      ဖြေလျော့မူ့တွေတပုံကြီးနဲ့မို့ သိပ်မနားတတ်ကြတော့ဘူး။

      မကောင်းမှန်း မတရားမှန်း ကလိန်ကျမှန်းသိပေမဲ့ အများစုကိုမထိခိုက်

      လေတော့ ဒီအတိုင်းမှိန်းနေကြရတယ်။အသိုက်မပျက်ချင်ကြတော့ဘူး

      ကိုး။ဒါအမှန်တကယ် ပြည်သူအများစုခံစားချက်လို့ထင်ပါတယ်။

      ဒီအဖွဲ့ဆင်း ဒေါ်စုတက်ဆိုရင် အားလုံးနီးပါး ပါစပ်နဲ့ထောက်ခံကြပါလိမ့်

      မယ်။ ဒီလိုဖြစ်အောင် လာကြ တိုက်ကြစို့ ဒီလိုဆို ဘယ်သူထွက်ရဲမလဲ။

      ထွက်မှတိုက်လို့ရမယ်။မထွက်ရဲဘူးဆိုတိုက်လို့မရဘူး။မတိုက်ဘူးဆိုမှ

      တော့ဘယ်တော့ရမှာလဲ?

      ဒီတော့ ဒီနေ့မျိုးဆက်အတွက် ဘာတွေပြင်ဆင်ထားသလဲ?

      ဒီနေ့မျိုးဆက်အတွက် ဘာသင်ပေးရမှာလဲ?

      ဒီနေ့မျိုးဆက်တွေ အတွက်ဘယ်လောက်ကစရမှာလဲ?

      မှားနေပြီ ဆိုရင် “တစ်ကပြန်စဖို့” သတိ္တ မွေးသင့်ပါတယ်။

Leave a Reply