ရန်သူလား . . . တံခါးတစ်ချပ် ဖွင့်လိုက်တယ်. . .

alinsettAugust 8, 20131min32336

ကံကြမ္မာက ကျွန်တော့်ဆီ . . .

ဓါးထမ်းပြီး လာနေကျ ဖြစ်သည် ။

 

အဲဒီ အသိကို ကျွန်တော့် စိတ်နှလုံးထဲ စွဲမြဲသွားစေသော အဖြစ်များလည်း ရှိခဲ့သည်ပဲ ။

 

တကယ်ပဲ ကျွန်တော့်ကို မှ

ကံတရားက ရက်စက် ခဲ့လေသလားးလို့ ့တွေးထင်ခဲ့ရပါသည် ။

 

ကျွန်တော့် ဘဝ ၏ စာမျက်နှာ တော်တော်များများ သည်

ကံကြမ္မက ကျွန်တော့်ကို

ကျကျနန အငြိုးထား ခဲ့သော စာမျက်နှာ များသာ . . . များနေသည် ။

 

********************

 

ပိတ်ထားသော တံခါးချပ်တော်တော်များများကို ကျွန်တော်က မကြခဏ တွန်းဖွင့်နေရသည် ။

 

အချို့လူများအတွက် အလိုအလျောက်ပွင့်လျက်သား တံခါးများ ရှိနေတာ သေချာပါသည် ။

 

ကျွန်တော့်အတွက်တော့ တံခါးတော်တော်များများကို အားအင်ကုန်ခမ်းမတတ် တွန်းဖွင့်ပြီးမှ အထဲမှ အရာကို ယူငင်ခွင့်ရတတ်သည် ။

 

သို့သော် အထဲမှ အရာသည်လည်းး ကျွန်တော် မျှော်လင့်ထားသလို ကောင်းမွန်သော ရပိုင်ခွင့် မရှိသလောက်ပင် ။

 

ကျွန်တော့်အတွက် တမင်များ ရည်ရွယ်ထားသလား ထင်ရလောက်အောင် . . . အဆိုးအညံ့များကစောင့်ကြိုနေတတ်သော အခါ . . . . . .

ကျွန်တော့် ကံကြမ္မာကို

ကျွန်တော် ကြောက်လာပါတော့သည် ။

 

*****************

 

တချို ့လူများအတွက် လွယ်ကူသော ကိစ္စများက ကျွန်တော့်အတွက်တော့ မဟာ အခက်အခဲများ ဖြစ်နေတတ်သည်။

 

တချို့လူများ စကားတစ်ခွန်းပြောရုံနှင့်ပြီးသော ကိစ္စများမှာ ကျွန်တော်ကတော့ လျှာ ဂျွမ်းပစ်အောင် ပြောယူမှရသည် ။

 

ကျွန်တော့်ဆီကို ကောင်းမွန်သော ဆုလဒ်များ တခါတရံ ပေးတတ်ပါသည် ။

 

သို့သော် ထို ကောင်းမွန်သော ဆုလဒ်များ၏ နောက်မှာ ဆိုးဝါးသော ဒဏ်ရာဒဏ်ချက်များက လည်း ထပ်လျက်မခွါ လိုက်ပါလာစမြဲ ။

 

အကောင်းတစ်ခု နှင့် အဆိုးများစွာ လာစမြဲ ။

 

တခါတခါတော့ ကျွန်တော့်ကို ကျွန်တော် အပြစ်တင်ပါသည် ။

မည်သူမပြု မိမိမှု မဟုတ်ပေလား ။

 

ဒါပေမယ့် အံ့ဩလောက်အောင် တိုက်ဆိုင်တတ်သော ကျွန်တော့် ကံဆိုးမှုများ က ကျွန်တော့်ကိုယ်ကို ကျွန်တော် အပြစ်မတင်ရက်တော့လောက်အောင် ရက်စက် ပြခဲ့ဖူးသည် ။

 

*********************

 

ပုတ်ိဖွားများးး ထမင်းတစ်လုပ် စားရဖို့တောင် . . . အတိုက်အခိုက်များတာ လို ့ ကျွန်တော့် စာပေမိတ်ဆွေ တစ်ယောက်က ပြောခဲ့တာ

သတိရပါသည် ။

ထို စာပေမိတ်ဆွေသည်လည်း

ပုတိဖွားမို ့ကံတူအကျိုးပေးတွေ ဟု ဆိုလျှင်ရသည် ။

 

ကျွန်တော် ဗေဒင် ကိန်းခန်းများကို အယုံအကြည် မရှိပါ ။

 

ကျွန်တော့် ကို ရည်ရွယ်ပြောလိုက်သလို ခန့်မှန်းချက်များကိုတော့ အနည်းငယ် စိတ်ဝင်စားတတ်သည် ။

 

ဟုတ်သည် ။ ကျွန်တော့် ဘဝ အတိုက်အခိုက် အင်မတန့် အင်မတန်ကိုများသည် ။

 

ဘယ်လောက်တောင် များသလဲဆိုလျှင် ကိုယ့်အဖေက တောင် ကိုယ်နဲ့ အတိုက်အခံလုပ်သည် ။

 

ကိုယ့်အဖေကိုတောင် ကိုယ်က အတိုက်အခိုက်စကားများပြောမိရသည် ။

 

*******************

 

ကျွန်တော့်အဖေက

ကဗျာ စာပေကို နှံ ့စပ်ကျွမ်းကျင်သူ တစ်ယောက်ပဲ ဖြစ်သည် ။

 

အဖေ က ရှေးရိုးစဉ်လာ ကဗျာသမား မို့ ့ကာရန်မပါသော ကဗျာများ . . .

ရေးနေသူ . . . ကျွန်တော်နှင့် အယူအဆမတူ ။

 

ကာရန်မပါရင် ကဗျာ မဟုတ်ဘူးး ဆိုသည့် အယူအဆ ကို လက်ကိုင်ထားသူ အဖေနှင့် ကဗျာကို လွတ်လပ်စွာ ဖန်တီးခွင့် ရှိရမယ် ဟု ယူဆထားသူ သားတို့အကြားမှာ အယူအဆတိုက်ပွဲများ ရှိလာသည်။

 

ဂန်နှင့်ဒန် အတိုက်အခိုက် များ ဖြစ်လာတိုင်း ကျွန်တော်က ပဲ အရှုံးပေး တိတ်ဆိတ် ငြိမ်သက်လိုက်ရတာဖြစ်သည် ။

 

ကိုယ့်အဖေကို ဆိုတော့လည်းးး အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး သွားမပြောရဲဘူးလေ ။

 

ကိစ္စတော်တော်များများမှာ ကျွန်တော့် ဘက် ရှိသူ နည်းတတ်သည် ။

 

**************************

 

တခါတခါကျတော့လည်း စိတ်ရှိလက်ရှိ ပေါက်ကွဲပစ်လိုက်ချင်သည် ။

 

အသိဉာဏ် ဆင်ခြင်တုံတရားနဲ့ ကံတရား၏ခါးသီးရက်စက်မှုကြောင့် ထွက်ပေါက်ပိတ်သွားတတ်ခြင်း ကြားမှာ ကျွန်တော် လူလား မမြောက်ချင်တော့ပါ ။

 

**********************

 

ဓါးတဝင့်ဝင့် ကံတရား၏

ရက်စက်မှု အဆင့်ဆင့်ကို

ဒီ အရွယ် မှာတောင်

ဒီလောက် ကြုံနေရရင် နောင်လာမယ့် နှစ်များစွာ မှာ ပိုခက်ခဲကြမ်းတမ်းသော ခါးသီးမှုတွေ လာဦးမှာ ပါလားးး

 

အဲဒီ လို အတွေ း မျိုးနဲ ့ကျွန်တော် လူးလိမ့်မောဟိုက်ခဲ့ဖူးသည် ။

 

ရာရာစစ ငါလိုလူကိုမှ လာစမ်းရသလားး ဆိုသော မာန်မျိုးနဲ့လည်း အံတု ရင်ဆိုင်ခဲ့ဖူးသည် ။

 

ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ ကံကြမ္မာက ရက်စက်မြဲ ပက်စက်ဆဲ . . . ။

 

*********************

 

ရှိပါစေတော့လေ ။

 

ကြွေးဟောင်းတွေ ဆပ်ခွင့်ရလို ့ပဲ ကျေနပ်သလိုလို ဟန်ဆောင်ရင်းးး

 

ပြုံးလက်စ ရင်နာ အပြုံးတွေကို ဆက်ပြုံးထားရဦးမှာပေါ့ ။

 

နာနေတဲ့ ဒဏ်ရာတွေက အသက်ရှုူမှားလောက်အောင် နှိပ်စက်နေပေမယ့်

ဘာမှ မဖြစ်သလို မကြောက်တတ်ယောင်

ဆောင်နေပါဦးမယ် ။

ဒါပေမယ့် . . . .

 

***********************

 

ပိတ်ထားတဲ့ တံခါးချပ်တွေကို ဖွင့်ကြည့်ဖို့တော့ လက်တွန့်ချင်နေုပြီ ။

 

မှောက်ထားတဲ့ ဖဲချပ်ကလေး

ဘာဖြစ်မလဲ သိချင်ပေမယ့် ကိုယ့်အတွက်ဆို . . .

ဘူ သာ ဖြစ်မှာ ပဲ လို ့တွေးမိလို ့ လှန်ကြည့်ဖို ့လက်တွန် ့တတ်ခဲ့ပြီ ။

 

ခန် ့မှန်းရ ခက်သော ဝတ္ထုတစ်ပုဒ် ဖတ်ရင်တောင် အဆုံးသတ်က ဘာများပါလိမ့်လို ့သေလောက်အောင် သိချင်နေပါစေ. . . .

အဆုံးထိ မဖတ်ပဲ အဆုံးမသတ်ခင်မှာ အဖတ် ရပ်တတ်ခဲ့ပြီ ။

 

********************

 

စကားပုံတစ်ခု ဖတ်ခဲ့ဖူးသည် ။

 

တစ်ခါဆိုရင် မတော်တဆ

 

နှစ်ခါဆိုရင် တိုက်ဆိုင်မှု

 

သုံးခါဆိုရင်တော့ ရန်သူ ့လက်ချက် တဲ့ ။

 

******************

 

ကျွန်တော့်ဘဝမှာ ဆိုးရွားသော အဖြစ်အပျက်များက

သုံးခါမက ဖြစ်ပျက်ခဲ့ဖူးသည် ။

 

သေချာနေပါပြီ ။

 

ကျွန်တော့် ဇာတာမှာ

ရန်သူ ့လက်ချက် မိ စရာ ပါခဲ့ပြီ ။

 

**********************

 

သတ္တိတော့ ရှိပြီးးး

အဲသည် သတိ္တိကို ထုတ်မသုံးရဲသူတစ်ယောက်မို ့

ကျွန်တော့် ရန်သူသည်

 

ကျွန်တော်ကိုယ်တိုင် ပဲ ဖြစ်ပါတော့သည် ။

 

**********************

 

ကိုယ့်အကြောင်းကို အက်ဆေးတစ်ပုဒ် ရေးကြည့်မိခြင်းသက်သက်ပါ ။

 

{{{{ အခုတလော ပိုစ့်ခေါင်းစဉ်တွေကို ဂျူးရဲ့ စာအုပ်နာမည်တွေ နဲ့ ခပ်ဆင်ဆင်တွေ ပေးဖြစ်နေပါတယ် ။

 

ဆရာမဂျူးကို သရော်လှောင်ပြောင်းခြင်း လုံးဝ မဟုတ်ပါဘူး။

ဆရာမဂျူးရဲ့ စာအုပ်နာမည်လေးတွေက စွဲမက်စရာကောင်းပြီး ဘယ်သူမဆိုမမေ့နိုင်တဲ့ စာသားလေးတွေ မို ့ကျွန်တော် တော်တော်လေး အားကျငေးမောခဲ့ရပါတယ်။

အခုလို ပင်လယ်နှင့်တူသော ယောကျာ်းတစ်ယောက်တို ့

ပင်လယ်နှင့်တူသောယောကျာ်းတစ်ယောက်၏ ဖွင့်ဟဝန်ခံချက် တို ့

ရန်သူလား တံခါးတစ်ချပ်ဖွင့်လိုက်တယ် တို ့

အမည်တပ်တာဟာ ဆရာမဂျူးရဲ့ မမေ့နိုင်စရာ စာအုပ်များကို အမှတ်တရ ဂုဏ်ပြုခြင်း နဲ့ ကျွန်တော့်ပိုစ့်ကို လူတွေ စိတ်ဝင်စားစေလိုခြင်း သာ ရည်ရွယ်ပါကြောင်းး ။ }}}}

 

 

လေးစားစွာဖြင့်

 

ပင်လယ်နှင့်တူသော ယောကျာ်းတစ်ယောက်

36 comments

  • ဦးကျောက်ခဲ

    August 8, 2013 at 12:02 pm

    ပုတိသဘော မကျော်ဇော၊ ကျော်ဇောပုတိ တုမရှိ… တဲ့
    အဲသည်တော့ ကိုရင်လည်း ကျော်ဇောအောင်လုပ်ပေါ့…
    ကျောက်စ်လည်း ကိုရင့်အဖေလို.. “ဂန်”ပဲ…
    😀

    • အလင်းဆက်

      August 8, 2013 at 12:22 pm

      ကျွန်တော်က တော့ ဒန် ပဲ ။
      ဒါမဲ့ ဂန်ကဗျာတွေထဲမှာလည်း
      ကျွန်တော်ချစ်တာာ တွေ ရှိပါတယ်

      ကျော်ဇောအောင် လုပ်ဦးမယ်
      ဘယ်မလဲ ကျော်ဇောအောင်

      🙂

    • ရဲစည်

      August 9, 2013 at 4:08 pm

      ဂန် ဆိုတာ ဂန်ဒူးကို ပြောတာလားဟင်င်င် အုကျောက်စ်

      🙂

  • Min Zarni

    August 8, 2013 at 12:09 pm

    တော်သေးတယ် ကျော့ကလေးမက ဂျူးမဖတ်လို့..
    မမကမ်းတော့ပြောသား ဒီမိန်းမကြီး စာတွေကြောင့်
    စားခါနီး ထမင်းလုပ် ပြုတ်ကျတာ မကြာခန တဲ့ ..
    ညီးလည်း သဒိထားပေါ့အေ…
    မဟာအိပ်ထိယဝါဒီ များ ..ချဉ်ထှာ …

    • ဦးကျောက်ခဲ

      August 8, 2013 at 12:41 pm

      ကျောက်စ်ရဲ့ နှင်းလည်း ဂျူးမဖတ်ဘူး…
      ဒါကြောင့် သူ လင်ကောင်းသားကောင်း ရတော့မယ်လေ…
      ဟီ ဟိ 😀

      • အလင်းဆက်

        August 8, 2013 at 8:05 pm

        တိန် ။

        ဒါရှို…
        ဂျူး ဖတ်တဲ ့.. ယောက်ျားတွေ ကရော….

        ဘာ ..ရ မလဲ…

        • ဦးကျောက်ခဲ

          August 8, 2013 at 8:16 pm

          အဟမ်… လွယ်လွယ်လေးပါ ကိုရင်ဒညင်းဝက်ရယ်…
          ဂျူး စာအုပ်ကို ကျားကျ်ား များ ဖတ်မိရင်…
          ဒိုင်ကြောင်တွေကို ကြိုရှောင်လို့ရတာပေါ့…
          မဟာအိပ်ထိယဝါဒီများ… တုတ်နဲ့ မထိုးစေသတည်း…
          😀

        • အလင်းဆက်

          August 8, 2013 at 8:29 pm

          အဟိ ။

          ဒိုင်ကြောင်တွေ ကို.. အပိုင် ရှောင်နိုင်ဖို ့..
          ဂျူးကို… ရှူးခနဲ ရှူးခနဲ..ဖတ် ဦးမည်…
          ဟီဟိ ။
          🙂

  • surmi

    August 8, 2013 at 12:41 pm

    ကျုပ်​က သာကူ 🙂
    ဂန်​လည်​း နားမလည်​ဘူး
    ဒန်​ လည်​းနားမလည်​ဘူး
    ဘာဘာ ဘာမှ နားမလည်​ဘူး 🙂

    • အလင်းဆက်

      August 8, 2013 at 8:04 pm

      ဦးဆာ…
      ဒါလည်း..တမျိုးတော့..ကောင်းတာပဲ. ။

      တိုက်ပွဲတွေ..ဆင်နွှဲ ရတာ..မောပါတယ်. ဦးဆာရယ်.. ။

      အနုပညာ တိုက်ပွဲ က…
      နှလုံးသားနဲ ့.. တိ်ုက် ရတာမို ့.. ပိုမောတယ် ။
      🙂

  • KZ

    August 8, 2013 at 12:45 pm

    အကြွေးရှင်လားးးးးးး
    တံခါးဖွင့်ကိုု မပေးးနဲ့။။။။
    😀

    • အလင်းဆက်

      August 8, 2013 at 8:03 pm

      အဟိ ။
      အကြွေး ရှင်း လား…
      တံခါးဖွင့်မပေး နဲ ့..ဒဲ ့..
      မှန်ထာ…
      🙂

  • ဗုံဗုံ

    August 8, 2013 at 12:55 pm

    ရန်သူလား ..
    ဦးလေးဆက် ရှေ့ကထွက်
    ချစ်သူလား..
    ဦးလေးဆက် ကိုယ့်နေရာကိုယ်နေ
    မိဗုံထွက်ပြီ.. :mrgreen:

  • ခေါင်းစဉ်ကိုဖတ်ပြီး စိတ်တိုသွားတယ်..အလက်ဆင်း (မလန့်သွားနဲ့ဦး… ငါတု့ိ သတ်နေရတာထက်စာရင် ဒီစိတ်တိုတာက ပါးပါးလေးပါ..ဟိဟိ)
    နာ့ ခေဇီ ကို နီ လာပြောင်တာလားလို့လေ…
    အောက်ဆုံးက ရှင်းလင်းချက်ကြောင့်သာမဟုတ်ရင် နာ ပွဲကြမ်းမို့… ခိခိ

    အဲ..နေဦး..နာလည်း ပုတိဖွားပဲလား မတိဝူး… နာလည်း အဲ့လို ဖြစ်တယ်ဟ… အေးအေးဆေးဆေးနေရမယ့် ကံဇာတာမပါဘူး… လွယ်လွယ်နဲ့ရမယ့် ကံဇာတာမပါဘူး လို့တောင် ကိုယ့်ကိုကိုယ်မှတ်ထားတာ… အားမငယ်နဲ့သယ်ရင်း.. နာတို့တွေက ဘဝတူတွေပဲ… Fighting!!!!

    • အလင်းဆက်

      August 8, 2013 at 7:59 pm

      အဲဒလို.. ဂျူးခေဇီတွေ ..နာ ့ကို ဒေါန ထွက်တော့မှာ..တိလို ့..
      ကြို ရှင်းထားတာလေ…။
      🙂

      =============
      နောက်ထပ် တစ်ပုဒ် လာဦးမယ် ။
      ကြာတော့သည်လည်း…မောင် ငတက်ပြား….တဲ ့ ။

      🙂
      ————-

      ဘဝတူတွေ မို ့…
      ကိုယ်ချင်းစာမိပါတယ်….သူငယ်ချင်း ရယ်.. ။

      ဒီတစ်ခါ..တွေ ့ရင်.. နီ ့ဇာတာလည်း..တွက်ကြည့်ဦးမယ် ..။
      🙂

  • အရီးခင်

    August 8, 2013 at 3:16 pm

    လောလောဆယ်တော့ ရွာကို ရန်သူတွေ ဝိုင်းနေလားမသိ။
    ရွာတံခါးဖွင့်ဖို့ အတော်ခက်နေတာ။ 😉

    • အလင်းဆက်

      August 8, 2013 at 7:57 pm

      ရွာ အဝင်လမ်းကလည်း..ကြမ်းတမ်းနေတယ် …
      အရီရေ….
      နက်လိုင်းတွေ ကလည်း.နှေးချက်…။
      ဒီမှာ..ပြောပါတယ် ။

  • kyeemite

    August 8, 2013 at 3:31 pm

    ဒုက္ခော…ကျုပ်လည်းပုတိဖွားပါပဲ အလက်ဆင်းရေ…
    ကိုယ်လုပ်မှကိုယ်ရတာတော့ လက်တွေ့ပါပဲ…
    သူများထက်တော့ ပိုကျိုးစားရသပေါ့…
    ကျုပ်ဘဝအကြောင်းတစေ့တစောင်း ထည့်ရေးဖူးသားပဲ..ဘယ်မှာလွယ်လို့တုန်း..ခုထိ :buu:

    • အလင်းဆက်

      August 8, 2013 at 7:56 pm

      ဟုတ်တယ်… ဥိးကြီး..မိုက်ရေ…

      ပုတိဖွားမို ့..ဆို ရင်… ဗေဒင်ကို ယုံသလိုလို ဖြစ်နေဦးမယ် ။ ဗေဒင် အရ မဟုတ်ပဲ..
      တခြား … ပြစရာအကြောင်းပြချက်တစ်ခုခု နဲ ့ ပြောချင်တယ် ။
      ကန်ရာသီဖွားမို ့…လားမတ်ိ ။

      ဒါပေမယ့်…
      ကျွန်တော် က…
      ထမင်းတစ်လုပ် စားရဖို့တောင်.. လွယ်လွယ်နဲ ့.. ဝမ်းထဲ မဝင်တာ…အသေအချာပဲ..။
      🙂

  • padonmar

    August 8, 2013 at 7:08 pm

    ပုတိသဘော မကျော်ဇော၊
    ကျော်ဇောမိရင်လည်း အလျဉ်းမရှိ(တုနှိုင်းဖွယ်မရှိလို့ ပြောချင်တာ)။
    မြတ်စွာဘုရားလည်း ပုတိဖွားပဲတဲ့။
    အဲသလို အန်တီ့ဖွားလေး ပုတိဖွားကြီးက
    ပုတိဖွားလေး ပဒုမ္မာကိုပြောခဲ့တယ်။

    • အလင်းဆက်

      August 8, 2013 at 7:54 pm

      ဒါရှို ဘွတုူတွေပေါ့နော်.. ။
      အန်တီ… လည်း..
      သား ရဲ ့ ခံစားချက် မျိုးကို..ကို်ယချင်းစာနိုင်မှာသေချာတယ် ။
      🙂

  • ခင် ခ

    August 8, 2013 at 9:05 pm

    “ဒေါက် ဒေါက် ဒေါက်´´
    “ရန်သူလား´´
    “မဟုတ်ဘူး မိတ်ဆွေ´´
    “ဒါဆို မဖွင့်နိုင်ဘူး ပြန်ပေတော့´´
    “ရန်သူကိုတောင် တံခါးတစ်ချပ်ဖွင့်သေးတာ မိတ်ဆွေဆိုပိုဖွင့်သင့်တာပေါ့´´
    “စိတ်မရှိပါနဲ့ဗျ မိတ်ဆွေဆို ထမင်းကျွေး လက်ဖက်ရည်တိုက်နေရမှာ ဆိုးလို့ပါ´´

    • အလင်းဆက်

      August 9, 2013 at 11:33 am

      လေးခ ရေးသွားတာဖတ်ပြီး
      ရီလိုက်ရတာဗျာ

      တိုတို ထိထိမိမိ

      🙂

  • ရဲစည်

    August 9, 2013 at 4:21 pm

    ရန်ကနားက ကျနော့်ဆီ ဓါးထမ်းပီး လာနေပါတယ်။
    ကျနော့် ခြံထဲက နွားနို့များသည် ရန်ကနားက အငြိုးထားကာ ကျကျနန ရေရောခဲ့လေသည်။
    ရေရောထားသော နွားနိူ့အိုးများကို မကြာခဏ သွန်ပစ်နေရသည်။
    ကျနော် ရန်ကနားကို ကြောက်တတ်လာပါသည်။
    ပုတိသဘော မကျော်ဇောဆိုသဖြင့် ရပ်ကွက်ထဲ လည်ဆဲရာ အတော်လူသိများသွားပါသည်။
    ဆိုတော့
    ဆိုတော့
    “ဘာဘူ လားဟေ့ သရက်သီးသနပ် ပို့လိုက်တယ်”
    နောက်ထှာ အောင်ရဲဆက်လေး ချိတ်ဆိုးရဘူး …

    🙂

    • အလင်းဆက်

      August 9, 2013 at 5:41 pm

      အောင်ရဲဆက် လို ့ခေါ်လို ့

      ချိတ်ချိုးပါဘူးး
      အဟိ
      🙂

  • lele kyi

    August 9, 2013 at 4:58 pm

    ဆြာမဂျူး ရဲ့ “ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်” ဖတ်ပြီး စံကားပန်းပင်တွေကို စိတ်ဝင်စားစွာနဲ့ လိုက်ကြည့်ခဲ့ဖူးတယ်။စာအုပ်ဖတ်ရင်းကို ပန်းရနံ့တွေရအောင်ရေးနိုင်ခဲ့တယ်။ ဆြာမ ကိုဘာလို့ အိတ်ထိယ ဝါဒီလို့ပြောကြတာလည်းဆိုတာနားမလည်သေးဘူးခုထိ။ အိမ်ထောင်မပြုပဲ အပျိုကြီးပဲလုပ်ကြပါလို့ရေးထားတဲ့ စာအုပ်တော့ ကျမ မဖတ်ဘူးသေးဘူး။ လင့်ခ်လေးရှိရင်လည်းမျှပါ ဦးဖတ်ကြည့်ချင်လို့။ ကျမချစ်သော မြို့ ကိုဖတ်ပြီးတဲ့ အခါဆိုရင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုချစ်တတ်လာတယ်။

    • အလင်းဆက်

      August 9, 2013 at 5:37 pm

      အနန်တီ လီ ရေ

      ဂျူးရဲ ့ စာ အရေးအသားထဲမှာ
      ကျွန်တော်တို ့ယောကျာ်းတွေကို
      ခပ်ကြမ်းကြမ်း မကောင်း ပြောတတ်တာလေးတစ်ခုပဲ
      စိတ်ကသိကအောက် ဖြစ်ပြီး
      သူ ့စာတော်တော်များများကို အမှတ်တရ ဖြစ်တဲ့အထိ
      စွဲလမ်း ခဲ့တာပါ ။

      သူ ့ရဲ ့စာ ရေးဟန်နဲ့ တင်ပြပုံကို ကျွန်တော်တော့
      အားကျတယ် ။

      • မကောင်းပြောတာ မဟုတ်ပါဝူးအေ..အမှန်တရားကို ပြောတာပါ… ခပ်ကြမ်းကြမ်းလည်း မဟုတ်ရပါဝူး.. ဟိဟိ…

  • ကျော်စွာခေါင်

    August 10, 2013 at 2:33 am

    အောင်ပုတိ…
    ပြောရဦးမယ်..ညီလေးရေ..။
    ဗေဒင် နက္ခတ် ပညာရှင်တွေကို ဦးခေါင်က လေးစားပါတယ်..။ မစော်ကားရဲပါဘူး
    ဒါပေမယ့် ညီလေး အောင်ပုတိ ဖြစ်နေတဲ့ စိတ်ခံစားမှုကို
    စိတ်ဓါတ်ရေးရာနဲ ့ဘဲ အားပေးချင်လို ့ပါ..။
    လက်တွေ ့ကျကျ ပြောရရင်..
    ရ ရက်သားသမီး ရာဟူ အပါအဝင် ..အားလုံးကို ဓါတ်ဆီလောင်းပြီး မီးရှို ့ရင်.. ပုတိ တယောက်ထဲ မဟုတ်ဘူး
    အကုန်လုံးမီးလောင်မှာ…
    တချိန်က မြန်မာပြည်မှာ ခရီးသွားလို ့မှတ်ပုံတင်စစ်လို ့ ကိုယ်နဲ ့အတူ မှတ်ပုံတင် ပါမလာရင် အဓိပတိဖွားမို ့ မဖမ်းတာ မရှိဘူး…
    လာထား ပုတိ ဘင်္ဂ မရဏ သိုက်…အကုန်ဖမ်းတာပါဘဲ…။
    နေ ့တွေ၊ နက္ခတ်တွေရဲ ့အကျိုးသက်ရောက်မှုဟာ အနည်းနဲ ့အများ ရှိပေမယ့်
    ကိုုယ့်စိတ်ဓါတ်က အဓိကပါ..
    နောက်… ကိုယ့်အားနည်းချက်ကို ကိုယ်သိရင် သတိနဲ ့ ထိမ်းရမှာလေ..
    တခါတရံ ကိုယ်မလှန်ရဲတဲ့ ဖဲချပ်က ကိုယ့်အတွက် အခွင့်အရေးဖြစ်နေတတ်တယ်..
    ကိုယ် မဖွင့်ရဲ တဲ့ တံခါးတစ်ချပ်က ကိုယ့်ဘဝအတွက် အလင်းရောင်ဖြစ်နေတတ်တယ်..။
    ………
    ……… ညီလေး အောင်ပုတိ ရေးထားတာ…
    (သတ္တိတော့ ရှိပြီးးး
    အဲသည် သတိ္တိကို ထုတ်မသုံးရဲသူတစ်ယောက်မို ့
    ကျွန်တော့် ရန်သူသည်

    ကျွန်တော်ကိုယ်တိုင် ပဲ ဖြစ်ပါတော့သည် ။)……
    တွေ ့တယ်နော်…အဲဒါ အဖြေဘဲ…။
    ညီလေးရာ….
    မြတ်စွာဘုရား သစ္စာ ၄ပါးကို ပဉ္စဝ္ဂီ ၅ပါးကို ဟောစဉ် အချိန်က
    “ ငါ ဘုရား တရားဦး ဟောတော့မယ်.. ဒီအထဲမှာ ပုတိဖွား ပါရင် ဘေးထွက်နေပါလို ့ ” မပြောခဲ့ပါဘူး။
    ဗိုလ်ချုပ်အောင်ဆန်း ရဲဘော် ၃ကျိပ် ဖွဲ ့တုန်းကလည်း.. ပုတိဖွားပါရင် ဘေးထွက်နေလို ့ မပြောခဲ့ပါဘူး..
    ကိုယ်သာလျှင် ကိုယ့်ဘဝ ပဲ့ကိုင်ရှင်ဘဲ..
    ကိုယ်သာလျှင် ကိုယ့်ဘဝရဲ ့ ကွန်မန်ဒိုပါ…။
    ထမင်းတလုပ်စားဘို ့ခက်ခဲနေတယ်လို ့ အောင်ပုတိ နဲ ့ညီမလေး လုံပုတိ ပြောတယ်နော်…
    လှိုင်သာယာမှာ ထမင်းငတ်နေတဲ့ အဓိပတိဖွား..ရာဇဖွား သိုက်ဖွား ကလေးတွေ အများကြီးဘဲ…
    ဆင်းရဲလွန်းလို ့ ဘဝကိုရင်ဆိုင်ရင်း မြန်မာနိုင်ငံ…ထိုင်းနိုင်ငံ..တို ့မှာ ပြည့်တန်ဆာ ဖြစ်နေတဲ့ အဓိပတိဖွားတွေ အများကြီးဘဲ…
    ဦးခေါင် ပြောတာ နည်းနည်းရိုင်းသွားရင် ခွင့်လွှတ်ပါ…
    ဦးခေါင်ကို ဗေဒင်ပညာရှင်တွေက မရဏဖွားတဲ့ …ဦးခေါင် ဘဝ အရမ်းနာကျင်တာ…
    တနေ ့ဆုံတဲ့အခါ ပြောပြပါ့မယ်..
    ဒါပေမယ့် အခက်အခဲတွေ ကြုံလာရင်.. ဦးခေါင် စိတ်ငြိမ်အောင်ထားပြီး..
    စိတ်အစွဲကို ဖျောက်ပစ်တာ…
    “ ငါ့လို ဗုဒ္ဓကို ကိုးကွယ်တဲ့ ထေရဝါဒ အယူရှိသူက ဘာကြောင့် ဗြဟ္မဏ အယူအစွဲ တခုကြောင့် ဘဝကို ငြှိုးငယ်နေမှာလဲ….
    ကံ ဉာဏ် ဝီရိယ ပညာသာ ငါ့ကိုယ်ငါ မြှင့်တင်နိုင်ရမှာပေါ့လို ့”တွေးပြီး ဘဝတိုက်ပွဲတိုင်းကို ရအောင်တိုက်တယ်..။
    နိုင်အောင်တိုက်တယ်..
    ရှုံးရင် ပြန်ထတိုက်တယ်…။
    လူငယ်လေးတွေဘဲကွာ…
    ကြိုးစားပစ်လိုက်စမ်းပါ..။
    ကိုယ့်ကိုကိုယ်…တိုက်ပွဲ ပေါင်းများလာတော့…
    မရဏဖွား ဦးခေါင်တို ့များ… လွယ်တဲ့ပွဲစဉ်တောင် စိတ်မဝင်စားတော့ဘူး…
    ခက်တဲ့ပွဲမှ တိုင်ချင်လာတော့တာ…
    …………..
    …………..
    အတ္တာဟိ အတ္တနော နာထော…။
    ကိုယ့်ကို ကိုယ်သာ ဆေးသားတင်ပါ… အောင်ပုတိရေ… ထက်လာပါလိမ့်မယ်..။
    ခင်တဲ့…
    ဦးခေါင်

Leave a Reply