ဖတ်/ရွေး ဗုတ်ပို့စ် & အကျံပု တိုက်တွန်းလွှာ

===============================

အခု ၂၀၁၃ ခုနှစ်ရဲ့ ဩဂုတ်/ဂတ်စ် ကို ရောက်လို့ လာခဲ့ပါပြီ။

အခု ဩဂုတ်/ဂတ်စ် ဆိုတော့ ပြီးခဲ့တဲ့ အင်းဂလိ လကို ပြောပါဆိုရင် ဇူလိုင်/ဂျူလိုင် လလို့ ပြောလို့ ရပါသည်။

အခုများ အချိန်ဟာဆိုရင်ဖြင့် အဲ့ဒီ ဇူလိုင်/ဂျူလိုင် လအတွင်းမှာ မန်းဂဇက် ပေါ် တက်လာသမျှ ပို့စ်တွေထဲကမှ အကောင်းဆုံး မဟုတ် အကြိုက်ဆုံး ဖြစ်တဲ့ ပို့စ် တစ်ပုဒ်ကို ရွေးချယ်ကြတဲ့ အချိန်လို့ ပြောလို့ ရလေမလားပဲ ခင်ဗျ။

ဒီလို ရွေးချယ်လို့ လာခဲ့တာဟာလည်း လများစွာ ကြာခဲ့ပါပြီ။

အစ ကနဦးမှာ ဖတ်/ရွေး လူကြီးများရဲ့ ရွေးချယ်မှု ရလဒ်များ ပေါင်းခြင်းဖြင့် အမှတ်အများဆုံး ရရှိသည့် ပို့စ်ကို တစ်လတာ အတွက် အကြိုက်ဆုံး ပို့စ်အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ မန်ဘာ/ရီဒါ များရဲ့ Vote ပေး ရွေးချယ်ခြင်းဖြင့် ရွေးချယ် စေခဲ့ပါတယ်။

ဒီလို ရွေးချယ်ခဲ့ရာမှာလည်းပဲ ဖတ်/ရွေး အဖွဲ့ဝင်များရဲ့ Selection ရွေးချယ်ပို့စ်များကို Vote စေခဲ့ခြင်း ဖြစ်ပါတယ်။

အခုလည်း ပြီးခဲ့တဲ့ ဇူလိုင်/ဂျူလိုင် လအတွင်း မန်းဂဇက်မှာ တက်လာသမျှ ပို့စ်တွေထဲကမှနေပြီး အကြိုက်ဆုံး ဖြစ်တဲ့ ပို့စ်တွေကို ဖတ်/ရွေး အဖွဲ့ဝင်များမှ ရွေးချယ်လို့ ပေးခဲ့ပြန်ပါပြီ။

ဒီပို့စ်တွေကို Vote ပေးကြပါဦးလို့ တိုက်တွန်းပါရစေ ခင်ဗျာ။ ဗုတ်ကိုတော့ အနန္တော အနန္တ ငါးပါး ဦးထပ်ထားလို့ လာမည့် ၁၅ ရက်နေ့မှာ ဗုတ်ပိတ်မှာ ဖြစ်ပါတယ် ခင်ဗျာ။

=============================

=============================

ဒီလအတွက် ဖတ်/ရွေး အဖွဲ့ဝင်များ ရွေးချယ်ပေးလိုက်ကြတဲ့ ပို့စ်ချွိုက် တွေက အနည်းငယ် နည်းနေပါတယ် ခင်ဗျာ။

ဒီအတွက် ပရိသတ် များထဲမှ ပို့စ်များ ပါဝင် ရွေးချယ်ပေးနိုင်ဖို့ အတွက်လည်း တောင်းဆိုပါရစေ။

ရွေးချယ်ပေးမယ် ဆိုရင်တော့ …..

ဇူလိုင်လ အတွင်းမှ ပို့စ်များထဲမှာ မိမိ နှစ်သက်ရာ ပို့စ်ကို ကွန်မန့်ဖြင့် ပြောကြားပေးစေလိုပါတယ် ခင်ဗျာ။

ဒီပို့စ်ကို ကျနော်များ ဗုတ်လစ်စ် ထဲမှာ ထည့်သွင်းပေးသွားပါ့မယ်။

တစ်ဆက်တည်းမှာပဲ …..

ရှေ့ဆက်မယ့် ဖတ်ရွေးရဲ့ ခရီးစဉ်မှာ ပါဝင် ကူညီလိုသူများကိုလည်း ဖိတ်ခေါ်ပါရစေ ခင်ဗျာ။

ဒီအတွက်ကလည်း တစ်လအတွင်းမှ မိမိကြိုက်နှစ်သက်သည့် ပို့စ် တစ်ပုဒ်မှ သုံးပုဒ်ကို ဖတ်ရွေးဘုံမေးလ်သို့ ပေးပို့ရုံပါပဲ။ (ဟုတ်လားဒေါ့ သိဝူးး ရမ်းတုတ်လိုက်ဒါ) :mrgreen:

ကျန်တာကို ကျန်တဲ့လူဒွေ ဝင်ပေါပေးဂျဘာလို့ ….. ဟီးးးးး

===============================

===============================

ဇူလိုင်လ အတွက် ဖတ်ရွေး အဖွဲ့ဝင်များမှနေပြီး ရွေးချယ်ပေးလိုက်တဲ့ ပို့စ်များကတော့ အောက်ပါ အတိုင်းပါပဲ ခင်ဗျာ။

ဖတ်ရှုပြီး ဗုတ်ပေးကြပါဦးလို့ ……..။

===============================

Hard-Liner နဲ့ Soft-Liner – Zaw Thant
ငယ်တုန်းကတွေးခဲ့ သိခဲ့တဲ့ နိုင်ငံရေးအမြင်တွေကို အခုပြန်စဉ်းစားကြည့်ရင် အတော်လေး ရိုးရှင်းပြီး ပိုပျော်စရာကောင်းသလို ဖြစ်နေမလားပဲ.. အမှန်ကတစ်ဖက်၊အမှားကတစ်ဖက်.. အကောင်းကတစ်ဖက်၊အဆိုးကတစ်ဖက်၊ အဖြူနဲ့အမဲ လို့ရိုးရိုးလေးတွေးပြီး အကောင်းဖက်ကလူဆို ချစ်၊အဆိုးဖက်ကလူဆို မုန်း နဲ့ အဆင်ပြေနေခဲ့တာပဲ.. လူအသစ်၊ အဖွဲ့အစည်းအသစ်တွေ ထပ်ပါ်လာလဲ အဆိုးဖက်လူနဲ့မတည့်ရင် အကောင်းဖက်ထား၊ အကောင်းဖက်ကလူကို ဝေဖန်ရင် အဆိုးဖက်ပို့ နဲ့ လွယ်နေခဲ့တာပဲ။
Read More

===============================
===============================

အလို King အလင်းကို – ဦးကြောင်ကြီး
ဒီလိုနဲ့ တနေ့မှာ (လူက ပုံမှန်သတိကပ်တာ ပျင်းလာလို့နဲ့တူတယ်) “အလိုကင်း အလင်းကို” ကာရန်လေးကို အာရုံပေါ်မိတော့ ဖက်တွယ်မှု အတော်လျော့သွားတာ ခံစားမိတယ်..။ လွတ်ချင်နေတော့ စွန့်မရ ဖြစ်နေတာ။ သီအိုရီသိထား အရင် ခံစားဖူးပေမဲ့ ဒီတခေါက်မှာ ဒုက္ခသစ္စာနဲ့ ဆက်မိတယ်။ ဟုတ်တယ်.. အရာရာတိုင်းသည် ဒုက္ခ ဆင်းရဲခြင်း။ ခံစားနေသ၍ ဒုက္ခချည်းပဲ၊ “ဒုက္ခကို ဒုက္ခမှန်း တကယ်သိရင် ဘယ်သူမှ ဖက်တွယ်မထား” သိလိုက်ရတယ်။ အဲဒီ ဒုက္ခဆင်းရဲမှု ဆိုလိုရင်းကိုလည်း လွတ်ဖူးမှ သိနိုင်တယ်။ ခဏသိရင် ခဏလွတ်တယ်။ ခဏပေါင်းများစွာ ဆက်လာရင် အမြဲလွတ်သွားမယ်။ မြက်စားနေရတဲ့ နွားဘဝ ပျော်မနေကောင်းမှန်း သိပေမဲ့ နဖားကြိုး မချွတ်နိုင်တော့ ခံပေအုံးပေါ့…။
Read More

===============================
===============================

အာဇာနည်မျိုးချစ်စိတ်ဆိုတာ – ရွာသူလေးချမ်းချမ်း
ကိုယ့်ရဲ ့ခံယူချက် အပြုအမူ စိတ်ဓါတ်တွေရဲ ့အကောင်းအဆိုးကို ကိုယ့်ရဲ ့သားစဉ်မြေးဆက်အထိ အကျိုးသက်ရောက်ပါတယ်..
မြန်မာရာဇဝင် သူရဲကောင်းချင်းတော့ တူပါတယ်.သေသွာတာချင်းတူတယ်..ဂုဏ်သတင်းချင်းတော့ မတူပါဘူး..
အခုလဲ အာဇာနည်ကိုး ယောက် အသက်ပေးသွားတာက သူများနိုင်ငံ သူများလူမျိုးကို သွားစော်ကားလို ့သွားဖျက်ဆီးလို ့မဟုတ်ဘူး.
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအချင်းချင်း ပြန်သတ်လို ့မဟုတ်ဘူး..ကိုယ့်လူမျိုးအတွက် ငရဲအကျခံပြီး
အင်္ဂလိပ်တွေတော်လှန်ခဲ့တာ..မြန်မာ့လွပ်လပ်ရေးအတွက် ဆွေးနွေးရင်းနဲ ့အသက်ပေးခဲ့တာ..
.ဒီလိုသူရဲကောင်းတွေက ထာဝရ လေးစားသင့်တဲ့သူရဲကောင်းတွေပါ..ကျွန်မတို ့တွေ ..ဗိုလ်ချုပ်လို
့နိုင်ငံနဲ ့အမျိုးဘာသာ သာသနာအတွက် အသက်ပေးဖို ့မလိုဘူး..ကျွန်မတို ့နိုင်ငံဂုဏ်မညှိုးအောင် ကျွန်မတို ့လူမျိုးမပျက်စီးအောင် ကျွန်မတို ့ဘာသာ သာသနာမကွယ်အောင်
အသိလေးနဲ ့ကာကွယ်ယုံပါ…
Read More

===============================
===============================

Safety ဆိုတာဘာလဲ – TNA
သူတို့မှာ ဘာအကာအကွယ်မှ မပါပါဘူး။ Boiler Suit, Safety Belt, Helmet, Safety Shoes, Glove တခုမှမပါပဲ ရိုးရိုးတီရှပ်၊ ဘောင်းဘီတိုနဲ့ပဲဝတ်ထားသလို မူလီစုတ်တာကလဲ သူ့ ဆိုက်ဂွတချောင်းစီပဲပါပါတယ်။ စက်လုံးဝမ ပါပါဘူး။ အင်ဂျင်နီယာလဲမတွေ့မိပါဘူး။ အောက်မှာ တော့ရှိမလားမပြောတတ်ပေမဲ့ ဒီလောက် သံ ဘောင်ကိုလူလေးယောက်လက်နဲ့တပ်သွားတာ ဘယ်လောက်အန ္တရာယ်များလိုက်သလဲ။ နောက်မှအဲဒီမူလီတွေကိုစက်နဲ့ လိုက်ကြပ်လားမကြပ် လားတော့ကျွန်မလဲ မသိတော့ပေမဲ့ အဲဒီအလုပ်သမားတွေ မတော်တဆများပြုတ်ကျသွားရင် မသေ တောင်ကျိုးပဲ့သွားနိုင်ပါတယ်။ အဲဒီသံဘောင်ကိုလဲ ကြိုးမှားချည်မိလို့ပြုတ်များကျ ရင်မတွေး ဝံ့စရာပဲလို့ ကျွန်မထိုင်ကြည့်နေစဉ်လျှောက်ရင်တမမ ဖြစ်ခဲ့ရပါတယ်။
Read More

===============================
===============================

မျှစ်ကြော် … မျှစ်ကြော် … အချစ်ကလေးနော် – ဝင့်ပြုံးမြင့်
နယ်မြို့ကလေးမှာတော့ ဈေးထဲကမျှစ်ဆိုင်တိုင်းလိုလို မျှစ်တွေဆေးဆိုးထားမြဲ။ ဝါထိန်နေအောင် ဆိုးထားတဲ့မျှစ်လည်းရှိသလို ဆေးမဆိုးထားတဲ့ပုံပေါက်အောင် ဖျော့ဖျော့လေးဆိုးထားတဲ့ မျှစ်လည်း ရှိတယ်။ မျှစ်ရဲ့ပင်ကိုအရောင်ဟာ အဖြူရောင်။ မျှစ်ကိုဒီအတိုင်းစားလို့ မရ၊ ပြုတ်ပြီးမှ စားလို့ရ၊ ရောင်းလို့ရတယ်။ ပြုတ်လိုက်တဲ့အခါမှာ မျှစ်ဟာဖျော့ဖျော့လေးဝါသွားတယ်။ အဲဒါနဲ့အသွင်တူအောင် မျှစ်ကို ဝါဖျော့ဖျော့လေးဆေးဆိုးပြီး လှလှလေး ဗန်းထဲထည့်ထားကြတယ်လေ။
Read More

===============================
===============================

တစွန်းတစ ငယ်ဘဝနှင့် ပြန်သတိရမိတဲ့ ကာတွန်းတွေ – Mr. MarGa
ကာတွန်း ဆိုတာဟာ ကလေးစာပေလို့ ဦးမာဃ ယူဆပါတယ်။
ကလေးတွေအတွက် ဆရာဇဝနရဲ့ ဆိုးပေ လိုမျိုး ကလေးစာပေတွေ နည်းပါးနေတဲ့အချိန်မှာ ကာတွန်းဇာတ်ကောင်တွေကတော့ ပေါများနေခဲ့တယ်။
အခုအချိန်မှာ နိုင်ငံတကာက ကလေးစာပေတွေ၊ ကလေးတို့အတွက် ဖတ်စရာတွေ ရရှိနိုင်တာ မှန်ပေမင့်
ဦးမာဃတို့ရဲ့ ကိုယ်ပိုင်စာပေတွေ (အထူးသဖြင့် အဲသလို ကာတွန်းတွေ) ပျောက်ကွယ်သွားမယ့်အရေးကိုတော့ မလိုလားတာ အမှန်ပါ။
အဲဒါကြောင့်မို့ ဒီ လျစ်လျူရှုခံထားရသလို ဖြစ်နေတဲ့ ကာတွန်းလောက ကို အနည်းငယ်ပဲဖြစ်ဖြစ် သတိထားမိနိုင်ဖို့အတွက် ငယ်စဉ်က အခြေအနေလေးနဲ့ တွဲပြီး တင်ပြလိုက်ပါတယ်။
Read More

===============================
===============================

ကျွန်တော်ပြောပြချင်တဲ့ ကျွန်တော်နဲ့ သူတို့အကြောင်း – ကိုသု
တကယ်တော့ သူတို့ဖန်တီးချင်တဲ့ အနုပညာဆိုတာ အလွယ်တကူဖန်တီးလို့မရပဲနဲ့ ယုံကြည်လက်ခံတဲ့ သူတစ်ချို့ရဲ့ အရေပြားပေါ်မှာသာ သူတို့အနုပညာကိုထုဆစ်ခွင့်ရခဲ့ကြသလိုပဲ သူတို့ရဲ့ အရေပြားကိုလဲ (Canvas) တစ်ခုလိုသဘောထားခဲ့လို့ ပြေပြစ်လှပတဲ့ပုံတွေရလာဖို့အတွက် ကြမ်းတမ်းတဲ့သူတစ်ယောက်အသွင်ဖြစ်ခဲ့ရသူတွေဖြစ်တယ်။
Read More

===============================
===============================

သိင်္ဂါရရသ ချစ်ခြင်းဘွဲ့ – ဦးကျောက်ခဲ
နောက်ဆုံး အတင်းအစ်အောက်မေးပါမှ “သွားခေါကြီးဟ၊ လူကြားထဲ ဘယ်လိုတွဲသွားရမှာလဲ” တဲ့။ နောက်ဆုံးတော့လည်း မိဘကိုမလွန်ဆန်နိုင်လို့ မျက်ရည်လည်ရွဲနဲ့ လက်ခံလိုက်ရပါတယ်။ အဲသည့် ငတိမ ဒီတစ်ခေါက် ရန်ကုန်ပြန်တော့ သူပြောတဲ့ “သွားခေါကြီး” နဲ့ ပြုံးပြုံးရွှင်ရွှင် ရွှေလက်တွဲလို့ ဈေးသွားဖို့ဦးကျောက်ရဲ့အိမ်ရှေ့ကအဖြတ် လှမ်းတွေ့လိုက်တာမို့၊ နေ့လည်ရောက်တော့ ဖုန်းခေါ်ပြီး နှုတ်ဆက်ရင်း “ဆြာမ… ဟိုတုံးကတော့ သွားခေါကြီးဆို။ အခုမှ ချစ်အားပိုလို့ နှုတ်ခမ်းလဲ ပေါက်နေအုံးမယ်”လို့ စ မိတော့ တဟီးဟီးနဲ့ ရယ်ရှာပါတယ်။ “မသိပါဘူးဟယ်၊ ဒီလူကြီးကို ငါဘယ်လို ချစ်မိသွားမှန်း စဉ်းစားမရဘူး”တဲ့၊ ကောင်းရော။
Read More

===============================
===============================

နေရာ – Yin Nyine Nway
ခုအလုပ်ကတစ်လကို နှစ်သိန်းလောက်ရတယ်။အဝတ်အစားဖိုးပြန်နှုတ်ရင် တစ်သိန်းကျော်လောက်တော့ ကျန်မှာပေါ့။ အင်း .. သုံးလလောက်လုပ်ပြီးရင် အလုပ်ထွက်တော့မယ် …. သူမအပြောကို ကျမ မကြားတကြား … ထွက်ကော ထွက်ဖြစ်မှာလား …. သူပြောတဲ့ 3လ မြန်မြန်ရောက်ပါစေပဲ ဆုတောင်းနေမိတယ် …အင်း .. ဒီအလုပ်ကထွက်ပြီး ဘာဆက်လုပ်မှာလဲလို့ ကျမမေးတော့ သူမက ကျောင်းပြန်တက်မှာပေါ့တဲ့။
ကျောင်းပြီးတော့ကော….. ကျောင်းဆရာမ အတတ်သင်ထပ်တက်မယ်တဲ့….
Read More

===============================
===============================

ကန္နားစီးရေးတဲ့ ပေါ်လက်တစ်စ် – Min Zarni
ဘယ်စနစ်မှတော့ perfect မဖြစ်ပါဘူး .. မဖြစ်ဆို no one is perfect ဆိုတော့
perfect မဖြစ်တဲ့ လူကလုပ်ထားတဲ့ အရာဆိုတော့ ဘယ်လိုမှကို perfect ဖြစ်စရာ
အကြောင်းမရှိတာ။ သာတဲ့အပိုင်း နာတဲ့အပိုင်းတွေ ကျိန်းသေပေါက်ကို ရှိမှာပါ။
စနစ်၂ခုလုံးခွထိုင်ပြီး ကိုယ်ကြိုက်တာလေးတွေချည်းရွေးယူလို့တော့ ဘယ်ဖြစ်နိုင်ပါ့မလဲနော..။
Read More

===============================

“ဒီမှာ Vote ပေးပါ”

===============================

[polldaddy poll=”7308705″]

===============================

39 comments

  • မဟာရာဇာ အံစာတုံး

    August 9, 2013 at 2:41 am

    အခု ဆယ်ပို့စ်ပဲ ရှိတယ်ဗျို့ ….။
    အဲ့ဒါ …..
    ကိုယ်ကြိုက်တဲ့ ပို့စ်တွေကို ပေါလို့ ရဒယ် …။
    အဲ့ဒါဒွေ ဟိုထဲ ထည့်မယ်၊ ဗုတ်မယ် …
    ပျော်ပျော်ဂျီး ပေါ့ဗျာ …..။

    ဒီဒေါ့ဂါ … ဒါဘာဗျဲစ် ….

  • ရဲစည်

    August 9, 2013 at 2:52 am

    လောလောဆယ်တော့ တပုဒ်မှ မကြိုက်လို့ တပုဒ်မှ မ vote တော့ပါ အဲဖြစ်ညှစ်ပီး vote ရရင်ဖြင့် မသဲနုအေးပို့စ်နဲ့ ကိုကြောင်ကြီးပိုစ့် အားပေးပါတယ်

    • မဟာရာဇာ အံစာတုံး

      August 9, 2013 at 3:01 am

      မဟုတ်ဘူးလေ ….
      ဇူလိုင်ထဲက ခညား ကြိုက်တဲ့ ပို့စ် ရှိရင်လည်း ပြောလဗျာ …
      လုပ်စမ်းဘာအုံးဗျ တစ်ပုဒ်လောက် ….

  • KZ

    August 9, 2013 at 8:10 am

    ပို့(စ) ကို ဗုဒ် ပြီးးးးးး

    ပို့(စ) ပိုင်ရှင် ခေါင်းကိုလည်း ပုတ်သွားတယ်။

    ဟွန့်။
    နာ့ ကို မကြည်သေးဘူးပြောထားလို့။
    နာ တို့က နင့်ကို စိုးရိမ်လို့ ပြောနေရတာကို။

    ဒါပဲ။ မခေါ်တော့ဘူးးးး
    ချွေကြည်ကိုလည်း သွားပြောမှာ 🙁

  • Crystalline

    August 9, 2013 at 8:14 am

    အမြည်းလေးတွေက ချစ်ချာလေးရဲ့လက်ရာတွေထင်ပါ့.. :mrgreen:

  • kyeemite

    August 9, 2013 at 8:42 am

    ရွာသူရွာသားများခင်ဗျား…
    ဒီလဖတ်ရွေးပို့ပေးသူ အားလုံးမှ ၄ ယောက်ပဲရှိပါတယ်..
    ဒါကြောင့် အကြိုက်ဆုံးပို့စ်ခါတိုင်းထက်နဲသွားပါတယ်…
    ကျွန်တော်ဖြစ်စေချင်တာကတော့ နောက်လတွေကစပြီး
    “ဖတ်ရွေးအဖွဲ့” ဆိုတာကြီးကို တရားဝင်ရုပ်သိမ်းလိုက်ချင်တာပါပဲ
    လစဉ်တက်လာသမျှပိုစ့်တွေထဲကမှ ရွာသူားအားလုံးထဲက
    မည်သူမဆို ဖတ်ပြီးကြိုက်မိတဲ့ပို့စ်ရှိရင် တစ်ပုဒ်ကနေ သုံးပုဒ်အထိ
    ကျနော့ ဂျီမေးကို လစဉ် လဆန်း ရရက်နေ့မတိုင်မီ ပို့ပေးစေလိုပါတယ်
    အဲဒီလက်ခံရရှိသမျှ ရွာသူားတွေရဲ့ အကြိုက်ဆုံးပို့စ်တွေကိုစုစည်းပြီး
    ထုံးစံအတိုင်း စေတနာအရင်းခံနဲ့ ရွာ့အကျိုး ဒိုင်ခံကူညီနေတဲ့
    မဟာရာဇာအံစာတုံးမှ ဗုတ်ပို့စ်တင်ပေးသွားပါမယ်…
    (ကဗျာပြခန်းနဲ့ဆုရွေးချယ်ကြသလိုပေါ့ဗျာ)
    ၆လတစ်ခါကျင်းပတဲ့ ဂဇက်ရွာသူားများတွေ့ဆုံပွဲ(ဂဇက်ကွန်ဖရဲင့်စ်)နဲ့မန်းဂဇက်ချစ်သူများစာပေဆုပေးရေး၊
    ကိစ္စအတွက်တော့ ထုံးစံအတိုင်း ရွာ့ဆိုးတိုင်ပင်ကောင်းတိုင်ပင် လူကြီးများနဲ့
    တက်ကြွသူရွာ့လူငယ်များ ဘော်လန်တီယာလုပ်ပြီး အောင်မြင်အောင်ကျင်းပသွားပါမယ်…
    အလှူငွေကိစ္စကိုလည်း ကျင်းပချိန်နီးမှ ရွာထဲအလှူခံလှည့်ပါ့မယ်ဗျာ…
    အများသဘောနဲ့စုပေါင်းဆောင်ရွက်တဲ့စံနစ်ပေါ့..
    ရွာသူားများရဲ့သဘောထားတွေလည်းသိချင်ပါတယ်…ဆွေးနွေးကြပါအုံး
    ခင်မင်လေးစားစွာဖြင့်..

    • KZ

      August 9, 2013 at 9:04 am

      ကိုကြီးမိုက်။
      အဲလို အစား လစဉ်ဟာကို ဗုဒ် စစ်စတမ် လုပ်လို့ ရဘူးလားးး
      အရမ်းများသွားမလားးး
      နည်းပညာပိုင်းကို နားမလည်ဘူးးး
      ဒီလို ရွေးပြီး ပို့လိုက်ရင် ပြန်စစ်ရတဲ့ သူတွေ သက်သာမယ်မထင်ဘူးးးး

      ဗုဒ် ကို လေး ငါး ခုခွဲပြီး ခုလို အံစာတုန်းက ပို့(စ) တင်လိုက်။
      ဒါမှမဟုတ်။ သူ့ လစဉ် ပို့(စ) ပေါင်းချုပ်မှာပဲ ဘေးမှာ ဗုဒ် စစ်စတမ် လုပ် ရင်ရော????
      ဖတ်ရင်း ကြိုက်ရာလေး လာကလစ်လိုက်။
      ရက်စေ့တော့ ဘယ်ပို့(စ) ဗုဒ် အများဆုံးလည်း မြင်သာတယ်။
      အလုပ်မရှုပ်တော့ဘူးပေါ့။
      နည်းပညာပိုင်း ရမရတော့ ကျနော်မသိဘူးးး;
      အံစာလေး မေးကြည့်။
      🙂

  • kyeemite

    August 9, 2013 at 8:49 am

    မေ့သွားလို့ဗျို့…
    ရွေးပီးပို့ပေးရမဲ့မေးလိပ်စာတွေကတော့
    ကြီးမိုက် & မဟာရာဇာ အံစာတုံး
    :mrgreen:

  • kyeemite

    August 9, 2013 at 8:53 am

    ဘယ်လိုဖြစ်နေပါလိမ့်..လိပ်စာပါမသွားပြန်ဘူး
    ကြီးမိုက်(thaungsein.25@gmail.com)
    မဟာရာဇာအံစာတုံး(anzartone@gmail.com)

  • Ma Ma

    August 9, 2013 at 9:00 am

    Presentation အလွန်ကောင်းတဲ့ မဟာရာဇာကြီးအတွက်…
    စိတ်ထားကောင်းလို့ ကံကောင်းပါစေ။ 🙂
    တခါတည်း ဗုတ်ခဲ့ပါကြောင်းးးးးးးးးးးးး

  • တစ်ခုဘဲအကြံပေးချင်ပါတယ်။
    ရွာသူားအားလုံးကို ကနဦးပိုစ်ရွေးချယ်ဘို့ အကူအညီတောင်းမယ်ဆိုရင် ဘယ်လိုစည်းကမ်းသတ်မှတ်ချက်တွေထားတယ်ဆိုတာကိုတော့
    ကြိုတင်ပြောပြဘို့လိုပါလိမ်မယ်။
    ဥပမာ
    မဂ္ဂဇင်း သို့မဟုတ် ဂျာနယ်တစ်ခုခုတွင်ပုံနှိပ်ထားသောစာမူ
    ပြိုင်ပွဲတစ်ခုခုတွင် ဆုရရှိထားသောစာမူ.။

    ဒါက စကတည်းကထားခဲ့တဲ့ ဖတ်ရွေးအဖွဲ့စည်းကမ်းပါ။
    စည်းကမ်းကိုမပြောခိုင်းဘဲ ရွေးရော။
    နောက်ဆုရပြီဆိုမှ စည်းကမ်းနဲ့ မညီဘူးလို့ အကန့်ကွက်ခံရရင်
    ဆုရတဲ့သူမှာ ရင်တွေခံသွားမှာစိုးလို့ပါ။
    စေတာကောင်းကောင်းလေးနဲ့ ပြောပြတာပါ။.

    • kyeemite

      August 9, 2013 at 9:42 am

      ကျေးဇူးပါကိုပေါက်ရေ
      အခုကတော့ အကြံဉာဏ်တောင်းတုန်းမို့ပါ
      အများသဘောတူရင် ကိုပေါက်ပြောတဲ့
      ရှိခဲ့ပြီးတဲ့ စည်းကမ်းလေးတွေ ပို့စ်ရေးပြီးချပြပါမယ်

  • မင်းမင်း

    August 9, 2013 at 9:45 am

    ဖတ်ရွေးတဲ့လာဗျာ ? ? ?

    လိုင်းပေါင်းစုံ ရွာထဲမှာ ပိုစ့်တွေကလည်း လိုင်းစုံပေါ့ဗျာ။

    အဲဒီလိုင်းစုံကို ခေါင်းစဉ်ခွဲ ပြီး မဲပေးစေချင်ပါတယ်။

    ဥပမာ – ကျန်းမာရေးနဲ့ဆိုင်တဲ့ပိုစ့် တပုဒ်က အတော်ကောင်းနေတယ်။

    ထို့အတူ ပညာရေးနဲ့ဆိုင်တဲ့ ပိုစ်ကလဲ ကောင်းနေပြန်ရော။ ဒီမှာဗုတ်တဲ့

    လူတွေကအခရာကျသွားပြီ။ ကျန်းမာရေးအလေးသာတဲ့လူတွေများရင်

    ကျန်းမာရေးက ရသွားမယ်။ ကျန်တဲ့ပညာရေးကပြုတ်သွားမယ်။

    အဲဒီပညာရေး ပိုစ့်ကကောင်းရဲ့သားနဲ့ကျန်ခဲ့မှာ။ဒါမျိုးကိုမဖြစ်စေချင်ဘူး။

    နောက် နိုင်ငံရေး ပိုစ့်နဲ့ အချစ်ခံစားမူ့ပိုစ့် ဒီအတိုင်းပဲ အချစ်သမားတွေများ

    နေရင် အချစ်ပိုစ့်က ရသွားမယ်။ အခြားပေါင်းထားလို့မရတာတွေအများ

    ကြီးပါ။ ပညာရေး သက်သက်ကြီးစိုးသောဆိုဒ် ကျန်မာရေးသက်သက်ကြီး

    စိုးသောဆိုဒ် နိုင်ငံရေးသက်သက်ကြီးစိုးသောဆိုဒ် အချစ်ရေးသက်သက်ကြီး

    စိုးသောဆိုဒ် …………………………………………………အစရှိသည်မဖြစ်စေချင်ပါ။

    ရောကောသောကောခေါင်းစဉ်အောက်ကစာများအား vote စေသင့်ပါသလားးး? ? ?

    ကျနော်ကတော့ ခေါင်းစဉ်ခွဲ ၍ vote ချင်စိတ်ပေါက်လာပါပြီ။

  • ခင် ခ

    August 9, 2013 at 10:27 am

    ဗုတ်ခဲ့လိုက်ပြီ ကြိုက်တာ ၄ ပုဒ်ပါနေလို့ တစ်ပုဒ်ကိုတော့ စိတ်မကောင်းစွာ ချန်ခဲ့ရတယ်လေ။

    “၆လတစ်ခါကျင်းပတဲ့ ဂဇက်ရွာသူားများတွေ့ဆုံပွဲ(ဂဇက်ကွန်ဖရဲင့်စ်)နဲ့မန်းဂဇက်ချစ်သူများ စာပေဆုပေးရေး၊ကိစ္စအတွက်တော့ ထုံးစံအတိုင်း ရွာ့ဆိုးတိုင်ပင်ကောင်းတိုင်ပင် လူကြီးများနဲ့
    တက်ကြွသူရွာ့လူငယ်များ ဘော်လန်တီယာလုပ်ပြီး အောင်မြင်အောင်ကျင်းပသွားပါမယ်…
    အလှူငွေကိစ္စကိုလည်း ကျင်းပချိန်နီးမှ ရွာထဲအလှူခံလှည့်ပါ့မယ်ဗျာ… အများသဘောနဲ့ စုပေါင်းဆောင်ရွက်တဲ့စံနစ်ပေါ့..´´

    တွေ့ဆုံမှုလေးတစ်ရပ်တော့ ပုံမှန်ရှိနေစေချင်ပါတယ်။ ၆ လ ဒါမှမဟုတ် ၁ နှစ် ပေါ့ဗျာ။ ကျင်းပချိန်နီးလို့ ရွာထဲအလှုခံရင်ထဲ့မယ်ဗျာ။ ရန်ကုန်မှာ မဟုတ်တော့ အလျဉ်းသင့်ရင်လည်းတက်မယ်ပေါ့။

  • အလင်းဆက်

    August 9, 2013 at 12:19 pm

    ကျွန်တော်က တော့
    ဖတ်ကူ ကူနိုင် သ လောက်ကို
    ကူနေပါမယ် ။

  • ဦးဦးပါလေရာ

    August 9, 2013 at 3:21 pm

    ဗုတ်ဖို့ကြိုးစားပေမယ့် ဗုတ်လို့မရပါဘူး..
    အမြင်ကတ်ကတ်နဲ့ အဝိုင်းလေးလည်နေတာကို chess ထိုးပြီးစောင့်တာ သုံးပွဲသာပြီးသွားတယ် လည်နေတုန်းပဲ..။

    ဥက္ကဌကြီးပြောသွားတာ သဘောကျပါကြောင်း…

  • vote ပြီးကြောင်း…..

    အဲ..ကျန်တာတော့ ပြောတတ်သေးဝူး..လူကြီးတွေ ကောင်းသလို စီစဉ်ပါ… နော်တို့က ကူဆိုကူပေးပါမယ်…နော်…

  • e tone

    August 9, 2013 at 4:39 pm

    ဟီး ……..ဆေ့ဗ်တီးတပုဒ်ကလွဲပြီး ကျန်တာတွေ …. တပုဒ်မှ မဖတ်ရသေးပါကြောင်း …. ။

  • Shwe Ei

    August 9, 2013 at 5:11 pm

    ပို့စ်အားလုံးကောင်းနေလို့ အားလုံးကို ဗုဒ်ချင်တာ…

    အူးမိုက်ပြောသလို စာဖတ်သူအားလုံးဝိုင်းဗုဒ်ပေးဖို့ဆိုရင် အီးမေးပို့တာထက်…မဟာဘာဂျာရဲ့ ယနေ့ပို့စ်လိုပုံစံမျိုးမှာ ဗုဒ်စစ်စတမ်ထဲ့သွားရင် အတော်လေးအဆင်ပြေမယ်ထင်တယ်ရှင့်။

  • padonmar

    August 9, 2013 at 9:36 pm

    မောင်အံရေ
    ဒီဗုတ်ဘယ်တော့ပိတ်မယ်ဆိုတာလေးပါ တားဂက်ရေးပေးပါအုံး။
    တချို့က ပိတ်တော့မယ်ဆိုမှ ဗုတ်တတ်တယ်။
    ……
    ယနေ့ပို့စ်မှာ ဗုတ်လို့ရရင် ပိုကြိုက်ပါတယ်။

  • kyeemite

    August 10, 2013 at 8:19 am

    သဂျီးမင်းခင်ဗျား…ဒီဗုတ်ပို့စ်လေးကို
    စတစ်ကီလုပ်ထားပေးပါခင်ဗျား…

  • အရီးခင်

    August 11, 2013 at 2:37 pm

    ဝုတ်ပြီးပါကြောင်း သတင်းပို့ ပါတယ် ….
    အရှေ့တောင်အာရှ က ကျောထုအခံရဆုံး (မွှားလို့) အခြစ်ခံ နေရဆုံး (စောဒီး) အချစ်ခံ နေရဆုံး
    လူသားလေး ခင်ဗျား။ 😉

  • အရီးခင်

    August 11, 2013 at 2:39 pm

    ဒီ Post ရဲ့ Presentation က အတော်မိုက် သကွဲ့။
    အခြစ် တန်ခိုး နဲ့ ပညာတွေ တိုးပြ နေပါလား အရပ်ကတို့။
    ကောင်းလေစွ။
    ကောင်းလေစွ။
    ကောင်းလေစွ။
    😛

  • မဟာရာဇာ အံစာတုံး

    August 12, 2013 at 3:16 pm

    ယနေ့ပိုစ် ဆိုတာ
    ဖတ်ရွေး ဆိုတာနဲ့ တွဲပြီး ပေါ်လာခဲ့တာပါ …
    အဓိက ရည်ရွယ်ချက်ကလည်း
    ဖတ်ရွေးမယ့်လူတွေ လွယ်လင့်တကူ ကြည့်ရှု ရှာဖွေ ရွေးပေးနိုင်စေဖို့ အတွက်ပါပဲ …

    ဒီယနေ့ပို့စ်ထဲမှာ အများအကြံပြုသလို
    ဗုတ်ကို ထည့်ဖို့ဆိုတာ မလွယ်လှပါဘူး …
    တစ်နေ့ ပို့စ်ပေါင်း ၂ဝ ဝန်းကျင်အတွက် ဗုတ်လုပ်ရမယ်ဆိုရင်
    တစ်လအတွက်ဆို စဉ်းစားသာ ကြည့်ကြပါ …

    ဒါပေမယ့် … အကြံတစ်ခုတော့ ရှိပါတယ် … မပင်မပန်း လုပ်နိုင်ပါမယ် …
    ဒါက ဘာလဲဆိုတော့ …
    Post တိုင်း အတွက် Nero Rating ထည့်ပေးလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ် …
    (ကျနော် လုပ်လို့ မရပါ။ သူကြီး Kai လို Site ရဲ့ Admin တွေကသာ လုပ်ပေးနိုင်ပါလိမ့်မယ်။)

    ဒါလေး ထည့်လိုက်ရင်ဖြင့် ပို့စ်တွေရဲ့ အောက်မှာ ထောင်/စိုက် လက်မလေးတွေနဲ့ ပို့စ်တွေကို Facebook လိုမျိုး Like လုပ်လို့ ရစေပါတယ် …
    Like အများဆုံး ပို့စ်ကို ဆုပေးပေါ့ .. မဟုတ်ဘူးလား …
    မသမာမှုတွေ ရှိနိုင်ပေမယ့် … ဒါက အကျင့်သိက္ခာပဲလေ …

    (Like/Unlike ထည့်ထားတာကို နမူနာ ကြည့်ချင်ရင် http://anzartone.wordpress.com/ ကို သွားကြည့်ပါ။ ကြော်ငြာ ဝင်တာ မဟုတ်ပါဘူး။)

    • kai

      August 14, 2013 at 3:39 pm

      အဲဒါထည့်ဖူးတယ်လေ… ကိုရင်ဇာဇာရယ်…
      အခုထည့်ထားတဲ့ Like ကပိုတောင်သေချာသေး..
      FB နဲ့ဆက်နေတာ…

      • မဟာရာဇာ အံစာတုံး

        August 16, 2013 at 9:56 am

        ဒီ FB Like က ပိုသေချာပေမယ့် …
        ဘော်ဒါ အနည်းအများပေါ် မူတည်မှာ သဂျီးရဲ့ …။

        ဟို ကျနော် ပြောတဲ့ Nero Like က ပို့စ်ကိုလာ၊ ဖွင့်လိုက်မှသာ လုပ်လို့ ရမှာဗျ …။
        ဒီဆိုက်အတွက်ဆို ဒီဆိုက်ရဲ့ Like က ပိုကောင်းတာပေါ့ဗျာ …။

        FB Like နဲ့ဆို ဖွဘုတ် ပလိုမိုးချင်း ကောင်းတဲ့ လူက ရတွားဒါမျိုးဒွေ ဖစ်လာလိမ့်မယ် ထင်မိဘာဂျောင်း ….။

        ခက်တာက တစ်ခါတစ်ခါ FB Like က အမှန်မပြတတ် ….။ (အိုင် တီးတန့်)

  • โทรศัพท์มือถือ

    August 12, 2013 at 6:12 pm

    ကျနော်ကတော့ ထုံးဇန်အတိုင်းပေါ့ဗျာ…
    ခုတစ်လော ရွာပြန်ရောက်နေလို့… လိုင်းကောင်းကောင်းမသုံးရတာနဲ့…
    ဘယ်ပို့စ်ကိုမှ ကောင်းကောင်းဖတ်မထားရသေးဘူးးဗျ….
    အဲ့ဒါနဲ့ပဲ ခေါင်းဇင်လှတဲ့ ပို့စ်လေးတစ်ပုဒ်ကိုရွေးပီး ဗုတ်ထားခဲ့ပါတယ်…..

  • padonmar

    August 12, 2013 at 10:50 pm

    တာဝန်ကျေပြီးပါကြောင်း။
    ကြော်ငြာသူကြီးကိုလည်း Like ပြီးပါကြောင်း၊
    ဖတ်ရင်း တခါတည်း Like သွားရရင် သက်သာပါမည်။
    သို့သော် လူသစ်စာကောင်းများကို သတိမထားမိဖြစ်နိုင်ပါသည်။
    Like အရေအတွက် ကိုဖွင့်မဖတ်ခင်ကတည်းက မြင်နိုင်လျှင် ပိုကောင်းပါမည်။

  • Mr. MarGa

    August 14, 2013 at 12:59 pm

    အင်
    မန့်ပြီးပြီ မှတ်နေတာ မန့်ရသေးဘူး ဟ
    ဘယ်နေ့ ဗုတ်ပိတ်မလဲဟင်
    ပိတ်မယ့်နေ့မှ ဗုတ်မလို့ :mrgreen:

  • မဟာရာဇာ အံစာတုံး

    August 15, 2013 at 3:13 pm

    ဒီနေ့ Vote ပိတ်မှာနော် …
    မဗုတ်ရသေးသူများ လာဗုတ်ပေးဂျဘာအုံး …
    အိုက်ဒါ အပြေးဂလေး လာပေါဒါဘာ …

  • မဟာရာဇာ အံစာတုံး

    August 16, 2013 at 12:17 am

    ဟုတ်ကဲ့ပါ ခင်ဗျာ …
    ဗုတ် ပိတ်လိုက်ပါပြီ …

    စုစုပေါင်း ၁၅ဝ ဗုတ် ရရှိခဲ့ပါတယ်။
    ဒီထဲမှာတော့ဖြင့် …
    ” တစွန်းတစ ငယ်ဘဝနှင့် ပြန်သတိရမိတဲ့ ကာတွန်းတွေ “
    ဆိုတဲ့ ပို့စ်နဲ့ Mr.Marga က ဗုတ်ပေါင်း ၂၄ ဗုတ်ဖြင့် ရရှိသွားပါကြောင်း …..။
    ဦးလေး ဦးကျောက်ရဲ့ ” သိင်္ဂါရရသ ချစ်ခြင်းဘွဲ့ “ ကတော့ ၂၃ ဗုတ်နဲ့ ၁ ဗုတ်ကပ်လျော့ပြီး ဒုတိယ နေရာ ဖြစ်သွားပါကြောင်း ….။
    ရင်ခုန်ချင်စရာ ဖြစ်ခဲ့ပါကြောင်း …..။

  • ဦးကျောက်ခဲ

    August 16, 2013 at 8:28 am

    တောက်စ် ၁ဗုတ်ထဲနဲ့… သဂျား ကပ်တီးသွားတာ နာသဗျာ…
    အရဂါးစတာ…
    Congratulation ပါ သဂျား… နောင်လည်း များများ ရေးနိုင်ပါစေ…
    😀 Bravo…

  • ခင် ခ

    August 16, 2013 at 9:13 am

    ဦးမာဃ သိကြားမင်းတော့ စာပေဆုကြီးပိုက်ပြီး နတ်သမီးလေးတွေရဲ့ $#@ ကိုရမှာမြင်ယောင်မိနေသေးဗျ။
    နောင်များလည်း စာပေကောင်းလေးတွေရေးကာ ဆုတွေရပါစေနော်။ Bravo ……….

    • အလင်းဆက်

      August 16, 2013 at 10:04 am

      ဦးမာဃ ရေ
      ဆုလည်းးး ပေးဖူးပြီ
      အခု
      ဆုလည်း ရပြီ

      ဝမ်းမြောက် ဂုဏ်ယူပါကြောင်းးးး

  • မင်းခန့်ကျော်

    August 16, 2013 at 1:30 pm

    မဟာရာဇာ အံစာတုံး
    3 hrs, 27 mins ago

    ဒီ FB Like က ပိုသေချာပေမယ့် …
    ဘော်ဒါ အနည်းအများပေါ် မူတည်မှာ သဂျီးရဲ့ …။

    ဟို ကျနော် ပြောတဲ့ Nero Like က ပို့စ်ကိုလာ၊ ဖွင့်လိုက်မှသာ လုပ်လို့ ရမှာဗျ …။
    ဒီဆိုက်အတွက်ဆို ဒီဆိုက်ရဲ့ Like က ပိုကောင်းတာပေါ့ဗျာ …။

    FB Like နဲ့ဆို ဖွဘုတ် ပလိုမိုးချင်း ကောင်းတဲ့ လူက ရတွားဒါမျိုးဒွေ ဖစ်လာလိမ့်မယ် ထင်မိဘာဂျောင်း ….။

    ခက်တာက တစ်ခါတစ်ခါ FB Like က အမှန်မပြတတ် ….။ (အိုင် တီးတန့်)

    ထောက်ခံပါကြောင်း

  • Mr. MarGa

    August 16, 2013 at 6:44 pm

    အဟိ
    မနက်ကတည်းက ဖုန်းဆက်ပြောလို့ စောစောစီးစီး သိလိုက်တယ်
    မနေ့ညကတည်းက ရင်ခုန်နေရတာ
    အခုတော့
    ရင်ခုန်ရကျိုး နပ်ပါပြီဗျာ
    ှဇကာတင်ထဲ ပါတိုင်း ခုန်ရတဲ့ရင်လဲ
    အခုတော့ တည်ငြိမ်သွားပြီလို့ ပြောရမယ် 🙂
    ဗုတ်ပေးသူ ရွေးပေးသူ တင်ပေးသူ ဖတ်ပေးသူ အားလုံးကို ကျေးဇူး အကြီးကြီး တင်ပါကြောင်း

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • kyeemite

    August 19, 2013 at 11:08 am

    😀 Bravo… ပါသကြားမင်းရေ…
    နောက်တစ်ခါပွဲမှာပျော်ပျော်ပါးပါးကြီး ဆုံကြသေးတာပေါ့ဗျာ…

Leave a Reply