********ငွေရတု တိုင်ခဲ့လေပြီ***********

၈၈၈၈ အရေးအခင်းတဲ့ သေချာတော့မသိလိုက်ပါဘု
အဲတုန်းက ကလေးကိုး……….
မှတ်မိခဲ့သေးပါတယ်လေ စာရွက်လေးတွေနဲ့ တောင်အော်မြောက်အော်
ဟိုအော် ဒီအော်နဲ့ …နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဆိုလား….
သေချာတော့ သိလိုက်ပါဘု
ဟိုချီတက်ပွဲ ဒီချီတက်ပွဲ ဟိုမှာဟိုဟာကျွေး ဒီမှာ ဒီဟာကျွေး
စားခဲ့ရတဲ့ အားရပါးရတွေ… နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ…
သေချာတော့ သိလိုက်ပါဘု

တစ်နှစ်မြောက် နှစ်နှစ်မြောက်နဲ့ ဆယ်နှစ်မြောက်တွင်းမှာတော့
ခွေးပြေးဝက်ပြေး မပြေးခဲ့ရင် ဂျပန်တွေထက် ဆိုးတဲ့ အကျဉ်းထောင်မှာ……..
နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ့…..
သေချာတော့ သိလိုက်ပါဘု

တော်လှန်ရေး တော်လှန်ရေးနဲ့ ရရာလက်နက် စွဲကိုင်မယ်ဆိုပြီး
ထွက်သွားလိုက်ကြတဲ့သူတွေ ဒုနဲ့ဒေးပေါ့
နည်းနည်းကြာလေတော့ ပြန်ဝင်လာတဲ့သူတွေလဲ ဒုနဲ့ဒေးပေါ့
နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ့….
သေချာတော့ သိလိုက်ပါဘု

ခုတော့ မြန်မာပြည် ဒီမိုဆိုဆိုပြီး ကျယ်ကျယ်အော်နိုင်တဲ့ချိန်
၈၈၈၈ဆိုတာ တခမ်းတနားပြောပြကြ တချိန်တခါတုန်းကတော့(ဖမ်းမယ်ဆီးမယ်ဆိုတုန်းက နှုတ်ဆိတ်နေတဲ့သူ)ဘာသိဘာသာ နေခဲ့ကြသူများလဲ ပါလေရဲ့
နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ့…..
သေချာတော့ သိလိုက်ပါဘု

သမိုင်းဝင်တဲ့ ၈၈၈၈ကို ဘာရောင်ညာရောင် ရောင်စုံချယ်တော့
လှပလာတော့ အကောင်းသား သို့ပေသိ ၀မ်းစိတ်ကွဲကွဲ များများထွေထွေ
သမိုင်းမှာရှိတဲ့ ၀ိုင်အိုင်ဘီအေ ဂျီစီဘီအေ မဖြစ်ခဲ့ကြရင် အကောင်းသားကလား………….
နိုင်ငံအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပေါ့………….
သေချာတော့ မသိလိုက်ပါဘု

လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ ဒုတိယလွတ်လပ်ရေး ဆိုတာ ၈၈၈၈ပေါ့….
လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ ကိုယ့်ကျွန်လွတ်မြောက်ရေး ဆိုတာ ၈၈၈၈ပေါ့….
လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ အကြီးမားဆုံးလူထုအုံ့ကြွမှု ဆိုတာ ၈၈၈၈ပေါ့….
လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ ဒီမိုကရေစီတိုက်ပွဲအစ ဆိုတာ ၈၈၈၈ပေါ…..
လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ အောင်ဆန်းမျိုးဆက် ခေါင်းဆောင်ကိုရလိုက်တာလဲ ၈၈၈၈ပေါ……..
လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ စစ်အုပ်ချုပ်ရေး စနစ်ဆိုးကို တိုက်ဖျက်ခဲ့တာလဲ
၈၈၈၈ပေါ……………

နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ………….
သေချာတော့ သိလိုက်ပါဘု

About မောင် ဆင်ကြီး

မောင် ဆင်ကြီး has written 7 post in this Website..