********ငွေရတု တိုင်ခဲ့လေပြီ***********

********ငွေရတု တိုင်ခဲ့လေပြီ***********

၈၈၈၈ အရေးအခင်းတဲ့ သေချာတော့မသိလိုက်ပါဘု
အဲတုန်းက ကလေးကိုး……….
မှတ်မိခဲ့သေးပါတယ်လေ စာရွက်လေးတွေနဲ့ တောင်အော်မြောက်အော်
ဟိုအော် ဒီအော်နဲ့ …နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ဆိုလား….
သေချာတော့ သိလိုက်ပါဘု
ဟိုချီတက်ပွဲ ဒီချီတက်ပွဲ ဟိုမှာဟိုဟာကျွေး ဒီမှာ ဒီဟာကျွေး
စားခဲ့ရတဲ့ အားရပါးရတွေ… နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ…
သေချာတော့ သိလိုက်ပါဘု

တစ်နှစ်မြောက် နှစ်နှစ်မြောက်နဲ့ ဆယ်နှစ်မြောက်တွင်းမှာတော့
ခွေးပြေးဝက်ပြေး မပြေးခဲ့ရင် ဂျပန်တွေထက် ဆိုးတဲ့ အကျဉ်းထောင်မှာ……..
နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ့…..
သေချာတော့ သိလိုက်ပါဘု

တော်လှန်ရေး တော်လှန်ရေးနဲ့ ရရာလက်နက် စွဲကိုင်မယ်ဆိုပြီး
ထွက်သွားလိုက်ကြတဲ့သူတွေ ဒုနဲ့ဒေးပေါ့
နည်းနည်းကြာလေတော့ ပြန်ဝင်လာတဲ့သူတွေလဲ ဒုနဲ့ဒေးပေါ့
နိုုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ့….
သေချာတော့ သိလိုက်ပါဘု

ခုတော့ မြန်မာပြည် ဒီမိုဆိုဆိုပြီး ကျယ်ကျယ်အော်နိုင်တဲ့ချိန်
၈၈၈၈ဆိုတာ တခမ်းတနားပြောပြကြ တချိန်တခါတုန်းကတော့(ဖမ်းမယ်ဆီးမယ်ဆိုတုန်းက နှုတ်ဆိတ်နေတဲ့သူ)ဘာသိဘာသာ နေခဲ့ကြသူများလဲ ပါလေရဲ့
နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ့…..
သေချာတော့ သိလိုက်ပါဘု

သမိုင်းဝင်တဲ့ ၈၈၈၈ကို ဘာရောင်ညာရောင် ရောင်စုံချယ်တော့
လှပလာတော့ အကောင်းသား သို့ပေသိ ဝမ်းစိတ်ကွဲကွဲ များများထွေထွေ
သမိုင်းမှာရှိတဲ့ ဝိုင်အိုင်ဘီအေ ဂျီစီဘီအေ မဖြစ်ခဲ့ကြရင် အကောင်းသားကလား………….
နိုင်ငံအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပေါ့………….
သေချာတော့ မသိလိုက်ပါဘု

လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ ဒုတိယလွတ်လပ်ရေး ဆိုတာ ၈၈၈၈ပေါ့….
လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ ကိုယ့်ကျွန်လွတ်မြောက်ရေး ဆိုတာ ၈၈၈၈ပေါ့….
လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ အကြီးမားဆုံးလူထုအုံ့ကြွမှု ဆိုတာ ၈၈၈၈ပေါ့….
လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ ဒီမိုကရေစီတိုက်ပွဲအစ ဆိုတာ ၈၈၈၈ပေါ…..
လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ အောင်ဆန်းမျိုးဆက် ခေါင်းဆောင်ကိုရလိုက်တာလဲ ၈၈၈၈ပေါ……..
လူတိုင်းလက်ခံ မြန်မာပြည်ရဲ့ စစ်အုပ်ချုပ်ရေး စနစ်ဆိုးကို တိုက်ဖျက်ခဲ့တာလဲ
၈၈၈၈ပေါ……………

နိုင်ငံအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ပေါ………….
သေချာတော့ သိလိုက်ပါဘု

2 comments

  • အလင်းဆက်

    August 8, 2013 at 8:47 pm

    အတိတ်.. ရဲ ့.. သမိုင်း…
    8888 မှာ.. သူတို ့.. အနိုင်ယူပြီး ရိုင်းခဲ့တယ်…။
    ပေးဆပ်ခဲ့ ရတဲ ့…
    အသက်တွေ…
    မျှော်လင့်ချက်တွေ….

    ပြန်လျော်ပေးလို ့..သာပြောချင်တယ် ။

    အတိတ်ထဲကလည်း.. မြန်မြန်နိုးထ ဖို့လိုပါတယ် ။

  • ခင် ခ

    August 8, 2013 at 9:31 pm

    အိုးဝေ အိုးဝေ လို့တွန်ကာကျုးတဲ့ ဒေါင်း
    ကျောင်းသားများအတွက် ရင်မှာငြိတဲ့ ဒေါင်း
    ဝှေ့ရမ်းလို့သာ တိုင်မှာလွှင့်တဲ့ ဒေါင်း
    ဇာတိမန်ကြွ ခွပ်သဏ္ဍန်ပြတဲ့ ဒေါင်း
    အာဏာရှင်ကို ငုံမခံခွပ်တော့
    ဒီအလံအောက်မှာ သေခဲ့ကြသည်
    ဒီအလံအောက်မှာ နေခဲ့ကြသည်
    ဒီအလံအောက်မှာ ကြွေခဲ့ကြသည်
    ဒီလိုပေးဆပ် အာဇာနည်ကို
    ဒို့များဦးညွှတ် အလေးပြုတယ်။

    ခင်ခ။

Leave a Reply