မိုဘိုင်းဖုန်း အလုံးေ ရငါးသိန်းတန် CDMA 800 MHZရ သိန်းနှင့်ချီ၍ ထပ်မံ ချထားပေးမည်

Yin Nyine NwayAugust 2, 20101min490

ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ကြီးများတွင် မိုဘိုင်းဖုန်း အလုံးေ ငါးသိန်းတန် CDMA 800 MHZရ သိန်းနှင့်ချီ၍ ထပ်မံ ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရ ရှိသည်။

CDMA1(ဓာတ်ပုံ – peacock-landnews.blogspot.com)

ငါးသိန်းတန် ဖုန်းများ စတင် ချထားပေးစဉ်က ရန်ကုန်နှင့် မန္တလေး မြို့များတွင်သာ အလုံးရေ တသိန်း ခွဲချထား ပေးရန် စီမံချက်ကို ချမှတ် အကောင် အထည် ဖော်ခဲ့ပြီး ယခု မြို့ကြီး အများစုတွင် ဖုန်းအလုံးရေ သိန်းနှင့်ချီ ဆက်လက် ချထားပေး ထားခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရှိရသည်။

၂၀၁ဝ နှစ်ဆန်းပိုင်းမှ စတင်ပြီး ဦးတေဇ ပိုင်ဆိုင်သော Central Marketing ကုမ္ပဏီနှင့် စစ်အစိုးရတို့ ပူးပေါင်းကာ CDMA 800 MHZ မိုဘိုင်းဖုန်းများ ချထား ပေးလျက် ရှိသည်။

“ရန်ကုန်၊ မန္တလေးအပြင် တခြား မြို့ကြီးတွေမှာလည်း ငါးသိန်တန်ဖုန်း သုံးလို့ရအောင် စီစဉ်ပြီး အလုံးရေ အကန့်အသတ်မရှိ ချပေးသွားမယ်” ဟု Central Marketing ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။

ယခင်က အဆိုပါ ငါးသိန်းတန်ဖုန်းများသည် နယ်မြေအကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခဲ့သော်လည်း ယခုအခါ နယ်မြေ ကန့်သတ်ချက်မရှိ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက အင်းစိန်မြို့နယ်အတွင်းမှာ လျှောက်ပြီး ရထားတဲ့ ဖုန်းက အင်းစိန်မြို့နယ် ထဲမှာပဲ သုံးလို့ ရတယ်။ တခြားမြို့နယ်ထဲတွေ ယူသွားရင် လိုင်းမမိဘူး။ အခု နယ်မြေ ကန့်သတ်ချက် မရှိတော့ဘူး။ အင်းစိန်မြို့နယ်က ဖုန်းက မရမ်းကုန်းမှာလည်း သုံးလို့ရတယ်။ ရန်ကင်းမှာလည်း သုံးလို့ရတယ်။ နယ်မြေကန့်သတ်ချက်မရှိ ရန်ကုန်တမြို့လုံးသုံး လို့ရပြီ” ဟု အလုံမြို့နယ်မှ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာတဦးက ဆိုသည်။

ငါးသိန်းတန်ဖုန်းများ နယ်မြေကန့်သတ်ချက်မရှိ ချထားပေးပြီးနောက် ရန်ကုန်မြို့တွင် ဖုန်း လျှောက်ထားသူများ များပြားလာကြောင်း၊ တနေ့လျှင် လျှောက်ထားသူ ၂၀၀ဝ အထိ ရှိကြောင်း သိရသည်။

“ရန်ကုန်တမြို့လုံး ငါးသိန်းတန်ဖုန်း သုံးလို့ရတယ် ဆိုကတည်းက ဖုန်းလျှောက်တဲ့သူ တော်တော်များတယ်။ မနက် အစောကတည်းက လူတွေ ရာပေါင်းများစွာ တိုးဝှေ့နေကြတာ” ဟု အလုံမြို့နယ် ဆက်သွယ်ရေးစခန်းမှ
ဝန်ထမ်းတဦးက ပြောသည်။

ဦးတေဇ၏ Elite ကုမ္ပဏီသည် ငါးသိန်းတန်ဖုန်းအပြင် FEC ၂ဝ တန် တခါသုံး ဂျီအက်စ်အမ် ဖုန်းကတ်၊ FEC ၅ဝ တန် CDMA ၄၅ဝ မဂ္ဂါဟက် တခါသုံးဖုန်းကတ် များကိုလည်း ရောင်းချလျက်ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချပေးသော ဂျီအက်စ်အမ် ဖုန်းမှာ ငွေကျပ် ၁၅ သိန်းပေးသွင်းပြီးမှ အသုံးပြုနိုင်သည့်အတွက် ရန်ကုန်မြို့နေ လူတန်းစားအများစု အသုံးပြုနိုင်ကြခြင်း မရှိပေ။

“GSM ဖုန်းက အစိုးရသွင်းဈေးတင် ၁၅ သိန်းဆိုတော့ လူတော်တော်များများ မကိုင်နိုင်ကြဘူး။ ငါးသိန်းတန်ဖုန်းကျတော့
ကိုင်နိုင်လာတဲ့လူ ပိုများတယ်” ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။

ရန်ကုန်မြို့ရှိ စီးပွားရေး ကုမ္ပဏီအများစုကလည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်ရေးအတွက်
ငါးသိန်းတန်ဖုန်းများ ဝယ်ယူကြသည်ဟု သိရသည်။

“စီးပွားရေးကုမ္ပဏီတွေလည်း ငါးသိန်းတန်ဖုန်း လျှောက်ကြတယ်။ ကုမ္ပဏီတခုကို အနည်းဆုံး ငါးလုံးလောက် လျှောက်ကြတယ်” ဟု ငါးသိန်းတန်ဖုန်း လျှောက်ထားပေးသည့် အကျိုးဆောင် ပွဲစားတဦးက ဆိုသည်။

ငါးသိန်းတန်ဖုန်းတွင် ဖုန်းကတ်တခုအတွက် ငွေကျပ် ငါးသိန်းတိတိ ပေးသွင်းရပြီး ဖုန်းဟန်းဆက်အပါအဝင် ဖုန်းလျှောက်ရန် ပေးသွင်းရသည့် စာရွက်စာတမ်းဖိုးများကိုပါ တွက်ချက်လျှင် ဖုန်းတလုံးအတွက် အနည်းဆုံး ငွေကျပ် ခြောက်သိန်းခွဲခန့် ကုန်ကျ သည်ဟု သိရသည်။

စီးပွားရေးပညာရှင်တဦးကမူ လက်ကိုင် မိုဘိုင်းတလုံးအတွက် မြန်မာငွေ ကျပ်ငါးသိန်း (အမေရိကန်ဒေါ်လာ ငါးရာ) ပေးနေရခြင်းမှာ သဘာဝမကျဘဲ အိမ်နီးချင်း နိုင်ငံများကဲ့သို့ မိုးဘိုင်း ဖုန်းများ ဈေးပေါပေါဖြင့် လူတိုင်းအသုံးပြုနိုင်ရန် စီစဉ်ပေးသင့်သည်ဟု ဆိုသည်။

“စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ဖုန်းအတွက်၊ ကားအတွက် မြန်မာငွေ သိန်းရာချီ သုံးနေရတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ထောင်ဂဏန်း၊ သောင်းဂဏန်းသုံးနေရတော့ စီးပွားရေးမှာ ရင်းနှီးမြုပ်နှံရမယ့် အရင်းအနှီး နည်းသွားတယ်။ တိုင်းပြည်တခုရဲ့ စီးပွားရေး တိုးတက်ဖို့ဆိုတာ ဖုန်း၊ ကား၊ နေရာ တို့လို အခြေခံ စီးပွားရေးအဆောက်အအုံတွေ ဈေးချို ဖို့လိုတယ်” ဟု အဆိုပါ ပညာရှင်က သုံးသပ်သည်။

ငါးသိန်းတန်ဖုန်း၊ ဂျီအက်စ်အမ် အပါအဝင် မိုဘိုင်းဖုန်းအများစု၏ ဖုန်းခေါ်ဆိုခမှာ တမိနစ်လျှင် ငွေကျပ် ၅ဝ ဖြစ်သည်။

၂၀၁ဝ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ငါးသိန်းတန်ဖုန်း ချထားပေးသည့် အရေအတွက် ၆၅၀၀ဝ ကျော်ရှိလာပြီဟု
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

လူဦးရေ သန်းခြောက်ဆယ်နီးပါး ရှိနေပြီဖြစ်သော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း၊ အော်တိုကြိုး ဖုန်းအပါအဝင် ဖုန်းလိုင်းစုစုပေါင်း
သုံးသန်းခွဲနီးပါးရှိလာပြီဖြစ်ေ

ကြာင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ရရှိသော သတင်းအချက်အလက်များအရ သိရသည်။