“ဒီနေ့´´

ခင္ခAugust 9, 20131min24625

“ဒီနေ့´´

 

မေး ။ ဒီနေ့ကို သင် နှစ်သက်ခဲ့ပါလား

ဖြေ ။ နှစ်သက်တာပေါ့ဗျာ

မေး ။ ဒီနေ့ကို မနှစ်သက်ခဲ့တာမျိုးရော ရှိခဲ့ဘူးလား

ဖြေ ။ ရှိခဲ့တာပေါ့ဗျာ ရှိခဲ့တာပေါ့

မေး ။ ဘာဖြစ်လို့  ဒီနေ့ကို နှစ်သက်ခဲ့တာလဲ

ဖြေ ။ လူ့လောကကြီးကို ရောက်လာတဲ့ ကိုယ်နဲ့သက်ဆိုင်သောနေ့လေးဆိုတော့ သဘောကျနှစ်သက်တာပါ

မေး ။ ဒါဆို  မနှစ်သက်တဲ့ အကြောင်းကရော ဘာများလဲဗျ

ဖြေ ။ ငယ်ဘဝနဲ့ လူရွယ်ဘဝတုန်းကတော့ ဒီနေ့ကိုရောက်လာရင် မိသားစုနဲ့ရော သူငယ်ချင်းတွေနဲ့ရော တွေ့ဆုံပြီး ပျော်ပျော်ပါးပါး စားကြသောက်ကြဆိုတော့ ပျော်ရတယ်ဗျာ အဲဒီတော့ ဒီနေ့ကို ကိုယ်တိုင်က မျှော်နေမိတယ် ရောက်တော့မလား ရောက်တော့မလားပေါ့ အခုနောက်ပိုင်း အသက်အရွယ်လေးရလာပြီ ဆိုတော့ ဒီနေ့ကိုရောက်ရင် ငါ့ဘဝအတွက် အချိန်တစ်နှစ်ကုန်လွန်ခဲ့ပြီ ဒီဘဝရဲ့ ခရီးဆုံးမယ့်အချိန်ကို တစ်စတစ်စနီးလာပြီလို့ တွေးတွေးမိလာတော့ ဒီနေ့ကိုရောက်မှာ မရောက်ချင်သလိုလို ဒီနေ့ကို မနှစ်သက် ချင်သလိုလို တစ်ခါတစ်လေတော့လည်း အတွေးပေါ်မိတာပေါ့ဗျာ။

မေး ။ အချိန်ဆိုတာရပ်တန့်လို့မရလေတော့ ဒီနေ့ကို အခုလည်းကြုံရသလို နောင်လည်းကြုံနေရမှာဆိုတော့ အဲလိုကြုံလာမယ့် ဒီနေ့တွေကို ဘယ်လိုများဖြတ်သန်းမလဲလို့ သိချင်ပါတယ်

ဖြေ ။ မှန်ပါတယ် ရပ်တန့်လို့မရတဲ့ထဲမှာ အချိန်ဟာလည်းပါတာမို့ ဒီနေ့တွေကို အမြဲကြုံရမှာပါဘဲ။ ကျွန်တော် တို့အရွယ်က အခုဆို ရွှေရတုနားတောင်ရောက်နေပြီမို့ အရွယ်မငယ်တော့ဘူး ဇရာကိုတောင် လှမ်းစပြုနေပြီ မို့ မန်းမှနေတာမို့ ဘုရားကြီးသွား ရွှေသင်္ကန်းကပ် ဘုရားရှစ်ခိုး အဲလို ကုသိုလ်လေးလုပ်မယ် ပြီးတော့ ကိုယ်လည်းတစ်နေ့ အိုရမှာဆိုတော့ ကိုယ့်ထက်အချိန်စောအိုနေတဲ့(စီနီယာတွေပေါ့) အဘိုးအဘွားတွေရှိရာ ဘိုးဘွားရိပ်သာမှာ ကိုယ်တတ်နိုင်သလောက်သွားလှုမယ်ပေါ့။ ကိုယ်လည်းတစ်နေ့ မဖြစ်မနေ အိုရာမှာကိုး။

မေး ။ ဒီနေ့နဲ့ ပက်သက်ပြီး အမှတ်တရ စကားလေးတစ်ခုလောက်ပြောပေးပါ။

ဖြေ ။ ဒီနေ့ဆိုတဲ့ လွန်ခဲ့တဲ့ အနှစ် ၄၈ တုန်းက ကျွန်တော်လူ့လောကကြီးထဲရောက်ခဲ့တယ် ဘယ်နေ့ဆိုတဲ့နေ့ တစ်ရက်မှာတော့ အဲဒီရောက်ခဲ့တဲ့ လူ့လောကကြီးကနေ ပြန်ထွက်ရမယ်ဆိုတာ မသိနိုင်ပေမယ့် ဒီနေ့နဲ့ကြုံတဲ့ အခါတိုင်း တော့  ငါဒီနေ့ကို ကြုံရသေးတာဘဲလို့ တွေးမိရင်နဲ့ ထွက်သွားရမယ့် နေ့အတွက် နေ့တိုင်းတော့ အထုပ်အပိုး အဆင့်သင့်ဖြစ်အောင် ပြင်ထားပါတယ်လို့။ လူကြီးလူငယ်မရွှေး ကိုယ်လူလောကကြီးကနေ ထွက်သွားရမယ့် နေ့တွေမှာ ခရီးသွားသလို အဆင်သင့်အထုပ်လေးဆွဲသွားနိုင်အောင်ရယ် ကိုယ်ယူသွားမယ့် အထုပ်ထဲမှာ အကောင်းဆုံးပစ္စည်းတွေဘဲပါသွားအောင်လို့ ကိုယ်ကိုးကွယ်ယုံကြည်ရာ ဘာသာအရ ကောင်း တာလေးတွေကို ရွေးထဲဖြစ်အောင် ရွေးထဲ့ကြပါလို့ တိုက်တွန်းအကြံပေးချင်တာပါဘဲ။

မေး ။ နောက်ထပ်ကော ဒီနေ့ နဲ့ပက်သက်ပြီးပြောချင်ပါသေးလဲလို့

ဖြေ ။ နောက်လာမည့်  ဒီနေ့တွေကိုလည်း မျှော်မိပါတယ်၊ ဒီနေ့တွေ ကြိမ်ဖန်များစွာ ဆုံချင်တဲ့ စိတ်လည်းရှိ ပါတယ် ဘာလို့လဲဆိုတော့  ကျွန်တော်လည်း လူ့လောကထဲကလူ တစ်ယောက်ဆိုတော့လေ၊ လူသား အားလုံးလည်း ကိုယ်နဲ့သက်ဆိုင်တဲ့ ဒီနေ့ တွေကို ကြိမ်ဖန်များများ အားရပါးရ ကြုံကြပါစေလို့လည်း ဆန္ဒပြု ပါတယ်။

မေး ။ ဟုတ်ကဲ့ အခုလိုဖြေပေးတဲ့အတွက်ကျေးဇူးပါဗျ။

ဖြေ ။ ကျွန်တော်ကလည်း ဟိုရေးဒီရေးလျှောက်ရေးတာကို ဖတ်လာပေးတဲ့ ရွာသူားနဲ့ စာဖတ်ပရိတ်သတ်ကြီးကို ကျေးဇူးပါဗျာ။

 

 

ခင်ခ။

( ကိုယ့်အတွေးနဲ့ကိုယ် ရေးပုံက…………)

25 comments

  • KZ

    August 9, 2013 at 11:25 am

    Happy Birthday ပါ ကိုကြီးခ။

    ဒီနေ့က ဒီမှာတော့ နေရှင်နယ်ဒေးမို့ ကိုကြီးခ မွေးနေ့က မှတ်ရလွယ်သွားပါပြီ။ 🙂

  • Nyo Win

    August 9, 2013 at 11:37 am

    Happy Birthday….ပါကိုခ…

  • ခင် ခ

    August 9, 2013 at 11:39 am

    ဒီမှာလဲ ကနဦးလာရောက်အားပေးသူ KZ ကို ကျေးဇူးတင်ပါတယ်။ ဆုတောင်းအတွက်လည်း ဝမ်းမြောက်ပါ၏။

    ကိုညိုဝင်းကိုလည်း ကျေးဇူးပါဗျ။

  • ဦးကျောက်ခဲ

    August 9, 2013 at 11:43 am

    HAPPY BIRTHDAY ပါဆြာခရေ…
    မင်္ဂလာမွေးနဲ့မှသည် ကျန်းမာပျော်ရွှင်ကြီးပွါးတိုးတက်…
    အသက်ရာကျော်ရှည်ပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်….
    🙂

  • kyeemite

    August 9, 2013 at 11:50 am

    နောက်ထပ် ဒီနေ့ တွေကို ကြိမ်ဖန်များများ အားရပါးရ ကျန်းကျန်းမာမာ
    ချမ်းချမ်းသာနဲ့ ချစ်ခင်တဲ့မိသားစုနဲ့အတူ ဖြတ်သန်းနိုင်ပါစေဗျာ 🙂

    • ခင် ခ

      August 9, 2013 at 1:40 pm

      ကိုကျောက် တို့ မင်္ဂလာဇနီးမောင်နှံလည်း ရွှေလက်တွဲချိန်မှ ရွှေရတု စိန်ရတု မင်္ဂလာရက်တွေ ကို ပျော်ရွှင်စွာ ဖြတ်ကျော်သွားနိုင်ပါစေဗျ။

      မိသားစုရှင် ကိုကြီးမိုက်လည်း ပျော်ရွှင်သာယာကြည်နူးဖွယ်မိသားစုအဖြစ် အဓွန့်ရှည်ပါစေလို့။

      ဆြာနှစ်ပါးဆုတောင်းအတွက်လည်းကျေးဇူးပါ။

  • Min Zarni

    August 9, 2013 at 1:42 pm

    ကြိတ်ကြိတ်ပီးတောင်းတဲ့ဆုတွေပြည့်ပါဇီဗျာ

  • e tone

    August 9, 2013 at 1:45 pm

    Happy Birthday ပါ အန်ကယ်ရေ ။
    နှစ်ပေါင်းများစွာတိုင်အောင် ၊ ကျန်းမာသက်ရှည် စိတ်ချမ်းသာပါစေ ။ မိသားစုနဲ့အတူ ပျော်ရွှင်ဖွယ်ရာ နေ့ရက်များစွာ ပိုင်ဆိုင်နိုင်ပါစေနော် ။

  • အလင်းဆက်

    August 9, 2013 at 1:53 pm

    လေးခရေ

    ပျော်ရွှင်ဖွယ် မွေးနေ ့လေး ဖြစ်ပါစေ နော်
    မွေးနေ ့မှာ
    ထွေးပွေ ့ချင်စရာ
    တွေ း အလှ စာသားတွေ
    ရေးပြသွားတဲ့ လေး ခ

    ဘဝမှာ အေးချမ်းစွာ ပြည့်စုံ နေစေဖို ့
    ဆန္ဒပြု ပါတယ်ဗျ

  • Ma Ei

    August 9, 2013 at 1:54 pm

    Happy Birthday!!!!!!!
    နောက်လာမည့် ဒီနေ့တွေ များစွာကို
    ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပါစေကြောင်း
    ဆုမွန်ကောင်းတောင်းလိုက်ပါတယ်…

  • အရီးခင်

    August 9, 2013 at 2:05 pm

    ကိုခ ရေးထားတာ မိုက်သဗျာ။ 😛
    ရှစ်လေးလုံး ရဲ့ တစ်ရက်ကျော် က ငွေရတု မွေးနေ့ ပေါ့နော။
    အခု ရှစ်လေးလုံး ငွေရတု နှစ် မှာတော့ ငွေရတု မွေးနေ့ ကို ၁ ပြန်နှုတ်ကြစို့။ 😉

    ပျော်ရွှင်ဖွယ် (double) ၂၄ မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း တို့ နဲ့ အတူ လိုအပ်သောဆု၊ မြတ်သောဆု များ ပြည့်ပါစေ။

    ခင်မင်လေးစားစွာဖြင့် ဆုမွန်ခြွေလျှက်
    အရီး

    • ခင် ခ

      August 9, 2013 at 2:30 pm

      ဝင်ရောက်ဆုတောင်းပေးသော Min Zarni ၊ မအိတုံ ၊မောင်အလင်းဆက်၊ မအိ နဲ့ အရီးခင် တို့ကို ခင်မင်စွာဖြင့် ခင်ခက ကျေးဇူးပါဗျို့။

  • kai

    August 9, 2013 at 2:57 pm

    မှတ်လွယ်တဲ့ရက်ရထားတာပဲ…
    ဘဝလွယ်ပါစေ..လွယ်မှာပါ…

    အခုမှတဝက်ကျိုးတယ်မှတ်ပေါ့… :kwi:

    • ခင် ခ

      August 9, 2013 at 3:15 pm

      ဆုတောင်းကွန်မန့်အတွက် ကျေးဇူးသဂျီးရေ။
      သဂျီးပြောသလို နောက်ဘဝတစ်ဝက်ကို လွယ်ကူစွာနဲ့ သွားရဖို့ မျှော်လင့်ပါ၏။

  • Happy Birthday ပါ လေးခရေ…

    အဲ.. မှတ်မိသလောက်ပြောရရင် မနှစ်က (၄၇) နှစ်မြောက်တုန်းက ပို့စ် (၄၇) ပုဒ် ပြည့်တယ်.. အခု (၂၁၈) ပုဒ်မြောက်…

    ဒါနဲ့ ပြန်ရှာလိုက်တော့ ဒါလေးသွားတွေ့တယ်..
    https://myanmargazette.net/143367

    တစ်နှစ်အတွင်းမှာ ပို့စ်ပေါင်း (၁၇၁) ပို့စ် ရေးခဲ့တဲ့ လေးခအတွက်လည်း Congratulation ပါလို့…

    တူမ
    လုံမလေး

    • ခင် ခ

      August 9, 2013 at 4:00 pm

      မွေးနေ့ဆုမွန်နဲ့ Congratulation အတွက် ဝမ်းမြောက်စွာ ကျေးဇူးပါ တူမလေး လုံမပျိုရေ။
      ကိုယ်ဖာက်ိုယ်တောင် သတိမပြုမိဘူး သမီးရေးပြမှ တစ်နှစ်တွင်း (၁၇၁)ပိုစ့်ဘဲရေးနိုင်ခဲ့ပါလား လို့ နောက်နှစ်တော့ ဒီထက်ပိုအောင် ကြိုးစားရေးမလားလို့……….။

  • padonmar

    August 9, 2013 at 9:26 pm

    ဖွဘုတ်မှာ တစ်ခါ ခုတစ်ခါ
    နှစ်ခါ ဆုတောင်း ပေးမယ်ဗျာ။
    ရှည်ပါစေ ရှည်ပါစေ အသက်ရာကျော်။

  • ကိုခနဲ့အမြဲတွေ့နေတဲ့လူက နောက်ဆုံးမှ မန်းပါမည်။
    ဒီနေ့ တစ်နေ့လုံး ကျနော်ရုံးမှာ အင်တာမနက်နို်င်လို့ပါဗျိုး။
    ဖွဘုတ်မှာတောင်းပေးတဲ့ ဆုအတိုင်းဘဲနော်။.

  • uncle gyi

    August 9, 2013 at 10:53 pm

    အသက်ရှည်ရာအနာမဲ့ကြောင်း
    တောင်းဆုမချွေ
    နေခွင့်ရှိသမျှ
    ကောင်းမှုပြုနိုင်ပါစေ
    ကိုခရေ

    • ခင် ခ

      August 10, 2013 at 12:02 am

      အမပဒုမ္မာ
      ကိုပေါက်
      အန်ကယ်ကြီး တို့ကို ကျေးဇူးပါဗျ။

      ခင်ခ အသက်တစ်နှစ် ကြီးခဲ့သလို ခင်ခ ခင်တဲ့ ဒီရွာနဲ့လည်း ရင်းနှီးသိကျွမ်းမှု့မှာ တစ်နှစ်ဆိုတဲ့ အချိန်ကာလထပ်ပေါင်း ခဲ့ပြီပေါ့နော်။

  • ကျော်စွာခေါင်

    August 10, 2013 at 1:52 am

    ကိုခ..
    ဒီနေ ့များစွာမှာ ကျမ္မာ ပျော်ရွှင်နိုင်ပါစေလို ့ ဆုတောင်းပေးပါတယ်ဗျာ…။
    ကိုခလည်း ရင့်ကျက်မှုတွေနဲ ့ပါ.. ယုံကြည်ပါတယ်..။
    ကျနော်တို ့တွေ ဒီနေ ့များစွာပြီးရင်.. ဟိုနေ ့ကို ရင်ဆိုင်ရဦးမှာ နော်..။
    နေ ့တိုင်း အချိန်တိုင်း ဘယ်လိုနေ ့ဖြစ်ဖြစ် အေးအေးချမ်းချမ်း တုန်လှုပ်မှု ကင်းစွာ ရင်ဆိုင်နိုင်အောင်…
    ကျနော်တို ့တွေ ကြိုးစားရအောင် ကိုခရေ…။

  • Ma Ma

    August 10, 2013 at 10:16 am

    ကိုခင်ခပြောတဲ့ ဒီနေ့ကို ဖတ်ပြီး `ကျန်းမာချမ်းသာပါစေကြောင်းးးး´ ဆုမွန်တောင်းပေးပါတယ်။
    ဆက်ပြီးးးး
    ရွာ့ပန်းချီဆရာပြောတဲ့ ဟိုနေ့ကို ဖတ်ရတော့…..
    အင်းးးးးးးးးးးးး ငါလည်းတနေ့ 🙁

    • ခင် ခ

      August 10, 2013 at 10:27 am

      ဝင်ရောက်ကာ ဆုမွန်ကွန်မန့်ပေးကြသော ကိုကျော်စွာခေါင်ကိုရော အမ မမ ကိုရော ကျေးဇူးပါ။
      ဒီနေ့တွေပြီးရင် ဟိုနေ့ကိုရောက်လာမှာမို့ ယူသွားရမယ့်အထုပ်လေးထဲ ကောင်းတာတွေ များများပါအောင် ရွေးထဲ့နေစဲပေါ့ ကိုကျော်စွာခေါင်ရေ။

  • koyinmaung

    August 10, 2013 at 8:53 pm

    မင်္ဂလာရှိသောမွေးနေ့လေးတနေ့ပါလား
    ပျော်ရွင်မှု့အပေါင်းနှင့်ပြည့်စုံပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ……….

  • ကြာ ညောင်

    August 10, 2013 at 9:27 pm

    အသက်နဲ့ ခန္တာ တွဲလျက်…..မနက်ဖန်များစွာကိုပိုင်ဆိုင်ပြီး သံသရာခရီးရှည်ကြီး အတွက် အထုတ်ကြီးကြီးထုတ်နိူင်ပါစေ Mrs.Kha ရေ….။

Leave a Reply