photo

 

 

ဒီနေ့တော့ First Aid Kit လို့ ခေါ်တဲ့ အရေးပေါ် ဆေးသေတ္တာလေး အကြောင်းပြောချင်ပါတယ်။

 

အိမ်တိုင်းမှာ အသုံးတည့်မဲ့ ပစ္စည်းလေးမို့ ခု စာအုပ်ထဲကဖတ်မိတုန်း ပြောချင်လာလို့ပါ။

ကလေးတွေ ရှိတဲ့ အိမ်ဆို မရှိမဖြစ်ထားသင့်တဲ့ အရာလေးပေါ့။

ကလေးဆိုတာ ဆော့ပြီဆို အင်မတန် ခိုက်မိ/ဖျားနာလွယ်တဲ့ အမျိုးကိုးးးး

အိမ်သုံး အတွက်သာမက ခရီးဆောင် အတွက်ပါ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆောင်ထားနိုင်ရင် ကောင်းတယ် ထင်ပါ၏။

 

သိပြီးသူ အများကြီးရှိမှာပါ။

ဒါပေမဲ့လည်း သူများကို အင်မတန် ဆရာလုပ်ချင်သော အကျင့်ဆိုးကို ထိန်းမရလို့ ပြောတယ်ပဲမှတ်ပါလေ။   :-D

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အကောင်ကိုက် + allergy (အကောင်ကိုက် ဆိုရာမှာ အင်းဆက်ကောင်မျိုးကို ဆိုလိုပါတယ်နော့။)

  • Steroid cream (လိမ်းဆေး)
  • မယ်ဇင်ကယ် (လိမ်းဆေး)
  • မျက်စဉ်း

 

ရှ၊ခြစ်မိ၊အပူလောင်

  • မိုးရေ
  • ပိုးသတ်ဆေးရည် eg. Hydrogen peroxide
  • ပိုးသတ်ဆေး cream
  • ပတ်တီး
  • အဝတ်စပတ်တီး (ချည်ဖို့၊စည်းဖို့  elastic bandage လိုမျိုး + metal clip)
  • ပလာစတာ
  • ပေါင်းထားတဲ့ ပတ်တီး
  • ညှပ်
  • ပိုးသတ်ထားတဲ့ ဂွမ်းလုံး
  • အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းစ

 

သာမန်နေမကောင်း

  • ချောင်းဆိုးပျောက်ဆေး
  • ချွဲကြေဆေး
  • အယားပျောက်ဆေး eg. Burmeton
  • ငုံဆေး(လည်ချောင်းနာရင်ငုံဖို့ )
  • ဓာတ်ဆား
  • ဆီ၊လိမ်းဆေးဆီ
  • Paracetamol
  • မျက်စဉ်း

 

ဖြည့်စွက်items

  • ပိုးသတ်ထားတဲ့ လက်အိတ်
  • လက်ဆေးရည် (ဆပ်ပြာမလိုတဲ့ ဆေးရည်မျိုးပါ)
  • အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းစ
  • Mask (အသက်ရှုလမ်းကြောင်းက ကူးစက် ရောဂါမျိုးဆို အရေးပေါ် သုံးလို့ရတာပေါ့)
  • ပြဒါးတိုင် (or) သာမိုမီတာ

 

ကုသဖို့ကတော့ တတ်သိနားလည်ရာ ဆရာဝန်နဲ့ ဆွေးနွေးဖို့လိုမှာပါ။

 ဒါလေးက ဆရာဝန်ဆီမရောက်ခင် အန္တရာယ်ကင်းအောင် လုပ်ထားနိုင်မဲ့ အရာလေးမို့ သုံးတတ်ရင်တော့ ကောင်းကျိုးပေါ့လေ။

ဥပမာ-

  • ဆရာဝန်ကို နေ့လည်လောက်မှ သွားနိုင်ရင် မနက်ကဖြင့် ကိုယ်ပူချိန် ဘယ်လောက်ပြောနိုင်ဖို့ သာမိုမီတာရှိထားတာမျိုးးးး
  • ဝမ်းလျှောရင် ဆေးခန်း မရောက်နိုင်ခင် ဓာတ်ဆားလေး တိုက်ထားတာမျိုးးးး
  • ထိခိုက်ရှနာ ဖြစ်ရင် ဆေးခန်းမသွားခင် အနာကို အရက်ပြန်လေးနဲ့ဆေးပြီး ဆေးလေးထည့်ထားတာမျိုးးး

(ကြိုကာထားမှ၊ အပြောမှားရင် ရမ်းကု အားပေးဖြစ်သွားနိုင်တယ်။ ငိငိငိ)   :-D

ဇီဇီ

About ဇီဇီ

ဇီဇီ has written 354 post in this Website..

CJ # 129120