အရေးဟယ် အကြောင်းဟယ် သေတ္တာငယ် – First Aid Kit

ဇီဇီAugust 9, 20132min46358

 

photo

 

 

ဒီနေ့တော့ First Aid Kit လို့ ခေါ်တဲ့ အရေးပေါ် ဆေးသေတ္တာလေး အကြောင်းပြောချင်ပါတယ်။

 

အိမ်တိုင်းမှာ အသုံးတည့်မဲ့ ပစ္စည်းလေးမို့ ခု စာအုပ်ထဲကဖတ်မိတုန်း ပြောချင်လာလို့ပါ။

ကလေးတွေ ရှိတဲ့ အိမ်ဆို မရှိမဖြစ်ထားသင့်တဲ့ အရာလေးပေါ့။

ကလေးဆိုတာ ဆော့ပြီဆို အင်မတန် ခိုက်မိ/ဖျားနာလွယ်တဲ့ အမျိုးကိုးးးး

အိမ်သုံး အတွက်သာမက ခရီးဆောင် အတွက်ပါ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆောင်ထားနိုင်ရင် ကောင်းတယ် ထင်ပါ၏။

 

သိပြီးသူ အများကြီးရှိမှာပါ။

ဒါပေမဲ့လည်း သူများကို အင်မတန် ဆရာလုပ်ချင်သော အကျင့်ဆိုးကို ထိန်းမရလို့ ပြောတယ်ပဲမှတ်ပါလေ။   😀

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အကောင်ကိုုက် + allergy (အကောင်ကိုက် ဆိုရာမှာ အင်းဆက်ကောင်မျိုးကို ဆိုလိုပါတယ်နော့။)

  • Steroid cream (လိမ်းဆေး)
  • မယ်ဇင်ကယ် (လိမ်းဆေး)
  • မျက်စဉ်း

 

ရှ၊ခြစ်မိ၊အပူလောင်

  • မိုုးရေ
  • ပိုုးသတ်ဆေးရည် eg. Hydrogen peroxide
  • ပိုုးသတ်ဆေး cream
  • ပတ်တီး
  • အဝတ်စပတ်တီး (ချည်ဖိုု့၊စည်းဖိုု့  elastic bandage လိုုမျိုး + metal clip)
  • ပလာစတာ
  • ပေါင်းထားတဲ့ ပတ်တီး
  • ညှပ်
  • ပိုုးသတ်ထားတဲ့ ဂွမ်းလုုံး
  • အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းစ

 

သာမန်နေမကောင်း

  • ချောင်းဆိုုးပျောက်ဆေး
  • ချွဲကြေဆေး
  • အယားပျောက်ဆေး eg. Burmeton
  • ငုုံဆေး(လည်ချောင်းနာရင်ငုုံဖိုု့ )
  • ဓာတ်ဆား
  • ဆီ၊လိမ်းဆေးဆီ
  • Paracetamol
  • မျက်စဉ်း

 

ဖြည့်စွက်items

  • ပိုုးသတ်ထားတဲ့ လက်အိတ်
  • လက်ဆေးရည် (ဆပ်ပြာမလိုတဲ့ ဆေးရည်မျိုးပါ)
  • အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းစ
  • Mask (အသက်ရှုလမ်းကြောင်းက ကူးစက် ရောဂါမျိုးဆို အရေးပေါ် သုံးလို့ရတာပေါ့)
  • ပြဒါးတိုုင် (or) သာမိုမီတာ

 

ကုသဖို့ကတော့ တတ်သိနားလည်ရာ ဆရာဝန်နဲ့ ဆွေးနွေးဖို့လိုမှာပါ။

 ဒါလေးက ဆရာဝန်ဆီမရောက်ခင် အန္တရာယ်ကင်းအောင် လုပ်ထားနိုင်မဲ့ အရာလေးမို့ သုံးတတ်ရင်တော့ ကောင်းကျိုးပေါ့လေ။

ဥပမာ-

  • ဆရာဝန်ကို နေ့လည်လောက်မှ သွားနိုင်ရင် မနက်ကဖြင့် ကိုယ်ပူချိန် ဘယ်လောက်ပြောနိုင်ဖို့ သာမိုမီတာရှိထားတာမျိုးးးး
  • ဝမ်းလျှောရင် ဆေးခန်း မရောက်နိုင်ခင် ဓာတ်ဆားလေး တိုက်ထားတာမျိုးးးး
  • ထိခိုက်ရှနာ ဖြစ်ရင် ဆေးခန်းမသွားခင် အနာကို အရက်ပြန်လေးနဲ့ဆေးပြီး ဆေးလေးထည့်ထားတာမျိုးးး

(ကြိုကာထားမှ၊ အပြောမှားရင် ရမ်းကု အားပေးဖြစ်သွားနိုင်တယ်။ ငိငိငိ)   😀

58 comments

  • အရီးခင်

    August 9, 2013 at 3:06 pm

    ချောကလက်လေး၊ အာလူးကြော်လေး များရော Boxလေး ထဲ မှာ ထည့်မထားသင့်ပေဘူးလား ကေဇီလေး။
    😉
    😛

    • KZ

      August 9, 2013 at 3:12 pm

      အဲ။
      အဲဒါက အိတ်နဲ့ တစ်အိတ်သတ်သတ်။ 😀
      နောက်မှ လက်ကိုင်အိတ်ထဲ ဘာတွေ ပါသင့်တယ်ဆိုတာ ရေးပါအူးမယ် အရီးရယ်။

      ဘီစကစ်
      ချောကလက်
      ချိုချဉ်
      အာလူးကြော်
      :mrgreen:

      • GARFIELD

        August 9, 2013 at 3:49 pm

        ဝီစကီတစ်ပုလင်းထည့်ထားပေးပါ….
        ဝီစကီကို အရက်ပျံအစားသုံးနိုင်လို့ပါ…ဟီး

        ခင်မင်လျက်-
        ဖက်ဖက်ကက်

        • KZ

          August 9, 2013 at 3:56 pm

          ဟုတ်တယ်။ ဆောင်ထားမယ်။
          ကဖက် အကြံကောင်းတယ်။

          😀

  • ဦးကျောက်ခဲ

    August 9, 2013 at 3:16 pm

    ဆြာမ အရေးပေါ် အချစ်ဖျား အချစ်နာဖြစ်ရင်…
    ရှေးဦးကုသနည်း ဝေမျှပါ…
    😀

    • KZ

      August 9, 2013 at 3:19 pm

      အဲလာကျ ဆာမ မတိဒေါ့ဝူးးး 😀
      ဆိုင်ခိရာထရစ်နဲ့ ပြကြည့်တာကောင်းမယ်ထင်တယ်။
      အချစ်ဆိုတာ စိတ်ဒဇ နောင်း ဆိုဒေါ့ဂါ။
      :mrgreen:

    • ခင် ခ

      August 9, 2013 at 3:25 pm

      အရေးပေါ် အချစ်ဖျား အချစ်နာဖြစ်ရင် အချစ်နဲ့ ခဏဝေးဝေးနေလိုက်ပါ။
      အခန့်မသင့်ရင် အချစ်ကို အဖျားကူးမှာစိုးရိမ်ရလို့ပါတဲ့ မစ်စတာကျောက်။

      ကောင်းမွန်သော အကြံပြုပိုစ့်လေးမို့ ပိုစ့်ပိုင်ရှင်ကိုကျေးဇးပါ။ တစ်ခုတော့ဝင်ပြောပါရစေ အရေးပေါ်ကျန်းမာရေး အထောက်အကူပြု သေတ္တာငယ်ထဲ ထဲ့ထားတဲ့ဆေးတွေကို တစ်ခါထဲ့ထားပြီး အမြဲသုံးမယ်ဆိုသလိုမျိုး မထားပါနဲ့ တစ်ချို့သောက်ဆေး လိမ်းဆေးတွေမှာ ဆေးသက်တမ်းရှိပါသဖြင့် ရက်လွန်မယ်ဆို အသစ်လဲထဲ့ပေးဖို့ မမေ့စေလိုပါ။

      • KZ

        August 9, 2013 at 3:43 pm

        ထပ်မံ ဖြည့်စွတ်ချက်လေး အတွက် ကိုကြီး ခကို ကျေးဇူးတင်ပါကြောင်းးး 🙂

      • ဦးကျောက်ခဲ

        August 9, 2013 at 5:34 pm

        ဆြာခရယ်…
        ဦးကိုင်ဇာကြီးသီချင်းလို တူနှစ်ကိုယ်တိုင်းပြည်တည်မှာမို့…
        အချစ်နဲ့ ဝေးဝေးနေဖို့ ဖြစ်နိုင်မယ်မထင်ပါဘူး… ဟီ ဟိ
        🙂

    • GARFIELD

      August 9, 2013 at 3:50 pm

      အဲဒါကျတော့ ခွဲစိတ်ကုသမှရတယ်ဗျ…
      အူအတက်လို… အဲ့အတက်ကို ဖြတ်ထုတ်လိုက်ရင် ပြသနာမရှိတော့ဘူးတဲ့…

      ခင်မင်လျက်-
      ဂါဂါး (ခ) ဖက်ဖက်ကက်

      • KZ

        August 9, 2013 at 3:58 pm

        ကဲ။
        အချစ်ဖျား နာ ဖြစ်နေကြသူများ ဖြတ်ကြလော့။
        သံယောဇဉ်ကိုပြောပါတယ်။
        :mrgreen:

      • ဦးကျောက်ခဲ

        August 9, 2013 at 5:39 pm

        အခုတော့ ကျောက်စ်သိပြီ…
        ကိုရင်ကြောင်ဝတုတ် အဲ့လို ဖြတ်ထုတ်လိုက်လို့ကိုး…
        အူအတက်ကို ပြောတာပါဗျ… ဟီ ဟိ
        😀

    • KZ

      August 9, 2013 at 3:40 pm

      လုံမလေးရေ။ အဆင်သင့်ပြင်ဆင်ပြီး သေတ္တာရှိမရှိ မမဂျီး မသေချာပါဘူးကွယ်။
      ဒါပေမဲ့ ကိုယ့် အိမ် အတွက် ကိုယ်တိုင် ဖန်တီးထားလို့ရပါတယ်။
      သေတ္တာမဟုတ်ပဲ အိတ်ငယ်လေး တို့ အံဆွဲငယ်လေးတို့လည်း ရပါတယ်။

      ဒီမှာတော့ အဆင်သင့် ပြင်ပြီးသားကို ရောင်းပါတယ်။
      🙂

      • GARFIELD

        August 9, 2013 at 3:52 pm

        http://www.medicalexpo.com/medical-manufacturer/first-aid-kit-4229.html?gclid=CMLv9ayE8LgCFYgB4godBV0Ayw

        အခြေအနေပေးရင် အဲဒါမျိုးလေးဝယ်ထားပါ…
        အခြေအနေမပေးရင်တော့ လိုက်စုပြီး ဗူးတစ်ခုထဲထည့်ထားပါ…
        ကားသုံးတဲ့လူတွေဆိုရင် ကားထဲမှာ တစ်ဗူးလောက်ထည့်ထားစေချင်ပါတယ်…
        ကားထဲမှာ မီးသတ်ဆေးဗူး အသေးတစ်ဗူးနဲ့ အဲဒီဆေးသေတ္တာလေးထည့်ထားတာ… ကောင်းသောအလေ့အကျင့်ပါ…
        အယူသီးပြီးတော့ မထည့်ဘူးဆိုရင်… ကိုယ်ပဲခံရမှာ… ဟီး

        ခင်မင်လျက်-
        ဂါဂါး (ခ) ဖက်ဖက်ကက်

  • ရဲစည်

    August 9, 2013 at 3:34 pm

    အားဂျီးမ ..
    အရက်နာကျနေရင်
    အရေးပေါ်သုံးလို့ရမဲ့ First Aid Kit များရှိရင်
    ပြောပြပေးစေလိုပါတယ် ခင်ည

    😛

    • KZ

      August 9, 2013 at 3:41 pm

      အားဂျီးမ အနားရှိရင်တော့ လာခဲ့ ဟု နားရွက်ဆွဲပြီး
      နားထဲ သံပုရာသီး ညှစ်ထည့်လိုက်မှာဖြစ်ကြောင်းးးးးးး
      :mrgreen:

  • ဦးဦးပါလေရာ

    August 9, 2013 at 3:41 pm

    မြန်မာပြည်မှာဆိုရင်တော့ ဒါ့ထက် အများကြီးပိုဆောင်ထားသင့်ပါတယ်။
    ဖြစ်နိုင်ရင် ဆေးတွေအကြောင်းသိအောင်လဲ လုပ်ထားသင့်ပါတယ်။
    ဒါ့ထက်ဖြစ်နိုင်သေးရင်တော့ –
    ဆရာဝန်တွေအကြောင်းလဲ သိအောင် လုပ်ထားသင့်ပါကြောင်း..

    :mrgreen:

    • KZ

      August 9, 2013 at 3:45 pm

      ခွိခွိ။
      ဘာတွေ ထပ်ဆောင်ရဦးမတုန်း လေးပါ။
      ဆရာဝန် တစ်ယောက် ဆောင်ထားနိုင်ရင်တော့ အကောင်းဆုံးလားဟင်??? :mrgreen:

      • GARFIELD

        August 9, 2013 at 3:54 pm

        ရွာထဲမှာ အဲ့အကြောင်းကောင်းကောင်းသိတဲ့လူတစ်ယောက်ရှိတယ်… တွေ့မှမေးပေတော့

        ခင်မင်လျက်-
        ဂါဂါး (ခ) ဖက်ဖက်ကက်

  • Zaw Thant

    August 9, 2013 at 3:45 pm

    ကိုယ့်ဟာကို customize ထပ်လုပ်ရရင် ဗိုက်နာဗိုက်အောင့်အတွက် လေဆေးလေးရယ် (eg. Kremil S), oral ulcer အတွက်ထဲ့ တဲ့ cream ရယ် ထပ်ဖြည့်လိုက်မယ်.. ဂလောက်ဆိုလုံလောက်ပြီ.. 🙂

    • KZ

      August 9, 2013 at 3:47 pm

      အင်း
      ဟုတ်တယ်။
      ဒါလည်း ဟုတ်တာပဲ။
      နာ သာဆိုရင် ကရင်အော့ မက်ဂနီစီယာလေးရော လိုမလားပဲ။ 😀

  • kyeemite

    August 9, 2013 at 4:19 pm

    First Aid Kit ဆိုတာက ရုပ်တရက်မတော်တဆထိခိုက်ရှနာဖြစ်ရင်
    ဆေးရုံဆေးခန်းမရောက်မီ လူနာပိုဆိုးမလာအောင် ရှေးဦးသူနာပြုစုဖို့ရည်ရွယ်တာပါ…
    စားဆေးတွေတော့ မထည့်ရပါဘူး ..မတော်ဆေးပေးတိုက်ပီး
    မတည့်တာတို့ မှားပေးမိလို့ပိုဆိုးသွားတာတို့ဖြစ်နိုင်လို့အန္တရာယ်ရှိပါတယ်
    ဆေးမျိုးစုံလျှောက်ထည့်ထားရင် ဒေါက်တာရမ်းကုဆေးသေတ္တာဖြစ်သွားပါလိမ့်မယ်ဗျာ..
    စက်ရုံအလုပ်ရုံတွေမှာသုံးတဲ့ First Aid Kit ကိုပြောတာပါ… ❓

    • KZ

      August 9, 2013 at 4:23 pm

      ကိုကြီးမိုက်ရေ။
      ဟုတ်ပါတယ်။
      ဒါက ဒီက ဆေးသေတ္တာကို အခြေခံရေးထားတာပါ။ အိမ်သုံးပါ။
      ပို့(စ) ထဲမှာလဲပြောထားပါတယ်။ နီးစပ်ရာ ဆရာဝန် နဲ့ တိုင်ပင်ပြီး ပြင်ဆင်ဖို့ရာ။
      အမငီးးး
      ကြောက်ပါတယ်ဆိုမှ။
      အနော့ ပို့(စ) က ရမ်းကု အားပေးဖြစ်သွားပလားဟမ်??? 😥

      • Zaw Thant

        August 15, 2013 at 10:08 am

        .. KZ ဆိုတာဘယ်သူလဲလို့ မြန်မာနိုင်ငံဆရာဝန်များအသင်းမှ ခုံရုံးဖွဲ့ စုံစမ်းနေပါတယ်.. အခု ဒီပိုစ့်က ရမ်းကုအားပေးမှုဆိုင်ရာ အပ်အုပဒေ ၉၆၉/၇၈၆ နဲ့ ညိနေလို့ပါတဲ့.. သွားတာလာတာသတိထားပါ၊ ကျွန်တော် ဆရာဝန်တစ်ယောက်ပါဆိုပြီး အနားနားကပ်လာလို့ကတော့ ထွက်သာပြေးပေတော့.. 😀

        • garfield

          August 15, 2013 at 10:45 am

          အောင်မငီးးးး

          ရတယ် လာပစေ

          ဆရာဝန် က အမိဖမ်းတာများ စောင့် ရ အူးမားလို့

          ငိငိငိ

          😀

  • kyeemite

    August 9, 2013 at 4:24 pm

    ကေဇီကဗျာလွတ်ရေ့…စိတ်မဆိုးလိုက်နဲ့နော်
    ကျုပ်သိထားတာလေးပြောပြတာပါ…
    အခုမတတ်နိုင်သူတော်တော်များများ ကိုယ့်သဘောနဲ့ကိုယ်
    ဆေးဆိုင်မှာဝယ်ပီးသောက်နေ တိုက်နေကြတာတွေဟာနည်းလမ်းမှန်မဟုတ်ပါဘူး
    ဆင်းရဲလို့ အသက်စွန့် ပီးကိုယ့်ဖါသာကုနေကြတာပါ..

    • garfield

      August 9, 2013 at 4:28 pm

      စိတ်မဆိုးပါဘူးး ကိုကြီးမိုက်ရေ။
      ဒီမှာတော့ ဆေးကို လက်လွတ်စပယ် ဝယ်လို့မရပါဘူးးး
      ရက်ဂျစ်စတာ ဆရာဝန်ရဲ့ ဆေးစာပါမှ ဝယ်လို့ရပါတယ်။
      ဆေးခန်းပြလို့ တရားမဝင်ဆေးသောက်တာမိရင် အတိုင်ခံရပါတယ်။
      အဲတော့ အိမ်သုံး ကစ် မှာတော့ အန္တရာယ်မရှိတဲ့ စားဆေးတွေ လူတိုင်း ဆောင်ထားပါတယ်။

  • ခင် ခ

    August 9, 2013 at 7:30 pm

    ဖတ်လာရင်းနဲ့ မျက်စိတောင်ခပ်လည်လည်ဖြစ်သွားတယ်။ မင်းသမီးက နှစ်ကိုယ်ခွဲဇာတ်ကားပါ ရိုက်ပြသွားတာမို့လေ။
    ဒီမှာတော့ ကျန်းမာရေးဆိုင်ရာ ကန့်သန့်ချက်အရေးယူမှု့တွေက ထိထိရောက်မရှိသေးပါဘူး။
    ေဆေးရုံသွားတတ်ကျွမ်းတယ်လို့ ယူဆရတဲ့ဆရာဝန်တွေရဲ့ မလိုအပ်တဲ့အမှားကြောင့် လူနာဆုံးရှုံးမှုမျိုးဖြစ်ရင်တောင် အဲဒီဆရာဝန်မှာ တာဝန်မရှိဘူးဗျ။ ပြီးတော့ ဆေးဆိုင်အချို့ကလည်း ငွေရ ပြီးရော သက်တမ်းလွန်ဆေးလည်း ပေးချင်ပေးလိုက်တာမျိုးကလည်း ရှိသေးတယ်။ ကျန်းမာရေးဗဟုသုတတွေ ကိုယ်သိထားသလောက် တတ်ထားသလောက် များများမျှဝေ ပေးစေချင်ပါတယ်လေ။

  • padonmar

    August 9, 2013 at 9:43 pm

    ORS ဓာတ်ဆားထုပ်ကလေးဟာ အိမ်တိုင်းမှာ အရေးပေါ် ဆောင်ထားသင့်တာပေါ့။
    (လှုပ်လိုက်ရင် အသံမြည်တဲ့ထိ ခြောက်သွေ့နေတဲ့ သက်တမ်းရှိ ဓာတ်ဆားထုပ်လည်း ဖြစ်ဖို့လိုပါတယ်)
    ဝမ်းလျှောတဲ့အခါ ကိုယ်ထဲကို ဓာတ်ဆားတွေ အချိန်မီ ပြန်မဖြည့်ပေးနိုင်ရင် နောက်က ကျောက်ကပ်ပျက်တာလို ရောဂါအကြီးကြီး လိုက်နိုင်တာမို့ ဆောင်ထားသင့်တဲ့ထဲပါပါတယ်။

    • garfield

      August 10, 2013 at 3:23 pm

      ကျေးဇူး အာတီဒုံ 🙂

  • nozomi

    August 10, 2013 at 10:08 am

    first aid နဲ့ မဆိုင် ဘူး ဆိုရင် ရပေမဲ့
    ကလေးငယ် လဲ ရှိမယ်
    အပူလဲ ကြီးတတ်တယ် ဆို
    ည သန်းခေါင် အရေးပေါ် သုံးရအောင်
    စအိုထဲ ထည့်တဲ့ ပါရာအုပ်စုဝင် ဆေးတောင့် (ဂြိုလ်တု ) လေးလဲ
    ဆောင်ထားသင့်တယ်

    ( အလား အလာ ရှိသူများ အတွက် ကြိုုတင် စုဆောင်းနိုင်ရန်)

    • ဦးကျောက်ခဲ

      August 10, 2013 at 10:19 am

      မီလုပ်နဲ့ ကိုရင်နို…
      ကလေးကကြိုက်သွားမှ ရင်ကျိုးနေရမယ် ဟီ ဟိ…
      အခြော်တကောက် များကို စော်တကားချင်းမဟုတ်…
      😀

    • garfield

      August 10, 2013 at 3:22 pm

      သူ့ဟာသူ့ အကြံပေးတာကို အလားအလာလေးဘာလေး ပြောသွားသေးးး
      ဒီ လူဇိုးဂျီးးးး
      အလစ် အလစ် လာလာပြီး ပြန်ပြန်ပျောက်သွားတယ်။
      😀

  • kai

    August 10, 2013 at 4:14 pm

    တလောကခရီးသွားမယ်ဆိုပြီး.. ဝယ်လိုက်တဲ့.. ဖတ်စ်အစ်များ.. အရေးပေါ်ခြုံရတဲ့.. ပလပ်စတစ်စောင်ပါပါတယ်..။
    ချေလိုက်ရင်..အအေးဓါတ်ထွက်တဲ့.. ဓါတုအထုတ်ပါတယ်..။
    ဆိုတော့…
    အပေါ်ကပုံက.. ပလာစတာလေးက.. ကလေးတွေအတွက်နဲ့တူတယ်…
    လှသား… :mrgreen:

    • garfield

      August 10, 2013 at 4:23 pm

      ကျန်းးးးး
      တဂျီးက လှောင်တာလားးး
      အဲလာ အလှကြိုက်တတ်သူတွေ အတွက် ပလာစတာ။
      ငိငိငိ 😀

      စောင်တို့ ဓာတု အထုတ်တို့ကတော့ တဂျီးကို တဂျီးမှန်းသိလို့ အပိုပေးလိုက်တာနေမှာ။ ခွိခွိခွိ။ :mrgreen:

  • ကိုရင်စည်သူ

    August 10, 2013 at 4:34 pm

    မဆွိစ်ရေ… သင်္ဘောပေါ်မှာတော့ First Aid ဟာ မရှိမဖြစ်ပါ..
    ထိခိုက်ဒဏ်ရာရရင် အရေးပေါ် အဲ့ဒါကို ပြေးဆွဲပီး ခဏထိန်းထားရပါတယ်။
    personal survival မရှိမဖြစ်ပေါ့ဗျာ.. အဲ့ဒါတွေသုံးဖို့လည်း
    သင်တန်းမတက်ဖြစ်တက်ရသလို course တွေကို လက်တွေလေ့ကျင့်ခဲ့ရပါတယ်။
    ကိုရင်တို့ First aid မှာတော့ စားဆေးလုံးဝမပါပါဘူး.. ဖြတ်ညှပ်ကပ်တာပါဒယ်..
    ပါဝင်ဒါတွေက အဲ့လာတွေပါ။ အရေးပေါ်အခြေအနေမှာ အကုန်လုပ်တတ်အောင်
    ကျင့်ဖူးပါတယ်… ဟီးးး ရှေ့ဆုံးက ပြေးတာပြောဒါ… :mrgreen:
    Package Included:
    1x Elastic bandages
    1x non-woven Tape
    6x text-aid
    1x First aid tape
    10x Alcohol prep pad
    2x Steriled gauze swab
    1x Tweezers
    1x Scissors

    • garfield

      August 10, 2013 at 4:50 pm

      ဟုတ်ပါ့!
      စားဆေးက နိုင်ငံတကာ မှာ အဲနီးဟောင်း သောက်လို့မရဘူးဆိုတော့ ပါမှာမဟုတ်။
      မမဂျီးကတော့ ကွကိုယ်ဆောင်ထားတာ။ 😛

      ဆရာဝန်ဖြစ်ဖို့ အနော်ကြိုးစားမီ….
      ဆရာဝန်ကတော်ဖြစ်ဖို့ အနော်ကြိုးစားမီ…..

      ဒါနဲ့ပဲ ၂ ခုလုံးမဖြစ်ပဲ။
      ရှပ်ပြာ ချူချာ ဆိုတော့ First Aid Kit လေးနဲ့ပဲ တူယှဉ်တွဲရတာပဲ။
      ငိငိငိ 😀

      • ကိုရင်စည်သူ

        August 10, 2013 at 5:45 pm

        ခုမှ တိတယ်… တိုတိုလေးက ဆြာဝန်လား… :mrgreen:
        ဆြာဝန်တွေက အချစ်ကျဲပေမယ့်.. အမြစ်ဆွဲအောင်.. ကုစားတတ်တယ်ဒဲ့.. 😳

        • garfield

          August 10, 2013 at 5:53 pm

          မှားတယ်။
          ၂ ခုလုံးမဖြစ်ပါဘူးဆိုမှ။ 😀

  • မဟာရာဇာ အံစာတုံး

    August 11, 2013 at 1:15 am

    မွေးတစ်နေ့ သေတစ်နေ့ဘဲ
    ဒါဂျီး ဆောင်ထားစရာ လိုဘာဘူး
    ဖြစ်ရင် ခံလိုက်ပေါ့
    သေစရာရှိ သေပလိုက်ပေါ့
    အော် .. လူဒွေ .. လူဒွေ …
    အတော် ရှုပ်ဒဲ့ လူဒွေ …
    အင်းး ရှုပ်ရင်း ရှုပ်ရင်းနဲ့ဘဲ တသုတ်သုတ်နဲ့ ဆင်းဆင်းသွားရဒါဘဲ …

    (ဘာမွှ မီဟုတ်ဝူးနော် .. မတူအောင် မန့်ကျိဒါ .. ဟီးးဟီးး) :mrgreen:

  • GARFIELD

    August 11, 2013 at 6:16 am

    ရန်ကုန်နေ ရွာသူရွာသားများ
    City Mart ဆေးဆိုင်မှာ Ready Made First Aid Kit
    ကို ၁၁၀၀ဝ ကျပ်နှင့် ဝယ်ယူရရှိနိုင်ကြောင်း
    သတင်းပေးပါသည်

    ခင်မင်လျက်
    ဂါဂါး

  • Ma Ma

    August 11, 2013 at 4:31 pm

    garfield အသေးရဲ့ပို့စ်မှာ GARFIELD အကြီးရဲ့ ကွန်မန့်ကြောင့် ပြည့်စုံသွားတယ်။ 🙂

  • Crystalline

    August 11, 2013 at 5:00 pm

    ခရီးသွားရင် မပါမဖြစ်သယ်သွားရတာတော့ မကြာခဏ ခေါင်းစိမ်းကိုက်တတ်တာကြောင့်
    ပါရာ.. ပယ်နဒေါနဲ့ အခုတော့ အလက်ဇင်သောက်နေရတယ်.. ကဒ်လိုက်သယ်ရတယ်.. နောက်တစ်ခုကတော့ ဟန်းနီးပလစ်ပေါ့.. အဲဒါထက်ပိုပြီးမသယ်ဖြစ်ဘူး.. kit သေးသေးလေးတစ်ခုလောက်တော့ဝယ်ထားအုန်းမှပါပဲ.. 🙂

  • ရွှေမိုးတိမ်

    August 14, 2013 at 6:39 pm

    အင်း ဆောင်ထားဦးမှ လိုပြီဆို ဟိုရှာရ ဒီရှာရနဲ့။ မနိပ်ဘူးဖစ်နေဒယ်

  • Ma Ma

    August 15, 2013 at 9:41 am

    အိမ်သုံး ဆောင်ထားသင့်တာလေးတွေ သိရတာ မှတ်သားစရာကောင်းတယ်။
    အကျိုးများပါပေတယ်။ 🙂

  • Mr. MarGa

    August 31, 2013 at 8:11 pm

    လိုချင်တယ်
    စိတ်ဝင်စားတယ်
    တစ်ခုခု ဖြစ်တိုင်း ဆေးဆိုင် ပြေးရလွန်းလို့
    လက်ရှိမတော့
    ပိုက်ဆံအိတ်ထဲမှာ ပလာစတာ နှစ်ခု နဲ့
    လွယ်အိတ်ထဲမှာ biogesic ကတ်ကလေးပဲ ဆောင်ထားဖြစ်တယ်..

    • KZ

      September 1, 2013 at 9:22 am

      ကွကိုယ် စုလို့ ရပါတယ် တဂျားရေ။
      ကိုဖက်ပြောတဲ့ ဆီမှာလည်း ဝယ်လို့ရပါတယ်။
      အိတ်ဆောင်ကတော့ ကျုပ်လည်း ဟန်နီ ပလပ်(စ) ဆောင်တယ်။
      ဖိနပ်ပေါက်ရင် ကပ်ဖို့။

      :mrgreen:

      • kai

        September 1, 2013 at 10:16 am

        ဒေါက်ဖိနပ်မမတွေအနွယ်ဝင်ပေါ့.. ဟုတ်စ..
        ဒီမှာလည်း.. ပလာစတာကပ်ပြီးထော့နဲ့ထော့နဲ့.. လျှောက်သူနဲ့.. ဒေါက်ဖိနပ်လက်မှာကိုင်.. ဖိနပ်မပါပဲ.. ဒရက်စ်ဝတ်ပြီး.. ခပ်တည်တည်လျှောက်နေသူနဲ့.. ခဏခဏတွေ့ဖူးတယ်…။

        ဆက်ခ်စီတမျိုးဖြစ်တယ်လို့.. ထင်တာပဲ.. :mrgreen:

        • KZ

          September 1, 2013 at 10:24 am

          ဟိ။
          အရပ်အမောင်း အရ ဒေါက်ကိုကြိုက်တယ်။
          ဘယ်လောက် ပေါက်ပေါက် ဟန်မပျက်လျှောက်တယ်။
          ဒေါက်ဖိနပ် မစီးတတ်လို့ ချော်လဲတယ် ဆိုတဲ့ နာမည်ရမှာ သေမလောက် ကြောက်လို့။
          ကျနော့ မင်းသားကြီးတွေကလည်း အရပ်ရှည်တယ်ဗျ။ 😀

          အဟစ်။
          တဂျီးပြောမှ အဲလို စတိုင်လေး လုပ်အူးမှ။
          :mrgreen:

  • Foreign Resident

    September 1, 2013 at 5:22 am

    အောင်မယ် ၊ အောင်မယ် ၊ ဒေါက်တာ ခိုင်ဇာက ၊
    သူဘာသာသူ မြန်မာမှု ပြုပေးလိုက်သေးတယ် ။ ဟီ ဟိ ။

    Hydrocortisone Cream ကို Steroid cream (လိမ်းဆေး) တဲ့ ။
    Calamine Lotion ကို မယ်ဇင်ကယ် (လိမ်းဆေး) တဲ့ ။
    ကောင်းပါတယ် ။ 😛

    အခု ရန်ကုန်မှာလဲ ၊ အဲလို First Aids Kit တွေ Set လိုက်တွေကို ၊
    Super Market တွေမှာ ဝယ်လို့ရပြီလို့ ပြောတယ် ။

    ဒီဖက်မှာတော့ Survival Kit တွေပါ ထားလေ့ရှိတယ်လေ ။
    သူကတော့ First Aids Kit အပြင် ဓါတ်မီး တို့ ဓါး တို့ မီးခြစ် တို့ ပါ ပါသပေါ့ ။
    မုန်တိုင်း ၊ မြေငလျှင် ၊ မီးပျက် တဲ့ အချိန်တွေအတွက်ပါ သုံးဖို့ပေါ့လေ ။

    ရန်ကုန် ရော ဩဇီ မှာပါ ဆရာဝန် အိမ် ဖြစ်ရတာ စိတ်ညစ်စရာ ပါ ။
    အဘ က သင်္ဘော Practice အရ Survival Kit သပ်သပ် ထားချင်တယ် ။
    သူတို့က သပ်သပ် ထား စရာမလိုဘူး အိမ်မှာ အကုန် ရှိပြီးသား အလကား ငွေ ကုန်တယ် တဲ့ ။

    အရေးရယ် အကြောင်းရယ် ဖြစ်တဲ့ အခါကျတော့ ၊
    တစ်မျိုး တစ်ခု ကို တစ်နေရာစီ ကောက်သင်းကောက် လိုက်ရှာနေရတယ် ။
    စိတ်လေတယ် ။

    • KZ

      September 1, 2013 at 9:20 am

      အဟီးးးး
      ကိုယ်တိုင်တောင် သင့်လျော်အောင် မပြန်တတ်လို့ မောင်လေးတွေ လှမ်းမေးပြီးရေးထားရတာ။
      😀

  • myat pearl phyu

    February 27, 2014 at 3:21 pm

    အိမ်တိုင်းဆောင်ထားသင့်တယ်နော်…

    အိမ်မှာဆို မြန်မာသမားတော်တွေလည်း ရှိဒယ် … ေိခိ

    • မမချွိ

      February 27, 2014 at 3:40 pm

      တို့မှာလည်း ရှိတယ်။
      ဦးစိုင်းတို့ ဒေါ်နုတို့
      မတ္တရာ ဆရာမ ဒေါ်ထူးထူးတို့ကို ခေါ်ထားတာ/…

      😀

    • မမချွိ

      February 27, 2014 at 7:47 pm

      တုံ့ ကို တစ်လုံးး
      ဗုံ့ ကို တစ်လုံးး

      😀

Leave a Reply