နှစ်ကိုယ်ခွဲစိတ္တဇနှင့်ရူးသွပ်ခြင်း

အံကိုတင်းတင်းကျိတ်လို့…

အရှေ့တောင်အာရှရဲ့အပျော်ဆုံးယောင်္ကျား…

ခန္ဒာတွင်းက ခုခံအားကျ…

တင်းထားတဲ့စိတ်ဝေဒနာကို…

နှစ်ကိုယ်ခွဲက ဖွင့်ချလိုက်တယ်…

ငါ့တစ်ကိုယ် မင်းဖြစ်လို့သွားလေရော့…

 

အာဒမ်က အိဖ့်အတွက် နံရိုးတစ်ချောင်းပေးသလိုမျိုး…

ငါလဲ… မင်းအတွက်… ခန္ဓာတစ်ခုကို သဲသဲမဲမဲခွဲပေးခဲ့တယ်…

သက်မဲ့ခန္ဒာမဖြစ်စေဖို့…

ငါ့ဦးနှောက်ကိုပါ… ခွဲဝေခဲ့ပါတယ်…

မင်းအသံလေးကြည်မြမြ…

နားဝင်ဝမှာ လှစေဖို့…

မင်းယောင်ဆောင်လို့… လှစေခဲ့ဖူးတယ်….

 

တမ်းတမ်းတတနဲ့…

တစ်ကိုယ်တော်ရူးသွပ်တဲ့နေ့ညတွေမှာ…

နှစ်ကိုယ့်တစ်စိတ်နဲ့…

ကျားတစ်လှည့်… မတစ်လှည့်…

ပွဲကတဲ့ညတွေမှာ… ပရိတ်သတ်က…

သိသိကြီးနဲ့အားပေးခဲ့လေသလား…

မပီမသကြားတဲ့မင်းနှုတ်ဖျားကတေးသံတွေကို…

ကောက်ကောက်ပါအောင်လိုက်ရင်း..

ငရဲကြီးရှစ်ထပ်မှာ… ခေါင်းငိုက်စိုက်နဲ့ ရူးလေတယ်…

 

 

 

14 comments

  • garfield

    August 9, 2013 at 4:32 pm

    မြင် ယောင် မိ တယ်။

    ဟီးးး
    အတိတ်မြက်ခင်းစိမ်းလေးးးး ကို ပြောတာပါ။ 😀

    ဒါနဲ့ ကျုပ်တို့ ၂ ယောက်ကရော ၂ ကိုယ်ခွဲလားးးး
    ၂ ကိုယ့် ၁ စိတ်လားးးး
    😀

    • GARFIELD

      August 9, 2013 at 5:04 pm

      စောင့်ကြည့်နေ ဒီပိုစ့်ကို… ဟီး

  • အလင်းဆက်

    August 9, 2013 at 5:49 pm

    ကဗျာ ပြခန်းက ကြိုဆိုပါတယ် ။

    ဆိုင်ဆိုင် မဆိုင်ဆိုင်
    ကဗျာ ဒမြ ဝင်တိုက်တာ
    🙂

  • ရဲစည်

    August 9, 2013 at 6:14 pm

    တခုခုတော့ မှားနေဘီ …..

    ညင့် ညင့် ….
    ငါမှားလားးးး ….. မင်းမှန်လားးးးး
    လား
    လား
    လား
    နစ်ကီယဲဂျီ

  • အရီးခင်

    August 10, 2013 at 3:55 am

    ‘Stay hungry ….. Stay foolish ……. ‘
    တဲ့။
    လက်တွေ့ကျင့်နေတာကို ထားလိုက်ပါလေ။
    😉

  • အာဂ

    August 10, 2013 at 5:33 pm

    ငရဲကြီးရှစ်ထပ်မှာ… ခေါင်းငိုက်စိုက်နဲ့ ရူးလေတယ်………………………..မိုက်တယ်ကွာ..

  • မဟာရာဇာ အံစာတုံး

    August 11, 2013 at 1:20 am

    နှစ်ကိုယ်ခွဲက ဖွင့်ချလိုက်တယ် …
    ဆိုဒေါ့ …
    ကိုဂျီး ပိန်ဂျင်နေဘီ ထင်ဒယ် …..
    ပိန်ဂျင်ရင် ဝိတ်မရဒယ်ဗျ ….

  • kai

    August 11, 2013 at 4:23 am

    နှစ်ကိုယ့်တစ်စိတ်နဲ့…
    ကျားတစ်လှည့်… မတစ်လှည့်…
    ပွဲကတဲ့ညတွေမှာ…

    ၂ကိုယ့်၁စိတ်အဓိပ္ပါယ်လာတာက.. အဲဒါအမှန်ဗျ…
    လူ၂ယောက်ဟာ.. တကိုယ်ထဲဖြစ်အောင် (ကြားလေမဝင်)ပူးကပ်နေပြီး.. တခြားအာရုံမပြုနိုင်.. တမျိုးတစိတ်ထဲထားနိုင်တဲ့အချိန်ကို ဖေါ်ညွှန်းတာ…
    အဲဒီအချိန်က…
    ပန်းပုထုကြတဲ့.. အချိန်ပေါ့…။ :mrgreen:

    • GARFIELD

      August 11, 2013 at 6:20 am

      သူကြီးကတော့ လုပ်တော့မယ်
      အငဲစကားလုံးနဲ့ပြောရရင်
      တိမ်လိုလွင့်မြောလိုက် တိမ်လိုနိမ့်ဆင်းလိုက် ဟဟ
      ခက်တာက မျှော်နေတဲ့လူ မလာသေးတာဗျ

      ဂါဂါး

    • Min Zarni

      August 12, 2013 at 2:24 pm

      မဟုတ်တမ်းတရားရေးတာ တားဘာဒေါ့လား ..ဒီသဂျီးတော့ အားနေညှီဖို့ စဉ်းစားနေ..
      ဒီပိုစ့်တော့လား …ကျုပ်သူငယ် ဟို ကရင်ကောင် နုထွားယီး ခေါ် ဆဲခိုင်းအူးမယ်..

  • Min Zarni

    August 12, 2013 at 2:18 pm

    ငအိပ်နေဒုံး သမသွားဒါဗျဲ ..
    ကျန်းးးး
    မတ်ယိုင်းထှာ ..
    ငဂ ဘာလို့ ရွာထဲ ရှီး ဟန်ဆောင်ပီး ဝင်ရမှာဒုံး…
    နိလည်း ဖေ့စဘုတ်ပေါ်မယ် သိနေဒါဗျဲ ကို…
    ကတောက်စ်…
    ကနောင်မင်းသား အဟွာ ပဲ ကွာ….

  • Min Zarni

    August 12, 2013 at 4:43 pm

    တောက်ခ်
    ခုချိန်ထိမော်ကျူရီ ကဖုန်းမဆက်လာသေးဘူးစ်
    လေ ထှာ

  • Shee

    August 12, 2013 at 7:16 pm

    ဘူဒုန်းကွာ….နာ့တဲလေးကို အကောက်၂ခုသုံးတယ်ဆိုတာ….မောင်….ရှီး တို့အကောင်ထည်ဖေါ်လိုက်ရအောင်….

Leave a Reply