ဘာကြောင့်များ………..

ကာရံAugust 9, 20131min1233

ဘာကြောင့်များ အခါနှောင်းခဲ့လေရော့သလဲကွယ်

ငါတို့ကြိုးစားခဲ့တာ ရိုးသားတဲ့စိတ်နဲ့ပါကွာ

အခုတော့ မတိုးပွားသေးတဲ့ စိတ်ဓါတ်တွေက

တိုင်းပြည်ကို ဒုကွများပေးဝေခဲ့လေရော့သလား သူငယ်ချင်း

မြေနိမ့်ရာလှံစိုက်တက်တဲ့ စိတ်ရိုင်းတွေက

ယနေ့ထိတိုင် မကုန်သေးပါလားလေ

ခေတ်ကိုက ပြောင်းနေတာမဟုတ်ပါဘူး

စိတ်ဓါတ်ကိုက အိုဟောင်းတဲ့ တစ်နေရာမှာ

ခိုအောင်နေသေးလို့ပါ…

မိုးစက်မိုးပေါက်လေးတွေများလာရင်

အင်း အိုင် စမ်းချောင်းဖြစ်ပါတယ်သူငယ်ချင်း

မင်းတို့ရဲ့ စာနာစိတ်လေးတွေ နည်းနည်းစီစုပေါင်းတက်ရင်လေ

ငါတို့ တိုင်းပြည်လေးလဲ တစ်နေ့တိုးပွားမယ်ဆိုတာ……….

                                                                              ပိတောက်မိုး

3 comments

  • မင်းမင်း

    August 10, 2013 at 11:56 am

    အဲဒီ စိတ်ဓါတ်တွေက ပြန့်နှံကုန်ပြီ။

    လူမူ့ရေး စီးပွားရေး နောက် နေရာအနံ့ အကုန်မှအကုန်။

    နောက်ထပ်ပြန့်နေတာက အတိုက်အခံအဖွဲ့အစည်းတွေထိ

    ပြန့်ကုန်ပြီ။ အဲဒီ စိတ်ဓါတ်တွေက။

  • မဟာရာဇာ အံစာတုံး

    August 11, 2013 at 1:03 am

    တစ်နေ့ တစ်နေ့နဲ့
    လည်ဘင်းဒွေလည်း ရှည်နေဘီ
    အချို အို
    အချို့ဆို သေနေဘီ
    ဘယ်သောအခါမှသည် ….

Leave a Reply