တိတ်ဆိတ်ဆွံ့အနေတဲ့ ၀န်မခံခြင်းများကြားမှာ
လိုချင်ရှာဖွေမိတဲ့ အမှန်တရားတွေရှိတယ်
ကျယ်ကျယ်လောင်လောင် ထုဆစ်ခဲ့တဲ့
သံယောဇဉ်ကြိုးများအတွက်
ဘယ်တော့မှ သော့မခတ်ခဲ့ဘူး
အက်ဆစ်မိုးရေတွေကိုလည်း ချိုမြိန်ခဲ့ဖူးတယ်
ရွက်သစ်မိုးစိုတွေကိုလည်း ဘုရားမှာ လှူဖူးတယ်
ငါဆုတောင်းခဲ့တာ မင်း မသိနိုင်သလို
မင်း ဆုတောင်းခဲ့တာလည်း ငါနဲ့ ပေါင်းဖို့မဟုတ်ဘူး
ငါ နှစ်သက်တဲ့ စီးကရက်ကို မင်းမုန်းတယ်
မင်း ကြိုက်တဲ့ ကွာစေ့ကျ လက်သည်းစူးတယ်
ငါ သောက်တဲ့စကော့တလန်စမ်းရေကို
မင်းက ချဉ်တယ်
မင်း သောက်တဲ့ဒိန်ချဉ်ကို ငါက ချဉ်တယ်
ငါ့ ကာရံတွေကို မင်းက အာခံတယ်
မင်း စာသံတွေကို ငါက ဆူညံတယ်
မင်းက ရုပ်ရှင်ရုံသွားဖို့ ငါ့ကိုခေါ်တယ်
ငါနဲ့ စာအုပ်အဟောင်းတန်းသွားဖို့ မင်းက မသိ
မင်းကျောင်းသွားဖို့ မင်းမုန့်ဖိုးရတဲ့ ၅၀၀၀ ကို
မင်းခုံမင်သလို
ငါ့ ကဗျာတစ်ပုဒ်အတွက်ရတဲ့ ၅၀၀၀ ကျပ်ကို
ငါ ခုံမင်တယ်
နေ့တိုင်း ပိုက်ဆံမရတဲ့ငါ့ကို မင်းက ကောတယ်
နေ့တိုင်း ပိုက်ဆံရတဲ့မင်းဆီ ငါက တောင်းဖူးလို့လား
နေပါဦးလို့ မင်းပြောတယ်
ငါပြောမယ့် အမှန်တရားအတွက်
မင်းလည်း နေပေးပါဦး
ဟောဗျာ . . .
ဆံပင်ရှည်
စတစ်ကော်လံ
ကချင်ပုဆိုး
သားရေဖိနပ်နဲ့
ရိုးရှင်းတဲ့ငါ့ကို မင်းကစပြီး စိတ်ဝင်စားတာဆို
မင်းတို့အခန်းရှေ့
ကဗျာစာအုပ်ရောင်းတုန်းက
ငါ့ဘ၀ထဲကို မင်းဇွတ်ဝင်ခဲ့တာလေ
ကိုရီးယားကား မကြည့်ဖူးပေမဲ့
မင်းသမီးက ဒီလိုဆိုပြီး
I love you လို့
မင်းပြောခဲ့တာလေ
အနမ်းတစ်ပွင့်ပဲယူပြီး
မင်းဝါးပြီး ထွေးပစ်ခဲ့တဲ့ပီကေလို
ထွက်သွားတော့မှာလား
ငါ့ကဗျာထဲက
သွေးသားဟာ
မင်းကိုယ်တိုင်ဖြစ်လာတော့မှာလား
မေးခွန်းတွေများလွန်းတဲ့
ကဗျာကို ခင်ဗျားတို့ကြိုက်ချင်ကြိုက်ပါ
မကြိုက်ချင်လည်းမကြိုက်ပါနဲ့
ကျေနပ်လွန်းလို့ပါ . . .။

မစ်ဝေး

About marblecommet

marblecommet marblecommet has written 57 post in this Website..

မိုးဦးလေဦး ရောက်လာပြီ... လေတွေက ခါးလိုက်တာ.... ငါ့မှာသာ....တိမ်တွေကို စီးပြီး မောပန်းနေရ.....