လမ်းခွဲ

marblecommetAugust 10, 20131min19214

တိတ်ဆိတ်ဆွံ့အနေတဲ့ ဝန်မခံခြင်းများကြားမှာ
လိုချင်ရှာဖွေမိတဲ့ အမှန်တရားတွေရှိတယ်
ကျယ်ကျယ်လောင်လောင် ထုဆစ်ခဲ့တဲ့
သံယောဇဉ်ကြိုးများအတွက်
ဘယ်တော့မှ သော့မခတ်ခဲ့ဘူး
အက်ဆစ်မိုးရေတွေကိုလည်း ချိုမြိန်ခဲ့ဖူးတယ်
ရွက်သစ်မိုးစိုတွေကိုလည်း ဘုရားမှာ လှူဖူးတယ်
ငါဆုတောင်းခဲ့တာ မင်း မသိနိုင်သလို
မင်း ဆုတောင်းခဲ့တာလည်း ငါနဲ့ ပေါင်းဖို့မဟုတ်ဘူး
ငါ နှစ်သက်တဲ့ စီးကရက်ကို မင်းမုန်းတယ်
မင်း ကြိုက်တဲ့ ကွာစေ့ကျ လက်သည်းစူးတယ်
ငါ သောက်တဲ့စကော့တလန်စမ်းရေကို
မင်းက ချဉ်တယ်
မင်း သောက်တဲ့ဒိန်ချဉ်ကို ငါက ချဉ်တယ်
ငါ့ ကာရံတွေကို မင်းက အာခံတယ်
မင်း စာသံတွေကို ငါက ဆူညံတယ်
မင်းက ရုပ်ရှင်ရုံသွားဖို့ ငါ့ကိုခေါ်တယ်
ငါနဲ့ စာအုပ်အဟောင်းတန်းသွားဖို့ မင်းက မသိ
မင်းကျောင်းသွားဖို့ မင်းမုန့်ဖိုးရတဲ့ ၅၀၀ဝ ကို
မင်းခုံမင်သလို
ငါ့ ကဗျာတစ်ပုဒ်အတွက်ရတဲ့ ၅၀၀ဝ ကျပ်ကို
ငါ ခုံမင်တယ်
နေ့တိုင်း ပိုက်ဆံမရတဲ့ငါ့ကို မင်းက ကောတယ်
နေ့တိုင်း ပိုက်ဆံရတဲ့မင်းဆီ ငါက တောင်းဖူးလို့လား
နေပါဦးလို့ မင်းပြောတယ်
ငါပြောမယ့် အမှန်တရားအတွက်
မင်းလည်း နေပေးပါဦး
ဟောဗျာ . . .
ဆံပင်ရှည်
စတစ်ကော်လံ
ကချင်ပုဆိုး
သားရေဖိနပ်နဲ့
ရိုးရှင်းတဲ့ငါ့ကို မင်းကစပြီး စိတ်ဝင်စားတာဆို
မင်းတို့အခန်းရှေ့
ကဗျာစာအုပ်ရောင်းတုန်းက
ငါ့ဘဝထဲကို မင်းဇွတ်ဝင်ခဲ့တာလေ
ကိုရီးယားကား မကြည့်ဖူးပေမဲ့
မင်းသမီးက ဒီလိုဆိုပြီး
I love you လို့
မင်းပြောခဲ့တာလေ
အနမ်းတစ်ပွင့်ပဲယူပြီး
မင်းဝါးပြီး ထွေးပစ်ခဲ့တဲ့ပီကေလို
ထွက်သွားတော့မှာလား
ငါ့ကဗျာထဲက
သွေးသားဟာ
မင်းကိုယ်တိုင်ဖြစ်လာတော့မှာလား
မေးခွန်းတွေများလွန်းတဲ့
ကဗျာကို ခင်ဗျားတို့ကြိုက်ချင်ကြိုက်ပါ
မကြိုက်ချင်လည်းမကြိုက်ပါနဲ့
ကျေနပ်လွန်းလို့ပါ . . .။

မစ်ဝေး

14 comments

  • marblecommet

    August 10, 2013 at 1:03 am

    ကဗျာအဆုံးက ကလောင်ရှင်
    သူငယ်ချင်း ရွာသားရီးတစ်ယောက်ရဲ့
    ငယ်လက်ရာကဗျာလေးပါ….
    ………
    ရွာထဲမဝင်ဖြစ်တာလည်းအတော်ကြာပြီဆိုတော့
    ဝင်ကြည့်တာ လက်ချည်းဗလာလည်း ပြန်မသွားချင်တာနဲ့
    သူ့ကဗျာကို ထိုးထည့်ထားခဲ့လိုက်တယ်….
    ဟီ ဟိ
    အဆဲခံရမလားမသိ……
    ပြေးပြီဗျို့……

  • အရီးခင်

    August 10, 2013 at 3:39 am

    ဆံပင်ရှည် မှတော့ ရိုးရှင်းနိုင်ပါတော့မလား ဟယ်။
    စုတ်ဖွားဖြစ်နေမှာပေါ့။
    😉
    😛

  • ဦးကျောက်ခဲ

    August 10, 2013 at 8:44 am

    စားပြီးနားမလည်၊ ဝါးပြီး ထွေးထုတ်၊ ပီကယ်မှမဟုတ်တာ…
    ဘောက်မည့်ကြောင့် လမ်းခွဲချင်ရတာလဲ ကဗျာဆြာရယ်…
    အရင်လို ပြန်ရေးပါဗျ…
    😀

  • kyeemite

    August 10, 2013 at 9:03 am

    ကောင်းသဗျာ..ခံစားလို့ရလို့
    တစ်ခါတစ်ခါ ကဗျာဟာ ဗလာဖြစ်နေတတ်လို့ 😛

  • marblecommet

    August 10, 2013 at 10:06 am

    ကျွန်တော်ရေးတဲ့ ကဗျာ မဟုတ်ပါဘူး ခင်ဗျ
    အရီးနဲ့
    ဆြာတို့ရ……
    ဒီကဗျာက ရွာသားကြီးတစ်ယောက်ရဲ့ကဗျာလေ
    သူ့ကလောင်နာမည်က မစ်ဝေး တဲ့
    ဖွဘုတ်မှာ သိတဲ့လူတွေ သိမယ် ထင်တယ်
    အနော်ပြောပြီးပါပကောဗျ…..ရွာထဲဝင်ကြည့်တာ
    လက်ချည်းဗလာပြန်မသွားချင်လို့
    ကိုယ့်ဟာဖြစ်ဖြစ် သူများဟာဖြစ်ဖြစ်
    တင်ပစ်ထားခဲ့တာဗျ……အဲဒီရွာသားကြီးကတော့
    သူ့ကဗျာကို သူ ပြန်မမှတ်မိလို့ မနည်းအစဖော်ပေးရသေးတယ် အံ့ပါ့…..

  • Yin Nyine Nway

    August 10, 2013 at 12:22 pm

    တိပါဘူးဗျာ
    အသဲကွဲနေတာလား
    လမ်းဘဲခွဲနေတာလားလို့

  • အာဂ

    August 10, 2013 at 12:54 pm

    လမ်းခွဲဆိုတော့ ဘာများဖြစ်လဲလို့ စိုးရိမ်သွားတာ….တွား လူဂျိုး…။

  • garfield

    August 10, 2013 at 4:02 pm

    ဒီ ရွာထဲက ကဗျာ ဆရာနာမည်တွေ က ဝေး တာ ၃ ယောက် ရှိပြီပေါ့နော်။

    ဒီလောက် အဆင်မတူမှတော့ လမ်းခွဲတာပဲ အေးပါတယ်။
    😀

  • ရဲစည်

    August 10, 2013 at 4:03 pm

    မိုက်ဒလယ်
    ကိုယ်တွေများ ဒါမိုး လမ်းခွဲတောင် မရှိတဲ့ဘွ
    ရင်နာဒယ် ညင့်

  • ကိုရင်စည်သူ

    August 10, 2013 at 4:39 pm

    ဆြာကမ်းဝေခင်ည… စာလုံးတွေက ကြွနေလို့ ယုစ်နဲ့တောင် လမ်းခွဲချင်စိတ်
    ပေါက်သွားတယ်… တစ်ကြောင်းတော့ တကယ်မရှင်းလို့မေးပါရစီ…
    ((မင်း သောက်တဲ့ဒိန်ချဉ်ကို ငါက ချဉ်တယ်))
    အဲ့ဒါကြီးက ဗြောင်းဗြန်များဖြစ်နေမလား… ဟီးးး :mrgreen:
    ကိုကမ်းဒိန်ချဉ် ဖော်တာ တော်တော်ကောင်းတယ်… သတင်းရထားတယ်… ငိငိ 🙄

  • မဟာရာဇာ အံစာတုံး

    August 11, 2013 at 12:56 am

    အစဂဒေါ့ ကိုကမ်းဂျီး ဖီးလ်ဒွေလားလို့ …
    နောက်ဒေါ့ …
    ရွာသာကြီး တစ်ယောက်ရဲ့ ဖီးလ်ဒွေဒဲ့ …
    အဲ့ဒီလူရီးက ဘူဒုံးမှန်းလည်း ပေါဝူးးး
    ဒီဒေါ့ ကျုပ်ဂလည်း မန့်ဒေါ့ဝူးဂျာ .. ဘာဖစ်ချင်ဒုန်း …

  • ဖြူစိုင်း လူ

    August 11, 2013 at 7:10 am

    ဖြစ်ချင်ရာဖြစ်
    ချစ်ချင်တာချစ်
    နင့်ဟာနင်ချစ်တာ
    ငါ့ဖာသာငါ မကျေနပ်နေရမှာလား။

    နေတတ်လို့ ကျေနပ်နေတဲ့
    မသေတတ်လို့ ရှင်လျက်သေတဲ့
    ငါ့လိုလူ ရင်ဘတ်အကွဲကြီးနဲ့ကြားက
    လက်ကျန် အစအနလေးတွေ
    နင်ရှာနေလေရော့လား။

    မင်းဟာမင်း လုပ်ချင်တာလုပ်
    မင်းဟာမင်း ရှုပ်ချင်တာရှုပ်လာပြီးမှ
    မောင့်ကိုပဲ အချစ်တွေစုထားတာပါလို့
    ရိသဲ့သဲ့မလုပ်နဲ့ကွယ်။

    ငါ့အံတွေလဲ
    အငုတ်လေးတောင် ပြုတ်တာကြာပေါ့။

    ရှုပ်ရှုပ်ရှက်ရှက် ဒီလောကကြီးနဲ့။ ။

  • မောင် ပေ

    May 7, 2015 at 4:18 am

    အသဲကွဲတာမှ ပိုးစိုးပက်စက်ပဲ
    လောကမှ ဘယ်ဟာမှမမြဲ
    ကြာခဲ့ပါပြီလေ
    လက်ရှိမှာတော့
    အားလုံး အဆင်ပြေအောင်
    ရှိသမျှ ပုံလောင်းကြိုးစားနေပါသည်

Leave a Reply