ပထမအဆင့် လိမ်ပါတယ်ခင်ဗျ…နောက် ၀ိုက်ပါတယ်…အားမရသေးဘူး… ခိုးပါတယ်ခင်ဗျာ…ပြီးတော့.ပေါ်တင်တွယ်တယ်ခင်ဗျ…အုပ်စုလိုက်ပါခင်ဗျာ…စားမာန်ခုတ်ပြီး အချင်းချင်းတွယ်ကြပါတယ်…တဆင့်တက်ပါတယ်…နောက်ဆုံး ဘာမှမလုပ်ပဲ အပျောက်ရှင်းလိုက်ကြပါတယ်…

ဝသွားတဲ့သူတွေ ဘေးထွက်ထိုင်ပါတယ်ခင်ဗျ…မတွယ်ရသေးတဲ့သူတွေကလဲ အံတခဲခဲနဲ့ နွားသိုးကြိုးပြတ်ဝင်လာပါတယ်…ကိုယ့်လူကို ကာဗာပေးပါတယ်ခင်ဗျ…ဒိုင် တဘက်ထဲကို ပင်းပြီး ညစ်နေပါတယ်….

ပရိတ်သတ် ဒေါသတချောင်းချောင်း ထွက်နေပါပြီ…ထိုညစ်တဲ့ အဖွဲ့ က ပရိတ်သတ်ကို ဒါပဲထင်တယ်ဆိုပြီး ခါးကော့ပြသွားကြပါတယ်…

ဒိုင်မမြင်ချင်ယောင်ဆောင်နေပါတယ်…ဒီလောက်ညစ်တဲ့ အဖွဲ့ကို ဘယ်သူ့မှ အနီကဒ်မပြပါဘူး…လူချင်းလဲပြီးပဲ ကစားခိုင်းပါတယ်…ရှေ့တန်းကလဲ တွယ်တယ်…အလယ်တန်းကလဲ တီးတာပါပဲ…နောက်တန်းကလဲ မခေပါဘူး…လူမသိသူမသိ အကုန်သွပ်ပါတယ်…ဂိုးစောင့်တဲ့ ဘဘကြီးကတော့ ဘာမဆို လာထားဆိုတဲ့ အစားထဲကပါပဲ…

တဘက် အသင်းကတော့ အလဲလဲ အကွဲကွဲပါပဲ…ဒဏ်ရာရတဲ့သူတွေ...ဆေးရုံရောက်သူတွေ… အနီကဒ်ပြခံရသူတွေ အများကြီးပါခင်ဗျာ…ကွင်းထဲတောင် လူသိပ်မကျန်တော့ပါဘူး…ပြောနေရင်း ပရိတ်သတ် ဒေါသတချောင်းချောင်းထွက်လာကြပါတယ်…ဆူပူရမ်းကားအဖျက်သမားတွေလို့ သတ်မှတ်လိုက်ကြပါတယ်…

ဒီလိုနဲ့ မြန်မာ့ဘော့လုံးညစ်ပွဲကြီးဟာ 20း10 အချိန်မှာ ပထမပိုင်းပြီးဆုံးသွားပြီး 20း15 ဒုတိယပိုင်းမှာတော့ ဘယ်သို့ဘယ်ပုံလာမည်မသိရကြောင်းပါခင်ဗျား…အားလုံး ဆက်လက်ရှုစားကြပါဦးခင်ဗျား…

About johnnydeer

johnny deer has written 76 post in this Website..

၇၇မွေး...၉၄ ဆယ်တန်းအောင်..၂၀၀၂ မန်းလေးစက်မှုတက္ကသိုလ်က ဘွဲ့ဆိုတဲ့ စာရွက်ကလေးတရွက်ရ...ဘာပညာမှမတတ်..အခုလောလောဆယ်တော့ပေါက်တတ်ကရပြော.. .ပေါက်တတ်ကရရေးနေပါတယ်...ရေးသမျှ အားလုံးကိုတော့ ကိုယ်တိုင်ရေးစစ်စစ်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါတယ်...များသောအားဖြင့်တော့ သူများမကောင်း ကိုယ်ကောင်းကြောင်း ကိုယ်ရည်သွေးစာတွေ ရေးတတ်ပါတယ်...ဒါပေမယ့် အထင်ကြီးစရာတော့ တကွက်မှမရှိပါဘူး...