ကြာတော့သည်လည်း မောင် ငတက်ပြား

alinsettAugust 10, 20131min66352

ဤအဖြစ်အပျက်သည်

ဘယ်တုန်းကမှ ကျွန်မ မမျှော်လင့်ရဲသော အနေအထားဖြစ်သည် ။

 

ကျွန်မ၏ တစ်ဖက်သတ် စွဲလမ်းမှု သည် ပုန်းလျှိုးကွယ်ဝှက်လျက်သာ

မီးခိုးငွေ ့တွေလိ်ု ပါးလျ ပျောက်ကွယ်သွားလိမ့်မည်ဟု ကျွန်မ ထင်ခဲ့သည်ပဲ ။

 

အခုတော့ ကျွန်မ မျှော်လင့်ဖို့ ့မဝံ့ရဲခဲ့သော အခြေအနေက တကယ်ဖြစ်လာခဲ့ပြီပေါ့ ။

 

မောင် . . . . ။

 

မောင် ကျွန်မ ဆီကို တကယ် လာတယ်ပေါ့နော် ။

 

ဘုရားရေ . . .

ဒါ . . . ကျွန်မ အိပ်မက် မက်နေတာတော့ မဟုတ်ပါဘူးနော် ။

 

မောင် ကျွန်မကို ချစ်ရေးဆိုဖို ့ ကြိုတင်စောင့်စားနေခဲ့ပြီပေါ့လေ ။

 

ကျွန်မ ချစ်သော ယောကျာ်းတစ်ယောက်က

ကျွန်မကို ချစ်ရေးဆိုတော့မည့် အနေအထားဖြင့်

ကျွန်မ လာရာလမ်းမှာ စောင့်နေသည် . . ဆိုသော အသိက

ကျွန်မ ကို အင်မတန် ယစ်မူးသာယာစေခဲ့ပါသည် ။

 

===================

 

တကယ်တော့ . . .

ကျွန်မလို ရုပ်ရည် မလှပသော ခပ်တုံးတုံးခပ်အအ မိန်းမတစ်ယောက်ကို . . .မောင့်လိ်ု ခပ်ချောချော ခပ်ဖြောင့်ဖြောင့် လူချောလေးတစ်ယောက်က

ချစ်နိုင်ဖို ့ဆိုတာ စိတ်ကူးယဉ်အနေနဲ့ သာ ဖြစ်နိုင်သော ကိစ္စ မဟုတ်လား ။

 

အခုတော့ ကျွန်မ ကိုက ရုပ်ရည်ချောမောပြီး ဆွဲဆောင်မှု ရှိသော ဤယောကျာ်းနှင့် ပေါင်းဖက်ရဖို ့ကံ ပါလာပြီ ထင်ပါရဲ့။

 

စာသင်ခန်းထဲမှာ မောင့်ကို ကျွန်မ ခိုးခိုးကြည့်နေမိတာ ။

 

ကျွန်မ ခိုးကြည့် ငေးမောနေမိတိုင်းလည်း မောင်က ပြန်အကြည့်နဲ့ ကြုံတာ ခဏခဏ . . . . . . . . ။

 

မောင့်ကို ခိုးကြည့်တုန်း မောင်နဲ ့များ မျက်လုံးချင်း ဆုံလိုက်တဲ့အခါတိုင်း

ကျွန်မ မူးမေ့လဲကျသွားမတတ် တုန်ရီလှိုက်မောရတာ . . . ။

 

မောင်ထိုင်ထဲ့ စာသင်ခုံပေါ်မှာ မောင့်အတွက် ဘောလ်ပင်လေးတွေ . . .NOTE BOOK လှလှလေးတွေ . . . မောင့်ကျောပိုးအိတ်မှာ ချိတ်ဖို ့

ကီးချိန်း လှလှလေးတွေ . . .

မောင်ဖတ်ဖို ့ အချစ်ကဗျာ စာအုပ်လေးတွေ . . .

 

မောင်မသိအောင် တိတ်တိတ်ကလေး ထား ပေးရတာကို ကျွန်မ ပျော်သည် ။

 

ဘယ်သူဘယ်ဝါလာထားသွားမှန်း

မသိတဲ ့

ကျွန်မရဲ ့လက်ဆောင်ကလေးတွေကို မောင်မယူပဲ လွှင့်များ ပစ်လေမလား လို့ ့ရင်ထိတ်မိပေမယ့် . . . . . မောင်ဘာလုပ်လုပ် ကျွန်မ မသိချင်တော့ . . .မသိရဲတော့ပါ ။

 

ကျွန်မပေးသော

” တိတ်တိတ်ပုန်း လက်ဆောင်”

ကလေးများကို မောင့်လက်ကလေးနဲ့ ့ကိုင်ကြည့်ပြီး

ဘယ်သူများ လာထားသွားတာပါလိမ့် ဆိုတဲ့ အတွေးနဲ ့မျက်မှောင်ကြုတ် စဉ်းစားကြည့်နေသော

မောင့်ကို မြင်ရရုံနဲ့

ကျွန်မ ခပ်ဟဟရယ်မိတဲ့အထိ ကြည်နူးမိတတ်သည် ။

 

ကျွန်မ မောင့်ကို ချစ်သည် ။

 

မောင် ရယ်မောတဲ့အခါ

ကျွန်မလည်း ပြောမပြတတ်လောက်အောင် ကြည်နူးမိတတ်သည်။

 

မောင်က ရယ်လိုက်လျှင် အပြစ်ကင်းစင်သော ကလေးငယ်လေးတစ်ယောက်လို

အလွန် ချစ်စရာ ကောင်းပါသည် ။

 

မောင်သည် ချောမော တည်ခန့် ့ရုံမက ကျွန်မ . . ရူးသွပ်သွားစေလောက်သော ဆွဲဆောင်မှုမျိုးဖြင့်

မက်မောလောက်စရာ ယောကျာ်းတစ်ယောက်ဖြစ်သည်။

 

မောင့်ကို ကျွန်မ ခိုး ခိုး ကြည့်ရင်း ပိုပြီးတော့ ချစ်လာသည် ။

 

မောင့်ကို ကျွန်မ ပိုင်ဆိုင်ချင်သည် ။

 

မောင် . . .

အခြားမိန်းကလေး

တစ်ယောက်ယောက်နှင့် သာမန်အနေအထားဖြင့်စကားပြောတာကိုတောင် ကျွန်မ မကြည်ဖြူနိုင်ပါ ။

 

အပို မပြောကြေးဆိုလျှင် ကျွန်မ မောင့်ကို ချစ်သော အချစ် တစ်ခုတည်းဖြင့် ဂဘာ တစ်ခု တည်ဆောက်လို ့ ရပါသည် ။

 

မောင် . . . ကျွန်မ အနားမှာ ရှိဖို့ ့တော့ လိုပါသည် ။

 

=====================

 

မောင့်ကို မောင် . . .ဟု ခေါ်ဆိုခွင့် တရားဝင် ရချင်ပါသည် ။

 

မောင်မသိနိုင်ပဲ တိတ်တိတ်ကလေး

” မောင် ” ဟု ခေါ်နေရချိန်တွေ ကုန်ဆုံးသွားချင်ပြီ မောင် ။

 

ကျွန်မကို ပွေ ့ဖက်ထားတဲ့ မောင့်ရင်ခွင်ထဲမှာ. . . . . . . . . . . မောင့်ကို မှီတွယ်ပြီး

နွေးနွေးထွေးထွေး ခေါ်လိုက်ချင်သည် ။

 

မောင် . . . . . လို ့။

 

==================

 

တကယ်တော့

ကျွန်မ မောင့်ကို ချစ်သော အချစ်မှာ

တစ်ဖက်သတ်အချစ် ပီပီသသဖြင့် ချစ်ခဲ့တာ ဖြစ်သည် ။

 

မောင့်လို ပျိုတိုင်း ကြိုက်သည့် ရုပ်ရည်ဖြင့် ယောကျာ်းတစ်ယောက်က ကျွန်မလို မိန်းမမျိုးနှင့် ချစ်သူ ဖြစ်လာဖို ့ဆိုသည်မှာ မမျှော်လင့်ရဲသော အခြေအနေပဲ ။

 

ဒါကို ကျွန်မ သိထား၍ မောင် ကျွန်မကို ပြန်မချစ်နိုင်လည်း ကျွန်မ ဘက်က အချစ် မလျော့ချေ ။

 

ချစ်မြဲ ချစ်နေဖို ့သာ ကျွန်မကြိုးစားရမည်။

 

ဒါပေမယ့် ကျွန်မကို ပြန်ချစ်စေချင်တာ . . .

မောင်တခြားကောင်မလေး

တစ်ယောက်ယောက်နဲ ့ ချစ်ကြိုက်သွားမှာကို

စိုးရိမ်တာ တွေကတော့ . . . . . . . . . . . . . . . ကျွန်မရဲ ့မိန်းမပီပီသသ စိတ်အခြေအနေတစ်ခု မဟုတ်လား မောင်။

 

=========================

 

မောင်သာ ပြန်ချစ်ရင် ကျွန်မ သေပျော်ပါပြီ မောင် ။

 

အင်းလေ . . .

မောင် ပြန်မချစ်လည်း မောင့်ကို တစ်ဖက်သတ် ချစ်ခွင့် ရခြင်း ဆိုတဲ့ အချက်တစ်ချက်တည်းနဲ ့တောင် ကျွန်မ ဘဝက အဓိပ္ပာယ် ရှိရှိ နေခဲ့ / သေခဲ့နိုင်တယ် . . . . ။

အဲသည်လို . . . . . .. . .

ကျွန်မ ယုံကြည်ထားပါသည် ။

 

တကယ်တော့ . . .

ကျွန်မက အချစ်ကို ကိုးကွယ် တတ်သော မိန်းမတစ်ယောက် ဖြစ်သည် ။

 

=========================

 

အခုတော့ . . . ကျွန်မ ချစ်သော မောင်က ကျွန်မကို ချစ်ရေးဆိုဖို ့ . . . စောင့်ကြိုနေခဲ့ပြီပေါ့လေ ။

 

ကျွန်မ ရင်တွေ တဒိန်းဒိန်း ခုန်လာသည် ။

 

ဘုရားးး သိကြား မ လို ့ . . .

မောင် ကျွန်မကို တကယ် ချစ်ရေး ဆိုဖြစ်ပါစေ . . . ။

 

မောင့်ကို ကျွန်မ ဟန်မဆောင်နိုင်လောက်အောင် ချစ်နေပြီဆိုတာ . . . မောင် သ်ိမှ သိပါလေစ ။

 

=========================

 

” ကျွန်တော်

မမိုးကို ပြောစရာလေး ရှိလို ့ပါ။ ”

 

မောင့်ပုံစံက ရှက်ကိုးရှက်ကန်းဖြင့် ချစ်စဖွယ်ကောင်းသော လူပျို ပေါက်ကလေးလို ဖြစ်နေသည် ။

 

ကျွန်မ ခေါင်းညိတ်ပြလိုက်မှ မောင်က ဆက်ပြောသည် ။

 

” ကျွန်တော် . . . . ကျွန်တော် စာလေးတစ်စောင် ပေးလိုက်ချင်လို ့. . .အဲဒါ ယူသွားပေးပါနော် . . . ”

 

ဘုရား ရေ ။

ကျွန်မ . . . .

ကျွန်မ တကိုယ်လုံး လေထဲမှာ များ မျောလွင့် သွားလေသလားး ။

 

ကျွန်မ တကိုယ်လုံး တုန်ရီ လှိုက်မော လာသည် ။

မောင့်ဆီက ကိုယ်သင်းရနံ ့သင်းသင်းကလေး ကလည်း မွှေးပျံ့ ၍ ယစ်မူးချင်စရာ ကောင်းလှသည် ။

 

မောင့်ရင်ခွင်ထဲ မှီတွယ်ပစ်လိုက်ချင်ပြီ မောင်ရယ် . . . ။

 

အို . . . . မိမိုးးး

ညည်းက မိန်းမလေ . . ။

ဒီ အချိန်မှာ တည်ငြိမ်ဖို ့ကြိုးစားမှ ဖြစ်မယ် ။

 

” ယူသွားပေးပါနော် . . . ကျွန်တော် တကယ် ချစ်နေလို ့ပါ ။

သူ ့ကို သေချာ ပေး ပေးပါနော် . . . ”

 

ရှင် . . . .

ဘုရား . . . ။

ကျွန်မ . . .

ကျွန်မ နားကြားများးးလွဲ သလားးးးး။

မောင် . . .

မောင် ဘာပြောလိုက်တယ် . .။

 

” ဘယ်သူ ့ကို ပေး ပေးရမှာလဲ ဟင် ”

 

ကျွန်မ၏ တုန်တုန်ရီရီ စကားသံကြောင့် . . . မောင် မျက်ခုံးပင့်သွားသည်။

 

မောင် ပြန်ပြောလိုက်တဲ့ စကားက ကျွန်မ အတွက်တော့ ကျိန်စာ သာဖြစ်ပါသည် ။

 

” အဲ.. . . . မမိုး ရိပ်မိမယ် ထင်နေတာ ။ သီတာ့ကို ကျွန်တော် ခိုးခိုး ကြည့်နေတာ မမိုးလည်း မြင်တာပဲလေ ။

ကျွန်တော်က ကျွန်တော် သီတာ့ကို ချစ်နေတာကို ဟောဒီက မမိုး သိမယ် ထင်နေတာ ။

မမိုးနဲ ့သီတာက ဘေးချင်းကပ် ထိုင်နေတာ ဆိုတော့ . . . .

ဒီ စာလေး သီတာ့ကို

ပေး ပေးလို ့ဖြစ်နိုင်တယ် မဟုတ်လား ။ မမိုးက ကျွန်တော်တို ့ ကြားမှာ အောင်သွယ်တော်ပေါ့ဗျာ . . . . ”

 

ကျွန်မ နှလုံးသားပေါ်ကို ဓါးတွေ အစင်းပေါင်းများစွာ ထိုးစိုက်ကျလာသလားး . .

 

နာကျင်လိုက်တာ မောင်ရယ်. . ။

 

ဒါဖြင့် မောင် စောင့်နေတာ ကျွန်မကို ချစ်ရေးဆိုဖို ့ မဟုတ်ဘူးပေါ့ ။

 

အတန်းထဲမှာ ကျွန်မနဲ ့ဘေးချင်းကပ် ထိုင်တဲ ့ သီတာ့က်ို မောင်က ချစ်သတဲ့ ။

 

ဘုရားးးရေ . . . .

မောင် ခိုး ခိုးကြည့်တာ ကျွန်မကို ကြည့်တာ မဟုတ်ဘူးပေါ့နော် ။

ကျွန်မ ရှက်လိုက်တာ ။

 

ကျွန်မ ရပ်တည်နေတဲ့ မြေပြင်ကြီး ပြိုကျ သွားသလို . . . . ကျွန်မ ဆောက်တည်ရာ မရ ချင်တော့ ။

 

မောင် လှမ်းပေးနေတဲ့ စာလေးကို ဖျတ်ခနဲ ဆွဲယူပြီး လှည့်ထွက်ခဲ့ရသည် ။ ဒီစာ ကျွန်မကို ပေးတာ မဟုတ်ဘူးးးးး။

 

မောင့် ရှေ့မှာ ဆက်ရှိနေလျှင် ကျွန်မ ငိုကြွေးတာကို မောင် မြင်သွားလိမ့်မည် ။

 

======================

 

တကယ်တမ်းကျတော့ . .

ကျွန်မက . . .

ကိုယ် အသက်လောက် ချစ်ရသူ မောင် နှင့် အတန်းဖော် သီတာ့ကို အောင်သွယ်ပေးရသော အောင်သွယ်တော်တစ်ယောက် ဖြစ်သွားသည်။

 

ရင်နာနာဖြင့် အချစ်ဝဋ်ကြွေး ပေးဆပ်ရသော အောင်သွယ်တော် ဖြစ်သည် ။

 

ကျွန်မ၏ ချစ်တတ်လွန်းသော နှလုံးသားကတော့ တစ်စုံတစ်ယောက်က ခိုးယူ သွားတာ ခံလိုက်ရပြီ ။

 

ကျွန်မ နှလုံးသား နှင့် ကျွန်မ၏ ချစ်ခြင်းကို ခိုးယူသွားသူသည် . . .

ကျွန်မ ချစ်သော ( ကျွန်မကို မချစ်သော )

မောင် ဖြစ်သည် ။

 

========================= လေးစားစွာဖြင့်. . .

 

ပင်လယ်နှင့်တူသော ယောကျာ်းတစ်ယောက်

 

=========================

 

ဆရာမ ဂျူး ရေးတဲ့ ရေးဟန်ကို

အတုခိုး ရေးပါသည် ။

ဇာတ်လမ်းသည် ကျွန်တော့် စိတ်ကူးယဉ်ဇာတ်လမ်းသာ ဖြစ်ပြီး ဆရာမဂျူး၏ ရေးဟန် ကိုသာ အတုခိုးပါသည် ။

 

 

 

 

 

 

52 comments

  • ဦးကျောက်ခဲ

    August 10, 2013 at 8:59 am

    ဂျူးဆိုရင် အမြင်ကပ်လို့ ဂျူးမြစ်ချဉ်ရည် ချက်စားပလိုက်တယ်…
    ဒီခေါင်းစဉ်ကြီး မြင်ရဲ့သားနဲ့ ဝင်ဖတ်မိတာ ကျောက်စ် အမှားပါ…
    မှားတဲ့လက်စနဲ့ မန့်လိုက်ပြီ…
    😀

  • nozomi

    August 10, 2013 at 9:47 am

    မောင့် ကို မောင် လို့ ခေါ်မယ် မောင်

  • ခင် ခ

    August 10, 2013 at 10:04 am

    ဪ မောင် ရယ်
    ဖြစ်ရလေ မောင် ရယ်
    ချစ်ခဲ့တယ် မောင် ရယ်
    ပစ်ရက်တယ် မောင် ရယ်
    အခုတော့
    သွားလိုက်ပါအုံးမယ် မောင် ရယ်။

  • Myo Thant

    August 10, 2013 at 10:10 am

    ဟောဒီကောင်ကြီးဘဝမှာ

    မိုးလည်းရှိဘူးတယ်

    သီတာလည်းရှိခဲ့တယ်

    ဪ လွမ်းမိပြန်ပါရောလားကွယ်

  • ကျော်စွာခေါင်

    August 10, 2013 at 2:48 pm

    အောင်ပုတိ
    ….တံခါးတစ်ချပ် ..အရင် ပို ့စ်မှာတုန်းကတော့.. ဦးခေါင် အားပေးစကား ပြောခဲ့ပါတယ်..
    ဒီမှာတော့ အကြံပေးတယ် ပြောရမလား.. မာနကို တဖက်လှည့်နဲ ့ဆွပေးတယ် ပြောရမလား မသိဘူး…
    နည်းနည်းတော့ ပြောချင်တယ်..
    ဦးခေါင်ရဲ ့မြင်ဆရာ သင်ဆရာတွေ တော်တော်များပါတယ်.. ဆရာ ငြိမ်းကျော်.. နွမ်ဂျာသိုင်း မင်းသိင်္ခ တာရာမင်းဝေ…အစုံပါဘဲ
    ဆရာမဂျူး ကိုဆိုရင် ကြိုက်လည်းကြိုက်တယ်.. လေးလည်းလေးစားပါတယ်..
    ဒါပေမယ့် ရေးပုံရေးနည်း သဘောကျပေမယ့် ..
    ကိုယ့်စတိုင်လ်နဲ ့ကိုယ်ရေးတာပါဘဲ.. သူတို ့ဆီက ရေးနည်း သင်ယူပေမယ့်လို ့
    အောင်ပုတိ ရင်ထဲမှာရှိတာ ဆရာမ ဂျူးရဲ ့နှလုံးသား မဟုတ်ဘူးလေ…
    စာပေ အနုပညာဆိုတာ.. ကိုယ်ပိုင် နှလုံးသားအတွေးက လာတာလေ…။
    ဥပမာ ပေးရရင် သိပ်ပြီး ဂျွမ်းထိုးကောင်းတဲ့ မွန်ဇာတ်မင်းသားက ကိုယ့်စတိုင်နဲ ့ကိုယ်မက ဘဲ… မန ္တလေး သိန်းဇော် စတိုင်ကလို ့ကတော့ မိုးသာလင်းသွားမယ်.. သူဂျွမ်းထိုးကောင်းတာ တချက်မှ မပြလိုက်ရဘူး..
    ဘာလို ့လဲဆိုတော့ သူများအရိပ်ကို ခိုလိုက်တော့ ကိုယ်စွမ်းကိုယ်စ ပြခွင့် မရှိတော့ဘူးလေ..
    အလင်း ဆက် သုံးခဲ့ဘူးတဲ့ စကားလုံးလေးတွေ တော်တော် ကောင်းတာဘဲ ဦးခေါင် အမြဲ ဖတ်ပါတယ်..
    ဒီစကားလုံးတွေက အလင်းဆက် နှလုံးသားက ခံစားပြီး ဖြစ်ပေါ်လာတာတွေလေ…။
    ကိုယ်ပိုင်ဟန်နဲ ့ဘဲ ဆက်ရေးစေချင်တယ်..
    သူများစတိုင်လ်ကိုဘဲ တူအောင် အာရုံပြုနေတော့ ကိုယ့် အတွေးအခေါ်ကို ကိုယ်တိုင်လမ်းပိတ်သလို ဖြစ်နေတတ်တယ်

    ( ဆရာမ ဂျူး ရေးတဲ့ ရေးဟန်ကို
    အတုခိုး ရေးပါသည် ။
    ဇာတ်လမ်းသည် ကျွန်တော့် စိတ်ကူးယဉ်ဇာတ်လမ်းသာ ဖြစ်ပြီး ဆရာမဂျူး၏ ရေးဟန် ကိုသာ အတုခိုးပါသည် ။ )
    ………..
    ………..
    တံခါးတစ်ချပ်မှာ ဂန်နဲ ့ဒန် မတူလို ့ကိုယ့်အဖေအရင်းနဲ ့တောင် အတိုက်အခံ လုပ်ခဲ့တဲ့ သူ ့သား အလင်းဆက်က သူ ့ကိုတော့
    တော်လှန်ပြီး…. ဂျူး အရိပ်မှာ ပျော်ချင်နေတဲ့ သားကို ကြည့်ပြီး တော်တော် စိတ်မကောင်းဖြစ်မှာပါ…
    စဉ်းစားပါလေ…။
    ဦးခေါင် ချစ်လို ့ပြောတယ်မှတ်ပါ…
    အလင်းဆက်က လူတော်ပါ… လူငယ်ပေမယ့် ဝမ်းစာ ရှိတာဘဲ…
    ဦးခေါင်ကို ခင်မင်တယ် ဆိုရင်တော့ “ အရိပ် ” တွေ အားလုံးအောက်ကထွက်ပြီး..
    အလင်းဆက် နှလုံးသားက ထွက်ကျလာတဲ့…
    ပို ့စ် တပုဒ်လောက် လက်ဆောင်ပေးပါ…။

    • ဦးခေါင်ရည်

      အဲ ဦးခေါင် ရေ
      🙂

      ကျွန်တော် အခုတလော မှာ ဂျူးရဲ့ စာအုပ် အမည်လေးတွေကို ခပ်ဆင်ဆင် လိုက်ရေးနေ မိပါတယ်။ အခုလည်း ရေးထားတဲ့ ဟန်ကို မိန်းမတစ်ယောက်နေရာက ရေးကြည့်မယ် ဆိုပြီးရေးတာ
      ဂျူး အမည်တွေ ခပ်ဆင်ဆင် လုပ်နေလက်စနဲ့
      ရေးဟန်ကိုပါ အတုခိုးရေးလိုက်တယ်။

      တကယ်တမ်း ကျွန်တော် အတုခိုးချင်ဆုံး စာရေးဟန်က
      တာရာမင်းဝေ ရဲ ့ဟန် ပါ။

      အတုခိုးခြင်းနဲ့ ပက်သက်ပြီး ကျွန်တော့်အယူအဆက ိုလည်း ဒီရွာမှာ တင်ပြဖူးပါသေးတယ်။

      လောလောဆယ်တော့
      စု တု ပြု ဆို့တဲ့ အစဉ်အလာ မှာ
      စု ခြင်းနဲ့ တုခြင်း ကို
      ရမ်းရမ်းသမ်းသမ်း လုပ်နေပါတယ်။

      ပြုခြင်း ဆိုတဲ့ အဆင့်ဆီကို ရောက်ချင်ပါတယ်။

      ကိုယ်ပိုင်ဟန် တစ်ခု ကို ပိုင်ဆိုင် နိုင်ဖို့လည်း ကြိုးစားနေပါတယ်။

      ဦးခေါင် ဖြစ်စေချင်သလို
      ကျွန်တော် ဆက် ကြိုးစားပါမယ်နော်။

      အားပေးပါဦး ဦးခေါင်ရေ

      :kwi:

      • ကျော်စွာခေါင်

        August 10, 2013 at 4:27 pm

        ကြိုးစားပါ အောင်ပုတိရယ်..
        ကြိုးစားပါ..
        လူကိုများ… ခေါင်ရည် တဲ့… သောက်တတ်ဘူး..ကြိုက်ဘူး.. ပျစ်ချွဲချွဲနဲ ့…
        ဝိုင် လောက်ဆို တော်သေး..။
        ….
        …. အားပေးနေမှာပါ..
        ဂျုးပုတိဆက်… ရေ………………………… းP

  • garfield

    August 10, 2013 at 3:49 pm

    နာ့ ဆရာမ အရေးကို မမှီပါ။ (စိတ်မဆိုးပါနဲ့ အလက်ဆင်းလေး)
    ရှင့် ကိုယ်ပိုင် အရေးက ပိုကောင်းပါတယ်။
    အစဉ်အဆက် စာရေးဆရာမတွေ အမြဲလိုက်တုတာဖတ်ခဲ့ရတယ်။
    ဖတ်ရတဲ့ ခံစားချက်ကိုက မမှီပါဘူးကွယ်။ 🙁

    ဆရာမကို မိန်းမဝါဒီလို့ ပြောနေကြတာကို အားမှ ရှင်းဦးမယ်။
    ဆရာမရဲ့ ဘယ် စာအုပ်ကများ ယောင်္ကျားမယူနဲ့ပြောထားလည်း သက်သေနဲ့ ရှိရင်ပြကြပါကွယ်
    အမျိုးသမီးတွေ ဉာဏ်ရည် စိတ်ဓာတ်တိုးတက်အောင် အလေးထား ရေးတတ်တဲ့ အရေးမျိုးကို ပုတ်ခတ်တဲ့ သူဆိုရင် မိန်းမ ထုံ မိန်းမ အ ကို ကြိုက်တတ်တဲ့သူမျိုးပေါ့။
    ရကြပါစေ။ 😀

    • မမှီ ဘူးပြောတာ စိတ်ဆိုးပါဘူးဂျာ

      မမှီ ဘူးဆိုတာ သ်ိနေသားပဲ။

      အတုခိုးပါတယ်ဆိုမှ ဘယ်ကောင်းမလဲ
      အစစ်မှာက သူ ့ဟန်နဲ့သးမို ့
      သူ ့ဟန်က တခြားသူတွေ လက်ထဲမှာ
      သိပ် မဟန် နိုင်တာ သေချာပါတယ်။

      အတု ခိုးတာ
      အစစ် ဖန်တီးတာလောက် မ ကောင်းနိုင်
      အတု ကို ခိုး မိရင် ပိုတောင် ဆိုးသေးးး

      ===========

      ဒါနဲ့
      မမဂျီး
      မရှိမဖြစ်မိုး ကို ဘယ်လို ဝေဖန်မလဲ ။

      အဲဒီ စာအုပ်ထဲက ဇာတ်ကောင် အမျိုးသမီး ရဲ့ ဝါဒ

      🙂

      • garfield

        August 10, 2013 at 4:12 pm

        ဘယ်လိုမှ မဝေဖန်ဘူးးးး
        ဝတ္ထု တစ်အုပ်ရဲ့ ဇာတ်သွားဟာ သူ့ အဖွင့်နဲ့ အပိတ် မှန်နေရင် အဲ့ဒီ ဇာတ်ကောင်ဟာ ကောင်းကောင်းဆိုးဆိုး အဲဒီ အတိုင်းပဲသွားသင့်တယ်။
        ဇာတ်ကောင်ရဲ့ ဘဝ ဇာတ်ကြောင်းအရ ဒီ အတွေးမျိုးပဲ ရှိမှာပဲမို့ သူ့အတွေးကို ဘာမှ မပြောလို။
        ပြောချင်တာက ဆရာမ ချလိုက်တဲ့ ဇာတ်နဲ့ ဇာတ်ကောင်က လိုက်လျောညီထွေသွားတယ်လေ။ ဆိုးရမဲ့ စရိုက်မို့ ဆိုးတယ်။ ကောင်းရမဲ့ စရိုက်မို့ကောင်းတယ်။
        လူတိုင်းမှာရှိတဲ့ အကောင်း/အဆိုးကို ဘက်မျှအောင်ရေးနိုင်တယ်လို့ ဆိုလိုချင်တာ။

        ဒီတော့ ကိုယ်က ကိုယ့်ဘဝ အကြောင်း/ကိုယ့်စိတ်နဲ့ ယှဉ်ပြီး ဖြစ်သင့်တယ် မဖြစ်သင့်ဘူး ပြောလို့မရဘူးထင်တယ်။
        ဇာတ်ကောင် စရိုက်က ကိုယ်အတွေးနဲ့ မတိုက်ဆိုင်တိုင်း ရေးသူကို ဝေဖန်ပြစ်တင်တတ်မယ် ဆိုရင် ဘယ် ဝတ္ထုမှ ဖတ်ဖို့မကောင်းဘူးကိုးးးး
        ဇာတ်ကောင် က ဒီလိုမို့ ရေးသူက ဒီလို ကြီးဖြစ်မှာပဲ ဆိုတဲ့ ကွန်ကလူးရှင်းမျိုး ဆွဲလို့မရဘူးလေ။ နော့။

        အဲတော့ ဘယ်သူရေးရေးးး သူ့ အရပ်/သူ့ဇာတ်/သူ့အတွေး/သူ့ အရေး လိုက်ဖက်မယ် မျှမယ် ဆိုရင် အကုန်ဖတ်နိုင်တယ်။
        ဝေဖန်ဖို့တော့မရှိပါ။ မိုး ဘဝ အကြောင်းနဲ့ မိုး အတွေး/မိုး ဝါဒ က ဖြစ်သင့်ပါတယ်လို့ပဲ ထင်တယ်။

        🙂

        • မမ ဂါး ရေ

          ကျွန်တော်လည်း
          ကိုယ့်အားကိုယ် ကိုးနိုင်ရင်
          ယောကျာ်းယူဖို ့/ အိမ်ထောင်ပြု ဖို ့မလိုဘူး လို ့ ယူဆ ထားတဲ့
          မိုး ရဲ့ ဝါဒ ကို အံ့ဩတကြီးနဲ ့
          ကြိုက်သလိုလို မကြိုက်သလိုလို ဖြစ်ခဲ့တာ ။
          တကယ်တော့ ကျွန်တော်ကိုယ်တိုင်ကလည်း
          မိုးလို မိန်းမမျိုး
          စောင့်နေမယ်လို ့မပြောလိုက်ဘူး ထဲက ခက် လို မိန်းမ မျိုးကိုပဲ ကြိုက်မိတာပါ

          ခပ်ညံ့ညံ့ မိန်းမ တွေ ဖြစ်မှာ စိုးတဲ့ ဆရာမဂျူးရဲ့ ဆန္ဒကို သူ ့စာအုပ်
          ဇာတ်ကောင်တွေ ထဲကနေ ရိပ်မိတယ်။

          စာရေးသူနဲ့ သူရေးတဲ့စာ
          တစ်ထပ်ထဲပဲ ဖြစ်ရမယ် ဆိုတဲ့ အယူအဆ နဲ့
          ဇာတ်ကေင် ရဲ့ အယူအဆ ဟာ
          စာရေးသူ ရဲ့ အယူအဆ ပဲ ဆိုတဲ့ ထင်မြင်မှုတွေကို
          ကျွန်တော် လက်မခံပါဘူး ။

          စာရေးသူ ရေးတဲ့ ဇာတ်ကောင် ဟာ
          ဇာတ်ကောင်ပဲ
          ဇာတ်ကောင် ရဲ့ ဝါဒ ဟာ
          ဇာတ်ကောင် ရဲ့ ဝါဒ ပဲ
          တချို့ ဇာတ်ကောင်တွေက တော့ စာရေးသူရဲ့ ဝါဒ ကို ပုံဖော်ပြတာရှိပါတယ်လေ

          မရှိမဖြစ် မိုး ရဲ့ ဇာတ်သိမ်း မှာ
          ရ လိုက်တဲ့ အတွေး
          ဆရာမဂျူး ပေးသွားတဲ့ အတွေးက တော့
          ယောကျာ်းတွေ အတွက် တော့ ကျေနပ်စရာပဲ

          အဟိ။

          🙂

          ခင်မင်လေးစားစွာ

    • ကျော်စွာခေါင်

      August 10, 2013 at 4:38 pm

      ဟားဟား…
      garfield ဒေါသထွက်နေတာလား… မထွက်ပါနဲ ့..။
      ဆရာမဂျုးက သူ ့လမ်းသူဖောက်တာလေ.. လူသစ်တန်း ဆရာမတယောက်အနေနဲ ့ လမ်းဖောက်ဘို ့ ခက်တဲ့ ကာလမှာ
      လိုင်းမတူဘဲ… ဟင်ကနဲ ဟာကနဲ ..ဘယ်လိုကြီးလဲ ဆိုပြီး ပေါက်သွားခဲ့တာလေ…။
      ဆရာမ ငယ်ဘဝလေးက သနားဘို ့ကောင်းပါတယ်.. သူ ကြိုးစားပြီး အချစ်ဆိုတဲ့ အရာကို အတွေးအခေါ်ပိုင်းနဲ ့ထိမ်းနိုင်လို ့ ..
      ဒီလိုရပ်တည်နိုင်ခဲ့တာ…
      မြန်မာစတိုင်လ်ကလည်း သိတယ်မဟုတ်လား ကျောင်းသူ၅ယောက် အတူတူလမ်းလျှောက်လာရင် အချောဆုံးကိုဘဲ ချစ်ချင်ကြတာလေ…။
      ပထမဆုံး ဖြစ်ပေါ်တဲ့ အချစ်စိတ်ကလေးမှာဘဲ.. ဆရာမ ဂျူးအတွက် နာကျင် စရာ ဖြစ်ခဲ့လို ့နေမှာပါ…။
      ကျနော် ခပ်ထုံထုံ ခပ်အအ မိန်မတွေကို မကြိုက်ပါ…။

      • garfield

        August 10, 2013 at 4:44 pm

        ဟီးးးး
        ဒေါသသံ ပါသွားတာ သိလိုက်သလား ခေါင်။
        မနေနိုင်လို့ ပြောမိတာပါ၊
        ကိုယ်နဲ့ အယူအဆမတူ ရန်သူလို့ သတ်မှတ်တတ်တဲ့ လူတွေကြားမှာ ပိုင်အိုးနီးယားတွေ ဘဝ က အင်မတန်သနားစရာ။
        🙁

  • ရွှေမိုးတိမ်

    August 10, 2013 at 5:51 pm

    ဝင်ရောက်ဖတ်ရှု့ခံစားသွားပါတယ်။သဘောကျတယ်ဗျ 🙂

  • lele kyi

    August 10, 2013 at 9:28 pm

    ပင်လယ်ကြီးရယ်. ဦးခ ရယ် ဦးနို ရယ် ကို နာမ်စား အလွဲသုံးစားမှုအတွက် တရားစွဲမလို ့တဲ့. ဂေဇက်ရဲ့ မောင့်မူပိုင်ရှင်ကြီးက. 🙂

  • အရီးခင်

    August 10, 2013 at 9:56 pm

    မပြောတော့ဘူး။ မပြောတော့ဘူး။ ပြောရင်လဲ မြစာကလေး လွန်ရာကျမယ်။
    မိန်းကလေးတွေ ကို အိညက် အိညက် နဲ့ ဘဝ ကို မဖြတ်စေချင်တာဘဲ သိတယ်။
    အသေကြိုက်ဆိုလဲ ကားတင်ပြေးကြ။
    ကူမယ်ဟေ့။
    ဘယ်သူ ပွဲဦးဖောက်မလဲ။
    😉
    😛

    • DEPARKO DEPARKO

      August 11, 2013 at 4:08 pm

      မကြာတော့ပါ ဝါကျွတ်အောင်စောင့်နေပါသည် ကူညီမယ်ဆို လက်တို့လိုက်ပါမည်

      • အရီးခင်

        August 12, 2013 at 1:36 pm

        ဟိတ် ကိုယ်တော်တို့
        မိန်းက လေး ကို ကားတင်ခြင်းအား ကူညီမှာ မဟုတ်။
        မိန်းကလေး က သူကြိုက်နေတဲ့ ကောင်လေး ကို ကားတင် ရင် ကူညီမှာ ကို ဆိုလိုသည်။။
        (ကားတင် = ကားစင်တင်)
        😉
        😛

        • အလင်းဆက်

          August 12, 2013 at 3:49 pm

          မကြံကောင်း မစီရာ ပါ အရီးရယ်
          အဟင့်

          :kwi:

  • ဦးကြောင်ကြီး

    August 10, 2013 at 10:01 pm

    ငတက်ပြား
    အရက်သမား
    ဖြတ်စား
    လက်စား
    ကြက်နွား
    လဖက်သား
    ဇာတ်နား
    ကပ်ထား..

  • မဟာရာဇာ အံစာတုံး

    August 11, 2013 at 12:43 am

    သဝေထိုး မ ရေးချာ ငသတ် (မောင်)
    မောင် ဆိုမှတော့ ကြောင် ပီပေါ့ကွယ် ….
    အစတည်းက “မောင်” လို့ သတ်မှတ်ထားခဲ့တာ မှားတာ ….
    “ကို” လို့သာ သတ်မှတ်ခဲ့ရင် စိုစိုပြေပြေ ဖြစ်ချင် ဖြစ်လာမှာ ….
    အခု “မောင်” ဆိုတော့ကာ ကြောင်တောင်တောင် ဖြစ်သွားခဲ့ရတာပေါ့ကွာ ….
    အဲ့လိုကွ ……
    :mrgreen:

  • Mr. MarGa

    August 11, 2013 at 12:23 pm

    သိနေဒယ်
    ဖတ်ရင်းနဲ့ နီများ ဟိုမရောက်ဒီမရောက် ဖြစ်သွားသလား လို့
    တော်သေးတာပေါ့ အဆုံးမှာ နီ ပြန်ရှင်းလို့
    မရှင်းရင် နာတွေးတာနဲ့ ကွက်တိ
    ဟီဟိ

      • Mr. MarGa

        August 11, 2013 at 12:49 pm

        ပြောမရဘူးလေ
        ကိုရင်ဂီ တင်တာကို အားကျပြီး
        အဲသလိုလေး နေရင် ကောင်းမယ်လို့ တွေးပြီး တင်တာလဲ ဖြစ်နိုင်တာကိုး
        ပြေးပြီ ကွိကွိ

        • အလင်းဆက်

          August 12, 2013 at 9:57 am

          လွတ်အောင်သာ ပြေး သကြား

          နာ ကော်ဖီခွက်ကိုင်ပြီး လိုက်လာပြီ

          🙂

  • Crystalline

    August 11, 2013 at 7:20 pm

    ဂျူးစာအုပ်တွေပြန်ရှာဖတ်ကြည့်ဦးမှပါလေ.. မှတ်မှတ်ယယဖတ်ဖူးတဲ့ဝတ္ထုတွေကတော့ ဆရာမဝင်းဝင်းလတ်ရဲ့ အချစ်၏နောက်ဆက်တွဲစာမျက်နှာများနဲ့.. ဆရာလင်္ကာရည်ကျော်ရဲ့စာအုပ်တွေပါ.. သူတို့နှစ်ယောက်စလုံးကလည်း စာရေးကောင်းတဲ့ဆရာဝန်တွေပဲ..

    • အရီးခင်

      August 11, 2013 at 10:11 pm

      မကြည်စင် လေး ပြောတဲ့ ဆရာမဝင်းဝင်းလတ်ရဲ့ ဝတ္တု ကို အရီးလဲ အတော်လေး စွဲ ခဲ့ပါတယ်။
      ၁၉၉၇/၈ လောက်က ပေဖူးလွှာ မှာလား။ မဟေသီ မှာလား မမှတ်မိတော့ဘူး၊
      အခန်းဆက် ကို စောင့်ဖတ်ခဲ့ရတာ။
      နောက် စာအုပ်ထွက် တော့ ဝယ်သိမ်းထားလိုက် အထိ ကြိုက်ပါတယ်။
      အဲဒီနောက် မှာ ဆရာမ ကားအက်စီးဒန့် ဖြစ်သွားတဲ့ သတင်းကြားတယ်။
      အဲဒီ ဝတ္တု ကို လဲ မေသန်းနု နဲ့ ရိုက်မယ်ကြားလိုက်ပြီး ရုပ်ရှင်ဖြစ်မဖြစ် မသိလိုက်ဘူး။

      • nozomi

        August 11, 2013 at 10:55 pm

        အရီလတ်နဲ့ ကျွန်တော် အကြိုက်တူသွားပြီ
        အဲဒီအခန်းဆက်ဝတ္ထုရှည်ကြိုက်လို့ မဂ္ဂဇင်းကိုလစဉ် အစောဆုံးရအောင် သွားငှားရတယ်
        စာအုပ်ထွက်တော့လဲ ဝယ်သိမ်းဖြစ်တယ်
        စာအုပ်က အမျိုးသားစာပေဆုတောင် ရသေးတယ်
        ရခိုင်ဘက်မှာ NGO လုပ်ရင်း ဆုံးသွားတာ သတင်းစာမှာ ဖတ်ရတော့ စိတ်တောင် မကောင်းဘူး

      • garfield

        August 12, 2013 at 8:15 am

        မဟေသီ မှာ အရီးရေ။
        တစ်လ တစ်လ စောင့်ဖတ်ရတာ ပိုကောင်းသလားလို့။
        ဆရာမကြီး ခင်နှင်းယုရဲ့ မြကြာဖြူရယ်၊ ဆရာမ ဝင်းဝင်းလတ်ရဲ့ အချစ်ရဲ့နောက်ဆက်တွဲစာမျက်နှာရယ်။
        မှတ်မှတ်ရရ အဲဒီနှစ်တွေက မဟေသီကို အပိုင်ဝယ်ဖြစ်တယ်။

        ခုတော့ ဆရာမ ခင်ခင်ထူးမှ ခင်ခင်ထူးဖြစ်နေပြန်ပြီ။
        🙂

        • အလင်းဆက်

          August 12, 2013 at 10:00 am

          မမခိုင်ဇာ ရေ

          ကျွန်တော်လည်း ခင်ခင်ထူး ရဲ့ စာတွေကို
          စွဲသွားသေးတယ်။

          မအိမ်ကံဆို သိပ်ကြိုက်

      • Crystalline

        August 12, 2013 at 10:46 am

        ဟုတ်တယ်အရီး… အမျိုးသားစာပေဆုရစာအုပ်တွေဖတ်မိရင်.. ဆရာမစာအုပ်ကိုဖတ်ဖြစ်သွားတာ.. အရမ်းသဘောကျလွန်းလို့ ကျမလည်းစာအုပ်ဝယ်ဖြစ်တယ်.. ပြန်ဖတ်တိုင်းလည်းမရိုးဘူး.. ရုပ်ရှင်လည်းရိုက်စေချင်တယ်.. ဒါပေမယ့် စာအုပ်ကိုမမှီမှာသေချာလို့ ရိုက်မှာလည်းနှမျောတယ်..
        စိတ်ထဲလိုက်မယ်ထင်တဲ့မင်းသား၊ မင်းသမီးတွေတောင်စဉ်းစားလိုက်သေး.. ဦးနေအောင်၊ ပြေတီဦး၊ စိုးမြတ်သူဇာနဲ့ မူယာတင်နေရာမှာ နန်းဆုရတီစိုးပေါ့ 🙂

    • အလင်းဆက်

      August 12, 2013 at 10:05 am

      ဝင်းဝင်းလတ်တော့ ကြိုက်တယ်
      ဟိုတစ်ယောက်ရဲ့ စာတွေတော့ ရင်ထဲသိပ်မရောက်ခဲ့

  • eainsoemay

    August 12, 2013 at 1:21 pm

    ကိုနိုဇိုမိရေ ဆရာမ ဝင်းဝင်းလတ်က ဘုရင့်နောင် နားမှာ ကားအက်ဆီးဒင့် ဖြစ်သွားတာပါ။
    မှတ်မိသလောက် အင်းစိန်ထောင်မှာ ဟောပြောပြီး အပြန် ဒီ ဩဂုတ်လ ထဲဘဲ ထင်ပါရဲ့။

    • အလင်းဆက်

      August 12, 2013 at 1:26 pm

      တိန်

      အိမ်စိုးမေ တဲ့

      ပင်လယ်နှင့်တူသော မိန်းမများထဲက
      မင်းတမီး နာမည်ပါလားး

      🙂

      • Min Zarni

        August 12, 2013 at 1:44 pm

        အိုက်ဒါ အူး ဘလော်ဂဒက် ဗျ …

        • ဦးကျောက်ခဲ

          August 12, 2013 at 1:53 pm

          ဝုတ်ပါဒယ် ဝုတ်ပါဒယ်…
          အမဂျီး နေကောင်းတယ်နော်…
          😀

    • nozomi

      August 12, 2013 at 3:43 pm

      “ရခိုင်ဘက်မှာ NGO လုပ်ရင်း ဆုံးသွားတာ သတင်းစာမှာ ဖတ်ရတော့ စိတ်တောင် မကောင်းဘူး” လို့ ရေးတာက သတင်းစာမှာ နာရေးတွေ့လိုက်တယ် ဆရာမ အမည်နောက်မှာ ရခိုင်မှာ (မောင်တောလို့ ထင်တယ်) လုပ်နေတဲ့ NGO တစ်ခု အမည်နဲ့ တွေ့လို့ ရေးတာ ( အဲဒီလို မှတ်မိနေတယ် ) ၊ အဲဒီတုန်းကတောင် မတော်တဆမှုနဲ့ ဆုံးတယ် ရခိုင်မှာ ဆိုတော့ လှေမှောက်တာလားလို့တောင် တွေးလိုက်မိသေးတယ် ၊
      ဘယ်လိုဆုံးတယ် ဆိုတာတော့ အတိအကျ မသိဘူး ၊ အခုလို ရှင်းပြလို့ ကျေးဇူးပါ ခင်ဗျ

      မနေ့က အရီးလတ် ကို မန့်တာ ဖုံးက တဆင့်မို့ သေချာတောင် မပြောလိုက်ရဘူး ၊ မဟေသီမှာ ဆရာမဝင်းဝင်းလတ် ရဲ့ လစဉ် အခန်းဆက် ဝတ္ထုရှည် ပါလို့ ဆက်တိုက်ဖတ်နေတာ ဆရာမ နောက် ပါတဲ့ အခန်းဆက်ကိုတော့ ဘယ်သူ ရေးတယ် ဆိုတာ မမှတ်မိတော့ ပေမဲ့ ပထမ တစ်လတင် ဆက်ဖတ်ချင်စိတ် မရှိတော့ဘူး ဆိုတာတော့ မှတ်မိတယ် ၊ ဝတ္ထု ရှည် စထွက်တော့ ဈေးကတမျိုး အမျိုးသား စာပေဆုရလိုက်တော့ စာအုပ်ဈေးတက်သွားတာလဲ မှတ်မိနေတယ် ၊ စာရေးကောင်းတဲ့ ဆရာမ လောကကြီးက စောစောစွန့်ခွာသွားတာ ကိုလဲ နှမြောမိတယ်

      အဆင်ပြေရင် ဆရာချော ရော ဆရာမချော ကိုပါ တွေ့ချင်ပါသေးတယ် ခင်ဗျ
      ဆရာချော အကြောင်း ဆရာမ မသိသေးတာတွေ ၊ သိသင့်တာတွေ
      ကြို ပြောပြဘို့ တာဝန်ရှိတယ်လို့ ထင်လို့ပါ

      • ဦးကျောက်ခဲ

        August 12, 2013 at 3:49 pm

        ကိုရင်နိုတော့ လက်စားချေပြီ… ဟီ ဟိ
        😀

  • TNA

    August 12, 2013 at 3:02 pm

    အင်း ဖတ်လိုက်တာ မောသွားတယ်။ မင်းသမီးကိုသနားလွန်းလို့။ သူကလဲကားတင်ပြေးပီးရော။

    • အလင်းဆက်

      August 12, 2013 at 3:44 pm

      ကား တင်ပြေး ရင်
      လမ်းကြောမှာ ပိတ်နေတာနဲ့
      လွတ်မှာ မဟုတ်ဘူးးတဲ့

      🙂

Leave a Reply