“အမေ ညို”

999484_603847292972774_536578862_n

မညို က မန္တလေးတောင်ခြေမှာ
မုန့်ပစ်သလက်ရောင်းတယ်။
အနားပဲ့ မြေအိုးလေးဟာ
မေညို ရဲ့ စီးပွားရေးပေ့ါ ။

အစွန်းရောက်တွေ၊ လစ်ဘရယ်တွေ
မေညိုမသိပါဘူး။
ဆန်ဈေး ၊ ဆီဈေးလေး အစွန်းမရောက်ဖို့ပဲ
မေညို တွေးပူတတ်တယ်။

အလုပ်သမားတွေ ဆန္ဒပြကြသလား
မေညို မသိလိုက်ဘူး။
ဟိုရက်ပိုင်းတွေကတော့
ဆန်တစ်ပြည် တစ်ထောင်ဖြစ်သွားလို့
မေညို့ ဆိုင်လေး တစ်ပတ် နားလိုက်ရတယ်။

ဆီဈေးတွေ တက်လို့
ဆန်ဈေးတွေ ကြီးလို့
ဆန်မှုန့်ကြိတ်ခ သုံးရာ ပေးရလို့
မုန့်ပစ်သလက် တစ်ခု တစ်ရာ ဖြစ်သွားရတဲ့အကြောင်း
မေညို က အားနာပြုံးလေး ပြုံးရင်းပြောပြခဲ့တယ် …..

ရွှေမိုးတိမ်

 

ဒီကဗျာလေးက ဒီ ဘလော့ဂ် မှာ ပထမဆုံးတင်ဖူးတဲ့ post ပါ။ ဖတ်ရှုပေးတဲ့ သူငယ်ချင်းမိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ပါတယ် ။ 🙂

19 comments

  • Zaw Thant

    August 10, 2013 at 12:15 pm

    .. Gazette မှ ကြိုဆိုပါတယ်.. 🙂

  • ဦးကျောက်ခဲ

    August 10, 2013 at 12:16 pm

    မင်္ဂလာပါ.. ခင်ဗျာ…
    ဂဇက်ရွာကို ကဗျာလေးနဲ့ဝင်လာတဲ့ မန်းက ရွှေမိုးတိမ်ကို ကြိုဆိုပါတယ်လို့…
    😀

  • ရွှေမိုးတိမ်

    August 10, 2013 at 1:28 pm

    ခုလို ကြိုဆိုကြလို့ အားရှိပါတယ် 😀

  • ခင် ခ

    August 10, 2013 at 2:40 pm

    ကဗျာလေးကို တင်ထားတဲ့ပုံက ပိုပြီးပီပြင်စေသွားပါတယ်။
    မင်္ဂလာပါ ရွှေမိုးတိမ် ရေ။

  • garfield

    August 10, 2013 at 3:28 pm

    ကြိုဆိုပါတယ် ညီမလေးးး

    အမလည်း မန်းလေးကပါ။

    🙂

  • ကျော်စွာခေါင်

    August 10, 2013 at 3:42 pm

    ရွှေမိုးတိမ်..
    ကဗျာလေးကြိုက်တယ်..
    တောင်ခြေက အမေညို တစ်ယောက်ထဲတင်မကပါဘူး..
    ကဗျာဖတ်ပြီး မြန်မာတပြည်လုံးက အမေညိုတွေကို မျက်စေ့ထဲမြင်ယောင်ပြီး စိတ်မကောင်းပါ..။
    ကဗျာလေးတွေ ဆက်ရေးပါ.. အားပေးနေမှာပါ..။
    စကားအတင်းစပ်…. မန ္တလေးမှာ ကျောင်း နေခဲ့ဘူးတယ်.. မုန် ့ပြားသလက် အနီ အဖြူ တအားကြိုက်တယ်..။

  • ရွှေမိုးတိမ်

    August 10, 2013 at 5:29 pm

    ခင် ခရေ ဖတ်ရှု့ပေးတာ ကျေးဇူးပါနော် ဒီပုံလေးက ကိုယ်တိုင်ရိုက်လာတာပါ ။ မုန့်ပစ်သလက်ဝယ်စားရင်း စကားစမြည်ပြောပြီး အမှတ်မထင် ရိုက်ဖြစ်ခဲ့ရင်းနဲ့ ကဗျာလေးရေးဖြစိသွားတာပါ။ 🙂

  • ရွှေမိုးတိမ်

    August 10, 2013 at 5:32 pm

    ဟုတ်ကဲ့ အစ်မ ။ တွေ့ရတာဝမ်းသာပါတယ် 🙂 @Garfield

  • ရွှေမိုးတိမ်

    August 10, 2013 at 5:35 pm

    ကိုကျော်စွာရေ အားပေးတာ ကျေးဇူးပါဗျ ။ ကဗျာတိုလေးတွေရှိသေးတယ် ထပ်တင်မယ်နော့ ။ ကျနော်လည်း မုန့်ပစ်သလက် ကြိုက်တယ်ဗျ ။ အချိုရော အစပ်ရော 🙂

  • ကဗျာ လေး နဲ့ ပုံရိပ်လေးက
    တွဲဆက်မှုကောင်းကောင်းနဲ့ မို ့
    အသက်ဝင် သွားတယ်ဗျို ့
    လေးစားပါတယ်။

    ကဗျာ ပြခန်းး ထဲမှာ လည်း

    ကဗျာ လေးတွေ ပြသ ဖို ့ပေးပို ့ကူညီ ပါဦး နော်

    ကျွန်တော်တို ့ရဲ ့
    ကဗျာချစ်သူ ကဗျာပြခန်းက
    ကဗျာ ချစ်သူဟူသမျှ ကို
    ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်းးး

    alinsett.art@gmail.com

  • ရွှေမိုးတိမ်

    August 10, 2013 at 5:47 pm

    ဟုတ် ခုလို လာဖတ်ပေးတာ ကျေးဇူးပါနော့ ။ နေ့လည်က ဂျူး စတိုင် ရေးတဲ့ဝတ္ထုတိုလေးဖတ်လိုက်ရတယ် ။ ကြိုက်တယ်ဗျ ph နဲ့comment မရေးတတ်လို့ ဘာမှမရေးလိုက်ရဘူး ။ ကဗျာတွေ gmail ကို ပို့ပေးရမှာပေါ့နော် 🙂

  • ဟုတ်ပါတယ်
    အအဲဒီမေးလ်ကို ပို့ပေးရင် ကဗျာပြခန်းကို ရောက်ပါတယ်နော်

    ကဗျာပြခန်း ကိုလည်း
    အခု ရွာ ထိပ် အပေါ်နားမှာ ကပ်ထားပါတယ်။
    ဝင် အားပေးပါဦး

    ခင်မင်လေးစားစွာ

  • padonmar

    August 10, 2013 at 10:14 pm

    အတွေးကောင်း အရေးကောင်း ဓာတ်ပုံလည်း ရိုက်ဆိုရင်တော့
    စီဂျေတွေက ကြိုဆိုပါတယ်တဲ့။
    မင်္ဂလာပါ။

  • အရီးခင်

    August 10, 2013 at 10:22 pm

    သမာအာဇီဝ အလုပ်နဲ့ ဂုဏ်ရှိရှိဘဝကို ရုန်းနေတဲ့ အမေညို ကို တလေးတစားအားပေးသွားပါတယ်။
    သရုပ်ဖော်တင်ပေးသူ ရွှေမိုးတိမ် ကိုလဲ ကြိုဆိုပါတယ်။
    😛

  • kai

    August 11, 2013 at 3:51 am

    မိုးတိမ်ဆိုတဲ့… နာမည်နဲ့ရွာသားတယောက် ပျောက်နေတယ်နော… ကြာပြီ..
    ဆိုတော့..
    အခုက.. ရွှေမိုးတိမ်ဆိုတော့… တိမ်တောက်တဲ့အချိန်က.. မိုးတိမ်ပေါ့.. :mrgreen:

  • ရွှေမိုးတိမ်

    August 11, 2013 at 6:20 am

    ဟုတ် တွေးလဲတွေး ရေးလဲရေး ပြီး ရိုက်လဲရိုက်ပါတယ်။ လယ်ဗယ်ကတော့ မူကြို အဆင့်ပါရှင့် :),ဒါနဲ့ ကြာပန်းလေး က လှုပ်နေတာနော်

  • ရွှေမိုးတိမ်

    August 11, 2013 at 6:22 am

    အရီးခင်ရေ ဝင်ရောက်ဖတ်ရှု့ပေးတာ ကျေးဇူးပါ 🙂

  • ရွှေမိုးတိမ်

    August 11, 2013 at 6:26 am

    @Kal ဒါပေါ့ ဒါပေါ့ လေနှင်ရာကို လွင့်မယ့် ရွှေအိုရောင်မိုးတိမ်ပေါ့နော် 🙂

  • မဟာရာဇာ အံစာတုံး

    August 12, 2013 at 3:25 pm

    မင်ဂါဘာ ခညာ …
    ကျိုစိုဘာဒယ် ….

    မုန့်ပစ်သလက် သိပ်သိပ် ခိုက်တဲ့ ..
    အညာဒါး .. မဟာရာဇာ

Leave a Reply