တစ်စုံတစ်ယောက်အတွက် တစ်စုံတစ်ခုပေးလိုက်ပါ

manawphyulayAugust 2, 20101min560

တစ်စုံတစ်ယောက် ကို မင်း တင်းတင်းကျပ်ကျပ်လေး ဖက်ထားချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း ငြီးငွေ့နေလို့ အချိန်ဖြုန်းတွေဖြုန်းပြီး
စကားပြောနေမိတဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း ဆရာကြီးလုပ်ချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း စဉ်းစားနေတဲ့ ခန်းနားတဲ့ဘဝအကြောင်းကို ပြောပြမိတဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း အားနည်းလို့ မှီတွယ်ချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း ဘယ်လောက်စွံကြောင်း ကြွားချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း ဘာရယ်မဟုတ်ပဲ သတိယနေမိတဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း အပျင်းပြေ ရည်းစားထားချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း တစ်ယောက်တည်း ရှိနေတုန်း အနားမှာရှိစေချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း အကြိုက်ဆုံးသီချင်းကို နားထောင်စေချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း ကော်ဖီ အတူသောက်ချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း နဲ့အတူခရီးသွားစေချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း ပျော်ရွှင်စေချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း ခံစားချက်လေးတွေ ဖြစ်လာတဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း တင်းတင်းကျပ်ကျပ်လေး ဖက်ထားချင်တဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း ချစ်လွန်းလို့ ယောင်ပြီးတောင် ခေါ်မိတဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း စိတ်ကူးယဉ်ပြီး အိမ်မက်ထဲမှာတောင် ………အချိန်
တစ်စုံတစ်ယောက် ကို မင်း တွေ့ချင်လွန်းလို့ စောင့်မျှော်နေတဲ့အချိန်
တစ်စုံတစ်ယောက် ကို မင်း ခရစ်စမတ်လက်ဆောင် ပေးစေချင်တဲ့အချိန်

နေ့တိုင်း ညတိုင်း ဒီလိုအချိန်တွေမှာ
ကိုယ်အမြဲတမ်း ဖြစ်ချင်တာ မင်းရဲ့ တစ်စုံတစ်ယောက် ပါပဲကွာ
မင်းက ကိုယ့်စိတ်ထဲမှာ အမြဲနေထိုင်သူပါ၊ မင်းမရှိပဲ ကိုယ်တကယ်ကို မနေတတ်တော့ပါဘူး
မေ့ဖျောက်ပစ်ဖို့လည်း ဘယ်တော့မှမကြိုးစားမိပါဘူး၊ ဘယ်နေရာဘယ်ရောက်ရောက်
မင်းက မင်းပါပဲ ။
မင်းလည်း တစ်စုံတစ်ယောက်ကိ ုချစ်မိသွားတဲ့အချိန်မှာ ကိုယ် ခံစားရတာတွေကို
နားလည်လာလိမ့်မယ်
မင်းမသိသေးလို့ပါ ကိုယ်မင်းကို အသက်လောက်ချစ်တယ်ဆိုတာတွေ၊ ကျန်တာတွေ
စွန့်လွှတ်ဖို့ဝန်မလေးတာတွေကို မင်းသာသိသွားရင်
အံဩလွန်းလို့ ယောင်ပြီးတောင် အော်လိုက်မိ်မှာလေ
တစ်စုံတစ်ယောက်ကို
မင်းကိုယ်ပိုင်ဖြစ်ချင်တဲ့အချိန်တိုင်းမှာ ကိုယ်က မင်းအတွက်ပါပဲ။