ကိုယ့်ဘာသာရေးအဆုံးအမနဲ့ ကိုယ်လုပ်နေတာတွေက. . .

alinsettAugust 11, 20131min26539

မိမိကိုယ်သာ ကိုးကွယ်ရာ တဲ့ ။

 

အဲဒီ အဆုံးအမကို တော်တော်လေး သဘောကျခဲ့တာ ပါ ။

 

ဟုတ်တယ်လေ ။

 

တခြား ဘာသာတွေမှာ . . . . .ငါဘုရားကိုသာ ကိုးကွယ်ကြ . . . .

ငါ ပြောတာ ယုံကြလို ့ ဟောပြောဆုံးမတာမျိုးပဲ တွေ ့ဖူးတယ်။

 

ကျွန်တော်တို ့ဘုရားကတော့ . . .

ငါ ဘုရားပြောတိုင်းလည်း မယုံနဲ့ လို့ ့ဟောတယ် ။

 

မိမိကိုယ်သာ ကိုးကွယ်အားထားရာပဲ လို့ ့သတ်မှတ်ပေးလိုက်တယ် ။

 

===========

 

ကိုယ့်အား ကိုယ်ကိုးစေတာဟာ . . . အင်မတန်ကောင်းတဲ့

သဘောထားပဲ ။

 

သူတပါးကို မှီခို အားထားနေရတဲ့ ခပ်ညံ့ညံ့ ဘဝ မျိုးထဲမှာ

ပျော့ညံ့နေမှာကို . . .

တို့ဘုရားက မလိုလားဘူး ။

 

ကိုယ့်အား ကိုယ်ကိုးနိုင်တဲ့ သူတွေ ဖြစ်အောင် / ကိုယ်တိုင်က ကိုယ့်အားထားရာ ဖြစ်အောင် . . . မြင့်မားတဲ့ အခြေအနေတစ်ရပ် ဆီ ရောက်အောင် . . . တို ့ဘုရားက လမ်းညွှန်လိုက်တယ် ။

 

ကိုယ် ့အစွမ်းအစ /

ကိုယ့်အရည်အချင်း တွေ ကို ကိုယ့်လက်ထဲ ပြန်ထည့်ပေးလိုက်တဲ့ အဆုံးအမ ပါလားးး ။

 

=================

 

ကိုယ့်အား ကိုယ်ကိုး /

ကိုယ့်လမ်း ကိုယ်ဖောက် /

လျှောက်တဲ့ လမ်း ရောက်မယ် ။

 

သိပ် ရှင်းလင်း ကြည်လင်တဲ့ အဆုံးအမ ။ သိပ်ကောင်းတဲ့ အယူအဆ။

 

ဘုရားရှင် ကိုယ်တော်မြတ်ကြီး နှုတ် ထွက်စကား ။

 

အဲဒီ အခြေခံ အဆုံးအမစကားလေးကို ကျွန်တော်တို ့ ဘယ်လောက်များ ထိထိရောက်ရောက် လိုက်နာ ကျင့်သုံးနိုင်ခဲ့သလဲ . . . . .

 

========================

 

ကျွန်တော့် ပတ်ဝန်းကျင်မှာ . . . . .

ကျွန်တော် မြင်တတ်သလောက်တော့ ကိုယ့်အား ကိုယ်မကိုးချင်တဲ့ အဖြစ်တွေ မကြာခဏ တွေ ့နေရပါတယ် ။

 

ရုံးသွား ရုံးပြန် ဘတ်စ်ကားပေါ်မှာ ဆိုရင်လည်း ( ထိုင်စရာ နေရာ မရလို ့) မတ်တပ်ရပ် စီးရတဲ့အခါ . . . . .

လက်ထဲက ထမင်းချိုင့်တို ့. . / လက်ဆွဲခြင်းတောင်းတို ့. . /

အထုပ်အပိုး တို ့ကို

ဘယ်သူများ ကိုင်ထားပေးမလဲ ဆိုတဲ့ မျှော်လင့်ချက် နဲ့ လူတွေ . . .

အများကြီး တွေ ့ရတယ် ။

 

တချို့ ဆိုရင် မတ်တပ်တောင် မရပ်နိုင်တော့တဲ့ ပုံစံမျိုးနဲ့ တစ်ယောက်ယောက် ထပေးမယ့် ထိုင်ခုံကို

အကြီးအကျယ်မျှော်လင့်နေတာ မျိုး . . . ရှိတယ် ။

 

==================

 

ရပ်ကွက်ထဲမှာ ဆိုရင်လည်း . . . .

 

နှစ်လုံးထီ / သုံးလုံးချဲ / ဘောလုံး လောင်းကစား . . . စသဖြင့် . . . ဖြတ်လမ်းနည်းနဲ ့ငွေနောက် လိုက်ချင်နေသူတွေ မနည်းဘူး ။

 

ရပ်ကွက်ထဲက စကားနဲ့ ပဲ ပြောရရင်တော့ . . .

 

အောတိုက်နေတာပဲ ။

======================

 

တကယ်တမ်း စဉ်းစားကြည့်ရင် . . .

နှစ်လုံးထီ ထိုးတာဟာ . . .

မိုက်မဲမှ ု သက်သက်ပဲလေ ။

 

ကိုယ်က အပိုင်ဂဏန်းပါ လို ့ယုံကြည်လို ့ ပုံအော ထိုးတိုင်း . . .

ပေါက်လို့လား ။

 

ပေါက်တဲ့ အကြိမ်အရေ အတွက်နဲ့. . . . ့မပေါက်တဲ့ အရေ အတွက် ဘယ်ဟာက ပို များလဲ ။

 

ကိုယ်ထင်တဲ့ အပိုင်ဂဏန်း

ဆယ်ကွက်ထိုး ပါဦး ။

ကျန်တဲ့ အကွက် ကိုးဆယ်ထဲက ထွက်သွား နိုင်တာပဲမဟုတ်လား ။

 

လွဲနိုင်ချေတွေက အဆများစွာ ရှိနေတာ ။

 

ကိုယ့်ဆီက ငွေရင်း ပါသွားဖို ့က

( 10 ကွက်ထိုးရင် ) 90 % သေချာနေတယ် ။

ကိုယ် ပြန်ရနိုင်ချေ ကတော့

တော်တော် နည်းပါတယ် ။

 

ရပ်ကွက်ထဲက ချဲစကားနဲ့ ပြောရရင်

 

ပလုံ ဖို ့က များတယ် ။

 

==================

 

အဲဒီ လို မဖြစ်နိုင်ချေများတာကိုမှ မျှော်လင့်ပြီး ပုံအော တာ ဟာ

မိုက်မဲတာ ပေါ့ ။

 

စွန် ့စားရာ မကျတဲ့

(ကိုယ်လုပ်မှ ကိုယ်ရတဲ့ ဖြစ်စဉ် ရဲ့ ့ဆန့်ကျင်ရာ )

မိုက်မဲမှ ုပါပဲ ။

 

===================

 

ဒီလိုပဲ ။

 

တစ်လ နှစ်ခါ ထိုးကြ ( လောင်းကြ)တဲ့ သုံးလုံးချဲက ရော ဘာာာာထူးးးးးလဲ ဲ ဲ ဲ ဲ ဲ

 

ကိုယ့်ဆီက ပါသွားဖို ့အခြေအနေသာ

ပို ရှိနေတာပဲလေ ။

 

===================

 

အောင်ဘာလေ ထီ ဆိုတာကတော့ ထည့်ကို မပြောသင့်တော့ဘူး ။

 

တစ်သက်လုံး ထီ ပုံမှန်ထိုးသွားပြီးးး ဆုသေးသေးလေးတစ်ဆုတောင် မပေါက်ဖူးသူတွေ တစ်ပုံကြီးးး ။

 

ရှေးကံက မမြင်နိုင်ဘူး ။ တစ်လ တစ်ခါတော့ လေးငါးစောင် ထိုး ထားတာ မမှားဘူး ဆိုပြီး ထိုးနေကြတာ ။

 

တစ်ခါမှလည်း မပေါက်ဘူး ။

 

ပေးတဲ့ ထီဆု အရေအတွက်နဲ ့ ရောင်းနေတဲ့ ထီအစောင်ရေ ကို ယှဉ်ကြည့် တော့ ထီထိုးချင်စိတ်ပျောက်သွားတယ် ။ 🙂

 

ဒါပေမယ့် လကုန်ခါနီး ရက်တွေဆို ထီဆိုင်တွေ ရှေ ့မှာ

ထီထိုးသူတွေ တိုးလို ့ ကြိတ် လို ့။

 

အဲဒီလောက် မသေချာ / မရေရာတဲ့ နေရာတွေမှာ

မျှော်လင့်ချက်တွေ ထားပြီး ရှာထားတဲ့ လက်ရှိစည်းစိမ်လေးတွေကို

ဘာလို ့ ပုံအောနေကြတာလဲ ။

 

ဘာလို ့လက်ရှိကို . . . . . .

လက်မဲ့ ဖြစ်နိုင်ချေထဲ

ဖဲ့ ပေးချင်နေကြတာလဲ . . .

 

=======================

 

ကိုယ် လုပ်မှ ကိုယ် ရမယ် ။

ကိုယ့်အား ကိုယ် ကိုးရမယ် . . . ဆိုတဲ့ အဆုံးအမ ကို တိတိကျကျ မလိုက်နာ ချင်ကြတာပဲ ။

 

ကိုယ့်ကို တပါးသူ တစ်ယောက်ယောက်က ကူညီ လိမ့်မယ်လို ့မျှော်လင့်တာဟာ

ကိုယ့်အား ကိုယ် မကိုးချင်တာပဲ ။

 

နည်းနည်းပေးပြီး . . . . . . . များများလိုချင်တာဟာ . . . အချောင်ခိုချင်တဲ့ စိတ် / ကိုယ့်အား ကိုယ် မကိုးချင်သူတွေရဲ ့ စိတ်ဓါတ် ပဲ ။

 

ပြင်ပ အကူအညီရဖို ့ မျှော်လင့်နေရင်တော့ . . .

ဘဝ တွေ ဆုံးလိမ့်မယ် ။

************************

 

ကြက်ဥထဲက ထွက်ရမယ့် ကြက်အကောင် ပေါက်လေးရဲ့ ဖြစ်စဉ်နဲ့ ့တင်စားကြည့်ရရင်တော့ . . . . .

 

ကြက်ဥထဲက ထွက်ချင်တဲ့ ကြက်ကလေးဟာ . . . .

ကိုယ်တိုင် အထဲက ဖောက်ထွက် မှ အသက်ရှင်မယ် ။

 

အပြင်ကနေ

တစ်ယောက်ယောက်က

အခွံခွါပြီး ခွဲထုတ် / ဆွဲထုတ်တာ ခံရရင်တော့ . . . .

ဘဝ ဆုံးဖို ့များတယ် ။

 

ကိုယ့်ဘဝ လွတ်လပ်ချင်ရင် . . . .

လှလှပပ ရှင်သန်ချင်ရင် . . . . . . .

ကိုယ့်အား ကိုယ်ကိုးပြီးးး ဖောက်ထွက်ရမယ် ။

 

မသေချာ မရေရာတဲ့

ပြင်ပ အကူအညီတွေကို

မျှော်လင့် မနေနဲ ။့

 

===================

 

လေးစားစွာဖြင့် . . . . .

 

ပင်လယ်နှင့်တူသော အလင်းဆက်

 

===================

 

((((((( အခုတလော တပါးသူ အကူအညီကိုမျှော်လင့်နေပြီးးးးးးးးး ကိုယ့်အားကိုယ် မကိုးချင်စိတ်တွေ . . . .

ဖြစ်နေလို ့. . . .

ကျွန်တော့် ကို ကျွန်တော်

ပြန်ဆုံးမ တဲ့စကားလေးတွေပါ ။ )))))))

 

 

 

 

 

39 comments

  • ရွှေမိုးတိမ်

    August 11, 2013 at 11:54 am

    မိမိကိုယ်သာ ကိုးကွယ်ရာတဲ့ ။ ဖတ်သွားတယ်ရှင့်။ ကြက်ဥ ဥပမာလေးကို သဘောကျတယ်။ ကိုယ်တိုင် အပြင်ရောက်ဖို့ မကြိုးစားပဲ သူများဖောက်ပေးမှထွက်ရတယ်ဆိုရင် ဟင်းအိုးထဲရောက်ဖို့ သေချာနေပြီပေါ့။

  • kai

    August 11, 2013 at 2:38 pm

    ဟုတ်ပါတယ်..။
    ကိုယ်ကလွဲလို့.. ဘယ်သူ့ကိုမှမကိုးကွယ်နဲ့..
    ဘုရားစကား.. တိတိကျကျနားထောင်…..။ :mrgreen:

    ဒေးလ်ကာနယ်ဂျီကရေးခဲ့တယ်..
    လူသားစိတ်ဓါတ်မြင့်မားခိုင်မာစေဖို့အတွက်ပါ..။
    “သင့်ကိုယ်ထဲတွင်မြင့်မြတ်သော ယောက်ျားတဦးရှိသည်”တဲ့…

    • အရီးခင်

      August 11, 2013 at 2:47 pm

      ဟား …
      ပုရိသဝါဒ ဖြန့်ချီရေး ပရိုပါဂန်းဒါး ကြီးပါဗျို့။ 🙄
      😉

      လူသားတစ်ဦး လို့ လုပ်ပါသူကြီးမင်း ရယ်။
      “သင့်ကိုယ်ထဲတွင်မြင့်မြတ်သော လူသားတစ်ဦး ရှိသည်”

      • kai

        August 11, 2013 at 3:03 pm

        ဟင်းဟင်း… :kwi:
        အဲဒီစာအုပ်ကို.. လွန်ခဲ့တဲ့အနှစ်၃ဝကျော်ကဖတ်ထားတာ…
        မူရင်းမဖတ်ဖူးဘူး..
        ဖတ်ခဲ့တာက.. “တက်တိုး”ဘာသာပြန်တဲ့..” သောကကင်းဝေးနေနိုင်ရေး.”.တဲ့..
        စိတ်ထဲမှတ်မိနေတာက..“သင့်ကိုယ်ထဲတွင်မြင့်မြတ်သော ယောက်ျားတဦးရှိသည်” ပဲ..။
        အနှစ်၃ဝ မကမို့.. မှားချင်မှားမယ်…။

        မူရင်းဘယ်လိုရေးသလဲ အရီးလတ်သိရင်ပြောပြပါလား..

        • အရီးခင်

          August 11, 2013 at 3:19 pm

          အတိအကျတွေ့ရင် မျှပါ့မယ်။
          အဲဒီ Quote တွေ ထဲက ဆိုလိုတဲ့ man ဆိုတာ နှစ်ပေါင်း ၅ဝ ကျော်မှာတော့ male လို့ ဖြစ်ချင်ဖြစ်မပေါ့။
          ဒီနေ့ မှာတော့ တစ်ချို့နေရာတွေမှာ man ဆိုတာ human being လို့လဲ ဆွဲယူလို့ပါပြီ။
          ဒီ သူကြီးမင်း သိသိချည်း နဲ့ လာပြီး ငြင်း ပါတယ် အရပ်ကတို့။ 😛

          ပုံ
          လူတန်းစားညီမျှရေး တွန်းအားပေး ဆြာမကြီး
          မြစာကလေး 😉

    • အလင်းဆက်

      August 11, 2013 at 5:17 pm

      ကျွန်တော့်ကိုယ်ထဲမှာ
      မြင့်မြတ်သော
      ကျွန်တော် ရှိသည် ပေါ့
      :kwi:

  • အရီးခင်

    August 11, 2013 at 2:48 pm

    ဒီလို ကိုယ့်ဟန် နဲ့ ကို ကိုယ့်အတွေးတွေကို ချပြတာတွေ က ရေးရတာ ပိုပြီး မလွတ်လပ် ပေဘူးလား အလင်းဆက် ရေ။
    ပိုပြီး ဖတ်လို့ ကောင်းပါတယ်။ 😛

    ချစ်ခင်စွာဖြင့်
    အရီး

    • အလင်းဆက်

      August 11, 2013 at 5:29 pm

      ကိုယ့် ဟန်နဲ့ ကိုယ် ရေးလိုက်တာလေး
      ဖတ်လို ့ကောင်းတယ်ဆိုလို ့
      ဝမ်းသာပါါတယ် အရီးရေ

      🙂

  • အရီးခင်

    August 11, 2013 at 3:22 pm

    Take a chance! All life is a chance. The man who goes furthest is generally the one who is willing to do and dare.
    Dale Carnegie

    The successful man will profit from his mistakes and try again in a different way.
    Dale Carnegie
    ==============
    အောင်မြင်တဲ့ အမျိုးသမီး များကရော အမှား ကနေ တနည်း နဲ့ ပြန်မပြင်ကြတော့ဘူး တဲ့လား။
    ငှဲ၊ ငှဲ၊ ငှဲ၊
    😉

    • kai

      August 11, 2013 at 3:50 pm

      အရီးလတ်ရေ..
      ဘာသာပြန်လို့ပြောထားတာ.. (ဆရာကြီး)တက်တိုးနော…
      ငှဲငှဲငှဲ…
      နောက်တာပါ..
      အဲဒီစာအုပ်.. အင်တာနက်ထဲတွေ့တာ.. ဒေါင်းမရဘူးဖြစ်နေတယ်..
      http://yatanavasatemple.ning.com/forum/topics/e-books?xg_source=activity
      ♪ ♫ ♫ဒေါင်းရတဲ့.. လင့်ခ်ကလေးသိရင်ပြောကြပါကွယ်.♪ ♫ ♫. ကျေးဇူးဆပ်ပါမည်…။ ♪ ♫ ♫

      • အလင်းဆက်

        August 11, 2013 at 5:24 pm

        အိုက်ဒိ ဆရာကြီး ပြောခဲ့တဲ့စကား ရှိတယ်

        အရမ်း ဘာသာ မပြန်နဲ့ တဲ့

      • အရီးခင်

        August 11, 2013 at 10:04 pm

        ဟား
        ဒီ သူကြီးမင်း တော့
        မူပိုင်ခွင့် ကို ချိုးဖောက်ပြန်ပြီဟေ့။ 😉

      • ဦးကြောင်ကြီး

        August 12, 2013 at 8:28 am

        အာရေဗျလို ရေးထားတာရှိတယ်… သာဂျီးဖတ်ချင်လား… အူရဒူဘာသာနဲ့ကတော့ ရှာရအုံးမယ်… လိုဂျင်ပြောပါ…

        • အလင်းဆက်

          August 12, 2013 at 9:51 am

          ကျွန်တော် ဖက်ချင်တဲ့
          ချစ်သုဝေဘာသာ နဲ့ ရေးထားတာ ရှိလား
          🙂

  • DEPARKO DEPARKO

    August 11, 2013 at 3:43 pm

    ထီကတော့ ညီလေးရေ မလှုတတ် ထီထိုး ဆိုတဲ့ စကားပုံရှိတယ် ထီရောင်းရငွေရဲ့ ၆ဝ ရာခိုင်နှုန်းကို ဆုငွေအဖြစ်ပြန်ပေးတယ် တကယ်လို့ ဆုငွေ မထုတ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် မထုတ်တဲ့ဆုငွေတွေကို သတ်မှတ်ရက်ကျော်လွန်သွားရင် အပိုဆုမဲအနေနဲ့ပြန်ထုတ်ပေးတယ် ထီကရတဲ့ ငွေဟာ အခွန်ကင်းလွတ်ငွေဖြူဖြစ်တယ် အိမ်။ကား ဘာလုပ်လုပ် ဘာဝယ်ဝယ် အခွန်ပေးဆောင်ဘို့မလိုဘူး နောက် ထီကရတဲ့ ဘဏ္ဍာငွေကို လူမှုရေးလုပ်ငန်းတွေမှာဘဲသုံးခွင့်ရှိတယ်
    (ပညာရေး ကျမ်းမာရေး) တခြားစရိတ်တွေမှာ အစိုးရအနေနဲ့သုံးခွင့်မရှိဘူး အလွန်အကျွံ ထီကစားဘို့ဘဲလိုတယ်

    • အလင်းဆက်

      August 11, 2013 at 5:26 pm

      ဟုတ် ။

      ကျွန်တော် တော့ ထိုးတိုင်း မ ပေါက်လွန်းလို ့
      ထီဆိုတာ မဖြစ်နိုင်ချေ တော်တော်များပါလား လို ့ကို ယူဆ နေတာ ။

      လှူ တယ် ဆိုတဲ့ စိတ်နဲ့ ထိုးနိုင်ရင်တော့ ကောင်းတာပေါ့နော်။
      🙂

  • garfield

    August 11, 2013 at 3:52 pm

    မှန်ပါ့ဗျာ။
    တော်တော်များများ လက်ခံထားတာတွေ တူညီပါတယ်။

    သူများအကူအညီကိုတော့ သများမမျှော်ကိုးတတ်ဘူး သိလားးး
    သများက သူများကို ခိုင်းပဲ ခိုင်းတတ်တာ။ ငိငိငိ။
    😀

  • TNA

    August 11, 2013 at 6:16 pm

    ကောင်းလိုက်တဲ့ပိုစ့်ပဲအလင်းဆက်ရေ။ သက်ငယ်စကားသက်ကြီးကြားဆိုသလိုပါပဲ။ စိတ်ညစ်နေချိန်မှာ ဒီစာဖတ်ရတာ တခုခုရလိုက်သလိုပါပဲ။ ရင်ထဲမယ်နဲနဲပေါ့သွားသလိုပဲအေ။ ငါလဲဒီလိုပဲကိုယ့်ကိုကိုယ်ဆုံးမရ မယ်ထင်ပါ့အေ။

    • အလင်းဆက်

      August 12, 2013 at 9:52 am

      အဟိ

      သက်ငယ်စကား သက်ကြီးကြားးတဲ့လား
      အန်တီသဲရေ

      🙂

      • TNA

        August 12, 2013 at 2:52 pm

        အေးပေါ့အေ။ ငါလဲသူများကိုမှီခိုချင်စိတ် အားကိုးချင်စိတ်ကြောင့်အခုစိတ်ညစ်နေရတာ ညီးဆုံးမစာလေးဖတ်လိုက်တော့ ကိုယ့်ဟာကိုဖြစ်အောင်လုပ်မယ်လိုစိတ်ပိုင်းဖြတ်နိုင်ခဲ့တာ။ အဲတော့လဲ သက်ငယ်စကားသက်ကြီးကြားပေါ့အေ။

        • အလင်းဆက်

          September 14, 2013 at 8:19 pm

          ကောင်းပါလေ့
          ကောင်းပါလေ့…
          🙂

  • โทรศัพท์มือถือ

    August 11, 2013 at 8:53 pm

    ကိုယ်ထင်တဲ့ အပိုင်ဂဏန်း
    ဆယ်ကွက်ထိုး ပါဦး ။
    ကျန်တဲ့ အကွက် ကိုးဆယ်ထဲက ထွက်သွား နိုင်တာပဲမဟုတ်လား ။
    လွဲနိုင်ချေတွေက အဆများစွာ ရှိနေတာ ။
    ————————————–
    အဲ့ဂါ ဆိုရင်ဂျာ ကိုအလတ်ဇင်း ဒိုင်လုပ်ကြည့်ပါလားဗျ…
    ++++++++++++++++++
    ပေးတဲ့ ထီဆု အရေအတွက်နဲ ့ ရောင်းနေတဲ့ ထီအစောင်ရေ ကို ယှဉ်ကြည့် တော့ ထီထိုးချင်စိတ်ပျောက်သွားတယ် ။ 🙂
    ဒါပေမယ့် လကုန်ခါနီး ရက်တွေဆို ထီဆိုင်တွေ ရှေ ့မှာ
    ထီထိုးသူတွေ တိုးလို ့ ကြိတ် လို ့။
    အောင်ဘာလေထီဆိုတာ ဒဂယ်တမ်းတွက်ကြည့်ရင် အခြားလောင်းဂဇားများထက်စာလျှင်
    အတော်ထိုးသင့်သဗျ… ဘာ့လို့ဆိုဒေါ့… ထီလက်မှတ် အရေအတွက် ရောင်းရငွေ အမောင့်ရဲ့
    ၆၀% ကိုပြန်ပြီး ဆုကျေးငွေ ထုတ်ပေးသကိုးဗျ…
    ချဲလ်(၃လုံး) ထက်စာလျှင် ချဲလ်က ကျနော်သိသလောက်တော့ အဆ(၅၀၀)….
    ဂဏန်းအကွက်အရေအတွက်ရဲ့ ၅၀% ကိုပြန်ပေးတယ်… တစ်ခုဝမ်းနည်းဖို့ ကောင်းပြန်တာက
    ပေါက်ခဲ့ပါက ဒိုင်မငြိမ်….
    အောင်ဘာလေ မဟာထီကကျတော့ အဲ့လိုမဟုက်ပေဘူးဗျ…. ဒိုင်က မာထင်နေရုံမက
    ပေါက်လို့ရလာတဲ့ပိုက်ဆံက အခွန်ကင်းလွတ်ခွင့်ရ ဆိုဒေါ့ဂါ….
    ကျနော့ အမြင် ထိုးသင့်တယ်လို့ ထင်တယ်

    ———————–
    လေးစားစွာဖြင့် . . . . .
    ပင်လယ်နှင့်တူသော အလင်းဆက်
    ——
    ဘာလဲဗျ… ပင်လယ်ရေက အတော်ငံဆိုဒေါ့…
    ငံတယ် လို့ဆိုလိုတာလားးးးမသိလို့မေးဗာဒယ်…..
    လေးစားစွာဖြင့် ဘာနဲ့မှမတူတဲ့
    မောင်မိုဘိုင်းးးးးးးးးးးးးး

    • အလင်းဆက်

      September 14, 2013 at 8:22 pm

      ဘာနဲ ့မှ မတူတဲ ့… မိုဘိုင်း ဆိုပါလား…
      🙂

      ပင်လယ်ဆိုတာနဲ ့..ငံတယ်လို ့ပဲ.. မြင်သလားတွာ..။
      🙂

  • ဦးကျောက်ခဲ

    August 12, 2013 at 8:34 am

    ထီလည်းမထိုး၊ ချဲလည်းမထိုးဘူး…
    ကံကိုမမျှော်ဘူး… ကိုယ်ရှာလို့ရတာပဲ ကိုယ်သုံးတယ်…
    တပါးသူ အကူအညီကိုမျှော်လင့်နေရင် ထမင်းငတ်သွားမယ်လေ…
    အဲ… သူများကိုတော့ ခိုင်းတတ်တယ်… ဟီး ဟီး
    😀

  • ခင် ခ

    August 12, 2013 at 9:36 am

    “ဦးခင်ခကြီး အလာကောင်းပေမယ့် အခါနှောင်းပြီဗျ´´
    “ဟေ ဘာဖြစ်လို့လဲ´´
    “အလင်းဆက်လေ´´
    “မြန်မြန်ပြောစမ်းပါအုံး အလင်းဆက်ဘာဖြစ်လို့လေ´´
    “ဪ ဦးခင်ခကြီးကလည်း ပူတတ်ရန်ကော အလင်းဆက်ဘာမှမဖြစ်ပါဘူး ဒါပေမယ့် အခုတစ်ခေါက် ရန်ကုန်ရောက်တုန်း အလင်းဆက်ကို သဘောကျလို့ မိတ်ဆက်ပေးပါပြောနေတဲ့ ကောင်မလေးချောချော နဲ့ ဦးခင်ခကြီးက အလင်းဆက်နဲ့မိတ်ဆက်ပေးရင် အောင်သွယ်လုပ်မလို့ဆို´´
    “အေးလေ အဲဒါနဲ့ အလာကောင်း အခါနှောင်းတာနဲ့ မဆီမဆိုင်´´
    “ဆိုင်တာပါကောဗျ အခုအလင်းဆက်က ပိုစ့်ရေးလာတယ် မိမိကိုယ်သာအားကိုးရာတဲ့´´
    “ဪဒီလိုလား ဒါဆိုလည်းရှိပါစေတော့လေ´´

  • ဦးဦးပါလေရာ

    August 12, 2013 at 11:44 am

    ကျုပ်တို့နိုင်ငံသားတွေလောက် ကိုယ့်အားကိုယ်ကိုးတာ တခြားမှာဘယ်ရှိလိမ့်မတုန်း …
    ကိုယ့်အားကိုယ်ကိုး မီး
    ကိုယ့်အားကိုယ်ကိုး ရေ
    ကိုယ့်အားကိုယ်ကိုး လမ်း
    ကိုယ့်အားကိုယ်ကိုး ကျောင်း
    ကိုယ့်အားကိုယ်ကိုး ဆေးရုံ ဆေးခန်း
    ကိုယ့်အားကိုယ်ကိုး နာရေးဝန်ဆောင်မှု့ ….
    တစ်ခုပဲ မရှိတာ …
    ကို်ယ့်အားကိုယ်ကိုး အစိုးရ
    🙁

  • kyeemite

    August 12, 2013 at 11:49 am

    “အတ္တာဟိအတ္တနောနာဋ္ဌော”
    ယနေ့ထိ မိမိလုပ်ခဲ့သလောက်သာမိမိခံစားနေရပါဂျောင်း… 🙂

  • Kyi Lwin

    August 12, 2013 at 2:00 pm

    တချို့သော လူတွေက ဗုဒ္ဒဘာသာကိုးကွယ်တယ်လို့ပြောကြပါရဲ့။ ကိုယ်ကိုးကွယ်တဲ့ ဆရာသမား ဘယ်လို ညွှန်ကြားပြသ သလဲ မလေ့လာ မသုံးသပ်ကြဘူး။ ကိုယ့်အားကိုယ်ကိုးတဲ့ လမ်းစဉ်ကို မလိုက်နာချင်ကြ။ အားကိုးရာရှာချင်ကြ။ အချောင်လိုချင်ကြတယ်။ ဒါတွေဟာ အချောင်သမားစိတ်ဓါတ်တွေပဲ။
    ဘယ်အရာမဆို ကိုယ်လိုချင်ရင် ကိုယ့်အားကိုယ်ကိုး ကြိုးစားမှ အောင်မြင်နိုင်တယ်ဆိုတာ သဘောမကျ ကြဘူး။
    ဒီလိုအချောင်သမားတွေ များနေလို့လဲ လောကကြီးမှာ ကြီးနိုင်ငယ်ညှင်းတွေ လိမ်လည်လှည့်ဖျားမှုတွေ မတရားလုပ်မှုတွေများနေတာပေါ့။ လူတို်င်း လူ့ကျင့်ဝတ်ကို လိုက်နာ ကျင့်သုံးနိုင်ကြပါစေကြောင်း..။

    • အလင်းဆက်

      September 14, 2013 at 8:20 pm

      ဆုတောင်းလိုက်ပါတယ်…
      အဲ..အဲ…
      ဆုတောင်းတိုင်းလည်း..ဖြစ်ပါဘူးအေ…
      :kwi:

  • โทรศัพท์มือถือ

    August 12, 2013 at 6:51 pm

    ကိုယ်ထင်တဲ့ အပိုင်ဂဏန်း
    ဆယ်ကွက်ထိုး ပါဦး ။
    ကျန်တဲ့ အကွက် ကိုးဆယ်ထဲက ထွက်သွား နိုင်တာပဲမဟုတ်လား ။
    လွဲနိုင်ချေတွေက အဆများစွာ ရှိနေတာ ။
    =======
    အဲ့ဒီအတွေးအခေါ်အယူအဆလေး သဘောကျလှသဗျာ…….
    ကိုအလတ်ဇင်း ဒိုင်လုပ်ကြည့်ပါလားဗျ……..
    ………..
    အောင်ဘာလေ ထီ ဆိုတာကတော့ ထည့်ကို မပြောသင့်တော့ဘူး ။
    ==============
    အောင်ဘာလေထီဆိုတာ ဒဂယ်တမ်းတော့ ထီလက်မှတ်အားလုံးရဲ့ ရောင်းရငွေရဲ့
    ၆၀% ကိုပြန်ပြီး ဆုကြေးတွေအဖြစ် ထုတ်ပေးပါတယ်…..
    ချဲလ် ထက်စာလျှင် ပိုမို၍ အဆများရသလို…. ချဲလ်ပေါက်လျှင် ဒိုင်ပြေးမှာတွေဘာတွေ
    ပူနေစရာမလိုပါဘူး…. သေချာပေါက် ဆုကြေးငွေရတဲ့ ကစားနည်းပါ……
    ရတဲ့ ဆုကြေးငွေဟာလည်း အခွန်ကင်းလွှတ်ခွင့်ရသမို့… အင်မတန်မှ ထိုးပျော်တဲ့
    ကစားနည်းတစ်ခုဖြစ်ကြောင်း ပြောချင်ပါတယ်……

    • အလင်းဆက်

      September 14, 2013 at 8:24 pm

      အင်မတန်မှ ထိုးပျော်တဲ့
      ကစားနည်းတစ်ခုဖြစ်ကြောင်း ပြောချင်ပါတယ်……….

      ဆိုပေမယ့်….
      အင်မတန်မှ… ဖြစ်နိုင်ချေနည်း..တဲ့.. ကစားနည်းကို.. မကစားချင်ပါကြောင်းးး
      ဘာမှန်းမသိတဲ ့.. ကံတရားကြီးကို..ယုံစားပြီး..ကိုယ့် အိတ်ထဲက..ပိုက်ဆံကို..
      ခပ်လွယ်လွယ်..မျှော်လင့်ချက်နဲ ့.. ထုတ်မပေးချင်ပါကြောင်းးးးး

      ဒိုင် လုပ်ဖို့တော့ နည်းနည်း စိတ်ဝင်စားတယ် ။
      ဒါက… ကိုယ်ရဖို့ ရာခိုင်နှုန်းများတာကိုးးးး

      :kwi:

  • KZ

    September 15, 2013 at 8:50 am

    အဲလာမြန်းအေ။
    ကိုယ့်ကို ကူညီဖို့နေနေသာသာ စေ့စေ့တောင်မကြည့်ကြတဲ့ နိုင်ငံမှာ ၁ လလောက် နေနိုင်ရင် ကိုယ့်အားကိုယ်ကိုးတတ်လာလိမ့်မယ်။

    အဟင့်
    စိတ်နာတယ်။

    😥

    • အလင်းဆက်

      September 15, 2013 at 9:44 am

      အဟိ
      အလိုအလျောက် ကိုယ့်အား ကိုယ်ကိုးစနစ်ထဲ မှာ
      အလိုအလျောက် ကွက်တ်ကျနေတော့တာပေါ့နော်

      :kwi:

Leave a Reply