994501_606394266051410_553945615_n

ကျွန်တော် မွေးဖွားခဲ့ရတယ်….
“အူဝဲ”လို့တော့ ဟစ်ကြွေးခွင့်မရခဲ့ပါဘူး…
ပညတ်ချင်းမှ    မ တူ ဘဲ လေ…

ကျွန်တော် ကြီးပြင်းခဲ့ရတယ်…
နို့ချိုကိုဝေမျှ မ၀တ၀နဲ့ပေါ့…
ဖွားဖက်တော် အတွက်တော့   မ ဟုတ် ဘူး လေ…

ကျွန်တော် ရှင်သန်ခဲ့ရတယ်…
ထွန်တုံးအောက်က ဘ၀မို့
သက်တောင့်သက်သာတော့    မ ရှိ ဘူး လေ…

“သတ်စေ”တဲ့
နဖားကြိုးအောက်ကဘ၀ ကြိုးမိန့်ပေးခံခဲ့ရ…
ဘာတွေများ မကောင်းပြုမိခဲ့လို့လဲ
ကျွန်တော်က … ခင်ဗျားတို့အတွက် အသုံးချခံသက်သက်ပါဗျာ…
ဘယ်တုန်းကမှ စိတ်ဆန္ဒအရ မနေနိုင်ခဲ့တဲ့ဘဝ
ကျွန်တော့် အသား ခင်ဗျားတို့အတွက် ချို ပါ စေ ဗျာ…

ရွှေမိုးတိမ်

 

About ရွှေမိုးတိမ်

shwe yee has written 18 post in this Website..

Dear all , nice to see you :) I am from Mandalay and I love to read , write and share my feeling with friends.