ကိုယ်ထူ ကိုယ်ထ စနစ် မန်းလေး မြန်မားမယ်

ကိုယ်ထူကိုယ်ထ လမ်း။

ကိုယ်ထူကိုယ်ထ ဓါတ်ကြိုး/တိုင်။

ကိုယ်ထူ ကိုယ်ထ ထရွန်စဖော်မာ။

ကိုယ်ထူကိုယ်ထ …………။

ကိုယ်ထူ ………………………။

အစကတော့ရေးမယ်ဟဲ့ဆို ပြီး။

ခုတော့ရေးချင်စိတ် မရှိတော့ဘူး။

အဲဒီကိုယ်ထူကိုယ်ထ ဆိုတာနဲ့ပါတ်သတ်ပြီး

သဘောထားဘယ်လိုရှိသလဲဆိုတာတော့ ပြောချင်ရင်

မန့်ပေးကြပါဗျာ။ အဲဒီမှာပဲပြောကြတာပေါ့ဗျာ။

10 comments

  • မင်းမင်း

    August 12, 2013 at 12:13 pm

    “ဦး မျိုးချစ်ခင်ဗျာ ခုလိုကျုပ်တို့ရပ်ကွက်မှာ ကိုယ်ထူကိုယ်ထ

    လမ်းတွေ မီးတိုင်တွေ လုပ်တဲ့အပေါ်ခင်ဗျားအမြင်လေး ပြောပါအုံး”

    “ဝလို့ ကတော့ ကြိုက်ပါတယ်။နီးတို့ မြန်မား မယ် ဆီးပွားရေအမြင်မရှိကြဘူး

    ဝ ဒီအကွက်ကို ကူးရာပေးတယ်။ ဟောခု လန်းတွေ မီးတိုင်တွေနီ့ ဆိုသော့

    ခု တထောင်လာပေးသွားပြီ။ ဒီကိုယ်သူကိုယ်သ နဲ့ တစ်အိမ်ကို ငါးသိန်းမီထုတ်

    ရဘူး ။ဟော ခုစို မြေက တစ်ရာတက်သွားပြီ။ ဒီကိုယ်သူကိုယ်သ စနစ်ကို ဝ က

    ကြိုက်တယ် ထောခံတယ်”

  • မင်းမင်း

    August 12, 2013 at 2:10 pm

    “ကိုဌေး အလုပ်မသွားဘူးလားဗျ”

    “ဟုတ်တယ်ဗျုး မိုးကကောင်းနေတော့ မသွားဖြစ်ဘူး

    ဒီမိုးနဲ့ကျုပ်တို့နဲ့ကိုက်ပါဘူးဗျာ။မိုးကောင်းရင်ကျုပ်တို့ပန်ရံအဖွဲ့

    ငတ်ဖို့သာပြင်ထားပဲ”

    “အေးဗျာ ဒါနဲ့စကားမစပ် ဒီကိုယ်ထူကိုယ်ထ လမ်း မီးတိုင်းတွေ

    လုပ်တဲ့အပေါ်ခင်ဗျားအမြင်လေး”

    “ဘယ်လိုမှမမြင်ပါဘူး။ ကျုပ်အတွက်တော့ ဒီလောက်မလိုဘုး

    ကားမရှိဘူး လာမဲ့ဧည့်သည်မရှိဘူး။ မီးသုံးဖို့ကလဲ ထွေထွေထူး

    ထူးမရှိဘူး။ ဒီတော့လမ်းတွေ မီးတွေက ကျုပ်အတွက်အရေးတ

    ကြီးမဟုတ်ဘူး။အရေးကြီးတာက ပိုက်ဆံဗျ ပိုက်ဆံ။ မနှစ်က

    တည်းက အရစ်ကျပေးရတဲ့ လမ်းကြေး ခုမကျေသေးဘူး။

    အလုပ်ကလည်းကောင်းလိုက် မကောင်းလိုက်နဲ့။ စိုက်ပေးတဲ့လူ

    ကရတယ် ဖြည်းဖြည်းပေးဆိုလို့။မဟုတ်ရင် ရှိတဲ့ဝိုင်းတခြမ်း

    ရောင်းပေးရမလားပဲ။”

  • မဟာရာဇာ အံစာတုံး

    August 12, 2013 at 2:26 pm

    ကိုယ်ထူ ကိုယ်ထ ဆိုမှတော့ …
    ကိုယ်ထူမှ ကိုယ်ထ ရတာပေါ့ဗျာ …
    သူများ က ထူမပေးဘူး ….
    ဘာဖြစ်ဖြစ် ကိုယ်ထူကိုယ်ထ ဆိုတော့ …
    ကိုယ့်ဟာကိုယ် ဂုဏ်ယူနိုင်ဒါပေါ့ ..
    ဒါဘာဗျဲစ် ..

  • TNA

    August 12, 2013 at 2:58 pm

    ကိုယ်ထူမှ ကိုယ်ထရတာမို့ ကိုယ်ဖာသာကိုယ်ပဲထူရတော့မပေါ့။ မိဘမိဘလို့အော်နေတဲ့ ဟိုဘဘများကလဲ သူတို့ဟာသူတို့ထူနေရတော့ သူများထူဖို့ မအားဘူးတဲ့။

  • အ ရိုင်း

    August 12, 2013 at 7:52 pm

    ကိုယ်ဖာသာထူ ကိုယ်ဖာသာထ တဲ့……………..အရမ်းမထူ
    အရမ်းမထနဲ့….. ပြန်တွန်းလှဲ လိမ့်မယ်..သောက်ကျင့်ကောင်းတဲ့သူတွေအုပ်ချုပ်နေတာမဟုတ်ဘူး..။

  • မင်းမင်း

    August 13, 2013 at 9:04 am

    ” ဗျိုး ဥက္ကဌ ကြီးဘယ်တုန်းဗျ ရေးကြီးသုတ်ပြာနဲ့”

    “စည်ပင်ရုံးကို လမ်းခင်းဖို့ စာတင်ထားတဲ့ ကိစ္စ အဲဒါလာခဲ့

    ပါအုံးဆိုလို့”

    “ဘယ်လမ်းအတွက်တုံးဗျ”

    “လမ်းသွယ် (–)အတွက်လေဗျာ။ ခု ငွေကောက်တာပြည့်

    ပြီဗျ”

    “အော် အင်းအင်း သွားသွားအရေးကြီးတယ်မြန်မြန်သွား”

  • မင်းမင်း

    August 13, 2013 at 9:36 am

    ” ဒေါ် ဒေါ်ကြီး မျက်နှာကြီးစူပုတ်လို့ပါလားဗျ။ ဘယ်သူနဲ့

    စကားများပြန်လာတာတုန်းဗျ”

    “အမလေးမပြောချင်ပါဘူး ကိုမင်းရေ”

    “မပြောချင်လဲ မပြောပါနဲ့ နားညီးသက်သာတာပေါ့ဗျာ”

    “ဟဲ့ သေနာရဲ့ နင်မေးလို့လဲငါပြောရသေးတယ် ။ မပြောချင်

    ဘူးဆိုတာ ပြောစရာဖြစ်နေလို့ ကိုး ပြောရတာ”

    “ခင်ဗျားစကားကလဲ မရှင်းမရှင်းနဲ”

    “ဒီလို ကိုမင်းရေ ။ နင်တို့ ဘက်လမ်းသွယ်လမ်းခင်တုန်းက

    ငွေစိုက်ပေးတဲ့သူရှိတော့ အဆင်ပြေပြေ နဲ့ အေးဆေးခင်းလို့

    ရတယ်။ငွေကောက်တဲ့သူတွေကလည်း စည်းစည်းရုံးရုံးနဲ့။”

    “ဖြစ်ရမယ်လေ။ဖြစ်ရမှာပေါ့။ ဟဲဟဲဟဲ”

    “အေး အေး နင်တို့ဘက်ကအဆင်ပြေပေမဲ့ ငါတို့ဘက်ကအဆင်

    မပြေဘူးဟဲ့”

    “ဘာလို့တုန်းဗျ”

    “အမလေး သူများလမ်းခင်းလို့ တို့လမ်းထဲကလည်းလိုက်ခင်း

    ချင်နေတာ။ နန့်နန့် ကိုတက်နေတာပဲ။ ဟိုအုပ်စုတွေလေသိတယ်

    မလား”

    “အော် ဟုတ် ”

    “အေး ခင်းချင်တော့သူတို့ ငွေစိုက်ဖို့တော့ တယောက်မှ တုတ်

    တုတ်မလှုပ်ဘူး။ တလအတွင်း အပြီးသွင်းရမယ်တဲ့။ သူတို့

    အဆင်ပြေတိုင်း သူများအဆင်ပြေမယ်ထင်နေလားမသိဘူး။

    အိမ်က ဟာကြီးကလည်း ဒါမျိုးကျ ရှက်တာလိုလို ကြောက်တာ

    လိုလိုနဲ့။ ငါကတော့ရှက်ပါဘူး။ ရ ရင်ရမယ် ။မရ ရင် မရ ဘူး

    ရှင်းရှင်းပဲ။ ဘယ့်နဲ့တော် အရေးပေါ် ဖြစ်လို့ နောက်လမှ ထည့်

    မယ်ဆိုတာကို အကြွေးတောင်းသလို လာတောင်းနေတယ်။

    ဒီက အငယ်မ ဆိုင်ကယ် တိုက်လို့ ဆေးရုံတင်ရလို ့ လမ်းခင်း

    ဖို့ က ချန်ထားတာ ဆေးစရိတ်ထဲပါသွားတယ်လေ။ သူတို့လမ်း

    ထက်အရေးကြီးတယ်ဟဲ့။ တကတည်း လမ်းကလက်ရှိအကောင်း

    ကြီး သူတို့ ဟာသူတို ပြိုင်ချင်တာနဲ့ ။”

    “အေးပေါ့ဗျာ အချင်းချင်းတွေပဲ ။ တယောက်နဲ့တယောက်

    အဆင်ပြေအောင်ညှိကြပေါ့ဗျာ”

    “ငါတို့ကတော့ရှင်းရှင်းပဲ။ မိသားစု အရေးပြီးမှ ကျန်တဲ့ အရေး

    စဉ်းစားမယ်။ ဒါပဲ။”

  • kyeemite

    August 13, 2013 at 11:36 am

    “ကိုထူ” နဲ့ “ကိုထ” ညီအကိုနှစ်ယောက်ကြောင့်
    နေရာတော်တော်များများ လမ်းနဲ့ မီးနဲ့ဖြစ်နေရသကိုးဗျ…
    သယံဇာတတွေရောင်းရငွေတွေကတော့…
    ဟိုလူတွေ ထူးဖို့ ထဖို့တောင်မလောက်ဘူး… 😀

  • အလင်းဆက်

    August 13, 2013 at 9:48 pm

    ကိုယ်ထူကိုယ်ထ ဆိုတော့..
    သူများထူရင် မထနဲ ့ပေါ့ကွယ်…

    အဟိ

  • ဦးကြောင်ကြီး

    August 14, 2013 at 9:51 am

    ကိုယ်ထူကိုယ်ထ
    လိုသူငိုပြ
    ပျိုခြူဆိုလှ
    မှိုဖြူချိုစွ..

Leave a Reply