အထူးခြားဆုံး စာအုပ်တစ်အုပ်ကို ညွှန်းဆိုဝေဖန်ခြင်း

alinsettAugust 13, 20132min28421

စာအုပ်နှင့် မိတ်ဆက်ခြင်း
_____________________

2013 /ဇူလိုင်လ /
မိုးစက် နေ့ရက်များ ဟာ. . . . . . .ကျွန်တော့် ဘဝ ရဲ့
ထူးခြားသော ရင်ခုန်ပျော်မြူးဖွယ်ရာ အချိန်ကာလ တစ်ခု ဖြစ်သလို . . . . . .

Mandalaygazette ရဲ့ ့
ထူးထူးခြားခြား အမှတ်တရ ဖြစ်စေခဲ့သော အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ် ။

ဘာကြောင့်လဲ ဆိုတော့ . . . . .
ဂဇက်ရွာ သမိုင်း မှာ . . .. .
ဦးဦးဖျားဖျား/ထူးထူးခြားခြား လို ့ မှတ်တမ်းတင်ရမယ် ့ . . . .
စာအုပ်ကလေး တစ်အုပ်ကို
ထုတ်ဝေဖြန် ့ချိနိုင်ခဲ့တဲ့ အချိန်ကာလ ဖြစ်နေလို့ပါပဲ ။

===================

သေသပ်လှပတဲ့ … … …
ဂဇက်အမှတ်တရ
ဆုရ စာမူစုစည်းမှု စာအုပ်ကလေး ထုတ်ဝေနိုင်ခဲ့ခြင်းဟာ
ဂဇက်ရွာ သမိုင်း အသစ် . .
အခုထက်ပို ဆန်းသစ်
အောင်မြင်စေဖို့ အတွက် အင်အားတစ်ရပ် ထုတ်ဖော်ပြသ နိုင်ခဲ့ခြင်းလည်း
ဖြစ်ပါတယ် ။

www.myanmargazette.net မှာ အတွေး / အမြင်များကိုရေးသားတင်ပြနေကြတဲ့

မန်ဘာများ ရဲ့ စာပေ / အနုပညာ / အတွေးအခေါ် အင်အားများ . . . ထည်ထည်ဝါဝါ ဖွင့်လှစ်ပြသနိုင်ခဲ့တဲ့ တံခါးတစ်ချပ်လည်း ဖြစ်ပါတယ် ။

Mandalaygazette.comဆိုတာ

ဒီလို စာ / ဒီလိုကဗျာ နဲ့   ဒီလို အတွေးအမြင်တွေက်ို တင်ပြနိုင်တယ် ဆိုပြီး

ဂုဏ်ယူကျေနပ် နိုင် စေတဲ့ စာအုပ်ကောင်းတစ်အုပ်ကို . . .သေသပ်လှပစွာ နဲ ့ . . .

ဖတ်ချင်စဖွယ် ဖြစ်အောင် . . . အကောင်းဆုံး ထုတ်ဝေ နိုင်ခဲ့ပါပြီ ။

====================

စာအုပ်ကလေးကို တစ်ချက် ကလစ်လိုက်ရင် အန်တီပဒုမ္မာရဲ ့ စာအုပ် ပိုစ့်လေးဆီရောက်မယ်နော်။
စာအုပ်ကလေးကို တစ်ချက် ကလစ်လိုက်ရင် အန်တီပဒုမ္မာရဲ ့ စာအုပ် ပိုစ့်လေးဆီရောက်မယ်နော်။

 

စာအုပ်ပီပီသသ ။ ။
________________

စာအုပ်တစ်အုပ်ကို ဖတ်တဲ့အခါ . . . . .

အဲဒီ စာအုပ်အတွက် ကိုယ် ပေးလိုက်ရတဲ့ အချိန် / ငွေ / ဉာဏ် . . . စ တဲ့ အရင်းအနှီးနဲ ့တန်တဲ့

အကျိုးရလဒ် ပြန်ရ မှ . . .

အဲဒီစာအုပ်ဟာ စာအုပ် ပီသ တယ် လို ့ . . . အလင်းဆက် ယူဆ ပါတယ်။

စာအုပ်တစ်အုပ်ဟာ . . . ဖတ်သာ ဖတ်လိုက်ပြီးးး

ရသလည်း ပီပီပြင်ပြင် မရ လိုက် /

သုတ လည်း ထိထိရောက်ရောက် မရလ်ိုက် /

စဉ်းစားတွေးခေါ် စရာ . . သင်ခန်းစာ ယူစရာလည်း ပြောပလောက်အောင် မပါဝင်တဲ့ စာအုပ်မျိုး ကို

အချိန်တွေ ငွေတွေ ဉာဏ်တွေ စိုက်ထုတ်ပြီး ဖတ်လိုက်ရတဲ့ အဖြစ်မျိုးးး

မကြုံရအောင် . . . .

စာအုပ် ပီသတဲ့ စာအုပ်ကို   ရွေးချယ် ဖတ်ရှု ရမှာပါ ။

——————————————————————

အခု ဂဇက် စာပေဆုရ စာမူများကို အမှတ်တရ စုစည်း ထုတ်ဝေ တဲ့ စာအုပ်ကတော့ . . .

စာအုပ်ပီပီသသ . .  စာအုပ် အစစ်တစ်အုပ် ဖြစ်ကြောင်းးး

ရဲရဲတောက် အာမခံနိုင်တဲ့ စာအုပ်ပါ ။

ဒီစာအုပ်ကို ဖတ်မယ့်သူဟာ . . .

ထိုက်တန်တဲ့ ရသ / သုတ နဲ့ ့  အတွေး အမြင် များကို သေချာပေါက် ရနိုင် ယူနိုင်မှာ ဖြစ်ကြောင်းလည်းး

အာမ ခံဝံ့တဲ့ စာအုပ်ကောင်းပါ ပဲ ။

===========================================================

 

စာအုပ် နောက်ကျောဘက် မြင်ကွင်းလေးပါ။
စာအုပ် နောက်ကျောဘက် မြင်ကွင်းလေးပါ။

စာအုပ် အရည်အသွေး ။ ။

ဂဇက် စာပေဆုရ စာမူများ အမှတ်တရ စုစည်းမှု စာအုပ်ကလေးဟာ . . .

စာမူများရဲ့ အတွင်းသား အနှစ်သာရ တန်ဖိုး / လှပ တင့်တယ်မှု ရှိတဲ့ အပြင် . . .

အပေါ်ယံ မြင်တွေ ့ရတဲ ့ အမြင်ကလည်း တင့်တယ်မှု ရှိရှိ သေသပ်ကျနပါတယ် ။

စာအုပ် မျက်နှာဖုံး ဒီဇိုင်းက အစ . . . . အတွင်းစာမျက်နှာ များ ရဲ့ ့ တစ်မျက်နှာ ချင်းစီကလည်း

အရောင်အသွေး စုံလင်တဲ ့ သရုပ်ဖော်ပုံရိပ်များ . . .

စနစ်တကျ ဖန်တီးထားတဲ့  အပြင်အဆင် များနဲ ့

အစစအရာရာ ကျေနပ် နှစ်သက်စရာ စာအုပ်တစ်အုပ် ဖြစ်ပါတယ် ။

စာအုပ်ဆိုဒ် ကလည်း သင့်တော်တဲ့အပြင် . . . .

စာမျက်နှာ ( ၁၂၁ မျက်နှာ ) ပါဝင်တဲ့ အတွက် မထူလွန်း မပါးလွန်းသော စာအုပ်တစ်အုပ်ပါ ။

အပေါ်ယံ အပြင်အဆင်ရဲ ့ သပ်ရပ်ကောင်းမွန်မှု ကို မြင်ရုံနဲ့ . . . ပိုင်ဆိုင်ခွင့် ရသင့် / ရထိုက်တဲ့ စာအုပ်ကောင်းတစ်အုပ် . . . . လို့ ့သတ်မှတ်လိုက်နိုင်ပါတယ် ။

စာအုပ်အတွင်း က

အနှစ်သာရရှိသော . . .

စာပေလက်ရာများးရဲ ့ တန်ဖိုး မဖြတ်နိုင်သော ရသ /သုတ / အတွေးအမြင် အဖြာဖြာ တို ့ပါဝင် လာတဲ့ အခါမှာတော့ . . . . . .

စာအုပ်တစ်အုပ် ရောင်းဈေး . . . ( 2500 )ကျပ် ဆိုတာ . . . .

အလွန် သင့်တင့်မျှတတဲ့ ဈေးနှုန်း ဖြစ်သွားပါတော့တယ် ။

===========================================

စာပေအနှစ်သာရများ ။ ။

စာအုပ်အတွင်းက . . .စာပေ အနှစ်သာရများဟာလည်းးး

တကယ် မက်မောလောက်စရာ စာပေလက်ရာ များပါ ။

စာရေးဆရာကြီး အောင်သင်းရဲ့  ့ဝေဖန်/ မှတ်ချက်ကလေးတွေ က . . .

ထိထိမိမိနဲ ့…..

စာမူများရဲ့အလှက်ိုအရောင် တောက်ပစေတဲ့အပြင် . . . .

www.myanmargazette.net ရဲ့

အယ်ဒီတာ  kai ကလည်း . . . ဂဇက် သမိုင်းတစ်စွန်းတစ်စကို

အမှာစာအဖြစ်  မှတ်တမ်းတင်ထားပါတယ် ။

ဂဇက် သမိုင်းကြောင်းထဲက   သိသင့် / သိထိုက် တဲ့ အချက်အလက် တွေ ထည့်သွင်းရေးသားထားလို ့

အယ်ဒီတာ kai ရဲ ့ အမှာစာက. . .

ပြီးပြည့်စုံသော အမှာစာ တစ်ခု အဖြစ် ပါဝင်နေပါတယ် ။

www.myanmargazette.net မှာ ပုံပမာလေးတွေ အရေးကောင်းသော . . .

ပဒုမ္မာရဲ ့ ပီတ်ိလွှမ်းတဲ ့စကားအလှ (ရွာသူားများရဲ့စုပေါင်းအလှူမှတ်တမ်းလွှာ)ကိုလည်း … … … … …

စာအုပ်ရဲ ့ရှေ ့ပိုင်း စာမျက်နှာ တွေ ထက်မှာ တွေ ့ရမှာ ဖြစ်ပါတယ် ။

အဲ ဒီ နောက်မှာ တော့ . . . . .

mandalaygazette အဖွဲ့ဝင်များရဲ့ ပရဟိတ အကျိုးဆောင်ခြင်း  မှတ်တမ်းများ . . .

ဒါဇင်ပလပ်စ် ပညာရေးကူညီမှု အဖွဲ ့ရဲ့ ့လှုပ်ရှားမှု များးးး

အဖွဲ ့ဝင်များရဲ ့ အလှူဒါန မှတ်တမ်းမှတ်ရာများ ကို

ပုံရိပ်များနဲ ့တကွ ဝေဝေဆာဆာ မြင်တွေ့ွ ့ကြည်နူးခွင့်ရပါဦးမယ် ။

ပထမအကြိမ် ဂဇက်အဖွဲ့ ့ဝင်များတွေ့ ့ဆုံပွဲတုန်းက . . . အဖွဲ့ ့လိုက်ပုံရိပ်များလည်း

အမှတ်တရ ပါဝင်ပါသေးတယ် ။

===============================================

ဒီစာအုပ်ထဲမှာ . . .

www.myanmargazette.net ရဲ့ ကဗျာချစ်သူကဗျာပြခန်း ထဲက  ဆုရကဗျာ (၃)ပုဒ်ကိုလည်း ခံစားလို့ရပါတယ် ။

ကဗျာ ရေးသူ . . .ဈာန် @ surmi ရဲ့ နှောင်ဖွဲ့မှုလွတ်ကင်းခြင်း ကဗျာ

ကဗျာရေးသူ . . .ကိုရင်စည်သူ ရဲ ့ . . . . အပြစ်ကင်းတဲ့ ချစ်ခြင်းကဗျာ

ကဗျာရေးသူ . . . .အလင်းဆက် ရဲ ့   မင်းကြောက်ရမယ့်အရာ တစ်ခုပဲရှိတယ်

ဆိုတဲ ့ ကဗျာ သုံးပုဒ် လည်း

သရုပ်ဖော်ပုံရိပ်များနဲ ့တကွ  ပါဝင်ပြသ ထားတဲ ့စာအုပ်ပါ ။

==========================================

ရသ / သုတ နဲ ့အတွေးအမြင် စာပေလက်ရာ များကိုလည်း   တဝကြီး ဖတ်ရှုခံစားနိုင်ပါတယ်။

ရသ / သုတ / အတွေးအမြင်များ ကို လှလှပပရေးဖွဲ ့ထာရှိ ရု ုံသာ မက သရုပ်ပေါ်စေတဲ့ ပုံရိပ်များကိုပါ. . . . .

အရောင်အသွေးစုံလင်စွာ သုံးထားလို ့ တောက်ပလင်းလက်သော စာစုများလိုု့ ခံစား ရပါတယ် ။

စာပေလက်ရာ ကောင်းများကတော့ . . .

ဝင့်ပြုံးမြင့်ရေးတဲ့ . . .  လေးဆယ်ကျော် ကျွန်မရဲ့ ့အသည်းကွဲတမ်းချင်း

Aung Moe Thu ရေးတဲ့ . . . . ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင်

Kyeemite ရေးတဲ့ . . . ထောင်ထွက်ကြီးမိုက်

မိုချို ရေးတဲ့. . . .အစားမတော်တစ်လုပ်နဲ့သေမင်းကို ခလုတ်တိုက်ခဲ့သူ

ဦးကျောက်ခဲ ရေးတဲ့ . . . . .အာဝေနိက ချစ်ဒုက္ခ

နွေဦး ရေးတဲ့ . . . .စားသောက်ခြင်း နွေဦးအမြင်

လုံမလေးမွန်မွန်ရေးတဲ့ . . . .ကြုံတွေ ့နေရ လုပ်ငန်းခွင်ဘဝ ( ခရီးသွားလုပ်ငန်း)

မျိုးသန် ့ ရေးတဲ့ . . . . . . ရေဆန်လမ်းမှပန်းတစ်ပွင့်(၁)

အင်ဇာဂီ ရေးတဲ့ . . . . Change !

surmi ရေးတဲ့ . . . . . . ဝန်ကြီးပဒေသရာဇာ၏အကျဉ်းစံသင်းချိုင်းဂူ

ကိုရင်စည်သူ ရေးတဲ့ . . . . . . သင်္ဘောအခန်းတွင်းမှ ဝိဉာဉ်ခေါ်သံ (၁)

အဲဒီလို ရသ သုတ အတွေးအမြင်စုံ ကို

ထိုက်ထိုက်တန်တန် ဖတ်ရှုခံစားနိုင်မယ့် စာအုပ်ပါ ။

စာဖတ်သမားတို ့ ကျေနပ်စွာ နှစ်သက်မှာ သေချာတဲ့ စာပေလက်ရာ များပါ ပဲ ။

====================================================

ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ စာပေလက်ရာများဟာဆိုရင်ဖြင့် . . .

မန်းဂဇက်ချစ်သူများ စာပေဆုရ လက်ရာကောင်းများ ဖြစ်ပါတယ် ။

Internet စာမျက်နှာပေါ်မှာ ဖတ်ဖူးပြီးသူများ အနေနဲ ့တောင်မှ

စာအုပ်ကို လက်က ကိုင် ဖတ် ရတဲ့ စာဖတ်ခြင်းအရသာကို ပြည့်ပြည့်ဝဝ ခံစားပြီးး

ဇိမ်ရှိရှိ / အေးအေးဆေးဆေး ဖတ်နိုင်ဖို ့ရော . . . .

အမှတ်တရ အနေနဲ ့ပါ . . .

ဝယ် သိမ်းသင့်တဲ ့စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ် ။

============================================

မြန်မာ့စာပေအနုပညာ မြင့်မားထည်ဝါရေးကို

တစ်ထောင့်တစ်နေရာကနေ ပါဝင် ဖန်တီးပြထားတဲ့ စာပေအနုပညာလက်ရာကောင်းတစ်အုပ်လည်း ဖြစ်ပါတယ် ။

www.myanmargazette.net ထဲက မန်ဘာတွေ ရဲ ့

စာပေစွမ်းအားးး

စည်းလုံးညီညွတ်မှု စွမ်းအား တို့ကို   အင်အားပြခြင်းတစ်ရပ်အနေနဲ့ ့ပေါ်ထွက်လာတဲ့

စာအုပ်ကောင်းတစ်အုပ်လည်းး ဖြစ်ပါတယ်။

=====================

ဒါကြောင့် . . . . .

စာဖတ်သမားတိုင်း ကျေနပ်စွာ ဖတ်ရှုခံစားခွင့် ရစေမယ့် . . .

မန်းဂဇက်ချစ်သူများ၏ အမှတ်တရစုစည်းမှု(၁) စာအုပ်ကလေးကို ညွှန်းဆို ပြသလိုက်ရပါတယ် ။

 

=========================================

 

ဝယ်ယူ   ရရှိနိုင် တဲ့နေရာတွေကတော့

မန္တလေးမှာ

(1)ကိုပေါက်-096805396

ရန်ကုန်မှာ

(2)စွယ်တော်ရွက်-စွယ်တော်ရွက် လျှပ်စစ်သင်တန်း၊ကမာရွတ်၊ဆင်ရေတွင်းမှတ်တိုင်အနီး၊Daisy မိတ္တူဆိုင် အပေါ်ထပ် ၊အင်းစိန်လမ်း
09-450007347

(3)ပန်ထူးသာ သင်္ကန်းတိုက်-S9,ပန်းလှိုင်လမ်း(ဟုမ်းလမ်းဘူတာအနီး) စမ်းချောင်း
01-500180/01-519135

(4)AK Pharmacy
414,ကမ်းနားလမ်း၊လသာ
19 လမ်းနှင့် ကမ်းနားလမ်းဒေါင့်
01-226718/01-226926

 

====================================

 

 

 

လေးစားစွာဖြင့်

အလင်းဆက်

========================

 

 

((((((ကျွန်တော့် နည်း ကျွန်တော့်ဟန်နဲ့
ဒီစာအုပ်လေးကို ညွှန်းပြလိုက်ပါတယ်နော်။
မဖတ်ရသေးသူများ / မဝယ်ယူရသေးသူများ အတွက် ဝယ်ချင်လာအောင်
နှိုးဆော်လိုက်ခြင်းပါ ။))))))))

 

 

 

 

21 comments

  • အလင်းဆက်

    August 13, 2013 at 7:54 am

    စာာအုပ်ပုံကိုတော့
    ညနေမှ ထည့်ပြတော့မယ်ဗျို့

    အခု ပိစိသေးသေးလေးနဲ ့တင်လိုက်ရလို့ပါ

  • min min

    August 13, 2013 at 8:32 am

    ဘယ်တော့ ဘယ်မှာ ဝယ်လို့ ရနိုင်ပါလဲ ခင်ဗျာ…

    • kyeemite

      August 13, 2013 at 9:36 am

      မင်းမင်း ခင်ဗျား…
      ရနိုင်တဲ့နေရာတွေကတော့

      မန္တလေးမှာ

      (1)ကိုပေါက်-096805396

      ရန်ကုန်မှာ

      (2)စွယ်တော်ရွက်-စွယ်တော်ရွက် လျှပ်စစ်သင်တန်း၊ကမာရွတ်၊ဆင်ရေတွင်းမှတ်တိုင်အနီး၊Daisy မိတ္တူဆိုင် အပေါ်ထပ် ၊အင်းစိန်လမ်း
      09-450007347

      (3)ပန်ထူးသာ သင်္ကန်းတိုက်-S9,ပန်းလှိုင်လမ်း(ဟုမ်းလမ်းဘူတာအနီး) စမ်းချောင်း
      01-500180/01-519135

      (4)AK Pharmacy
      414,ကမ်းနားလမ်း၊လသာ
      19 လမ်းနှင့် ကမ်းနားလမ်းဒေါင့်
      01-226718/01-226926

      တွေမှာ ရနိုင်ပါတယ်။

      • အလင်းဆက်

        August 13, 2013 at 9:47 am

        ဦးကြီး မိုက်ရေ

        လိုအပ်တဲ့ အချက်အလက်တွေ
        ဝင်ဖြည့်ပေးလို ့ကျေးဇူးတင်ပါတယ်ဗျာ

        ကပျာကယာ ရေးတင်လိုက်ရတော့
        အဲဒါလေးတွေ ကျန်ခဲ့တာ

        🙂

        ကျေးဇူးအထူးးး

        လေးစားစွာဖြင့်

    • အလင်းဆက်

      August 13, 2013 at 9:43 am

      http://myanmargazette.net/181289

      အဲဒီ လင့်ခ် လေးထဲမှာ
      စာအုပ်နဲ့ ပက်သက်တဲ့ အချက်အလက်တော်တော်များမျးား ရှိပါတယ် ခညာ

      ကျွန်တော်က အခု ဖုန်းအစုတ်ကလေးနဲ ့တင်လိုက်ရလို ့
      ပြည့်စုံအောင် မထည့်လိုက်နိုင်သေးတာ ခွင့်လွှတ်ကြပါနော် ။

      ညနေကျမှ ပိုစ့်ကို သေချာ ပြန် သ ပါမယ် လို ့

      လေးစားစွာဖြင့်

  • Ma Ma

    August 13, 2013 at 9:04 am

    အလင်းဆက်ရဲ့ စာအုပ်အညွှန်း က ပြည့်ပြည့်စုံစုံနဲ့ ကောင်းတယ်။

    ကိုယ်ကိုယ်တိုင်လည်း…
    ဒီစာအုပ်က သုတ ရသစုံတယ်။
    စာရေးသူအစုံ အမြင်စုံ ရသစုံတွေပါတယ်။
    အရေးအသားကောင်းတယ် လို့ ညွှန်းရတာ အမောပဲ။

    အဲဒီစာအုပ်ကို ဖတ်ပြီးတဲ့သူတွေဆီက ပြန်လာတဲ့ feedback ကလည်း ကောင်းတယ် ဆိုလို့ ဝမ်းသာရသေးတယ်။ 🙂

    • အလင်းဆက်

      August 13, 2013 at 9:59 am

      ဟုတ် အန်တီမမ

      ကျေးဇူးပါ ။

      တကယ်ကောင်းတဲ ့စာအုပ်ကလေး ဖန်တီး နိုင်ခဲ့တဲ့အတွက် စီစဉ်သူ
      ကူညီ ဆောင်ရွက် ခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်နေမိပါတယ် အန်တီမမရေ

      🙂

  • kyeemite

    August 13, 2013 at 9:39 am

    အလင်းဆက်ရေ…စာအုပ်ကလေးကိုကြော်ငြာဝင်ပေးတဲ့အတွက်
    ကျေးဇူးပါ… အရင်းရအောင်မနဲရောင်းနေရလို့.. :mrgreen:

    • အလင်းဆက်

      August 13, 2013 at 10:07 am

      ဟုတ်ကဲ ့ဦးြကြီး ရေ

      တကယ်တော့ တွေ ့ဆုံပွဲ ပြီး တဲ့ညနေ ကတည်းက
      စာအုပ်လေးကို တစိမ့်စိမ့်ကြည့်ပြီး
      ကြည်နူးစွာ ရေးထားခဲ့တာလေးပါ

      စာအုပ်အကြောင်း ရေးကြပြောကြတာတွေလည်း ရှိနေတော့
      ကျွန်တော် မတင်ပြတော့ပါဘူးလေ ဆိုပြီး သိမ်းထားခဲ့တာ
      အခု တော့
      ကိုယ့်ဟန်လေးနဲ ့ကိုယ် ညွှန်းဦးမှ ဆိူပြီး
      အတွေးဝင်လာလို ့ ကပျာကယာ တင်လိုက်တာပါ
      စာအုပ်လေး ရောင်းကောင်းစေချင်တာရော
      စာအုပ်ကောင်းလေး ရစေချင်တာရော ပေါ့

      ကြော်ငြာ တယ်လို ့မသုံးဘူးနော်
      ကြော်ငြာခ ယူပြီး ရေးတာ မှ မဟုတ်တာ
      🙂

      ညွှန်းတယ် လို့ပဲ သုံးမယ်ဗျာ

      စာအုပ်အညွှန်းပေါ့
      🙂

      ခင်မင်လေးစားစွာ

  • garfield

    August 13, 2013 at 9:55 am

    အဟမ်းးး
    လက်မှတ်လေးတွေ ထိုးထားတဲ့ စာအုပ်လေးးး မနေ့ညက လက်ထဲရောက်ပြီ။
    နောက်မှ ဓာတ်ပုံလေးတွေ အစုံအလင်နဲ့ လာကြွားဦးမယ်။
    😀

    • အလင်းဆက်

      August 13, 2013 at 10:11 am

      မမခိုင်ဇာ ရေ

      စာအုပ်လေးကို
      လက်ဝယ်ကိုင်ပြီး
      ကြည်နူးစွာ ဖတ်ခွင့်ပြီပေါ့နော်

      ဝမ်းသာပါအိ

      🙂

  • ဦးကျောက်ခဲ

    August 13, 2013 at 10:06 am

    ကျောက်စ်ကတော့ အဲသည့် အပျာစာအုပ်လေးကို မဖတ်ရသေးဘူး…
    ရှေ့လ ရွာပြန်ရောက်မှ ကိုရင်ဆာဆီက သွားယူရမယ်…
    အိမ်မှာထားခဲ့လို့တော့မဖြစ်၊ ရှော့ရှိတာမို့ ဒီကိုပြန်သယ်ရမယ်ဗျ…
    မိသားစုက ကျောက်စ် စာရေးတာကို မသိ… ဟီ ဟိ
    😀

    • အလင်းဆက်

      August 13, 2013 at 10:24 am

      ဦးကျောက် ရေ

      အပြာ စာအုပ်တဲ့

      အဟိ

      ဟုတ်သားပဲနော်
      အပြာရောင် လေး နဲ့ဆိုတော့

      🙂

    • မဟာရာဇာ အံစာတုံး

      August 13, 2013 at 10:25 am

      အပျာစာအုပ် ဆိုဒေါ့ …
      ရှော့ရှိဒါပေါ့ ဥငေးရယ် .. ဟီးးဟီးး :mrgreen:
      နောက်ဒါ …

      ဟိုအကောင်အလင်းဆက် …
      နာ လာတွားဒယ် …
      ဒါဗျဲစ် …

  • ရွှေမိုးတိမ်

    August 13, 2013 at 4:51 pm

    ဝယ်ဖတ်ချင်စိတ်ပေါက်လာပြီ အညွှန်းကောင်းတယ်ဗျ 🙂

    • အလင်းဆက်

      August 13, 2013 at 5:36 pm

      ရွှေမိုး ရေ
      စာအုပ်လေးကို အားပေးပါဦးနော်
      ရွာသူား အားလုံးဝိုင်းဝန် အားပေးမှ အမှတ်တရ ပိုဖြစ်မှာပါ

      စာအုပ်လေးတွေ ရောင်းဖို ့ အတော် ကျန်သေးပါတယ်။
      ရောင်းအား တက်လာဖို ့လိုပါတယ်
      ရောင်းအားတက်မှ
      အလင်းဆက် လေး စာညွှန်းး ကောင်းတယ်လို ့ နာမည်ရမှာပါ
      🙂

      🙂
      ဒါကြောင့်
      အလင်းဆက် ရဲ့ စာညွှန်ကို အားပေးရင်း မှ
      စာအုပ်ကို အားပေးခြင်းဆီသို ့
      ချီတက်ကြပါစို ့နော့

      🙂

      ခင်မင်လေးစားစွာ

      အလင်းဆက်

  • ဦး ကြိမ်

    August 13, 2013 at 9:12 pm

    ကျန်ပါတော့မလားမသိဘူး…..ဒီလောက်ညွန်းနေပုံထောက်ရင်။

    • အလင်းဆက်

      August 13, 2013 at 9:22 pm

      ဦးရာ လူ စနစ် ဖြစ်နေပြီ တဲ ့.. ဦးကြိမ်ရေ…

      အပြေးလေး သာ ဝယ်ထားမှ ဖြစ်မယ် ။

      🙂

      ဒီလောက် အားထုတ်ပြီး.ညွှန်းထားတာမှ ရောင်းအားမတက်ရင်..
      အလက်ဆင်း..ညံ့လို ့ပါပဲ.။။။

      🙂

  • kai

    August 14, 2013 at 10:37 am

    ဆရာအောင်သင်းတော်တော်မမာဖြစ်နေတယ်ထင်တယ်..
    သူမုဒိတာစကားရေးထားတဲ့.. ဒီစာအုပ်ဟာ..( တော်တော်)သမိုင်းကျန်ရစ်မှာပါ…

    ပြန်ကျမ်းမာလာရင်.. စာရေးဖို့စာမူတောင်းရမယ်… :mrgreen:

    • အလင်းဆက်

      August 14, 2013 at 11:22 am

      တကယ်တော့
      ဆရာအောင်သင်းရဲ့ မုဒိတာစကား လေး ပါဝင်နေတာ
      ဒီစာအုပ်အတွက်
      တော်တော် လှပသွားစေတာပါ

      သမိုင်းတစ်ခု
      တွင်ပြီပေါ့ သူကြီးရေ

      🙂

Leave a Reply