သုံးဆယ့် နှစ် ဘုံ မြောက် အလွမ်း ဘွဲ့

Mahar MyanmarAugust 13, 20131min35134

ထောင်ဆိုသည် မှာ..

ဆဲနည်း မျိုးစုံ မအေ နှမ

ခိုင်းနှိုင်းပုံ ဘွဲ့

အရိုင်း  ဘုံ   ကွဲ့    …  ။

 

ထောင်ဆိုသည် မှာ..

ဒုက္ခ ပေါင်းစုံ ကြုံရ တုံမဲ့

ဆင်းရဲ ဘုံ     ..    ဟဲ့ ။

 

ထောင်ဆိုသည် မှာ..

ညှဉ်းပန်း နှိပ်စက် နာကျင်သက်တုန်

အကြမ်းဖက်  ဘုံ   ..    တဲ့  ။

 

ထောင်ဆိုသည် မှာ..

မျက်ရည် သွေးချွေး ခမ်းခြောက် မရုံ

အဓမ္မ ဘုံ       ..    ။

 

ထောင်ဆိုသည် မှာ..

ကြေကွဲရင်နာ ပူဆွေးသောက

မောဟ အဖုံဖုံ

ပရိဝေဒ ဘုံ     ..    ။

 

ထောင်ဆိုသည် မှာ..

ရတတ်သမျှ စား၍ ရ တာ

မဝရေစာ  သက်ဆက် ရကြုံ

အငတ်  ဘုံ   ..  တဲ့  ။

 

ထောင်ဆိုသည် မှာ..

စကားမဆို သီချင်းသံတိတ်

ဗဟု  ပညာ ဖတ်ခွင့် မကြုံ

နလပိန်း ဘုံ ..    တဲ့  ။

 

ထောင်ဆိုသည် မှာ..

သူ ကိုယ် ငါ မုန်း အပြုံး မတုံ့

မုန်းချက် ကနာ အမုန်းသံသရာ

အာဃတ ဘုံ…   ။

 

ထောင်ဆိုသည် မှာ..

သွေးခွဲ သပ်လျှို အချင်းချင်း ကို

ဂုံးချော ချောက်ချ ထောက်လှမ်းငေါက်ငမ်း

သောက်ရမ်း ဘုံ….   တဲ့  ။

 

ထောင်ဆိုသည် မှာ..

အာဏာပိုင်သား သကောင့်သားများ

တပ်သားအစ ညွန်ချုပ်အဆုံး

နယ်ပယ်စား သို့ လူ လို့ မထင်

ကျွန် လို့ မြင်သည်

ဘုရင် ရူး ဘုံ     ..  ။

 

ထောင်ဆိုသည် မှာ..

ဒုစရိုက် ဓလေ့ ဒုစရိုက် ဘဝ

မွမ်းမံ သင် ကြ ား

ချားရဟတ် ဘုံ  ..     ။

 

ထောင်ဆိုသည် မှာ..

အာဟာရ မပြည့် အားအင်ပြတ်လပ်

ရောဂါ ကပ်သည်

အလုပ်ကြမ်းတမ်း ချိနဲ့ ခန္ဓာ

မမာမကျန်း ဖြစ်သော်ငြား က

တလားခေါက်သံ ဒေါက်ဒေါက် ညံသည်

သေမင်း တမင်း ဘုံ ထံ လား  တည့်  ။

 

ထောင်ဆိုသည် မှာ..

သံချိုင့် လူသား အို  သူသား တို့

အမှားလွှမ်းတုံ ခန္တီ မရှိဒေါသ ပူမိ

စိတ်ဖိစီး ရ  ထစ်ကနဲ ဆို ထ ချကြ  တဲ့

အမှောင် လွှမ်းဖုံ

ရန် ငါ ဘုံ ကြီး   …   ။

 

ထောင်ဆိုသည် မှာ..

လူ့ဘုံလောက ဤ လောကဝယ်

သီးခြား ရပ်တည် ဂတိ မမြဲ

လူ့  ငရဲ   တည်း  ။        ။

 

 

မဟာမြန်မာ

 

(   ရက်ပေါင်း  ၇၀၀၀  ကျော် သံသရာ ဝဋ်ကြွေး

ပေးဆပ် ပြီ း  သူ  ..

ဘဘကြီး   ဟံသာဝတီ ဦးဝင်းတင် ၏

ဘာလဲ ဟဲ့  လူ့  ငရဲ  …

ကိုယ်တွေ့  ဆောင်းပါး  မှ  ခံစား ထားပါသည်   )

34 comments

  • garfield

    August 13, 2013 at 10:30 am

    http://myanmargazette.net/182592

    အဟမ်းးးး

    ဓားမြတိုက်တာတော့မဟုတ်ပါဘူးးး
    အနုကြမ်း စီးတယ်လို့ မှတ်ပေးပါ။
    😀

    နောက်ခါ ရေးဖြစ်တဲ့ ထဲက ကဗျာတစ်ပုဒ်လောက် ပြခန်းကို ပို့ပေးပါနော်။
    ဒီမှာ အရင်မတင်ပဲနဲ့။ 🙂

    အလက်ဆင်းးး
    ဒီမှာ လာတောင်းပါဦးဟ!!! :mrgreen:

    • Mahar Myanmar

      August 13, 2013 at 10:37 am

      ဂါဖီးလ် ၏ လိုအင်ဆန္ဒများ ပြည့် စေ သော်ဝ်…
      မပြည့် က အနု ကြမ်း စီးရုံ မလုံလောက်ပါ သဖြင့်
      သူပုန် ထ ပါ လေ…

      • garfield

        August 13, 2013 at 10:41 am

        ကျေးဇူး ရမ်းရမ်းတင်ပါဒီ။

        သူပုန်ထဖို့တော့ အနော့ထက် ဝါကြီးတဲ့ ရွာ့သူပုန် ရှိ နေ လို့ မကျော်ရဲပါ။
        ခွိ!

        အဲဒီ သူပုန် ကို ကဗျာ ဓားမြတိုက်ထားတာ ကို မပေးသေးဘူးးး 😀

        • Mahar Myanmar

          August 13, 2013 at 1:21 pm

          ကဗျာ တကယ် တောင်း နေတာ လား
          ဒါ .. ကဗျာ လို့ ခေါ် သလာ ာ ာ ာ း .. ဟ င်င်င်င်င်..

          ခေါ်တယ် ဆိုရင် လည်းအများ ကြီး လှူ ပါ့မယ်..တော်လှန်ရေး အတွက်..
          သူပုန် တွေ လိုတယ်..သူပုန် တွေ အတွက် ( W ) သုံးလုံး လိုမှာ ပေါ့ ..
          ၁. War
          ၂. Wisky
          ၃. မမှတ် မိ ။ ( ကိုယ် ကြိုက်ရာ ထည့် )

          သူပုန် လိပ်စာ ပေးပါ။

        • Mahar Myanmar

          August 13, 2013 at 1:25 pm

          အကြင် လက်ဖြင့် အကျွန်ုပ် ပေး၏ ၊
          ထို ပေးသော လက်ဖြင့် မယူမူ၍
          အကြင် လက်ဖြင့် အကျွန်ုပ် မပေး ။
          ထို မပေးသော လက်ဖြင့် သာ ယူတော် မူ ပါ …ဘုရား
          အဲ..ခင်ဗျ

      • garfield

        August 13, 2013 at 1:34 pm

        ၃။ Weapon

        😀

        တကယ် ကဗျာ တောင်းတာမဟုတ်လို့ နောက်ရမလားးလို့။
        ပို့(စ) ကို လင့် ပေးတာမဖတ်ဖူးနဲ့ တူတယ်။

        တကယ် ကဗျာ ပေးပါ။

        alinsett.art@gmail.com ကို ပို့ ပေးပါနော်။ 🙂

        • Mahar Myanmar

          August 13, 2013 at 1:44 pm

          ဖတ်တာ ပေါ့ဟ အပြာ ရောင် ဆို တော့ မှိန် လို့ ကျော် ဖတ် ပစ်လိုက်တယ်
          မမြင် ရဘူး လေ…

          အခု ဒီကဗျာ တွေ ပါ ပေးရမှာ လား
          အသစ် တွေ ကော လား

        • garfield

          August 13, 2013 at 1:49 pm

          ဘယ်နှာ အပြာရောင်ရမှာတုန်းးး
          ဘာရောင်မှ သုံးပါဘူးးး

          ထားပါတော့။
          အသစ်ပေးပါ။
          တင်ပြီးသားမပေးပါနဲ့။
          ၃ ပုဒ်လောက် ရေးဖြစ်ရင် တစ်ပုဒ် လောက် မျှပါလို့ ဆိုလိုပါတယ်။

          ပေးပြီးသား ကဗျာကိုလည်း ရွာထဲ မတင်ပဲ ခဏ ဆိုင်းထားစေချင်ပါသည်။ 🙂

          အာဟင့်!
          ဒီလို အရှည်ကြီး ရှင်းပြီး ဓားမြတိုက်ရတာ မောတယ်။
          အလင်းဆက်လေးးး
          နာ့ မနေ့က လက်ကျန်လေး ပေးးး
          မော့လိုက်မယ်။ (ရေ) 😀

        • Mahar Myanmar

          August 13, 2013 at 1:53 pm

          ဖတ်တာ ပေါ့ဟ အပြာ ရောင် ဆို တော့ မှိန် လို့ ကျော် ဖတ် ပစ်လိုက်တယ်
          မမြင် ရဘူး လေ…

          အခု ဒီကဗျာ တွေ ပါ ပေးရမှာ လား
          အသစ် တွေ ကော လား

          ၃. Woman 0r Wife ( For som body )

          ရေး ထား တာ လေး တွေ ပြန် စု ဦး မယ် အက်ဒစ် နည်းနည်း လုပ်ဦး မယ် လေ.. နက် ဖြန် (သို့မဟုတ်) ဘယ်သော အခါ ..
          ဆိုရင် ပို့ပေး နိုင်ပါ ပြီ..
          ဓါတ်ပုံ ပါ ပေး ရမလား..လိုက်ဖက်မယ် ထင် တာ တွေ လေ

        • Mahar Myanmar

          August 13, 2013 at 1:57 pm

          စိတ် နာ တယ် တကယ်..
          လာတိုက် တဲ့ဓါးပြ ကို ရေပြန် တိုက် ရဦး မယ်
          ဟို မှာ အမော ဆို့ နေပြီ…
          လင့် အရောင် တွေ က အပြာ သုံး ထားတယ်
          ရွာ က အက်ဒမင် ကြီး တွေ က လေ..
          သတ်ပုံ မှား နေတာ လည်း ပြင်ပေး မယ် ဆိုပြီး
          ပြင်မပေးဘူး

        • garfield

          August 13, 2013 at 1:58 pm

          ကောင်းတယ်။
          ဓာတ်ပုံရော ရွေးပေးရင် ပိုကြိုက်တယ်။ ဒါမဲ့ သတ်သတ်စီ ပို့ နော်။

          ကဗျာ က အကန့်အသတ်မရှိ ပေးလို့ရတယ်။

          စကားမစပ် ဒီ လေသံကို ရင်းနှီးတယ်။
          ဘယ်သူ ဟုတ်သလားဟမ်?? :kwi:

        • Mahar Myanmar

          August 13, 2013 at 2:29 pm

          ဆရာ အလင်းဆက်..

          ပို့တော် မူပြီးကြောင်းပါ ..
          စစ်သား ဆိုတဲ့ ခေါင်းစဉ် ဖြစ်ပြီး
          ဓါတ်ပုံ နှစ်ပုံ ထည့်ပေးလိုက်ပါတယ်..
          တစ်ပုံ ကတော့ မဖြစ်မနေ သုံး ပေးဖို့
          တောင်းဆို လိုပါတယ်..

          ဘဝ ဆိုတဲ့
          ကဗျာ တစ်ပုဒ် တော့
          ရှိသေးတယ် ၆ မျက်နှာ ကျော်..
          ပြတိုက် လင့် ပေးပါလား
          ဘာ ကဗျာ တွေ တင်ပြီးပြီလဲ
          ဖတ်ရအောင် ပါ…

        • အလင်းဆက်

          August 13, 2013 at 9:55 pm

          http://myanmargazette.net/180752

          ပြခန်း ဆီ သွားဖို ့ပါ ။

          စစ်သားဆိုတဲ ့ ကဗျာလေး ရရှိကြောင်းပါ ။

          ပြခန်း ထဲ ထည့်အပြီး.. ဆုရလဒ် အတည်ပြု ပြီးချိန်အထိ…စောင့်ဆိုင်းပြီး…မှ..

          ဂဇက်မှာ.. တင်ပြစေလိုပါကြောင်းးး

          အားနာနာဖြင့်…
          အလင်းဆက်

        • Mahar Myanmar

          August 13, 2013 at 2:35 pm

          စစ်သား ကဗျာ အား ပြတိုက် သို့ လှူပြီး သကာ လ
          ၃ မိနစ် ဆိုင်း ၍ ရွာ သို့ ပို့စေ ဗျား….

          အချိန် ကာလ ဘယ် လောက် ဆိုင်း ပေးရမှာ လဲ ပြောကြဦး လေ
          အိန္ဒာ လေး က သုံး မိနစ် ဆောင့် တဲ့..

          ဟိဟိ

    • အလင်းဆက်

      August 13, 2013 at 11:03 am

      လာပါပြီ ခညာ လာပါပြီ

      ကဗျာ ဒမြ လာပါပြီ

      ကဗျာပြခန်းက ကြိုဆိုပါတယ်ဗျ

      ဒါနဲ ့ နာမည်ပေးထားတာလေး သိပ်ကြိုက်သွားပြီ

      ကျန်တာတော့ မဝေဖန်တတ်သေး
      🙂

      • Mahar Myanmar

        August 13, 2013 at 1:22 pm

        အလင်း ဆက် အတွက် ..

        အားကောင်းမောင်းသန် စကားလုံးတွေ ဖတ်ပြီး
        ကြက်သီး တွေ ထ
        တောက်ခတ်သံတွေကြား
        ကျိန်စာ နဲ့ မြေစာ အကြောင်းတွေတွေးးး
        သက်ပြင်းမောကို ဟူးခနဲ ချ ဖြစ်တယ်
        ………..
        ဒီဘဝ ဒီမျှသာ .. လို့
        စိတ် ဒုန်းဒုန်း ဖြုတ် ချ ကာ မှ
        “ဝုန်း”…
        ( အယ်..လန့်လိုက်တာ )
        စိတ် ကျသံ ကျယ်ကျယ် တွေ က
        ပင်လယ်ခေါ်သံ အလား..
        ငါ့ ရင် မှာ ထာဝရ ထိုး နှက်..
        ငါ အိပ်ပျက်တာ ကြာခဲ့ ပြီ .. အလင်းဆက်ရေ ။

    • lele kyi

      August 13, 2013 at 11:13 am

      အင်းးးအလင်းထက်မြန်တဲ့ အရာကို ဂေဇက်မှာ ရှာဖွေတွေ့ရှိသွားပါကြောင်း။ 🙂
      (အလင်း=အလင်းဆက်) သူ့ထက်မြန်တာ Garfield.

      • Mahar Myanmar

        August 13, 2013 at 1:39 pm

        ပေး ကား…. ပေး၏ မရ ။
        ယူ ကား…. ယူ၏ မလို ။
        လှူ ကား…… လှူ၏ မနိုင် ။
        သွား ကား….. သွား၏ မရောက် ။ (အမြန်လမ်း ရှောင် )
        ခြစ် ကား…… ခြစ်၏ မထင်။
        လို ကား…… လို၏ မရှိ ။ ( လူ့ အလို နတ် မလိုက် နိုင် )
        လှ ကား….. လှ၏ မပေါ် ။ ( ပေါ် မှ လှ၏ ဟူ လို )
        မြန် ကား….. မြန်၏ မသာ။ ( ဂါဖီးလ် အား မြန်သည်ဟု မဆိုလို )
        တောင်း ကား တောင်း၏ အလင်းဆက်။
        တို့ ကား တို့၏ မခို့တရို့ ။
        ထောင် ကား ထောင်၏ မမတ် ။
        နှစ်ခု ပေါင်း ကား လီလီကြည် ။ ( အီး ညံ့ ပါ၍ အသံထွက် မှား က သီးခံ )

        • lele kyi

          August 13, 2013 at 5:22 pm

          အွန်။ အီးညံ့ရင် စပိန်လိုပြောလေ။ ပုရွက်ဆိတ်အုံ တုတ်နဲ့ထိုးနေတာလား?

  • မဟာရာဇာ အံစာတုံး

    August 13, 2013 at 11:17 am

    ထောင်ဆိုတာ …
    အဆုံးမ ရက်စက်တဲ့ စာသင်ကျောင်းကြီးပါ … တဲ့ …
    ကျုပ် ပေါဒါ မီဟုတ်ဝူးးး
    ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား ပေါဒါ ….

    • Mahar Myanmar

      August 13, 2013 at 1:29 pm

      မဟာ ရာဇာ တို့ ကတော့ ..
      ကိုယ်တွေ့ ဆို ကိုယ်တွေ့ လို့ မပြောဘူး..
      ဆိတ်ဖွား လွှဲချ နေတယ်..
      သူ့ခမျာ ပြေးလွှား နေရ လို့..
      အား ဘူး တဲ့.. ဘာ မှ ပြောဘူး တဲ့
      ကဲ .. ရှင်း ။

  • garfield

    August 13, 2013 at 2:37 pm

    http://myanmargazette.net/180752

    ကဗျာ ပါပြီး ပြခန်း တင်ပြီးတဲ့ ထိ စောင့်ပါ ဆရာ။

    လင့်ပေးပြီးပြီနော်။
    🙂

    • Mahar Myanmar

      August 14, 2013 at 8:58 am

      ပြခန်း တင်ပြီး မပြီး ဘယ် လို သိ ရမလဲ ခင်ဗျ..
      အသစ် ဆို တော့ လည်း စမ်း တဝါဝါး ဗျာ..
      မသိလို့ မေးတာ စိတ်ရှည် ကြနော်..
      ဘဝ ကဗျာ ပြခန်း အတွက် လှူပေး ဦး မယ်..
      ရှယ်…နော် (ဇွန်း ပါတယ် )

    • Mahar Myanmar

      August 14, 2013 at 9:17 am

      ပစ္စုပ္ပန်ရဲ့ ‘လူ’
      စိတ်ရည်စစ် စာမေးပွဲ
      စိမ်း

      အဲဒီ သုံးပုဒ် ကြိုက် တယ်…ဗုတ် လိုက်ပြီ..အဝေးကနေ

      • အလင်းဆက်

        August 14, 2013 at 7:28 pm

        တိန်…
        ပြခန်းထဲမှာတော့.. မပြောဘူး
        ဟွန်းးး
        လူဇိုးးး
        🙂

    • Mahar Myanmar

      August 14, 2013 at 10:19 am

      ဆရာ ဆရာ ..
      မလုပ်ပါနဲ့…
      တစ်ခါ ဆရာ လိုက်ရင်
      ရင် ထဲမှာ ခါခါ သွားတယ်..
      ဘော်ဒါ ဆို ပိုကောင်း..
      အပျော်တန်း မို့..
      ဆရာတန်း မဝင်ချင်..
      တော်ရာတန်း က ပဲ
      နေပါ ရ စေ တော့
      ဂါဂါ…

  • GARFIELD

    August 13, 2013 at 3:35 pm

    အခုတလော ရွာထဲမှာ ကိုယ့်အကြောင်းနဲ့ကိုယ် ကဗျာအော်ဆိုပြီးလမ်းလျှောက်မိပါတယ်…

    ပေါ်တာဆွဲချင်တဲ့လူတွေရှိတယ်… ဟီး
    သတိထားပါ…

    ခင်မင်လျက်-
    ဂါဂါး

    • garfield

      August 13, 2013 at 3:38 pm

      ဂါဂါးးးကြီးလည်း ကဗျာပေးပါ။

      😀

      • GARFIELD

        August 13, 2013 at 3:46 pm

        အော်… ကျွန်တော်တင်ထားတဲ့ နှစ်ကိုယ့်တစ်စိတ်ကဗျာယူလိုက်လေဗျာ…
        အမှတ်တရလေးပေါ့…

        ခင်မင်လျက်-
        ဂါဂါးကြီး

    • Mahar Myanmar

      August 14, 2013 at 10:56 am

      မသိလို့ ရွာ ထဲ ကဗျာ ရွတ် လမ်း လျှောက် မိ ပါ တယ်..
      အခုတော့ .. သိပြီ.. ကိုယ့် ကို သူ ညှစ် သည် ။ (လည်ပင်း)

  • Mr. MarGa

    August 14, 2013 at 1:15 pm

    ဟီး…
    ဒီတစ်ခါ ပြခန်းတာဝန်ခံ နောက်ကျသွားတယ်
    အပေါ်က လူတွေ ဓမြ တိုက်ပြီးပြီမို့
    ထပ်တော့ မတိုက်တော့ပါဘူးလေ
    အဓိက မေတ္တာရပ်ခံချင်တာကတော့
    ဆရာ့ ကဗျာ ဘယ်ပြခန်းမှာ ပါမယ် ဘယ်နေ့ တင်မယ် ဆိုတာကို သတင်းထုတ်ပြန်ရေးအဖွဲ့က အကြောင်းကြားပါလိမ့်မယ်
    အဲဒီပြခန်းပို့စ်မှာ ဗုတ် ပိတ်တဲ့အထိ ထိုကဗျာကို ရွာထဲမှာ မတင်ဖို့ ပြောလိုတာပါဗျို့
    ပြခန်းတာဝန်ခံ
    ဦးမာဃ

  • Mahar Myanmar

    August 16, 2013 at 4:35 pm

    ဆရာ ဆရာ ..
    မလုပ်ပါနဲ့…
    တစ်ခါ ဆရာ လိုက်ရင်
    ရင် ထဲမှာ ခါခါ သွားတယ်..
    ဘော်ဒါ ဆို ပိုကောင်း..
    အပျော်တန်း မို့..
    ဆရာတန်း မဝင်ချင်..
    တော်ရာတန်း က ပဲ
    နေပါ ရ စေ တော့
    မာ မာ …

Leave a Reply