စစ်ပွဲဆိုတာ..

နှစ်ဘက်လုံး အတွက်

နာကျည်း ဆုံရှုံးမှု တွေ

သံသယ ဒေါသ တွေ

သောက အလွဲ တွေ ကြား

မှား ပြီးရင်း  မှား..

ရှုံးပြီး  ရင်း  ရှုံးစေတဲ့

သူတို့ အတွက်

အပြင်  ခက်  တဲ့  ကြိမ်စာ  ..   ။         ။

 

ဒီ ကြိမ်စာ  ဆိုတာ  ကို

တဏှာ မောဟ တွေ

နာကျည်း ဒေါသ တွေ ဖုံးလွှမ်းနေတဲ့

သူ တို့ စိတ် က

ရိပ်တိတ် လေး တောင်  မမြင် နိုင်ကြတာ..

မြေဇာ ပင် တွေ အသိဆုံး     ။       ။

 

အိုးပစ်  အိမ် ပစ်  ..

လယ်ပစ် ရွာ ပစ် ..

ငါ တို့ ဘယ် နှစ် မှ ပြန်လာ နိုင်မလဲ  ??

ကျွဲ ကြီး  အကောင် တစ်ရာ  ခတ်  လိုက်  တာ

ငါ တို့  သား  လေး  စာ မတတ်တော့ဘူး..

နာဖျား  အပူလွန် လို့  ဘာမီတွန်  တောင်  မအွန်  နိုင်ဘူး  ..

မိုးပေါက် တွေ  မလုံလို့  ဖာ သည် ဖြစ်လိုက် ရတာ…

ထမင်း ကြမ်း တစ်ခဲ  ကို မိသားစု တွေ  ရှဲ လိုက်   ရတာ..

ကြိုက် ကြိုက်  မကြိုက်ကြိုက်  အစားတစ်လုပ် အတွက်   Like  လုပ်လိုက် ရတာ ..

စစ် သံ  တွေ  ညံ  လို့     ပို့စ် တွေ  အသစ်  မတင် နိုင်ဘူး..

ဂျိုးငှက် ကလေး ရှင်သန်  ဖို့  သူတို့  ငြိမ်းချမ်းရေး စကား  ပြော  နေပြီ..

ဒီမှာ.

ရွှေလက် နဲ့ ခေါ်တုန်း  လာ ဘုလက် နဲ့ ခေါ်မှ ပြာ မသွား  နဲ့

 

………………………………………………

………………………………………………..

စားစရာ ဂျုံ မရှိရင်..ပေါင် မုန့်စား ကြပါလား..

လျှပ်စစ် မလာရင် ဖယောင်းတိုင် ထွန်း ကြပါလား ..

ဖယောင်းမီး နဲ့ မိုး ရွာ ဖို့ ဆုတောင်းကြပါလား ..

အကြွေး တွေ  ကြေ အောင်  ထမင်း တစ်နပ် လျှော့ စား ကြပါလား ..

တရုတ် ကို ကြောက်ရတယ်..

ဒီမြေ  ဒီ သယံဇာတ  ကုန်ခါ  မှ  ကုန်ရော  ..

တာပေါ ( တော)  တွေလည်း  ပိုင်တယ်..

အပြိုင် အဆိုင် ထုတ် ရောင်း

ဘိန်း စိုက် လို့  ဆက်ကြေး တောင်း

လက်နက် ကောင်း    ၀ယ်ရမယ်…

အင်အား အတွက်  မြေဇာပင် တွေ  ရှိတယ်  ..

နိုင်ငံ ထက် လူမျိုး    က  ပို အရေး ကြီး

ဒီလို နဲ့  ..

ဒို့ ပြည်သူ  မြေဇာ တွေမှာ  တော့..

အပင် တောင်  မ ပွား   နိုင်ဘူး  ….

 

ရိုဟင်ဂျာ ဆိုတာ ဘယ်တော့ မှ  မရှိခဲ့ဘူး ..

ဒါပေမယ့်  ..ဘဂွလီ ကတော့  ရောက်နေပြီ

ကုလား လို့  ခေါ်တာ မိဘ မဆုံးမ ခဲ့ လို့

ဒါ..လူ့အခွင့်အရေး ချိုးဖေါက်တာ….

မြေဇာ  တွေ  အမြင် မကျယ် ဘူး

………………………………

အောင်ဆန်း က  တိုင်းပြည်  နဲ့  လူမျိုး  အတွက်  ဆို..

ကျန်တာ  ..ရန်သူ

သမီး  က  ဟူးမန်း ရိုက် နဲ့  ပတ်သက်ရင်..

အလျှော့ မပေး  တတ် တာ  ..

ဒို့  မြေဇာ တွေ  က  မြေဇာ  မဟုတ်  တဲ့  အတိုင်း…

ရှစ်ပူး  တွေကလည်း  အခု တော့  အဖျားတွေ  ရှူး  လို့

ကိုမြအေး  က   ရိုဟင်ဂျာ မရှိဘူး တဲ့

ဝေနှင်းပွင့်သုန်   မေး..  အဖြေ ညှိထားပါလား  ..

လွပ်လပ် စွာ သဘောကွဲလွဲ လိုက်ကြတာ

သားအဖ  တောင်  အမြင်  မတူ   ဘူး

ဖအေ့  ခြေရာ  အတိုင်း  နင်း  ပါ  ဆို..

ခြေ ဖ မိုး  မှ  တက်  နင်း  ချင်  တဲ့  သမီး

ဒီ ခောတ်  ကြီး..

နောက် ပြန်လှည့် မှာ  ..စိုး

ဒီ အချိုး တွေ နဲ့

ဒို့ ပြည်သူ  မြေဇာ တွေမှာ  တော့..

အညွန့်  တောင်  မတက် နိုင်ဘူး  ..

 

 

ဒီမိုကရေစီ က နုနု   မုန်တိုင်း  တွေ  က  ထန်ထန်…

ငြိမ်းချမ်းရေး အတွက် အမြောက်သံ တညံညံ

ဘာသာရေး   အတွက်လား..

လူမျိုးရေး  အတွက်လား..

လုပ်ပိုင်ခွင့်  အတွက်လား..

စား  ဖို့  အတွက်

ဝန် ဖို့  အတွက်

နေ ဖို့  အတွက်

တစ်ဦးနဲ့  တစ်ဦး

အမုန်း တရား  တွေ  ပွား  လိုက်ကြတာ

တိုင်း ပြည်  လည်း  အဖု အပိန့်  တွေနဲ့

ရောဂါ  ကို  မပျောက် နိုင်ဘူး…

ဆေးခါးကြီး  လည်း  မျို ပြီး  ပြီ  ..

ဆေး  ချို  အလှည့်   မှ..ရောဂါ  ပို  …  သည်း  လေရော  သလား..

…………………………………

အကွဲကွဲ  အပြားပြား  တွေ

သူ့ဝေဖန်  ငါ့ ခွက်စောင်း ခုတ်

လုပ် နေ  ကြမှ  ဖြင့်..ဒို့  တိုင်းပြည်  ကြီး  …

ကျန် ရစ် မည်       ………………………………………

 

မဟာမြန်မာ

ဘုလက် = bullet = ကျည်ဆံ

About Mahar Myanmar

Mahar Myanmar has written 16 post in this Website..