မြေစာ..

Mahar MyanmarAugust 13, 20136min15714

 

 

စစ်ပွဲဆိုတာ..

နှစ်ဘက်လုံး အတွက်

နာကျည်း ဆုံရှုံးမှု တွေ

သံသယ ဒေါသ တွေ

သောက အလွဲ တွေ ကြား

မှား ပြီးရင်း  မှား..

ရှုံးပြီး  ရင်း  ရှုံးစေတဲ့

သူတို့ အတွက်

အပြင်  ခက်  တဲ့  ကြိမ်စာ  ..   ။         ။

 

ဒီ ကြိမ်စာ  ဆိုတာ  ကို

တဏှာ မောဟ တွေ

နာကျည်း ဒေါသ တွေ ဖုံးလွှမ်းနေတဲ့

သူ တို့ စိတ် က

ရိပ်တိတ် လေး တောင်  မမြင် နိုင်ကြတာ..

မြေဇာ ပင် တွေ အသိဆုံး     ။       ။

 

အိုးပစ်  အိမ် ပစ်  ..

လယ်ပစ် ရွာ ပစ် ..

ငါ တို့ ဘယ် နှစ် မှ ပြန်လာ နိုင်မလဲ  ??

ကျွဲ ကြီး  အကောင် တစ်ရာ  ခတ်  လိုက်  တာ

ငါ တို့  သား  လေး  စာ မတတ်တော့ဘူး..

နာဖျား  အပူလွန် လို့  ဘာမီတွန်  တောင်  မအွန်  နိုင်ဘူး  ..

မိုးပေါက် တွေ  မလုံလို့  ဖာ သည် ဖြစ်လိုက် ရတာ…

ထမင်း ကြမ်း တစ်ခဲ  ကို မိသားစု တွေ  ရှဲ လိုက်   ရတာ..

ကြိုက် ကြိုက်  မကြိုက်ကြိုက်  အစားတစ်လုပ် အတွက်   Like  လုပ်လိုက် ရတာ ..

စစ် သံ  တွေ  ညံ  လို့     ပို့စ် တွေ  အသစ်  မတင် နိုင်ဘူး..

ဂျိုးငှက် ကလေး ရှင်သန်  ဖို့  သူတို့  ငြိမ်းချမ်းရေး စကား  ပြော  နေပြီ..

ဒီမှာ.

ရွှေလက် နဲ့ ခေါ်တုန်း  လာ ဘုလက် နဲ့ ခေါ်မှ ပြာ မသွား  နဲ့

 

………………………………………………

………………………………………………..

စားစရာ ဂျုံ မရှိရင်..ပေါင် မုန့်စား ကြပါလား..

လျှပ်စစ် မလာရင် ဖယောင်းတိုင် ထွန်း ကြပါလား ..

ဖယောင်းမီး နဲ့ မိုး ရွာ ဖို့ ဆုတောင်းကြပါလား ..

အကြွေး တွေ  ကြေ အောင်  ထမင်း တစ်နပ် လျှော့ စား ကြပါလား ..

တရုတ် ကို ကြောက်ရတယ်..

ဒီမြေ  ဒီ သယံဇာတ  ကုန်ခါ  မှ  ကုန်ရော  ..

တာပေါ ( တော)  တွေလည်း  ပိုင်တယ်..

အပြိုင် အဆိုင် ထုတ် ရောင်း

ဘိန်း စိုက် လို့  ဆက်ကြေး တောင်း

လက်နက် ကောင်း    ဝယ်ရမယ်…

အင်အား အတွက်  မြေဇာပင် တွေ  ရှိတယ်  ..

နိုင်ငံ ထက် လူမျိုး    က  ပို အရေး ကြီး

ဒီလို နဲ့  ..

ဒို့ ပြည်သူ  မြေဇာ တွေမှာ  တော့..

အပင် တောင်  မ ပွား   နိုင်ဘူး  ….

 

ရိုဟင်ဂျာ ဆိုတာ ဘယ်တော့ မှ  မရှိခဲ့ဘူး ..

ဒါပေမယ့်  ..ဘဂွလီ ကတော့  ရောက်နေပြီ

ကုလား လို့  ခေါ်တာ မိဘ မဆုံးမ ခဲ့ လို့

ဒါ..လူ့အခွင့်အရေး ချိုးဖေါက်တာ….

မြေဇာ  တွေ  အမြင် မကျယ် ဘူး

………………………………

အောင်ဆန်း က  တိုင်းပြည်  နဲ့  လူမျိုး  အတွက်  ဆို..

ကျန်တာ  ..ရန်သူ

သမီး  က  ဟူးမန်း ရိုက် နဲ့  ပတ်သက်ရင်..

အလျှော့ မပေး  တတ် တာ  ..

ဒို့  မြေဇာ တွေ  က  မြေဇာ  မဟုတ်  တဲ့  အတိုင်း…

ရှစ်ပူး  တွေကလည်း  အခု တော့  အဖျားတွေ  ရှူး  လို့

ကိုမြအေး  က   ရိုဟင်ဂျာ မရှိဘူး တဲ့

ဝေနှင်းပွင့်သုန်   မေး..  အဖြေ ညှိထားပါလား  ..

လွပ်လပ် စွာ သဘောကွဲလွဲ လိုက်ကြတာ

သားအဖ  တောင်  အမြင်  မတူ   ဘူး

ဖအေ့  ခြေရာ  အတိုင်း  နင်း  ပါ  ဆို..

ခြေ ဖ မိုး  မှ  တက်  နင်း  ချင်  တဲ့  သမီး

ဒီ ခောတ်  ကြီး..

နောက် ပြန်လှည့် မှာ  ..စိုး

ဒီ အချိုး တွေ နဲ့

ဒို့ ပြည်သူ  မြေဇာ တွေမှာ  တော့..

အညွန့်  တောင်  မတက် နိုင်ဘူး  ..

 

 

ဒီမိုကရေစီ က နုနု   မုန်တိုင်း  တွေ  က  ထန်ထန်…

ငြိမ်းချမ်းရေး အတွက် အမြောက်သံ တညံညံ

ဘာသာရေး   အတွက်လား..

လူမျိုးရေး  အတွက်လား..

လုပ်ပိုင်ခွင့်  အတွက်လား..

စား  ဖို့  အတွက်

ဝန် ဖို့  အတွက်

နေ ဖို့  အတွက်

တစ်ဦးနဲ့  တစ်ဦး

အမုန်း တရား  တွေ  ပွား  လိုက်ကြတာ

တိုင်း ပြည်  လည်း  အဖု အပိန့်  တွေနဲ့

ရောဂါ  ကို  မပျောက် နိုင်ဘူး…

ဆေးခါးကြီ း  လည်း  မျို ပြီး  ပြီ  ..

ဆေး  ချို  အလှည့်   မှ..ရောဂါ  ပို  …  သည်း  လေရော  သလား..

…………………………………

အကွဲကွဲ  အပြားပြား  တွေ

သူ့ဝေဖန်  ငါ့ ခွက်စောင်း ခုတ်

လုပ် နေ  ကြမှ  ဖြင့်..ဒို့  တိုင်းပြည်  ကြီး  …

ကျန် ရစ် မည်       ………………………………………

 

မဟာမြန်မာ

ဘုလက် = bullet = ကျည်ဆံ

14 comments

  • lele kyi

    August 13, 2013 at 10:16 am

    🙂
    စဉ်းစားနေတာ။ ဘာလို့ ဒေါ်ဘုမ က ကလက်ယပ်ခေါ်နေသလဲလို့။ ဒါမှ မဟုတ် ဦးဘလက်များလားပေါ့။ အောက်ရောက်မှရှင်းသွားတော့တယ်။ ဟီးးး
    ဆြာတာရာနဲ့ များ အမျိုးတော်သလား မသိဘူး။

    • Mahar Myanmar

      August 13, 2013 at 10:45 am

      လီလီကျီ ( လဲ့လဲ့ကြည် ) အတွက်..

      တစ်ခု ကျန် သွား တယ်..
      ဟူးမန်း ရိုက် = Human Right = လူညာ ( လူ့အခွင့် အရေး )

      တာယာ ရဲ့ အဖေ က ရာဘာ ပါ
      ရာဘာ မြေး က ကျွတ် (အကျွန်ုပ် ) ဖြစ်ကြောင်း ပါခင်ဗျာ..

      • lele kyi

        August 13, 2013 at 10:59 am

        ဆြာတာရာ့ သား ကခေတ်နေ မှတ်နေတာ။ ခုတော့ကျွတ်သွား သကိုး။ နောက်ခါ များများ ဘတ်ပါ။
        ဘတ်=belt,
        သူမု့ိ မကြောက်မရွိ ့ ။ အောက်မှာ ခိုင်ဇာစောင့်ပြီး အခြေအနေအကဲခတ်နေတယ်။ ဒါးပြတိုက်ရမလားးးးအလစ်သုတ်ရမလားးးး လားးး လားးးး 🙂
        နောက်တာနော်- ခိုင်ဇာ။

        • garfield

          August 13, 2013 at 11:01 am

          ခိခိ။
          လဲ့ လေး ပြောတာ နောက်ကျတယ်။
          ဟိုဘက် ပို့(စ) မှာ အနုကြမ်းစီးပြီးပြီ။
          😀

        • Mahar Myanmar

          August 13, 2013 at 1:08 pm

          ဓါးပြ ပဲ တိုက်တိုက် အလစ် ပဲ သုတ်သုတ် ဒီမိုကရေစီ ခောတ် ဆိုတာ
          မမေ့ ကြနဲ့ ဦး လေ.. ခွင့်ပြု ချက် တင်လိုက် ပါဦး..
          ခွင့်ပြုချက် ရမှ.. စကား ဆက် တာ ပေါ့..
          ငိငိ..

  • garfield

    August 13, 2013 at 10:24 am

    ကဗျာက ကောင်းလှချည်လားးးးး

    စဉ်းစားရင်း ကျွဲ ဘယ် ၂ ကောင် ကြားက မြေစာပင်တွေ ဖြစ်နေပြီတုန်း မသိဘူးနော်။ 🙁

    • Mahar Myanmar

      August 13, 2013 at 10:49 am

      ကျွဲ အကောင် တစ်ရာ လို့ ပါ ပါတယ် ခင်ဗျာ.. ဒီကောင် တွေ ထဲ မှာ ပြည်တွင်း မျိုး ကောပြည်ပ မျိုး တွေ ပါ ရော နေပါ ပြီ..

  • အလင်းဆက်

    August 13, 2013 at 11:10 am

    အားကောင်းမောင်းသန် စကားလုံးတွေ ဖတ်ပြီး
    ကြက်သီး တွေ ထ
    တောက်ခတ်သံတွေကြား
    ကျိန်စာ နဲ့ မြေစာ အကြောင်းတွေတွေးးး
    သက်ပြင်းမောကို ဟူးခနဲ ချ ဖြစ်တယ်

    • Mahar Myanmar

      August 13, 2013 at 1:03 pm

      အားကောင်းမောင်းသန် စကားလုံးတွေ ဖတ်ပြီး
      ကြက်သီး တွေ ထ
      တောက်ခတ်သံတွေကြား
      ကျိန်စာ နဲ့ မြေစာ အကြောင်းတွေတွေးးး
      သက်ပြင်းမောကို ဟူးခနဲ ချ ဖြစ်တယ်
      ………..
      ဒီဘဝ ဒီမျှသာ .. လို့
      စိတ် ဒုန်းဒုန်း ဖြုတ် ချ ကာ မှ
      “ဝုန်း”…
      ( အယ်..လန့်လိုက်တာ )
      စိတ် ကျသံ ကျယ်ကျယ် တွေ က
      ပင်လယ်ခေါ်သံ အလား..
      ငါ့ ရင် မှာ ထာဝရ ထိုး နှက်..
      ငါ အိပ်ပျက်တာ ကြာခဲ့ ပြီ .. အလင်းဆက်ရေ ။

        • Mahar Myanmar

          August 14, 2013 at 8:49 am

          ရင်းရင်း နှီးနှီး လို့ မထင်ဘူး လား..ငိငိ
          လက်ဆင်း ခေါင်း ပေါ် ကွက်ရှင်မတ် တင် ပေး လိုက်ပြီ..
          ? ? ? ? ? ?

  • kyeemite

    August 13, 2013 at 1:12 pm

    အိုးပစ် အိမ် ပစ် ..
    လယ်ပစ် ရွာ ပစ် ..
    ငါ တို့ ဘယ် နှစ် မှ ပြန်လာ နိုင်မလဲ ??
    ကျွဲ ကြီး အကောင် တစ်ရာ ခတ် လိုက် တာ
    ငါ တို့ သား လေး စာ မတတ်တော့ဘူး..

    တော်တော်ကြိုက်တယ်ဗျာ… 🙁

    • Mahar Myanmar

      August 14, 2013 at 8:53 am

      တစ်ခါတစ် လေ ရင်ထဲမှာ ခံစား ချက်ရှိရင် ထွက်ပါတယ်..
      ခံစား ချက် မရှိ …. ရင် မှာ ဟာလာ ဟင်းလင်း ဖြစ် နေရင်
      ကကြီး ခခွေး တောင် ဖြောင့် အောင် မစီ နိုင်တဲ့ ဘဝ ပါ ဗျာ..

  • ရွှေမိုးတိမ်

    August 13, 2013 at 5:02 pm

    ဖတ်သွားတယ်ဗျ ။ ထိထိမိမိရှိတဲ့ ကဗျာပါပဲဗျာ စကားလုံးသုံးတာလေးတွေ သဘောကျတယ်ဗျ 🙂

Leave a Reply